book

Index 40

(အပိုင်း...၄၀)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက်

************************************


'' မိုးသားတို့ အဆင်ပြေကြရဲ့လား "


'' ပြေပါတယ် အစ်မ "


'' ဟိုနေ့က သစ္စာရှင်လာတယ်ဆို "


'' ဟုတ် "


'' ဘာတဲ့လဲ "


'' အကိုက သူမလိုချင်လို့ရတာတဲ့ "


'' တကယ် Over မ နော် စိတ်ထဲထားမနေနဲ့ သူက Ex သာသာပဲရှိတာ ကိုကိုနဲ့လဲ မရှင်းမကင်းနဲ့ "


'' နယ်ပို့တာ အစ်မလား "


'' ဟုတ်တယ် အမြင်ကပ်လို့လေ ကိုကိုကလေ အာ့မိန်းမကို အထိမခံ "


'' ဦးသြဇာဂုဏ် က အစ်မကို အရမ်းချစ်တာပါ အစ်မရဲ့ "


'' အစ်မတို့က Type မတူဘူးထင်တယ်ကွာ ဒါပေမဲ့ သူကပဲလျော့ပေးတာများပါတယ် ရန်ဖြစ်ရတိုင်း ဟိုမိန်းကလေးကြောင့်ကြီးပဲ အဟွန့် "


နွေဦးနွယ်ဟာ အတော်ကို နာကျည်းဟန်နှင့် ပြောနေသည်ကို သူမ သတိထားမိသည်..


'' မိုးသားက အခု Sky castle ရဲ့ သခင်မဖြစ်နေပြီ ကိုယ့်အိမ်ထဲ အမှိုက်တွေ လာဝင်စော်ကားတာ ငြိမ်ခံမနေနဲ့ မင်းတိမ်လွှာရဲ့ အရှိန်အဝါဟာ လက်ညိုး ညွန်ရာ ရေပဲ သိလား "


'' ဒါပေမဲ့လဲ သူချစ်တဲ့ မိန်းကလေးလေ အစ်မရယ် "


'' ဘယ်သူပြောလဲ အမ သိတာ သူချစ်တာရှင့်ကိုပါ ရှင့်နောက်ကို နှစ်နဲ့ချီလိုက်နေခဲ့တာကိုး "


'' ရှင် "


'' ဟုတ်တယ် မိုးသားကို အလုပ်ခန့်ဖြစ်တာရော အမနဲ့တွဲသလိုနဲ့ ရှင့်အနားရောက်လာတာရော အကုန်သူဖန်တီးခဲ့တာ "


နွယ်က သူမတို့အပေးအယူ ကိစ္စတွေကအစ..

မင်းတိမ်လွှာနဲ့ဆုံစည်းစေခဲ့ပုံတွေကို..

အစအဆုံး ပြန်ပြောပြခဲ့သည်.


'' အမနဲ့သူနဲ့က "


'' အမက အရင်ထဲက ကိုကို ကိုပဲချစ်ခဲ့ဖူးတာပါ အားလုံး အပေးအယူနဲ့ ပလန်ချခဲ့ကြတာကြီးပဲ အမပြောရဲတယ်...

သူ မိုးသားကို အရိပ်တကြည့်ကြည့်နဲ့ အရမ်းချစ်ခဲ့တာ သူပုံစံက ဖွင့်မပြတက်တဲ့ သူမို့လို့ပါ ''


တကယ်ပဲ အကိုဟာ အစကထဲက ညီမကိုပဲ တကယ်ချစ်ခဲ့တာလား 


'' အစ်မ "


'' အစ်မညာမပြောတက်တဲ့ မိုးသားသိပါတယ် မိုးသားကိုလဲ အမ တကယ်ခင်ခဲ့တာ အစစအရာရာ မိုးသားနဲ့ပဲတိုင်ပင်ခဲ့တာမဟုတ်လား "


'' မိုးသား ဘာလို့မသိခဲ့ရတာလဲ မသိဘူး "


'' မြင်အောင်မှမကြည့်ခဲ့တာ ကဲပါ အခုကစ ချစ်ချစ်ခင်ခင်နေကြနော် မိုးသားအတွက် လက်ဆောင်ပါတယ် "


ရွှေ နှင့်ပြုလုပ်ထားသည့် ဟန်ချိန်းလေးဖြစ်ကာ..

SKY ဆိုသည့် စာလုံးကလေးတွေ ချိတ်ဆွဲထားသေးသည်..


နွယ်ဟာ ပြန်ခါနီးထိ သူမကို ဂုဏ်ပြုကြောင်းအထပ်ထပ်ပြောသွားသေးသည်...


ဧည့်သည်တွေ ပြန်သွားတော့...


သူမရင်ထဲမှာ တွေးစရာတွေအပြည့်


အကိုဟာ ညီမကို ချစ်သတဲ့လား....


တကယ်ပဲလား အကို...... 


သူမ မယုံနိုင်ဖြစ်နေခဲ့သလို ကြည်နူးနေမိသည်..


'' အကို "


သူမ အတွေးတွေနဲ့ ကြည်နူးနေခဲ့တာ..


သူကို လိုက်ရှာတော့ သူဟာ အခန်းထဲမှာရှိမနေ..

အပြင်ထွက်ကြည့်တော့...


ထုံးစံအတိုင်း ဝရံတာမှာ ဆေးလိပ်သောက်နေခဲ့သည်...


" အကို "


သူမ အသံကြားလိုက်သည်နှင်​့ ဆေးလိပ်ကိုထိုးချေဖို့ပြင်လိုက်သော်လည်း..

ရုတ်တရက်သူမက ပြေးဖတ်လာသည်မို့ မမှီလိုက်..

လက်ထဲတွင် ဆေးလိပ် ကိုင်ရက်သားနှင့်


ကြောင်ရပ်နေမိပြီးမှ...


'' ဘာဖြစ်လို့လဲ မီးရယ် ဖြေးဖြေးလာမှပေါ့ကွာ ချော်လဲမှဖြင့် "


'' အကို့ကို အရမ်းချစ်တယ် "


'' ဟောဗျာ "


သူ ဆေးလိပ်ကို ပြာခွက်ထဲ အမြန်ထိုးချေလိုက်ကာ..


" Sorry မီးရယ် အမြန်ပြေးဖတ်တော့ ကိုယ်ဆေးလိပ်တွေပစ်ချိန်မမှီလိုက်ဘူး "


'' ဟင့်အင်း...အကို့ဆီရတဲ့ ဟောဒီဆေးလိပ်နံတွေကိုလဲ ချစ်တယ် "


'' ဒီကောင်မလေး ဘာတွေဆေးစားမှာလားလဲ ဒါပေမဲ့ မီးက ကိုယ်ဝန်နဲ့လေ နောက် ကိုယ်ဆေးလိပ်သောက်နေရင် အနားပြေးမလာနဲ့နော်..

မဖြစ်ပါဘူးကွာ ကိုယ် ဒီဆေးလိပ်တွေဖြတ်မှထင်တယ် "


သူကသာ ပြောနေပေမဲ့...


သူမကတော့ သူပြောတာတွေ စိတ်ဝင်စားပုံမရ..


သူကို ခပ်တင်းတင်း ဖတ်ထားရင်း ရှိုက်သံတွေထွက်လာမှ 


'' ဟာကွာ ဘာလို့ငိုတာလဲ မီးရယ် ကိုယ်ဘာမှားလို့လဲဟင် "


သူမ မျက်နှာကို မော့ယူလိုက်ပြီး မျက်ရည်တွေကို သုတ်ပေးနေသည့် သူ့ကိုကြည့်ရင်း..


'' ဒီအတိုင်းပဲ အကို့ကို လွမ်းလို့ ချစ်လို့ "


'' ဟောဗျာ ကိုယ် ဒီမှာရှိတယ်လေ မီးနော် မငိုနဲ့ ခေါင်းကိုက်လိမ့်မယ်ကွာ..

ဒီလိုတွေမပြောနဲ့ ကို့ဇနီးလေးကို ကြွေရပါတာ်ကောင်မလေးရယ် "


သူမ ဘက်က အရင် စတင်လာတဲ့ အနမ်းတွေ..

ခြေဖျားလေးထောက်ရင်း..

သူ့နှုတ်ခမ်းတွေကို ထိတွေ့နမ်းရှိုက်လာသည့် သူမကြောင့်..


ဒိီတခါ ရင်ခုန်ရသူဟာ သူပဲ ဖြစ်သည်...


သူမ ဘာသာ အရင်လာနမ်းပြီးမှ ရှက်သွားသလို မော့ကြည့်လာသည့်..


သူမ ခေါင်းလေးကို ပြန်ဆွဲယူပြီး...


ဘယ်လိုမှ မရိုးနိုင်သည့် အနမ်းတွေဖလှယိရင်း...


ကိုယ်တို့နေ့ရက်တိုင်း ဒီလိုချိူမြိန်နေရင် သိပ်ကောင်းမယ် ကောင်မလေးရယ် 


.....................................................................


တစ်ဦးအပေါ်တစ်ဦး နားလည်မှု့တွေတိုးလာသလို...


အချစ်တွေပိုတိုးလာခဲ့သည့်...


ဒီနေ့ရက်တွေဟာ 


သူတို့အတွက် တန်ဖိုးမဖြတ်နိုင်သည့်နေ့စွဲတွေပင်...


သို့သော် ရှောင်လွှဲမရသည့် ကံကြမ္မာတွေကို သူစတင်စိတ်ပူစေမည့် ကိစ္စတွေက စတင်လာခဲ့သည်...


သူ့ဆီကို သြဇာဂုဏ်ဟာ...


သူမမှတ်မိနိုင်လောက်သည့် မျက်နှာမျိူးဖြင့်ရောက်လာခဲ့သည်..


'' နွယ်လေး ထွက်သွားပြီး တိမ်လွှာ ကို့အတွက် ကွာရှင်းစာချူပ်တခုပဲ ထားခဲ့တယ် ''


ဘယ်လို ပြသာနာတွေကြောင့် အခုလိုထိဖြစ်ကြသည်ကို သြဇာဂုဏ်က မပြောခဲ့သလို..


သူကလဲ မမေးခဲ့ပါ...


'' ကွဲကွာရမဲ့ ဇာတာပါရင် ကိုယ်တို့ ကွဲကို ကွဲရမယ်ထင်တယ် တိမ်လွှာ "


'' ကိုဂုဏ် နွယ်ကို မရှာဘူးလား "


''ကိုယ် ....ကိုယ်မရှာတော့ဘူး သူ သွားပါစေ..

ကိုယ့်အနားမှာနေရတာ သူ့ဘဝအတွက် အချူပ်အနှောင်ပဲတဲ့ "


'' ကျွန်တော် စုံစမ်းကြည့်ပါအုန်းမယ် ကိုဂုဏ် ''


'' ကိုယ်တို့ဘယ်လိုရှောင်လွှဲရှောင်လွှဲ မရဘူးထင်တယ် တိမ်လွှာ ကံတရားတွေဟာ ပြင်မရဘူးထင်တယ် "


သြဇာဂုဏ် ပြန်သွားတော့...


ပူလောင်ရသူမှာ သူပင်ဖြစ်သည်...


သူမလေးကို သူဘယ်လိုကာကွယ်ရမလဲ......


အချိန်တွေ နီးကပ်လာပြီမဟုတ်လား...


ဒီကံတရားတွေဟာ သိပ်မရက်စက်ရင်ကောင်းမယ်...


" နွေဦးနွယ်ကို ရှာဖို့လုပ် သူရိန် ငါတို့ သူ့ကိုတွေ့မှဖြစ်မယ် "


နွေဦးနွယ်ကို ရှာဖို့ လုပ်ခိုင်းကာ..


သူကတော့ သူမဆီ အပြေးပြန်လာခဲ့သည်...


ဒီကောင်မလေးကို လုံးဝ လက်မလွှတ်နိုင်ပါ..


ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေသည့် သူမ နံဘေး ဝင်ထိုင်ရင်း..


မျက်ရည်တွေ အလိုလိုကျမိသည်..


အပြစ်ကင်းပြီး ချစ်ဖို့ကောင်းလွန်းသည့် မျက်နှာကလေးဆီက အကြည့်တွေမခွာနိုင်...


'' အကို "


'' ကို့ကြောင့် နိုးသွားတာလား "


'' အကို ငိုနတောလား "


'' ချာတိတ်ရယ် ကျေးဇူးပြုပြီး ကိုယ့်ကိုခွဲမသွားဘူးလို့ကတိပေးပါ "


သူမကို ဖက်ပြီး ငိုနေသည့်.


သူမကအေးစက်လွန်းသည်ထင်ခဲ့ဖူးသည့် ဒီအမျိူးသား...


ဘာတွေကများ...


သူ့ကို ဒီလို ဝမ်းနည်းစေတာလဲ......


တကယ်ပါပဲ....


သူမ အတွေးတွေဟာ တကယ်ကို တခါမှမမှန်ခဲ့ပါလား..


ဒီလိုချသ်တက်တဲ့သူကိုမှ...


အေးစက်လွန်းလို့မကြိုက်ဘူးလို့ ခနခနပြောခဲ့ဖူးတာ နောင်တရချင်သလိုလိုရှိလှသည်..


စိတ်ချပါ ညီမတို့ ဘယ်တော့မှမခွဲဘူး..


အကို့ကိုလဲ မထားခဲ့နိုင်သလို....


ထွက်သွားခွင့်လဲပေးမှာမဟုတ်ဘူးအကို....


rate now: