ရွှေစံအိမ်ရဲ့ချစ်အိမ်မက်
************************************
အချိန်ရှိသရွေ့...
ဘာလိုချင်သလဲ.... ဘာစားချင်သလဲလို့ ဂရုတစိုက်လိုက်မေးနေခဲ့ပေမဲ့...
သူကိုယ်တိုင် ခံတွင်းပျက်..
ဘာမှစားမဝင်.....
စိတ်တွေဆက်ကာ တလောကလုံးကို မာန် မဲ နေပေမဲ့ သူမရှေ့ဆို...
စိတ်ရှည်သည် အပြုံးကလေးတွေနှင့် နူးညံ့စွာ ဆက်ဆံပေးတက်သည်...
အစားကောင်းကောင်းစားမဝင်သလို....
ည ည ဆိုလဲ သူမကို တချိန် လုံး ထ ကြည့်နေတက်ကာ အိပ်မပျော်ဘူးထင်ပါရဲ့..
အလုပ်တွေ အရင်လောက်ရှုပ်မနေတော့ပေမဲ့လဲ..
မဖြစ်မနေကိစ္စမို့ထင်ရဲ့...
မနက်ကထဲက မလန်းမရွှင် ....
အားနည်းနေပုံပေါက်တဲ့ပုံစံနဲ့ ထ ထွက်သွားလေရဲ့...
လူကသာ အပြင်မှာ..
စာပို့လိုက်... ဖုန်းခေါ်လိုက် Vedio call ခေါ်လိုက်နဲ့ သူမကို ဂရုစိုက်ပေးနေတော့လဲ ပျော်ရပြန်တာပါပဲ...
ချစ်ရသူနဲ့ ကုန်ဆုံးရတဲ့ နေ့ရက်တွေဟာ ပျော်စရာ အတိပါပဲ....
'' မမလေး အောက်မှာ ဧည့်သည်ရောက်နေပါတယ်ရှင့် မမလေး သူငယ်ချင်းတဲ့ "
'' အေး လာခဲ့မယ် "
သူငယ်ချင်း.... သူမ မှာ သူငယ်ချင်းရယ်လို့ တခုပ်တရလာလည်စရာလူမှမရှိပဲ...
အောက်ကိုအရောက် မမြင်ချင်သည့် ဧည့်သည်က ဆီးကြိုနေခဲ့သည်..
'' သစ္စာရှင် ''
'' မိုးသားဖြူ "
'' ဘာကိစ္စရှိလို့လဲ "
'' တို့လေ မင်းတို့ကြား ဝင်ရှုပ်တဲ့ တတိယလူမဖြစ်ချင်ပါဘူး ဒါပေမဲ့ ကို...အဲ... မင်းတိမ်လွှာနဲ့ တို့တွေ့ချင်လို့ "
'' သူ မရှိဘူး မ သစ္စာရှင် သူနဲ့တွေ့ချင်ရင် ရုံးကို လိုက်သွားလိုက်ပါ "
အရင်ကတော့ ဘယ်လိုမှ မနေပေမဲ့....
အခု... သစ္စာရှင်ကိုမြင်ရတာ..
သူမ ရင်ထဲ ပူလောင်လှသည်
သစ္စာရှင်ဟာ အကို သိပ်ချစ်ခဲ့ရတဲ့မိန်းကလေးမဟုတ်လား..
'' ဘာလဲ လေသံကတို့ကို နှင်နေတာလား "
'' မဟုတ်ပါဘူး ".
'' စိတ်ချပါ တို့ အဲလိုမိန်းကလေးမဟုတ်ပါဘူး..တို့ခါထုတ်လိုက်လို့ မင်းကို သူရွေးသွားတာပဲကိုး မင်းတို့ကိုမကြည်တာမဆန်းပါဘူး "
သူမ ခွန်းတုန့်မပြန်နိုင်...
ရင်ထဲ စို့နင်လာသည်...
အကိုက သူ့ကို ရှောင်နေလို့တဲ့လား..
အကိုနဲ့သစ္စာရှင်...
အခုထိပတ်သတ်မှု့များ ရှိနေကြလို့လား.....
ရင်ထဲ ငိုချင်လာသလိုလို....
'' မသက်ရေ ဒါ အကို့ဆီလာတဲ့ဧည့်သည် အကိုပြန်မလာခင် ဧည့်ခံထားပေးနော် "
သူမ... အိမ်အကူ အမကို မှာထားခဲ့ကာ
သစ္စာရှင်ကို ကျောခိုင်းထွက်လာခဲ့သည်..
ဒီနေရာမှာ သူမ ထပ်မနေလိုပါ...
ဝေဝါးနေတဲ့ မျက်ရည်တွေကြား အိမ်ပေါ်တက်ဖို့ ကြိုးစားလိုက်သည်...
အကိုနဲ့သစ္စာရှင် ကြား ဘာပဲရှိရှိ သူမ သိဖို့မလိုသလို... သိလဲမသိချင်ပါ...
လှေကားပေါ်တက်နေတဲ့ သူမ နောက်ကနေ ထိတွေ့လာတဲ့ နွေးထွေးမှု့တခု...
'' အကို "
'' ဖြေးဖြေးတက်နော် ချာတိတ် ချော်လဲမယ်သတိထား မသက်တို့က ကွာ ချာတိတ်ကို သေချာ ကြည့်ထားပါဆို ကိုယ်မရှိတာနဲ့ လွတ်နေပြီ "
သူမ ကို သေချာတွဲပေးရင်း မျက်နှာကိုမော့မကြည့်အား...
'' ဟင်....ချာတိတ် ဘာလို့ငိုနေတာလဲ "
'' ကို "
သူမ မျက်နှာကို သတိထားမိသည်နှင့်တပြိုင်နက်...
နောက်ကခေါ်သံ ထွက်လာသည်မို့
သူ လှည့်ကြည့်လိုက်တော့မှ...
သူ လှေကားပေါ် တက်နေသည့် သူမဆီသာ အပြေးတပိုင်းပြေးလာတွဲသည်မို့..
သစ္စာရှင်ကို မမြင်ခဲ့....
အခြေနေတခုကို သူ သဘောပေါက်လိုက်ပြီးး
ဘယ်လိုစကားတွေ သူမလေး ကြားခဲ့ရသလဲ သူမသိပေမဲ့ သေချာသည်က သစ္စာရှင့်ကြောင့်သာ ဒီမျက်ရည်တွေကျဆင်းနေသည်ဟာပင်...
'' ကိုယ်ခနခနပြောခဲ့ဖူးတယ်... မင်းက ကိုယ့်ဇနီး မင်းနောက်မှာ ကိုယ်အမြဲရှိတယ်လို့ ကိုယ်နောက်မှာ စည်းစိမ်နဲ့အာဏာတွေရှိတယ်လို့ ဘယ်သူ့ကြောင့်မှ မင်းမျက်ရည်ကျနေဖို့ မလိုဘူးလို့ ချာတိတ်ကွာ.... "
သူမ ပါးနှစ်ဖက်ကို သူ့လက်တွေနှင့် အုပ်မိုးကိုင်ရင်း..
မျက်ရည်တွေကို တယုတယ သုတ်ပေးသည်
" တိတ်တော့နော် "
'' အကို့ကို ညီမ ဆုံးရှုံးရမှာကြောက်တယ် "
'' ဘယ်သူပြောလဲ ကိုယ်မင်းကို ထားခဲ့မယ်လို့ "
'' အကို သိပ်ချစ်ရတဲ့ အမျိူးသမီးနဲ့ ညီမ မယှဥ်ရဲဘူး "
'' ချာတိတ်ကွာ...ကိုယ်ချစ်ရတဲ့အမျိူးသမီးက ကို့ရှေ့က မင်းအပြင်မရှိပါဘူး ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်အောင်ထိသိပ်ချစ်တာယုံနော် "
သူတို့ စကားပြောနေသည်ကို...
သစ္စာရှင်က စိတ်မရှည်ဟန်နှင့် ထိုင်နေရာမှ ထ ကာ လှေကားတွေအနားထိ တိုးလာသည်...
'' ဧည့်သည်က ဧည့်သည်လိုနေပါ ဘာကိစ္စ နဲ့ ဒီကိုလာတာလဲ "
ခပ်မာမာလေသံနဲ့ သူ့ အသံကြောင့် သစ္စာရှင်ရဲ့ခြေလှမ်းတွေ ရပ်တန့်သွားကာ.
'' သိပ်ကို လာချင်လွန်းနေလို့ လို့မထင်နဲ့...
ကျမကို ဦးဂုဏ်က နယ်ကရုံးခွဲပေါက်စလေးကို လွှတ်နေတယ် ဒါရှင့်စနက်ပဲမဟုတ်လား... ကျမ ကြိုးစားခဲ့တာ နယ်မြို့တွေသွားဖို့မဟုတ်ဘူး ရှင်တို့ကို ကျမ ဘာမှအနှောက်ယှက်မပေးခဲ့ဘူး မဟုတ်ဘူးလား "
ဒေါသကြောင့်နီမြန်းနေတဲ့....
သစ္စာရှင်ရဲ့ မျက်နှာမှာ ဒေါသတွေအပြင် မာနတွေပါ မြင်နေရကာ...
'' ရှင်တို့နဲ့ မပတ်သတ်ချင်ပေမဲ့ ပတ်သတ်ချင်အောင် လာလုပ်ကြတယ်ရော် "
'' ဒါ မင်းနဲ့ မင်း boss ကိစ္စ ငါနဲ့ ဘာမှမဆိုင်ဘူး သိချင်ရင် သြဇာဂုဏ်ကို တိုက်ရိုက်သွားမေးလေ ဒါမှမဟုတ် နွေဦးနွယ်ကို ဖြစ်ဖြစ်ပေါ့...
အေး မဆိုင်တာတွေ လာနွယ်ပြီး ငါ့ဇနီးကို လာစိတ်ရှုပ်အောင်လုပ်ဖို့ မစဥ်းစားနဲ့ ရောက်ရာအရပ်ထိ လိုက်သတ်မယ် "
''ဘာ...."
'' မသက် ဧည့်သည့်ကို ပြန်ပို့လိုက်ပါ နောက် ကျွန်တော်မရှိချိန် တွေ့ရာလူ အဝင်ခံရင် ခင်ဗျားတို့အားလုံး အထုတ်သာပြင်ထားလိုက် ကြားလား ''
'' တောက် "
သစ္စာရှင်ဟာ...
တခုခုဆို ဒေါသကြီး အညိုးကြီးတဲ့မိန်းမ မို့...
သူမနားမှာ...မမြင်လို...
ပြီးတော့...
အရင်က သူမလေးကို ပြုတ်ကျအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သူဟာ...
သစ္စာရှင် သာဖြစ်သည်မို့...
သူ..... သစ္စာရှင်ကို မုန်းတာထက်ပိုတယ်..
ဖြစ်နိုင်ရင်.
သူမကို ဒုက္ခပေးမဲ့သူမှန်သမျှ....
အကုန် သတ်ပစ်ချင်တာပင်...
တကယ်ဆို သစ္စာရှင်ကို နယ်ပို့ပစ်တာ...
သူ...သိသည်
သို့သော်.... သူ့ကြောင့်မဟုတ်
နွေဦးနွယ်ဟာ...
သြဇာဂုဏ်နှင့်နာမည်ထွက်ဖူးတဲ့ သစ္စာရှင်ကို အခုချိန်ထိ သတိရတိုင်း သဝန်တိုမဆုံးဖြစ်နေကာ..
သူတို့လင်မယားရဲ့.....ကြုံတောင့်ကြုံခဲ ရန်ပွဲတိုင်းဟာ သစ္စာရှင်ကြောင့်ဖြစ်သည်...
ဘာလုပ်ရမလဲ ရင်ဖွင့်ဖူးပေမဲ့....
နယ်ရုံးခွဲသေးသေးလေးဆီပို့ဖို့ သူဘယ်တုန်းကမှ အကြံမပေးဖူးခဲ့ချေ...
ဖြစ်နိုင်သည်က...နွေဦးနွယ်ပို့တာဖြစ်နိုင်သည်..
သြဇာဂုဏ်ဟာ....
အရည်အချင်းရှိတဲ့ သစ္စာရှင်ကို အမြဲ ချီးကျူးလေ့ရှိသူဖြစ်ကာ...
တကယ်ကို ထက်မြတ်တဲ့ လုပ်ငန်းရှင်ပီပီ..
နယ်ရုံးခွဲထက်....
နိုင်ငံခြားရုံးခွဲသာ ပို့မည်ထင်သည်......
နွေဦးနွယ်က....သြဇာဂုဏ်နှင့်ကွဲပြားသည်.
မုန်းလျှင်တစ်ဆုံးမုန်းတက်သူမို့...
ဆန့်ကျင်ဘက်ရှိတဲ့ သူတို့နှစ်ယောက်ကြားမှာ...
ပိုချစ်တက်တဲ့ သြဇာဂုဏ်က အလျှော့ပေးလေ့ရှိသည်မဟုတ်လား......
အခုတော့....
ဒီမုန်တိုင်းဟာ...
သူနဲ့သူမထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်....