book

Index 36

( အပိုင်း...၃၆)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက်

*************************************


မနက်ခင်းနေရောင်ခြည်ဟာ နွေးထွေးလက်ဆက်နေသလို...

သူ့နံဘေးမှာ အိပ်ပျော်နေတဲ့...


သူမလေးဟာလဲ ချစ်ဖို့ကောင်းနေရဲ့....


နဖူးကို ခပ်ဖွဖွနမ်းရင်း အိပ်ယာက ထလာခဲ့သည် ...သူမအတွက် မနက်စာပြင်ပေးဖို့စဥ်းစားထားတာမို့ သူမ မနိုးအောင်သတိထားလှုပ်ရှားရသည်..


သူ့အတွက်သူတောင် တခုပ်တရ လုပ်စားတက်သူမဟုတ်ပေမဲ့..

သူမအတွက်တော့ ပြင်ဆင်ပေးချင်မိတဲ့စိတ်က အလိုလိုရောက်လာခဲ့ရဲ့..


သူ့ကိုချစ်ပေးတဲ့ မိန်းကလေးမဟုတ်လား သူတန်ဖိုးထားသင့်တာပေါ့ 


ကြက်ဥ Half fried ကြော်နေရင်းမှ...


ဆီအနံတွေကြောင့်လားပင်...

ရင်ထဲပျိူ့တက်လာကာ 


ရေချိူးခန်းဆီ ပြေးရတော့သည်


'' အကို ''


'' ဟင်'' 


ရေချိူးခန်း ဘေစင်မှာ ခေါင်းထိုးအန်ချနေမိရင်းမှ..

သူမအသံကြောင့် ...သူမအိပ်နေတာကို သတိရသွားသည်မို့


'' ကို့အသံကြောင့်နိုးသွားတာလား ''


''အကိုနေမကောင်းဘူးလားဟင် ''


မေးလဲမေး သူ့နဖူးတွေကို ခြေဖျားလေးထောက်ရင်း...သူမလက်ကလေးတွေနှင့်လာစမ်းသည်.


စိတ်ပူနေတဲ့မျက်နှာလေးက သူ့အတွက်ရင်ခုန်ဖွယ်အတိဖြစ်နေကာ....

ပါးနုနုကလေးကို ခပ်ဖွဖွဆွဲရင်း


'' ကိုယ်နေကောင်းပါတယ် ချာတိတ်ရယ် ''


'' မဖြစ်ဘူး ကိုသူရိန် ကိုခေါ်မှထင်တယ် နေကောင်းရင် ခုလို အော့အန်နေစရာလိုပါ့မလား "


သူမ အပြောကြောင့် သူတစုံတခုကိုသတိရမိကာ....


'' ဟုတ်သားပဲ သူရိန်ကိုခေါ်ရမယ် "


 Couvade Syndrome


ဟုတ်သည် တချိန်က သူရိန်ပြောပြခဲ့ဖူးသည်...ကိုယ်ဝန်သည် ဇနီးအစား ခံရတဲ့ရောဂါ


သူမေ့နေတာ....


သူတို့ရဲ့ ဒီအချိန်တွေ နီးကပ်လာတော့မည်...


'' ဘယ်သူ ဘာဖြစ်လို့လဲ ''


ရောက်ရောက်ချင်းစိုးရိမ်တကြီးအမေးနှင့်ရောက်လာတဲ့ သူရိန်..


'' ငါဇနီးကို စမ်းသပ်ပေးပါ "


'' မိုးသားဖြူ နေမကောင်းဘူးလား "


'' မင်းဆရာဝန်မဟုတ်ဘူးလား ငါ့လာပြန်မေးနေတယ် ''


'' ဟ....စိတ်ကလဲ ဆက်လိုက်တာ မင်းတိမ်လွှာမှဟုတ်ရဲ့လား ''


'' ဟေ့ကောင် "


'' weather မကောင်းဘူးပဲ ''


သူရိန်တယောက် ပြောပြောဆိုဆိုနဲ့ အခန်းထဲ အရင်ဝင်သွားကာ..

မိုးသားဖြူကို စမ်းသပ်ပေးဖို့ပြင်သည်..


သူ့အတွက်ခေါ်သည်အထင်နှင့် မနက်စာဆက်ပြင်ပေးနေသည့် သူမက 

အူကြောင်ကြောင်နှင့် အစမ်းသပ်ခံလိုက်ရသေးသည်..


သူကတော့ ဆီကြော်နံတွေ လုံးဝမခံနိုင်တာမို့ မနက်စာ အပြီးထိ ပြင်မပေးနိုင်လိုက်တာကိုသာ စိတ်မကောင်းဖြစ်မိရဲ့..


'' Congratulations ပြောရမလား မိုးသားဖြူမှာ  ကိုယ်ဝန်ရှိနေပြီ ''


'' inn ''


'' မင်းကြိုသိနေတာလား ဘာလား ''


ရုတ်တရက် သူရိန်အမေးကြောင့်....

ကြိုသိနေတာလို့ပြောရင် ဘယ်လိုဖြစ်မလဲ..


'' မသိဘူး ဆီကြော်နံတွေရရင် အန်ချင်နေလို့ 

Couvade Syndrome များလားလို့ စိတ်ထင်တာနဲ့ ''


သူ့အဖြေကြောင့်...

သူရိန် ခပ်ပြုံးပြုံးဖြစ်သွားကာ...


'' မင်းတိမ်လွှာ တို့များ ရေခဲလူသားမှတ်နေတာ မိန်းမအတွက်ကြိုတောင်လေ့လာထားပြီးပြီပေါ့ ''


သူတို့နှစ်ယောက် စကား ဝိုင်းကြားမှာ ဘာပြောရမှန်းမသိဖြစ်နေတဲ့ သူမ နံဘေး သူဝင်ထိုင်လိုက်ကာ...

လှဲနေရာမှ ထ ထိုင်ဖို့ပြင်တဲ့ သူမကို ဖြေးဖြေးထူပေးရင်း


'' သက်သာရဲ့လားချာတိတ် ''


'' အဲ့တာအကို့ကိုမေးရမှာ ညီမကဘာမှမဖြစ်ဘူးလေ ''


သူရင်ခွင်ထဲ ဆွဲသွင်းလိုက်တာကို အလိုက်သင့်ပါလာရင်း..


'' အကို.... ရင်သွေးလေးရှိနေပြီတဲ့ ''


မယုံနိုင်တဲ့ မျက်ဝန်းတွေမှာ ကြည်နူးရိပ်တွေလဲ မြင်နေရကာ သူ့ကို မော့ကြည့်နေတဲ့ သူမ နဖူးလေး ခပ်ဖွဖွနမ်းရင်း..


'' ကိုယ် မင်းကိုရော ရင်သွေးလေးကိုရော အဆုံးထိ ကာကွယ်သွားမှာ ''


အစမရှိ အဆုံးမရှိ ပြောလာတဲ့ သူ့စကားတွေကို..

သူမရော သူရိန်ရော နားလည်ဟန်မတူပါ...


'' တော်ပြီဟေ့ စောစောစီးစီး နင်တို့လင်မယားရိုတာ လာကြည့်နေရတယ်ဟ ပြန်ပြီ နောက်နေ့မှ ငါ့ဆေးရုံ လာခဲ့ OG နဲ့ချိတ်ပေးမယ် လိုက်မပို့နဲ့တော့ မင်း ဇနီးနားသာကပ်ဂရုစိုက် ပြောသာပြောရတာ ပို့ဆိုလဲပို့မယ်မထင်ပါဘူး...''


တစ်ယောက် ပွစိပွစိနဲ့ ရေ ရွတ်ရင်း ထွက်သွားတဲ့ သူရိန်ကို ကြည့်ပြီး..

မတိုင်ပင်ထားပဲ သူတို့နှစ်ဦး ပြိုင်တူရယ်မိသည်..


ဒီလို ပျော်ရွှင်ရတဲ့နေရက်တွေသာ..


အမြဲ ပိုင်ဆိုင်ချင်ပါတယ်...


ကျေးဇူးပြုပြီး မရက်စက်ပါနဲ့လား ကံကြမ္မာရယ်.


သူမ အပြုံးတွေ ထာဝရ မြင်ချင်တယ်..


သူ့အတွက်အချိန် နှစ်လသာ......


............................................................


သူမ ကိုယ်ဝန် ရှိတာ သိရကထဲက...


သူ နှစ်လ စာ Schedule တွေ ဖျက်ပစ်သည်..


အချိန်ပြည့် သူမ အနားသာ နေပေးဖိူ့ဆုံးဖြတ်လိုက်တယ်...


သူရိန်ရှိနေတာ.....


သူ့အတွက် တကယ့်အားပါပဲ.....


ဆရာဝန်ဆိုပေမဲ့ သူနဲ့အတူ လှုပ်ရှား တာတွေ.


သူ မရှိတဲ့အချိန် သူရိန်က ပဲ လုပ်ငန်းတွေကို ကိုင်တွယ်ပေးခဲ့သူမို့...


သူ့နီးနီး လုပ်ရည်ကိုင်ရည်ရှိသည်.....


နှစ်လတာ....


သူရိန်က သူ့အလုပ်တွေရော...


သူမ ကျန်းမာရေးအတွက်ပါ တာဝန် ယူမည်မို့...


သူအနည်းငယ် စိတ်အေးမိသည်....


morning sickness ဟာ အတော်ခံရသည်ပင်...


တော်ပါသေးရဲ့...


သူအစားခံပေးနိုင်တာကိုပဲဝမ်းသာမိတယ်..


သူမလိုအကောင်သေးသေးလေးသာ ဒါမျိူး တစ်ပတ်လောက်ခံရရင်ပင် သူ့ထက်အတော်ခံရမယ်ထင်တယ်..


'' အကို ဘာစားချင်တာရှိလဲ "


နေ့လည်စာ မစားနိုင်တဲ့ သူ့အနားကို စိုးရိမ်တဲ့မျက်နှာလေးနဲ့ ရောက်လာရှာသည်...

သူမ ကို သူ့ပေါင်ပေါ် ဆွဲချ ထိုင်ခိုင်းကာ...


'' ကိုယ့်အတွက် ချာတိတ် ရှိရင် ရပြီ "


'' အချဥ်စားမလားဟင် အကို အစားစားမဝင်တာ ကြာပြီလေ ဘာအာသီသရှိလဲ "


သူက သူမကို ဂရုစိုက်ချင်လို့....


နှစ်လ တာ အလုပ်တွေ ရွေ့ဆိုင်း လွှဲပြောင်းထားတာဆိုပေမဲ့ 

တကယ်ဂရုစိုက်ခံနေရတာ... သူ ဖြစ်နေသည်

ဘာစားချင်သလဲတဲ့....

စားချင်စိတ်ရှိမနေပေမဲ့.....


စားချင်စိတ်ရှိနေရင်တောင် ဒ်ီကောင်မလေးကို သူ ဘယ်လိုခိုင်းရက်ပါ့မလဲ..

ကိုယ်ဝန်ရှိမှ ပိုပို ချစ်စရာကောင်းလာတဲ့ 


ချစ်မဝ ကလေး.....


'' တကယ် ပါ ကိုယ်မညာဘူး မင်းသာ ကျန်းကျန်းမာမာ နဲ့ကို့အနားရှိနေရင် ကျန်တာ ကိုယ့်အတွက်မလိုအပ်ဘူး..

ကိုယ့် အဲ့လောက်ထိ မြတ်နိုးရပါတယ် "


'' တခုခုတော့စားမှဖြစ်မယ်လေ အကိုရယ်..

အကို့ရဲ့ အားနည်းသလို ပုံရိပ်က ညီမအတွက်လဲနာကျင်ရတယ် "


'' တော်ပါသေးရဲ့ကွာ...စိတ်ပူပေးရတာထက်စာရင် စိတ်အပူပေးခံရလို့ ဟာဟားး "


'' ကြည့်.... "


သူမ နှုတ်ခမ်းကလေးတွေ ကို သူအနမ်းတွေနဲ့ ပိတ်ပစ်လိုက်ပြီး...


သေချာပါတယ်...


ဒီမိန်းကလေး နဲ့သာဆို သူ တသက်လုံးပျော်ရွှင်ရနိုင်တယ်...


အဆုံးထိ.....


ကိုယ်ကာကွယ်ပေးဖို့ ကြိုးစားမှာပါ....


ဘယ်လိုအထိအခိုက်မျိူးမှ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်......


rate now: