book

Index 39

(အပိုင်း..၃၉)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက်

************************************


အကိုဟာ...တာဝန်ကြေတာထက်ပိုပါတယ်


သူမရှေ့ကနေ အမြဲမားမားမတ်မတ်ရပ်တည်ပေးတာ အမြဲလိုလို...


ချစ်တယ်လို့ ပြောခဲ့ဖူးပေမဲ့လဲ..


သူမကို တကယ်ချစ်တာဟုတ်ရဲ့လား


တာဝန်အရ ကောင်းပေးနေသလား..


တခါတလေ သူမ သေချာမသိပါ...


'' ချာတိတ် "


သူ့အသံကြားတော့ အလိုလိုမျက်ရည်တွေသုတ်ပစ်လိုက်သည်


'' ငိုနေပြန်ပြီကွာ "


အဆုံးထိစိတ်ကို ဆွဲဆန့်ထားသော်လည်း...

ဘာတွေကို မျက်ရည်ကျနေရပြန်သလဲ..


'' တောက် "


နဂိုစိတ်တွေဆက်နေသည့်အခံကြောင့် ဘာကို စိတ်တိုလို့ တိုနေမှန်းမသိ...

ဒီလောက်တောင်ပဲ အ ရသလား...


နုံတိနုံတုံနဲ့ ပြောသမျှ ငြိမ်ခံနေရအောင် ရုပ်ရှင်တွေထဲက မင်းသမီးဒီဇိုင်းနဲ့..

စိတ်ရှိရင် ပါးပါ ရိုက်ထည့်လို့ရနေပါရဲ့ ငြိမ်ခံနေသည့် သူမကို အားမရတော့


အရှိန်နဲ့ပေါက်ကွဲထွက်လာတဲ့ဒေါသတွေဟာ..


ဝိုင်းစက်စက်မျက်ဝန်းလေးတွေဟာ အံသြကြောက်ရွံမှု့အပြည့်နဲ့ ဝိုင်းစက်နေတာမြင်မှ

ဒေါသတွေ ကြက်ပျောက်ငှက်ပျောက်...


'' မနေ့က သစ္စာရှင်ဘာတွေပြောသွားလို့လဲ ချာတိတ်ရယ် "


'' ဘာမှမပြောပါဘူး "


'' ဒါဖြင့် မင်းကဘာလို့မျက်ရည်ကျနေရတာလဲ "


'' ဘယ်မှာကျလို့လဲ "


သူမလုပ်နေကြပုံစံအတိုင်း....


ရန်ပွဲတွေကနေ ထ ထွက်သွားဖို့ပြင်သည်...


သူ့နံဘေးက ဖြတ်သွားတဲ့ သူ့မလက်တွေကို ဆုပ်ကိုင်ပြီး 


" ဒါကဘယ်လဲ.ဘယ်မှာ သွားငိုအုန်းမလို့လဲ''


'' မငိုပါဘူး "


'' မင်းနော် ကြောက်သလိုရွံ့သလိုနဲ့ ကျူပ်ကိုကျတော့ အကြောတင်းလိုက်တာ "


'' ဖယ်ပါ လွှတ် "


ရုန်းကန်နေတဲ့ သူမလက်တွေကို ခပ်တင်းတင်းကိုင်ထားရင်းကနေ သူ့အနားကို စောင့်ဆွဲကာ ခါးကို လှမိးကိုင်ဖို့ ပြင်လိုက်တာပေမဲ့...


စတိုင်ကျကျ ထင်သလိုမဖြစ်ပဲ....

ဟန်ချက်ပျက်သွားသည်ကို သိလိုက်သော်လဲ အချိန်မမှီတော့..


ကြမ်းပြင်ပေါ်ကျလျှင်....


မတွေးရဲစရာမို့ ချက်ချင်း ကုတင်ပေါ်ပစ်လှဲချလိုက်ကာ သူမ အထိမနာစေဖို့ သူခန္ဓာကိုယ်နှင့်ထိန်းကာ..

ခံထားပေးရသည်...


'' အား...အကို ကလေးကလေး "


သူမအသံ နားထဲ ဝင်လာတော့ သူမဗိုက်ကလေးကိုပါ ကာကွယ်ရသည်...


'' ချာတိတ် ဘာဖြစ်သွားသေးလဲ "


သူမကို ကုတင်ပေါ်လှဲချ လိုက်ပြီး...

ဗိုက်ကလေးကို မထိဖို့...

သူမအပေါ်ကမိုးကာ သူလက်ကို ထောက်ထားလိုက်သည်

လန့်သွားသည်ထင်ရဲ့...မျက်နှာကလေးရဲသွားသလို သူမရင်ခုန်သံတွေ အတိုင်းသားကြားနေရသည်...


'' ကိုယ်တောင်းပန်ပါတယ် ဗိုက်ကလေးရှိနေတာ မေ့သွားတယ်ကွာ "


လန့်နေသည့် မျက်နှာထားကနေ ဟက်ဟက်ပက်ပက်ထကာရယ်သော သူမကြောင့်...


သူပါ လိုက်ရယ်မိသည်အထိပင်......


'' အကို ဟာလေ လုပ်လိုက်ရင်အရမ်းပဲ ကလေး လန့်သွားပြီလားမသိဘူး "


သူမ ရဲ့ လုံးဝကိုမှ မသိသာသေးသော ဗိုက်ကလေးကို ပွတ်ရင်းပြောနေပုံက 

တကယ်ကို သူသိခဲ့သော ချာတိတ်ကလေးနှင့်မတူတော့...


'' ပြစမ်း ချာတိတ်အသေးစားလေး လန့်သွားလား "


သူမဗိုက်နား ခေါင်းကို ကပ်ကာ...

နားနှင့်နားထောင်ဟန်လုပ်တော့ သူမ ပြုံးသည်


'' ချာတိတ် အသေးလေးက သူ့အဖေနဲ့အမေ ကျီစယ်နေတာသိတယ်ထင်တယ်ကွ ရယ်နေတယ် အသံသေးသေးလေးနဲ့ "


ဗိုက်နား နားကပ်ထားရင်း သူပြောသမျှကို သဘောကျသလိုရယ်နေလေသည်..


'' ချာတိတ်အသေးလေးရေ မေမေ့ဗိုက်ထဲ ငြိမ်ငြိမ်လေးနဲ့ အပြင်ရောက်တဲ့အထိ မင်းမေမေအနေမကြပ်အောင် နေရမယ်နော်ကြားလား "


အကောင်အထည်တောင်မပေါ်လောက်သေးသော ကိုယ်ဝန်နား တကယ့် ကလေးနှင့် စကားပြောနေသလို ကြင်ကြင်နာနာပြောဆိုနေသော..


သူ့ကိုကြည့်ရင်း....


ကြည်နူးမိပြန်ရဲ့ ရန်ဖြစ်နေသည်ဆိုသည့်ကိစ္စကိုပင် မေ့သလိုရှိရပြန်သည်...


ဘယ်လောက်ပဲ အနေနီးပါစေ အနီးကပ်မြင်ရသော..

သူ့မျက်နှာ ချောချောကိုလဲ...


ငေးမောကြည့်နေမိသေးသည်....


သားလေးပဲ ဖြစ်ဖြစ်....


သမီးလေးပဲ ဖြစ်ဖြစ်.... သူနဲ့တူစေချင်သည်


သူနဲ့တူရင် ချောနေမှာသေချာသည်.....


စကားတွေပြောပြီး...

သူမ မျက်နှာကို စေ့စေ့ကြည့်ကာ...


သူမကို ထွေးပွေ့ထားလိုက်ရင်း 


'' ကိုယ်တောင်းပန်ပါတယ် မီးရယ် ''


ချာတိတ်မ လို့အမြဲခေါ်နေရင်းကနေ  အခေါ်ဝေါ်ပြောင်းသွားသည်မို့ သူမ သေချာကြည့်မိကာ..


''ဘာအတွက်လဲ ''


'' ဒေါသထွက်မိတဲ့အတွက်ရော အားလုံးအတွက်ပါ ကို နောက်ဆို ဆင်ခြင်ပါ့မယ် "


ဒီလိုနဲ့ပဲ... ပြေလည်သွားကြပြန်ပြီထင်ပါရဲ့.


'' ကို့ ကိုယုံပေးပါ ကိုယ် မီး တစ်ယောက်ထဲကိုပဲ တကယ်ချစ်ခဲ့တာပါကွာ...

ကို့ဘဝမှာ နှစ်ယောက်မရှိအောင်ချစ်ရတဲ့မိန်းကလေး အသက်နဲ့ရင်းပြီး ကာကွယ်သွားချင်တဲ့ မိန်းကလေးက မီးတစ်ယောက် ပဲရှိတာ "


'' မီး တဲ့ ဘယ်သူနဲ့မှားခေါ်နေတာလဲ "


'' ဟော့ဒီက ကို့ဇနီးလေးကိုပဲခေါ်တာလေ..

ချာတိတ် ချာတိတ်နဲ့ ခေါ်ရတာ စိမ်းတယ်''


သူ့စကားကို သူမ မငြင်းသာပါ...


သူတကယ်ပဲ သူမကို ချစ်တာပါလို့ ယုံကြည်ချင်မိလာတယ် ယုံကြည်လိုက်တော့မယ်..


သူ့ရင်ခွင်ထဲ အရာရာမေ့ချင်မိသွားပြီးမှ..

ဖုန်းမြည်သံကြောင့် အသိဝင်လာကာ..


'' hello ကိုဂုဏ် ''


'' တိမ်လွှာရေ လုပ်အုန်းကွာ မင်းတပည့်တွေက ကိုယ်တို့ကို ဝင်ခွင့်မပေးဘူး "


'' အာ Sorry ကိုဂုဏ် ကျွန်တော်ဆင်းလာခဲ့မယ် ''


သူဖုန်းချကာ....


'' ကိုယ်ပြောဖို့မေ့နေလို့ ကိုဂုဏ်နဲ့ မင်းအမ နွယ် လာလည်ကြတာ ကိုယ်တို့အောက်ဆင်းရအောင်နော် "


'' ဟုတ် "


သူမကို ကလေးလေးလို သေချာ တွဲခေါ် လာတဲ့သူ့ပုံက တကယ်ကို Over လုပ်နေသလိုပင်...


'' ကိုယ်ထင်ပါတယ် ချက်ချင်းဆင်းမလာကထဲက တိမ်လွှာတိူ့မိန်းမချော့နေရပြီလို့ "


 ရောက်ရောက်ချင်း စနောက်လိုက်တဲ့ သြဇာဂုဏ်ကြောင်း အားလုံး ရယ်မောမိကြသည်...


'' အစ်မ ''


'' မိုးသားနေကောင်းရဲ့လား အစ်မ လာမယ်လာမယ်နဲ့ ဒီနေ့မှ အားလို့ ကိုကို ကိုလိုက်ပို့ခိုင်းရတယ် "


'' အစ်မကလဲ ဖုန်းဆက်လိုက်ရောပဲ မိုးသား လာခဲ့မှာပေါ့ "


'' အမလေး မခေါ်ရဲပါဘူးရှင် Sky Castle ရဲ့ သခင်မကို "


'' အမကလဲ မဟုတ်ရပါဘူးနော် မိုးသားအတွက် အမက ထာဝရကျေးဇူးရှင်ပါ ''


ရယ်သံတွေ လွှမ်းခြုံရင်း ပျော်စရာတွေ ပြည့်နေခဲ့သည့်

ဒီစုံတွဲနှစ်တွဲရဲ့ တွေ့ဆုံမှု့ဟာ ကြည်နူးဖွယ်အတိပင်..


အမနွယ်က မိုးသားရဲ့ ဗိုက်ကလေး ကိုင်ကြည့်ကာ..


''Congratulations နော် ဗိုက်ကလေးတောင် သိပ်မထွက်သေးဘူးပဲ "


'' အစ်မတို့ရော "


'' မိုးသားရေ ညည်းအမကို ညည်းပြောပါအုန်း သူက ကလေးမလိုချင်သေးဘူးတဲ့လေ "


'' ကိုကိုနော် "


'' အကို မသက်ကို စားစရာတွေ အပေါ်ပို့ခိုင်းလိုက်နော် ညီမတို့ အပေါ်သွားချင်လို့ "


သူမနှင့် နွေဦးနွယ်တို့ အပေါ်တက်သွားကြသည်ကို ကြည့်ရင်း


'' နွယ်လေးကလေ မင်းဇနီးကို သိပ်ခင်တွယ်တာပဲ ကိုယ်ဖြင့် ထင်တောင်မထင်ထားဘူး "


'' တူတူပါပဲ သူ့အမ မှသူ့အမ အလုပ်တောင် အစ်မလက်အောက်ပြန်ဝင်ပါမယ်ဆိုလို့ မနည်းဖြောင့်ဖြထားရတယ် "


'' အခြေနေရော ဘယ်လိုလဲ အချိန်တွေ နီးကပ်လာပြီနော် "


'' ဘယ်လိုတွေ ဖြစ်လာမလဲ ကျွန်တော်မသိဘူး ကိုဂုဏ် ကျွန်တော်ကြောက်လဲ ကြောက်တယ် ဘယ်အချိန်ပေါ်လာမလဲ မသိတဲ့ အန္တရာယ်က သူမကို ဆွဲထုတ်သွားမှာ ကြောက်တယ် "


'' မှန်းရခက်တယ် တိမ်လွှာ ကိုယ်လဲရှိနေတာပဲ ဖြစ်နိုင်ချေတွေ စုံစမ်း ကာကွယ်ပေးပါ့မယ် "


ပျော်ရွှင်နေတဲ့ စကားဝိုင်းကလေးဟာ ဘယ်စီရောက်သလဲမသိ...

ယောက်ျားတန်မဲ့ ကြုံလာရမဲ့ ကြမ္မာဆိုးတွေအကြောင်းပြောရင်း..

သူ သ်ိပ်ချစ်ရတဲ့ သူမကို ဆုံးရှုံးရမယ်ဆိုတဲ့ စိတ်ဝင်ရတဲ့အခါ........


မျက်ရည်တွေ ဝဲ တက်လာမိတာကို....


ကိုဂုဏ်နားလည်မှာပါလေ....


ဘယ်သူက ထင်လေမလဲ..

အေးစက်စက်နဲ့ ရေခဲလူသားမင်းတိမ်လွှာဟာ..

အမျိူးသမီးလေးတစ်ယောက်ကို စိတ်ပူတာကြောင့် မျက်ရည်တွေ ဝဲလာတဲ့အထိ ချစ်တက်သူ...


နွေးထွေးတဲ့...


လူသားတွေထဲက လူသားပဲဆိုတာကိုပေါ့.....


rate now: