book

Index 38

(အပိုင်း...၃၈)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက်
************************************

'' နွယ်လေး သစ္စာရှင်ကို ဘာလို့ ကို့သဘောနဲ့ကိုယ် နယ်ပို့ပစ်လိုက်ရတာလဲ "

'' ကြည့်မရလို့လေ "

''ဟာကွာ နွယ်လေး ''

'' ကိုကို... နွယ်လေးကို လာမအော်နဲ့နော် အာ့မိန်းကလေးကို ထိတာနဲ့ ကိုကို ဖြစ်ပျက်နေလိုက်တာ ဘာသဘောလဲ "

'' နွယ်လေး သူ့ကို မကြည်တာ ကိုကိုသိတယ် ဒါကြောင့်မို့လဲ ကိုကို သူ့ကို ကို့ကိုအနားက ဖယ်ထုတ်လိုက်ဖို့ စီစဥ်ပြီးသားပါကွာ... "

ဒေါသတွေ နဲ့ ရန်တွေ့နေသည့် နွေဦးနွယ်က...

သူ့ရင်ခွင်ထဲ တိုးဝင်လာပြန်ကာ...
ခါးကိုဖက်.. သူ့ရင်အုပ်ကျယ်တွေထဲ မျက်နှာအပ်ရင်း

'' ကိုကို စီစဥ် ထားတာ သူ့ကို အမြင့်ရောက်အောင်ပို့မလို့လေ Forgein ရုံးကိုပို့ ပညာတွေသင်ပေးအုန်းမလို့မဟုတ်ဘူးလား.."

တကယ်ဆို သစ္စာရှင်က သိပ်တော်ပြီး အရည်ချင်းရှိသူမို့..
သူ....အနားဆက်မထားချင်ပေမဲ့ 

လိုအပ်နေတဲ့ ပညာအချိူ့သင်ပေးရင်း ရုံးခွဲပြောင်းဖို့ စဥ်းစားထားခဲ့တာ 
အရည်ချင်းရှိတဲ့ ဝန်ထမ်းတယောက်ကို လွယ်လွယ် လက်မလွှတ်ချင်တဲ့ ညာဥ်ကြောင့်ရယ်သာ...

သို့သော်...

နွယ်လေးရဲ့ သဝန်တိုမှု့တွေဟာ တနေ့တခြား မြင့်တက်လာတာမို့...
စိတ်မြန်လက်မြန်ရှိတဲ့ သူမက.. 
နယ်ပြောင်းသည့်စာ ထုတ်ပစ်လိုက်သည်..

သူ တခုခု ပြောဖို့ ပြင်လိုက်ပြီးမှ..

ရင်ခွင်ထဲကနေ မော့ကြည့်နေသည့် မျက်နှာလေးကြောင့်...
လျှော့ချလိုက်ရပေမဲ့...

သိပ်ပင်ပန်းလွန်းတယ် နွယ်လေးရာ

အရင်နှင့်မတူ...
အရမ်းချွဲတက်လာသည်မို့...
သူမ ချွဲနွဲ့လာရင် သူ မခံနိုင်

လျှော့ပေးလိုက်ရပေမဲ့...တချိူ့ပြသာနာတွေဟာ ပြေလည်သွားတာ မဟုတ်သည်မို့..
ရင်ထဲ အစိုင်အခဲ မဖြစ်ဖို့ သူအတော်ထိန်းရသည်....

သူမဟာ လူတယောက်ကို ကိုင်တွယ်ရာမှာ တော်လှသည်..
တင်းလိုက်...
လျော့လိုက်နှင့်မို့...

သူဟာ တဖြေးဖြေး အထိန်းချူပ်ခံလူသား ဖြစ်လာသလိုခံစားမိသည့်အခါတိုင်း...
မာနတွေက တင်းခနဲတက်လာတက်ပြန်သည်.

သူ့မာနတွေ သူ့အကျင့်စာရိုက်တွေနှင့်..

အမြဲလိုလို အလျော့ပေးရတာ ခက်လှပြန်သည်...

'' အလုပ်နဲ့ personal ဟာ အမြဲ သပ်သပ်ထားရတယ် ကလေးရဲ့...
အရည်ချင်းရှိတဲ့ ဝန်ထမ်းကို မြှောက်စားပေးတာဟာ company ရဲ့ အကျိူးစီးပွားပဲ ''

'' ဒါနဲ့ပဲ ကိုကို့ ကိုတော့အပါမခံနိုင်ပါဘူးနော်''

'' ကိုကိုနဲ့ သူနဲ့ ကင်းရှင်းတာ သိရဲ့သားနဲ့ကွာ ''

'' အရည်ချင်းရှိတဲ့ ဝန်ထမ်းလား ပြော ဘယ်နှစ်ယောက်လိုချင်လဲ ''

'' ကလေးမဆန်ပါနဲ့ နွယ်လေးရယ်... သိရဲ့သားနဲ့ကွာ ကိုယ်တိုင်လဲ လုပ်ငန်းတွေ ဦးဆောင်နေတဲ့ဟာ ထက်မြက်တဲ့ နွယ်လေးက အခုလို နေရာတကာ ကလေးမဆန်ရဘူးလေနော် "

'' ထက်မြက်လို့လဲ နယ်ပို့ပစ်တာပေါ့ ကိုကိုရဲ့...ကြည့်မရတဲ့သူကို အမြင့်တင်စရာလား သင်ယူစရာမရှိတဲ့ ရုံးဆီ တမင်ပို့တာ "

'' နွယ်လေး... နောက်ဆို နွယ်လေးက ကို့ကို Group ကိုပါ ကူညီ ဦးဆောင်ရတော့မှာ စီးပွားရေးမှာ Personal Feeling တွေရောထည့်လို့မရဘူး.. ကလေးဆန်လို့မရဘူးကောင်မလေးရဲ့ ကိုကို ပြောတာ သိတယ်မဟုတ်လား "

'' ကိုကိုက အခု သစ္စာရှင်ကြောင့် နွယ်လေးကို မကျေနပ်ဘူးပေါ့ "

'' ဒီနေရာမှာ သစ္စာရှင်မဟုတ်ပဲ တခြားလူဆိုလဲ ကိုကို ဒီလိုပဲပြောမှာပါကွာ နောက်မဖြစ်စေနဲ့နော် "

''ကိုကိုနဲ့ သံသယ မကင်းမဖြစ်သရွေ့ပေါ့ ''

'' ကြည့် ဒီကောင်မလေး "

တကယ်ဆို သူမ မှားတာ သူမ သိလို့သာ..

အခုလို သူ့ကို ကပ်ချွဲနေတားဖြစ်သည်..
မဟုတ်ရင်..

စွာတေးလန်နေအောင်ရန်တွေ့ခံရမှာမှန်း..
သူသိနေပြီးသားမို့..

သူပဲ အရှုံးပေးလိုက်ရတယ်ဆိုပေမဲ့...
ချစ်ရသူကို အရှုံးပေးရတာပဲမဟုတ်လား..

မကျေနပ်တာ သိသာစေရန် ခပ်စူစူ လုပ်ထားတဲ့ နှုတ်ခမ်းလေးတွေကို မြတ်မြတ်နိုးနိုး နမ်းရှိုက်ရင်း...
ဒီကောင်မလေးဟာ ဆုံးရှုံးရပြီးမှ သူပြန်လည်ရယူထားရတာမဟုတ်လား..

ဆုံးရှုံးရတာထက်....

သည်းခံအလျှော့ပေးရတာ ပိုကောင်းပါတယ်လေ....

သူတို့နှစ်ယောက်က Type မတူ....

အတွေးအမြင်ခြင်း မတူတာမို့....

ခါတိုင်းလို သူ့ မာန သူ့အကျင့်နှင့်ဆို ရန်ပွဲတွေ မကြာမကြာ ဖြစ်ရမည်ထင်ရဲ့..

ဘာပဲ ဖြစ်ဖြစ် သဝန်တိုတက်တာ သူ့ကို ချစ်လို့ဖြစ်လာတာပဲမို့...
သဝန်တိုတာလေးကိုပဲ ကြံဖန်သဘောကျရပြန်ပါတယ် နွယ်လေးရယ်...

သူမ ဆီက တုန့်ပြန်လာတဲ့ အနမ်းတွေကြောင့် ရင်ခုန်ရပြန်သည်..

'' ကိုကို နွယ်လေး သဝန်မတိုရအောင် နေပါ့မယ် ဟုတ်ပြီလား "

မိန်းကလေးတွေနဲ့....

ကင်းကင်းရှင်းရှင်းနေပါ့မယ်လို့ သွယ်ဝိုက်သောနည်းဖြင့် ပေးလိုက်သည့်ကတိကို 
သဘောပေါက်သော သူမက.....

သဘောကျစွာ ပြုံးသည်...

'' ဟုတ်... နွယ်လေးလဲ ကိုကို သဝန်မတိုရအောင် နေပါ့မယ် "

သူတို့ အတူရယ်ဖြစ်ကြသည်...
မတောင်းပဲပေးဖြစ်ကြတဲ့ ကတိတွေနှင့်အတူ... ပြသာနာတွေကို ရပ်စဲလိုက်ကြသည်....

အိမ်ထောင်ရေးဆိုတာ ထင်သလောက်မလွယ်ပေမဲ့ ဒီလိုပဲ နားလည်မှု့တွေ အလျှော့ပေးမှု့တွေနှင့် တည်ဆောက်ပြရမှာပါပဲ..

အတ္တတွေ ဒေါသတွေ မာနတွေကို...

သူမရော သူရော အတူတူ လျှော့လိုက်ကြတဲ့အခါ အေးချမ်းရပြန်သည်...

'' ကိုကို တို့ ဒီအတိုင်းလေးပဲ အပြန်အလှန် အလျော့ပေးရင်း နေသွားကြရအောင်နော် သိပ်ချစ်တယ် ကိုကို့ ဇနီးလေး "

သူမ လက်ကလေးတွေက သူ့ခါးတွေကို ခပ်တင်းတင်း ဖက်လာကာ...

'' နွယ်လေးရောပဲ ကိုကို့ ကို ချစ်တယ် "

'' ကိုကို ညနေ မင်းတိမ်လွှာ ဆီ သွားလိုက်အုန်းမယ် ကလေး ညည်းမွှေလိုက်တဲ့ ဂယက်က သူတို့လင်မယားဆီ ရောက်သွားပုံရတယ် သစ္စာရှင်က မင်းတိမ်လွှာ ကိုသွားရှာတယ်တဲ့ "

'' ဟင် အာ့တယောက်ကလေ သိပ် Over ဖြစ်တာ ဘာကိစ္စ Sky Castle ကို အကြောက်အလန့်မရှိ သွားရှာရတာလဲ "

'' ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးတွေက တခါတလေ ထူးဆန်းတယ် နွယ်လေးရဲ့ "

'' ကိုကို က သူ့ဘက်ကဖြေတွေးနေပြန်တာလား "

'' မဟုတ်ရပါဗျာ "

'' မင်းတိမ်လွှာ က ဘာတဲ့လဲ "

'' ဘာလဲ ခင်ဗျားလေးက ခင်ဗျားလေး ရည်းစားဟောင်းအကြောင်း စိတ်ဝင်စားတာလား "

'' ကိုကိုနော် စကားနာမထိုးနဲ့ ရည်းစားမဟုတ်ပါဘူးဆို သူက အစထဲက မိုးသားဖြူဆီချည်းကပ်ချင်လို့ နွယ်လေးက ကိုကို သဝန်တိုအောင် နှစ်ယောက် သဘောတူပြီး လုပ်ခဲ့တာ.... မိုးသားဖြူ ကို အလုပ်ခန့်ခိုင်းတာလဲ သူပဲ နွယ်လေးက အစထဲက Sky Castle ရဲ့ သခင်မှန်းသိတယ် 
နွယ်လေး လုပ်သမျှ သူတို့နီးအောင် တမင်လုပ်တာကြီးပဲ အဲ့ဒီအတွက် နွယ်လေးရဲ့ ပြိုလဲခါနီး company ကို သူနောက်ကွယ်ကနေ ကူညီတယ် "

'' နွယ်လေးလဲ မလွယ်ဘူးပဲ Sky Castle နဲ့တောင် အပေးအယူတွေလုပ်ခဲ့တာ...
ဒါကြောင့် ကုန်ကြမ်း ပြသာနာ လွယ်လွယ်နဲ့အဆင်ပြေသွားတာကိုး "

'' ကိုကို သိနေတယ် "

''နွယ်လေးနောက်မှ ကိုကို အမြဲရှိနေပါတယ်နော် Sky Castle လောက် ဝိတ်မရှိလို့ နဲနဲကြာနေယုံပါ "

သူမ ကြည်နူးသလို ပြုံးလိုက်ကာ...

" ကိုကို ညနေ မင်းတိမ်လွှာ ဆီသွားရင် နွယ်လေး လိုက်ခဲ့အုန်းမယ် မိုးသား ကိုယ်ဝန်သတင်းကြားထဲက လက်ဆောင်ဝယ်ထားတာ မအားလို့ ခုထိမတွေ့ဖြစ်ဘူး နွယ်လေးလဲ ဒီနေ့အားနေတုန်းလေး လိုက်ခဲ့မယ်နော် "

'' ok ပါဗျာ "

'' မိုးသားဆီ ဖုန်းဆက်ထားရမယ် "

တက်ကြွစွာ လှုပ်ရှားနေတဲ့ သူမ ဖုန်းတလုံးနဲ့ အလုပ်ရှုပ်ရင်း

 "သစ္စာရှင် တော်တယ်ဆိုတာ နွယ်လေးရဲ့ မိုးသားဖြူ အိပ်နေသလောက်ပဲရှိတာဟွန်း "

'' ဟောဗျာ ပါလာပြန်ပြီလား"

ပြောချင်ရာပြောပြီး...
သူ ပြန်ပြောတာ ကြားဟန်မတူ ဖုန်းပြောရင်း သူ့အနားက ထွက်သွားသည်..

တခြားသူတွေအပေါ် အရှိန်အဝါကြီးနေပေမဲ့..

သူနဲ့နွယ်လေးအပေါ်မှာ ဆက်ဆံပုံက ။
မင်းတိမ်လွှာ ရော မိုးသားဖြူ ရော ထူးထူးခြားခြား ပြောင်းလဲတာမရှိ...

ချေမိုးနေတာမရှ်ိ...

ဖုန်းပြောနေတဲ့ သူမကို လှမ်းကြည့်ရင်း ပြုံးလိုက်မိသည်...

နှစ်အတော်ကြာ သူမအနား ရှိနေခဲ့တဲ့ မိုးသားဖြူကိုတော့ သူမ တကယ်ခင်တွယ်ရှာသည်..

သူမ လုပ်ငန်းခွင်မှာ မာနကြီးပြီး ခပ်တည်တည်နေတက်ပေမဲ့...
မိုးသားဖြူ ကိုမသိမသာ အရေးပေးရင်း ခင်တွယ်ရှာသည်..


rate now: