book

Index 42

(အပိုင်း....၄၂)

ရွှေစံအိမ်ရဲ့ ချစ်အိမ်မက်

**************************************


Coma တဲ့လား

အိပ်ယာပေါ်မှာ....ပိုက်တွေ တန်းလန်းနဲ့ လှဲနေရတာတင် လွန်လှပါပြီ...


အစွမ်းကုန်ကြိုးစားကြတဲ့ခွဲစိတ်မှူ့ဟာ အောင်မြင်တယ်ဆို....

ဘာကြောင့် အကိုဟာ အခုထိ အိပ်ယာထဲ လဲနေသေးတာလဲ...


'' ညီမ နားပါအုန်း ကိုယ်ဝန်ကြီးနဲ့မဟုတ်လား ကိုယ့်ကျန်းမာရေးလဲ ကိုယ်ဂရုစိုက်မှပေါ့ မင်းတိမ်လွှာကလဲ ညီမကို ဒါမျိူးဖြစ်စေချင်မှာမဟုတ်ဘူးလေ "


နေ့နေ့ညည သူ့အနားမှာပဲ ငိုနေတဲ့သူမ....


သူလှဲလှောင်းနေတဲ့ ဆေးရုံကနေ မခွာပဲ ရှိနေတဲ့သူမကို သူရိန်က စိတ်ပူသည်..

သူတို့အားလုံး...

မင်းတိမ်လွှာ ပေးခဲ့ဖူးတဲ့အမိန်းအတိုင်း...


သူမကို ဝိုင်းစောင့်ရှောက်ကြသော်လဲ....


အငိုတိတ်အောင်မလုပ်နိုင်ခဲ့....


မင်းတိမ်လွှာဆိုတဲ့အသံကြားတာနဲ့ ချက်ချင်း မျက်ရည်တွေသုတ်သည်...

မင်းတိမ်လွှာသာဆို ဘယ်စိတ်ကောင်းမလဲဆိုတာနဲ့...

ချက်ချင်း ထမင်းတွေစားသည်....


နေ့ရောညပါ....


Nurse တွေ လူနာစောင့်တွေ အများကြီးရှိနေရဲ့သားနဲ့ သူမကိုယ်တိုင် ပြုစုသည်..


ဘာကြောင့်များ ဒီလောက်ချစ်ကြသူ နှစ်ဦးကို ခွဲရက်ကြရတာလဲ......

ကံကြမ္မာဟာ.. ရက်စက်လွန်းသည်


'' ကျမ အကို့ကို ဘယ်တော့မှ လက်မလျော့ဘူး ''


အနားမှာ အခြွေအရံတွေ ပေါများနေသော်လည်း...

သူမ အဖော်မဲ့လှပါတယ်....


မကြာခင် သတိရလာမှာပါဆိုတဲ့ အကိုဟာ အခုထိ သတိရမလာသေးပါလား....


...............


အိပ်ယာပေါ်လှဲချရင်း.....


နေရာတိုင်းမှာ..အကို့အငွေ့အသက်တွေအပြည့်နဲ့ပါလား အကိုရယ် 


မျက်ရည်တွေက တင်းထားတဲ့ ကြားက အလိုလို စီးကျလာမိသည်...

ဒီနေ့နဲ့ဆို သူ....နိုးထမလာသေးတာ တလ ပြည့်တော့မယ်...


အရင်လို မျက်ရည်ကျပြန်ပြီလား ဆိုပြီးဆူမဲ့သူ...

စိတ်ပူမဲ့သူ...မရှိတော့ဘူးလား

အိမ် ခဏ ပြန်လာပေမဲ့ ပင်ပန်းတာတွေက ပိုပင်ပန်းနေသလိုပါပဲ...


ဒီရက်တွေမှာ....


သူမ ဒီထက်သန်မာဖို့ ကြိုးစားရတော့မယ်....


Sky Castle ရဲ့ သခင် ကိုမာ ဝင်နေတယ်ဆိုတဲ့ သတင်းမှာစီးပွားရေး လောက ဟာအနည်းငယ် လှုပ်လှုပ်ခတ်ခတ်ဖြစ်လာတယ်..

သူမ လုပ်ငန်းတွေကို စတင် ဦးစီးဖို့ ကြိုးစားရတော့မည်..


စိတ်ချပါ သူ မရှိတုန်း...


သူ စည်းစိမ်တွေ ပိုင်ဆိုင်မှု့တွေ...


လုံးဝ မယိမ်းယိုင်စေရဘူး...


သူမ ဒီဝန်တွေကို ထမ်းနိုင်တယ်...


သူရိန်ရဲ့ အစစ အရာရာ သင်ပြမှု့အပြင်..

ဦးသြဇာဂုဏ် ရဲ့ အကူညီတွေကြောင့်..


သူမ ဒီလောကထဲမှာ ရဲရဲဝင့်ဝင့် ရပ်တည်နိုင်ဖို့ စတင်သင်ယူနေပါပြီ...


Company ပြေးလိုက် သူ့ဆီပြေးလိုက်နဲ့..


အရင်လို ငိုနေဖို့လဲ အချိန်သိပ်မရတော့ပါဘူး


မိုးသား သန်မာမှဖြစ်မယ်....

အမလဲ ရှိနေမှာပါ


ကိုယ်တိုင် အိမ်ထောင်ရေးပြသနာတွေနဲ့ စိတ်ညစ်နေရတဲ့ ကြားက...

အမနွယ်ဟာ သတင်းကြားကြားချင်း...


သူမ ဆီအပြေးလာခဲ့တယ်


နောက်ထပ်ဘယ်မှ ထွက်မသွားပဲ..


တိုင်ပင်ဖော် အားပေးဖော်ဖြစ်ခဲ့တယ်...


အကို့သတင်းကြားတော့ ဝမ်းအသာဆုံးဟာ အကို့ ဦးလေး မိသားစု ထင်ပါရဲ့...

ဆေးရုံတောင် သတင်းမေးဖော်မရတဲ့...

သူ့ဦးလေးဟာ...

ဒီနေ့မှာပဲ

သူမ ရှိနေတဲ့ Company ဆီ ရောက်လာခဲ့တယ်..


အမွေတွေဟာ... အဖွားရဲ့ မူလ သေတမ်းစာ အရ သူမနဲ့မဆိုင်ကြောင်းပေါ့


လွန်ခဲ့သော ၆နာရီခန့်က


'' ညီမ ဦးနေလထွန်းရောက်လာတယ် "


'' ဝင်ခိုင်းလိုက်ပါ ကိုသူရိန် "


သူမ သိသည် ဘယ်လို တွေ ပြောဆိုခံရခံရ...


သူမ... သူပြောသလို


အာဏာတွေ စည်းစိမ်တွေနှင့် ပြန်တိုက်မည်..


သူနဲ့ ရင်သွေးလေးအတွက်..

သန်မာနေပြီသားပါ


" ဟေ့..Sky Castle ရဲ့ ဥက္ကဋ္ဌ နေရာက မင်းလို မိန်းကလေးနဲ့ တန်တယ်ထင်လို့လား "


'' ဒါဆို မင်းတိမ်လွှာရဲ့ ဇနီးနဲ့မတန်လို့ ဘယ်သူနဲ့ တန်သလဲ ပြောကြည့်ပါအုန်း ဦးလေးနဲ့လား ဒါမှမဟုတ် ကျမယောက်ျားခါထုတ်လိုက်လို့ လွင့်သွားတဲ့ ဦးရဲ့မယားပါသမီးတွေနဲ့လား ''


ခပ်ထေ့ထေ့ သူမရဲ့တုန့်ပြန်စကားဟာ...

ဦးနေလထွန်းကို စပ်စပ်ခါနာစေမယ်ထင်ပါရဲ့..


" မင်းက အခုထဲက မာန်တက်နေပြီပေါ့ ဒီနေရာကို မင်းအပိုင်မှတ်မနေနဲ့ ..

မေမေ့ သေတမ်းစာအရ အကြောင်းတစုံတရာကြောင့် မင်းတိမ်လွှာ အမွေတွေမဆက်ခံနိုင်ရင် အားလုံး ငါ့အပိုင်ပဲ "


'' လိုချင်မျက်စိရှိလိုက်တာ...ကျမ ယောက်ျားကျန်းမာရေး မကောင်းတာ သတင်းတော့မေးဖော်မရအမွေလာလုနေသလား "


'' ဟေ့ မင်းလိုမိန်းမလည်ဆီ ငါတို့ မျိူးရိုးစဥ်ဆက် ပိုင်ပစ္စည်တွေ ပါကုန်မှာစိုးလို့ကွ "


'' ပါကုန်ရအောင် မင်းတိမ်လွှာ တယောက်လုံးရှိနေသေးတယ်နော် ဦးလေးစကားပြောဆင်ခြင် "


'' ကိုမာ ဖြစ်နေတဲ့ကောင်က သေလူနဲ့ မခြားဘူး ဒါကြောင့်ငါကပြောနေရတာ "


'' ရှင်အခုချက်ချင်းထွက်သွားပါ ကျမယောက်ျားက သေလူမဟုတ်ဘူး ရှင်ပြောတဲ့စကားအတွက်ရှင်နောင်တရစေရမယ် "


'' ဒီမှာမိန်းကလေး ထွက်သွားရမှာ ငါမဟုတ်ဘူး ဒ်ိီအမွေပစ္စည်းတွေနဲ့ ဘာမှမဆိုင်တဲ့မင်း "


''ထွက်သွားရမှာ ဦးလေးဆိုတာသေချာပါတယ် မင်းတိမ်လွှာက အမွေကိစ္စတွေအားလုံး သူ့ဇနီးဆီ လွှဲခဲ့ပေးပြီးသား ကျွန်တော်တို့ SKY Castle ရဲ့ ဥပဒေအဖွဲ့က ပြောတာနားထောင်ချင်သေးသလား "


နောက်ကနေ ဝင်ပြောလိုက်တာ...


သူရိန်ဖြစ်ကာ...


ဘေးမှာ Company ရဲ့ရှေ့နေပါ အတူရှိနေသည်..


အံသြရသူက ဦးနေလထွန်းတင်မဟုတ်..


သူမပါ အံ့သြ ရသည်ပင်..


အကယ်၍များ သူမရှိတော့လျှင် သူ့ဇနီးဖြစ်သူ သူမသာ ပိုင်ဆိုင်မှု့တွေကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး..

သူ့ရင်သွေးလေး အသက် ၂၀ ပြည့်သည့်အခါ လွှဲပြောင်းပေးရမည်


အကိုဟာ ဘယ်တုန်းတည်းက...


သူမနဲ့ ရင်သွေးလေးအတွက် အစစအရာရာ စီစဥ်နေပါသလဲ....


ဘာကြောင့် ဒီလောက် အကွက်ကျကျ စီစဥ်သွားနိုင်ရတာလဲ...


Sky Castle ရဲ့ ပိုင်ဆိုင်မှု့တွေ ဟာ တစ်ဦးတည်းပိုင် ဖြစ်သည်မို့ သူလုပ်ချင်ရာ လုပ်နိုင်ခဲ့သလား...

ဒီပိုင်ဆိုင်မှု့တွေ သူမနာမည်နှင့်ထားခဲ့သည့်.


ခြံတွေ အိမ်တွေ..ပိုင်ဆိုင်မှု့တွေ...ဒါတွေ သူမ ဘာမှမလိုချင်ပါ..


သူမ လိုချင်တာ သူ....

ဦးနေလထွန် တောက်တခေါက်ခေါက်နှင့် ပြန်ထွက်သွားပြီးနောက်..

အရုပ်ကြိုးပြတ် ကျန်နေခဲ့တာ သူမ........


အကို ဘာတွေများတွေးနေခဲ့လဲ ....

ဘာကြောင့် သူမကို ထားခဲ့ဖို့များ အကွက်ကျကျ စီစဥ်ခဲ့သလဲ...


သူမ ရေချိူးခန်းထဲ ဝင် ရေစိမ်ရင်း တနေ့တာ နွမ်းနယ်မှု့တွေ ပြေပျောက်သွားသော်လည်း.


သူ့ကို လွမ်းတဲ့ စိတ်တော့ပြေပျောက်မသွားခဲ့ပါ...


မနက်က သူ့ဦးလေးကို သူမရင်ဆိုင်ခဲ့တာတွေများသိရင်..


တော်တယ်လို့ ချီးကျူးလေမလား...


သူမရှိ တော့မှ သူ့ရဲ့လစ်ဟာမှု့ဟာ ကြီးမားသည်

သူရဲ့ အသေးစိတ်ဂရုစိုက်မှု့တွေကို ပြန်မြင်ရသည် တကယ်ကို ထုတ်မပြပဲ ချစ်ပြပေးခဲ့တာတွေ တဖြေးဖြေးမြင်ယောင်လာသည်..


ဘယ်အချိန်ထိ ဆေးရုံပေါ်မှာ လှဲနေအုန်းမှာလဲ......


တကယ်ဆို ကိုယ်ဝန်ဆောင်နေရတဲ့ ဇနီးသည်ကို တယောက်ထဲရုန်းကန်ဖို့ ပစ်မထားသင့်ပါဘူး...


ညီမ အကို့ကို ဘယ်တော့မှ လက်မလျှော့ဘူးအကို 


သူ့အကြောင်းတွေးတာနဲ့ သူ့ကို သတိရလာသည်..

ရေချိူးခြင်းကို လက်စသတ်...


ပြင်ဆင်စရာတွေ ပြင်ကာ...


သူရှိရာဆေးရုံဘက် အပြေးလေးထွက်ခဲ့သည်...


သူမရှိ ပဲ...  တရက်ကလေးတောင် ရှင်သန်ဖို့ခက်ခဲလှပါလားကွယ်


rate now: