book

Index 41

(အပိုင်း...၄၁)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက် 

************************************


မရှာတော့ပါဘူးလို့ ပြောသွားပေမဲ့....


တကယ်တမ်း သြဇာဂုဏ်ဟာ နွယ်လေးကို အလုပ်ပျက်တဲ့အထိ ..


နေ့နေ့ညည ရှာဖွေနေခဲ့တယ်ဆိုတာ သိရတော့...


မင်းတိမ်လွှာ ထူးပြီး မအံသြဖြစ်ခဲ့ပါ...

သြဇာဂုဏ် နွယ်လေးအပေါ် ဘယ်လောက်ချစ်သလဲ သူ အသိဆူံးမဟုတ်လား...


'' အကို "


ရင်ခွင်ထဲမှာ အိပ်မောကျနေသည့် ကောင်မလေးက နိုးတာနှင့် သူ့ကိုရှာသည်...


ဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့် စောင်ပုံကြားမှာ ကလေးလေးလို ဖြစ်နေသည်ကိုလဲ..

သူက ချစ်မဝဖြစ်ရသေးသည်...

ကိုယ်ဝန် လနုသေး သည်မို့ပင်...


သူ့မှာ စိတ်ပူမဆုံးချေ......


'' မျက်လုံးတောင်မပွင့်သေးဘူး မီးရဲ့ အိပ်ချင်အိပ်အုန်းလေ "


'' ညီမကို ဘယ်အချိန်ထိ အိမ်ထဲမှာ နေခိုင်းအုန်းမှာလဲ ပျင်းလှပြီ "


ကံကြမ္မာကို ကြိုသိနေလို့ပါလို့...


သူဘယ်လိုရှင်းပြရမလဲ....

ဟုတ်တော့လဲ ဟုတ်သည်...


သူမ အိမ်ထဲက အိမ်ပြင်မပြောနဲ့ အခန်းထဲကနေ အပြင်တောင် တယောက်ထဲ ထွက်ရသည်မဟုတ်...


ဒါကြောင့်လဲ... သူအချိန်ပြည့် အဖော်လုပ်ပေးနေသည်မဟုတ်လား..


'' ကိုယ်ဝန် နုသေးလို့ပါ မီးရယ် "


'' ဒါဆိုလဲ ခြံထဲလောက်တော့ ပေးဆင်းလေနော် "


မျက်နှာငယ်လေးနှင့် တောင်းဆိုလာတော့...


သူ မငြင်းရက်ပါ....


'' ဒါဖြင့် မနက်စာ များများစားရမယ် မနက်စာ အကုန်စားရင် ခြံထဲဆင်းရမယ် "


သနားဖို့ကောင်းသည့် ကောင်မလေး...

ခြံထဲဆင်းရမှာကိုတောင် တက်ကြွနေရှာသည်


သူမ လုံးဝမကြိုက်သည့်..


နွားနို့ကို ကုန်အောင်သောက်ပစ်သည်....


'' ကုန်ပြီနော် အကို ''


နွားနို့ခွက်ကို ပြရင်း ထ ထွက်သွားဖို့ပြင်သည့် ကောင်မလေးကို ခါးလေးကနေဆွဲကိုင်ရင်း သူ့ပေါင်ပေါ် ထိုင်စေကာ..

အနည်းငယ် ညစ်ချင်တာမို့..


'' ကိုယ် စားလို့မပြီးသေးဘူးလေ ကိုယ်မပါပဲ ဘယ်မှ သွားလို့မရဘူးလေ "


သူတမင်ညစ်နေမှန်း သိတဲ့ သူမက နှုတ်ခမ်း လေးစူရင်း စတင်ချွဲတော့သည်


'' အကိုကလဲ.. တော်လိုက်တော့လေ နော်လို့ ''


'' ကိုယ့်ကိုတောင်အစားမစားစေချင်ဘူးပေါ့ "


သူရဲ့ ညစ်ကျယ်ကျယ်အပြောတွေကို...


အထာနပ်နေသည့်ပုံနှင့်


လည်ပင်းတွေကို သိုင်းဖတ်လာပြီး..


သူ့ပါးတွေကို နမ်းသည်..


''ဗိုက်ဆာသေးလားပြော "


ဘယ်အချိန်ဖြစ်ဖြစ် သူမဆီက ရတဲ့ အနမ်းတွေဟာ အမြဲတမ်းရင်ခုန်စရာအတိနှင့်ပင်...


ပင်လယ်ရေ သောက်ရသလိူ...


ရလေ..

လိုချင်လေပင်


သူ့ နှုတ်ခမ်းတွေကို ထိုးပြရင်း...


''​ဒီနားလေး နည်းနည်းဆာသေးတယ် "


'' အာ အကိုနော် လူညစ်ကြီး "


သူမ မျက်နှာလေးကို ဆွဲယူရင်း...

နှုတ်ခမ်းလေးတွေကို မက်မက်မောမော ဆွဲယူ စားသုံးမိသည်...


အချွဲစိန်လေးဟာ....


ဘယ်အချိန်ဖြစ်ဖြစ် ရှက်နေဆဲပါပဲ...


ချစ်ရပါသော ကောင်မလေးရေ မင်းနဲ့ပဲ ဘဝကို ထာဝရဖြတ်သန်းချင်မိတာ ကိုယ်လောဘကြီးသွားသလား...


အတော်ကျယ်ဝန်းလှတဲ့..ခြံကျယ်ကျယ်ထဲမှာ Sky Castle ကို တည်ဆောက်ထားခဲ့ကြတဲ့ ဘိုးဘွားတွေကိုတောင် ကျေးဇူးတင်မိသည်...

သစ်ရိပ် ဝါးရိပ်ကောင်းသလို...


တခြံလုံးအပြည့် ဖွားကြိုက်တဲ့ နှင်းဆီတွေမပြတ်စိုက်ခဲ့တာ..

အဖိုးရှိစဥ်ကတည်းကပင်...


သူ ချစ်ရဆုံး တစ်ဦးတည်းသောအဖွားဆုံးသည့်အခါ...

အဖွားကို အမှတ်ရစေမည့် နှင်းဆီတွေကို မပြတ် စေရန်...


သူ့ကိုယ်တိုင် အိမ်မှာမနေသည့်အချိန်ကတောင် မပျက်မကွက်လာကြည့်တက်သည်..


လွမ်းတယ် ဖွားရယ်.....


ဘယ်ဆီရောက်နေပြီလဲ ဖွားသာရှိနေသေးရင်...


သူမလေးကို ဖွားလဲချစ်မှာသေချာတယ်


အခုတော့ အဖွားကြိုက်တဲ့ နှင်းဆီတွေကိုကြည့်ပြီး...

ဒီကောင်မလေး ပျော်ရွှင်နေလေသည်...

သီးပင်စားပင်အစုံရယ်..

သစ်ပင် ပန်းမာန်တွေရယ်...


သူလက်ထက်မှ Garden ပုံ ကျအောင် စနစ်တကျ ထပ်ဖြည့်ခဲ့တဲ့ ပန်းပင်တွေရယ်...


ပြီးတော့...


သူ စိတ်လိုလက်ရ ထည့်ထားခဲ့တဲ့ ရေကူးကန် ကျယ်ကျယ်ဟာလဲ ကျကျနန နေရာယူကာ လှပနေသည်..


'' အကို "


သူကိုမှီတွယ်ထားရင်း....ပျော်ရွှင်နေတဲ့သူမ အသံကြားမှအသိတို့ ဝင်လာကာ..


'' အွန်း မီးပြော ''


'' ဘာတွေတွေးနေတာလဲဟင် "


'' ဖွားကို သတိရလို့ပါ ဖွားသာရှိသေးရင် မျိးကိုလဲချစ်မှာ "


''သူ့ မြစ်ကလေးကိုလဲ ချစ်လောက်မှာနော် အကို "


သူမပါးမို့မို့ကလေးတွေကို...ခပ်ဖွဖွဆွဲရင်း


'' ဒါပေါ့ ကလေးရဲ့ "


သူ့ရင်ခွင်ထဲတိုးဝင်ရင်း....

သူ့ကျောပြင်လေးတွေကို ခပ်ဖွဖွပုတ်ပေးကာ...

နှစ်သိမ့်ပေးဖို့ကြိုးစားနေရှာရဲ့...


'' ကိုယ်တို့ရေကူးကန်ဘေး ခနထိုင်ပြီးရင် ပြန်ဝင်ကြမယ်နော် "


ရေကူးကန်နားသွားထိုင်မည်ဆိုသည့်အသံကြောင့်..

သူမ မျက်နှာကလေး တောက်ပသွားသည်...


သူ သတိထား တွဲခေါ်နေသည့်ကြားကပင်...


သူမ ခြေချော်ကာ ဟန်ချက်ပျက်သည်..


သူလှမ်းထိန်းသော်လည်း...


ဟိုတနေ့ကလိုပင် နှစ်ယောက်စလုံး အရှိန်မထိန်းနိုင်ကာ.....


ကွဲကွာရမဲ့ ဇာတာပါလာရင် ကိုယ်တို့ကွဲကို ကွဲရမယ်ထင်တယ် တိမ်လွှာ 


ကိုဂုဏ်ရဲ့စကားတွေ ပြန်ကြားမိကာ..


ဟင့်အင်း မဖြစ်ရပါဘူး...


နာကျင်ရမဲ့ ကံကြမ္မာ သူမ မှာပါလာခဲ့ရင်တောင်...

သူပဲ ကိုယ်စားခံယူသွားချင်တာ....


သူမ ကိုယ်လေးကို သူရင်အုပ်ကျယ်တွေထဲ ဆွဲဖက်ထားကာ..

ဗိုက်ကလေးကို တစုံတခုပေါ်အကျမနာစေရန် ရေပြင်တွေထဲ လှည့်ချပစ်ရသည်..


နံရံတွေနဲ့ မတိုက်မိစေရန်...


သူ့ကိုယ်လုံးနှင့် ကာပြီး လှဲချလိုက်သည်မို့.


ရေပေါ် ပြုတ်ကျသွားသည့်သူမ က ထင်သလောက်မနာတော့ချေ...


သို့သော်....


ခေါင်းထဲ မူးဝေလာကာ.....


လှဲအချမှာ ကန်ဘောင်နဲ့ သူ ေခါင်းမိတ်ဆက်သွားသည်ထင်ပါရဲ့...


ဝေဝါးလာတဲ့ မျက်ဝန်းတွေက အားယူကာနောကိဆုံးအကြိမ်အဖြစ်ကြည့်လိုက်မိသည်...


သူမ ထိခိုက်မှု့မရှိ...


တော်ပါသေးရဲ့...

ထိုနောက်...


သူ့မြင်ကွင်းဟာ မှောင်အတိပြီးကာ.....


လောကကြီးနှင့် အဆက်သွယ်ပြတ်တောက်သွားသည်...


တော်ပါသေးရဲ့ နာကျင်မှု့တွေ သူယူပေးလိုက်နိုင်လို့...


............


'' အကို့ ကို ကယ်ပေးပါကြပါအုန်းရှင် "


ဆေးရုံပေါ်တွင် ငိုယိုရင်း...တွေးသမျှလူ အကူညီတောင်းနေရှာသည့် သူမကို မြင်ရသည်မှာ စိတ်မသက်သာလှပါ...


ကိုယ်တိုင် အပူတွေနှင့်ကြားက...


မင်းတိမ်လွှာ သတင်းကြားသည်နှင့် အပြေးရောက်လာသည့် သြဇာဂုဏ်...


ဆေးရုံကိစ္စ သူအကုန် စီစဥ်ပေးသလို...

သူရိန်ဟာ သူမ အတွက် အစစအရာရာ ဂရုတစိုက် စောင့်ရှောက်ပေးသည်...


ရေကန်ထဲ အတူပြုတ်ကျပေမဲ့....


သူမ မှာ နာကျင်မှု့ပင် မရှိ...


သူကတော့ ဦးခေါင်း ဒဏ်ရာဖြင့် Operation ခန်းထဲ တန်းရောက်သွားခဲ့သည်..


သူသာ သူမကို ဖက်ပြီး ကာမထားခဲ့လျှင် အခုချိန် Operation ခန်းထဲရှိနေမှာ သူမ ဖြစ်နိုင်ချေ ပိုများသည်...


'' ကျမကြောင့်ပါ....ကျမ သာ သတိထားခဲ့ရင် ခုလိုဖြစ်မှာမဟုတ်ဘူး "


တောက်လျှောက်ဆိုသလို ငိုနေခဲ့သည့် သူမ...


မင်းဘာမှမဖြစ်မှရမယ် တိမ်လွှာ မဟုတ်ရင်မင်းဇနီး မင်းကြောင့် ရူးသွားလိမ့်မယ်


သူမ အခြေနေကို ကြည့်ရင်း သူရိန် စိတ်ထဲမှ ဆုတောင်းမိသည်...

မသက် က သူမကို ပွေ့ဖက်ရင်းနှစ်သိမ့်သည်...


သူမ ရင်ထဲ ပူလောင်နေရပါသည်...


ဘယ်သူ့ကို အပြစ်တင်ရမလဲ...


ကံကြမ္မာကိုပဲ အပြစ်ဆိုရမလား....

တကယ်ဆိုရင်...


ရေကန်ထဲ ချော်ကျသည်ဆိုတာ...

အောက်ကန်က ရေနှင့်မို့ သိပ်ကြီးကြီးမားမားထိခိုက်ရမည့် မတော်တဆမှု့မျိူး မဟုတ်သော်လည်း...


သူတို့နှစ်ဦး အပေါ်ကျမှ ဘယ်လို ကြမ္မာဆိုးက ရက်စက်တာလဲ...


စိုးရိမ်ရသည့် သူ့အခြေအနေကြောင့်...


ဆေးရုံ စရောက်လာကတည်းက..


ဆရာဝန်တွေ ယောက်ယက်ခတ်ကုန်သည်..

ခွဲခန်းထဲမှာ အသက်လုနေရသည့် သူ....


ကျေးဇူးပြုပြီ ညီမအနားက ထွက်မသွားပါနဲ့လား အကိုရယ်

အားတင်းထားပေးပါ...

ပြန်လာပေးပါ အကိုရယ်....


ညီမကို မထားခဲ့ပါနဲ့နော်


rate now: