ရွှေစံအိမ်ရဲ့ချစ်အိမ်မက်
************************************
သူမ နှင့် သူကြားမှာ....
တချို့အရာတွေက ပြောင်းလဲသွားသည်...
ပိုပြီးနွေးနွေးထွေးထွေးရှိလာပြီး...
ဆက်ဆံရေးက တိုးတက်လာသလို...
သူ..တနေ့ထက်တနေ့အချစ်တွေတိုးလာသော်လည်း..
သူမ ဘက်မှ သူ့ကို အရင်လို တွယ်တာသည်ထက်မပိုပါ..
ပြောင်းလဲသွားတာ တွေရှိသော်လည်း...
နာကျင်ရမည့် ကံတရားတွေကတော့ မပြောင်းလဲဘူးထင်ပါရဲ့....
သူ့ရဲ့ ပိုင်ဆိုင်မှု့တွေ အတိအကျလွှဲပြောင်းယူပြီးတဲ့နေ့က စပြီး..
ဦးနေလထွန်းက စံအိမ်မှာ ဆက်မနေတော့ချေ....အရှုပ်ထုပ်တွေရှင်းသွားပြီမို့ စိတ်အေးရသော်လည်း
အနားကလူတွေကိုပင် ယုံကြည်လို့မရနိုင်သေး.. သူမကို သူရအောင်ကာကွယ်မည်
''ချာတိတ် "
ကွေးကွေးလေး အိပ်နေသည့် သူမ....
သူ့အသံကြားတော့..
မျက်လုံးလေးတွေ ပွင့်လာသည်...
" နေကောင်းရဲ့လား ကလေး "
မေးလဲမေး.. လက်တွေကလဲ သူမ နဖူးလေးကို စမ်းကြည့်လိုက်မိကာ..
'' အဖျားနဲနဲရှိတယ်ထင်တယ် "
'' နေကောင်းပါတယ် အကို ခြေတွေလက်တွေ ကိုက်နေလို့ ဆေးသောက်ထားတာ အိပ်ချင်ပြီ ခနအိပ်အုန်းမယ်နော် "
ဆေးအရှိန်ကြောင့်ထင်ရဲ့...
ပွင့်လာတဲ့မျက်လုံးလေးတွေ ပြန်ပိတ်သွားသည်...
ဒီနေ့ တနေကုန်......
သူမ တကုပ်ကုပ်နဲ့ ပန်းပင်တွေရေလောင်းသည် အိမ်သန့်ရှင်းရေးတွေ လုပ်သည်..
သူရှိနေရင်....
သေချာပေါက် တားမှာကို သိနေလို့ထင်တယ်
သူအလုပ်သွားမှ ထ လုပ်နေကာ...လဲ့လဲ့က သူအပေါ်တက်မလာခင်ကတည်း တခုမကျန် ပြန်ပြောလာသည်..
အိပ်ယာခင်းတွေ စောင်တွေ လျှော်ထားပုံရသည်... တနေကုန် ရေထိထားပုံရသည်.
ပြောမရ ဆိုမရလေး အခုတော့ ခြေလက်တွေ ကိုက်နေမှာပေါ့..
ပြန်အိပ်ပျော်သွားသည့်...
သူမ နံဘေးဝင်ထိုင်ကာ....ခြေထောက်ကလေးတွေကို ဆွဲယူရင်း သူ့ပေါင်ပေါ်တင်လိုက်ကာ ခပ်ဖွဖွ နှိပ်ပေးတော့..
လူးလွန့်ရင်း....
သူမ နိုးလာသည်...
" Sorry ချာတိတ် ပြန်အိပ်နော် "
'' ဘာလို့နှိပ်ပေးနေတာလဲ ငရဲကြီးမယ် "
'' ဘာလို့ အဝတ်တွေလျှောက်လျှော်လိုကိတာလဲ''
'' ပျင်းလို့....ဘာအလုပ်မှ မရှိပဲနေရတာ လူပိုကြီးလိုပဲ "
'' ဘာအလုပ်မှ မခိုင်းတာ ကလေးကို ပင်ပန်းမှာစိုးလို့ပါကွာ အခုပင်ပန်းတော့ ကိုယ်ဘယ်လိုကြည့်ရက်မလဲ "
သူမ ခြေထောက်တွေကို သူနှိပ်ပေးနေသည်ကို မနေတက်သလို မျက်နှာထားနှင့် ထ ထိုင်သည်....
သူ အသာ ဆွဲတင်လိုက်တော့..
သေးသေးကွေးကွေး ခန္ဓာကိုယ်လေးဟာ သူ့ပေါင်ပေါ်မှာ အသားတကျ ဖြစ်နေလေရဲ့..
'' အိမ်အလုပ်တွေက... ကြည့်တော့သာ ဘာမှမဟုတ်ဘူးထင်ရတာ တကယ်တမ်း တအားပင်ပန်းတယ် ကလေးရဲ့ နောက်မလုပ်နဲ့နော်.''
'' အမယ်... မသိရင် သူက သိတာကျနေတာပဲ"
'' မင်းတိမ်လွှာ ပါ ကောင်မလေးရဲ့ တယောက်ထဲ လျှောက်သွားနေတဲ့အချိန်တွေတုန်းက ကိုယ် အိမ်အလုပ်တွေအကုန်လုပ်ရတာပါပဲ "
'' ဟင်...သဋ္ဌေးဆို ကပ်စေးနှဲလိုက်တာ "
နှာခေါင်းကလေးတွန့်ရင်း ပြောနေတဲ့..
သူမ မျက်နှာကလေးကို အသာညှစ်လိုက်ပြီး
'' ကိုယ်က လူရှုပ်တာမှမကြိုက်တာ တိတ်တဆိတ် ကိုယ်ယောင်ဖျောက်နေရတာကို သဘောကျလို့..
ပြီးတော့ မကြာခင် ကိုယ်တို့ အာ့လို ခနနေရမယ်ထင်တယ် "
'' ဟင် "
'' ကို့မှာ ရန်သူတွေပေါတယ် ချာတိတ်...
သူတို့ပစ်မှတ်ကမင်းဖြစ်မလာခင် ''
'' ဘာလို့ အမြဲတမ်း ရှောင်ပြေးဖို့ပဲ စဥ်းစားနေရတာလဲ "
'' ကိုယ်က..."
သူ အံသြဟန်နှင့် ပြန်မေးမိတော့..
'' အင်းလေ အကိုက အမြဲ ထွက်ပြေးတဲ့နည်းနဲ့ရှင်းတယ် နေရောင်ခြယ်တို့ ညီအမ ကိစ္စတုန်းကလဲ ကိုယ်က အိမ်ပိုင်ရှင်ဖြစ်ပါရက်နဲ့ ထွက်ပြေးတယ်
အခုလဲ ကို့အိမ်ကိုမနေရ ရှောင်ရပြန်အုန်ယမှာလား ဘယ်အချိန်အထိလဲ "
'' ဒါကတော့ ကိုယ်က မင်းကို မထိခိုက်စေချင်လို့...''
'' အကို့ ရန်သူတွေက အကို့ထက် အင်းအားကြီးလား "
''No "
'' ဒါဖြင့်ဘာတွေပူနေတာလဲ "
'' အင်အားမကြီးလို့ မင်းကို ပူ ရတာပေါ့ကွာ "
'' အကို့မှာ စည်းစိမ်တွေရှိတယ်ဆို "
'' အင်း "
'' အကို့မှာ အာဏာတွေရှိတယ်ဆို "
သူ...နားမလည်နိုင်သလို သူမကို ကြည့်လိုက်သည်မို့ ...
'' အာဏာလဲရှိတယ် စည်းစိမ်းလဲရှိတဲ့သူက ကိုယ့်လောက်အင်အားမကြီးတဲ့သူကို ရှောင်ပုန်းတဲ့နည်းနဲ့ ရှင်းမလို့လား...
ညီမကို ထိခိုက်စေလိမ့်မှာစိုးရင်လဲ...
မထိခိုက်သေးခင်မှာ အကိုသူတို့ကို ဖြိုချပစ်လိုက်ပေါ့ "
သူ့ .... အ့ံသြသလိုကြည့်နေရင်းက...
တောက်ပစွာပြုံးသည်...
'' တကယ် ရင်ဆိုင်နိုင်ပါ့မလား "
'' ရှောင်ပြေးနေရင်ရော ပြေလည်သွားမှာလား "
'' ဒါဖြင့် ချာတိတ်ဆီ အနှောက်အယှက်တွေ ရောက်လာခဲ့ရင် ခံနိုင်ရည်ရှိပါ့မလား "
'' အကိုရှိနေသားပဲ "
သူမ စကားကို သဘောကျသလိုပြုံးမိကာ...
'' ချာတိတ်က အန္တရာယ်ကင်းအောင် ဒဏ်ရာမရအောင်နေပါ့မယ်လို့ကတိပေးပါ "
'' အကို က ကာကွယ်ပေးပေါ့ "
သူ့ပခုံးတွေကြား မေးလေးတင်ရင်း အသံချိူချိူလေးတွေနဲ့ သူ နား နားကပ်ပြောသလို ဖြစ်သွားသည်မို့ သူအသဲယားမိကာ..
ခပ်တင်းတင်း ဖတ်ထားမိသည်...
ကိုယ်က အမြဲ ကာကွယ်တဲ့ဘက်ကပါ ကောင်မလေးရယ်
တခါတလေ သူမ က ထင်ထားသည်ထက်ပိုပြီး သတ္တိတွေရှ်နေပြန်ရော..
သူမကပင် သူ့ကို လုပ်သင့်တာတွေ ပြန်သင်ပေးသွားသေးသည်
သူမ ကျောပြင်တွေကို ပွတ်သတ်ပေးရင်း
ကလေးတွေကိုချော့သိပ်သလို ပြုလုပ်မိတယ်ထင်ပါရဲ့..
သူမ ဘက်က စကားသံလေးတွေ တိတ်ဆိတ်သွားသည်...
သူ့ပခုံးပေါ် မှီထားသည်မို့....
မျက်လုံးတွေ မှိတ်ပြီး အိပ်ပျော်နေသလား..
သူ..မသိ..
'' နေကောင်းကျန်းမာနေစေချင်တယ် ချာတိတ်ရယ် "
သူ ခပ်တိုးတိုးပြောလိုက်ကာ...
နွေးနေသယောင်ထင်ရတဲ့ လက်ကလေးတွေကို ဆုပ်ကိုင်ထားမိတယ်....
ကလေးလေး တစ်ယောက်ကို ဖြေးဖြေးချင်း အိပ်ယာပေါ်ချပေးလိုက်ကာ
နိုးသွားမလား... စိုးရိမ်ရသေးသည်.
ဟူး...ရဲနေတဲ့ ပါးလေးတွေကို ကြည့်ရင်း
သဘောတွေကျနေမိကာ..
နဖူးလေးစမ်းကြည့်တော့...
အဖျားရှိမနေပါ...
သူရိန်ကို ခေါ်မှဖြစ်မည်...
သူ ထွက်သွားဖို့ပြင်သော်လည်း..
သူမက သူ့လက်တွေကို ဆွဲထားကာ
သူကျောပြင်ကို နောက်ကနေ မှီရင်း ခါးတွေကိုဖက်ထားကာ..
'' အကို သိလား...ညီမ အကို့ကို ခစေ်နေမိပြီထင်တယ် ''
ထင်မှတ်မထားတဲ့ စကားတွေ...
သူမဆီက ကြားနေရသည့်..
ကို့နားကိုယ်ပင်မယုံချင်
'' ချာတိတ် "
'' အကို့လို အေးစက်စက်နဲ့လူတစ်ယောက်ဟာ ဒီလောက်အထိ ဂရုစိုက်တက်မယ်ထင်မထားဘူး...
အကို သစ္စာရှင် ကို မမေ့နိုင်သေးတာလဲ သိပါတယ် ညီမကို တကယ်မချစ်နိုင်သေးတာလဲသိတယ်.. ဒါပေမဲ့ ဒီလောက်နွေးထွေးမှု့နဲ့တင် ညီမအတွက် လုံလောက်ပါတယ် ''
'' မဟုတ်ဘူး ''
သူ...သူမ ဘက်လှည့်ကာ...
'' ကိုယ် ဘယ်တုန်းကမှ သစ္စာရှင်ကို မချစ်ခဲ့ဖူးသလို ချစ်ကြည့်ဖို့လဲ မကြိုးစားဖူးဘူး အစကတော့ ကိုယ်ကပဲ ဖြတ်ခဲ့တဲ့သူမို့ သူက အရင်ဖြတ်သွားတော့ နောင်တရစေချင်လို့ နွေဦးနွယ်ကနေတဆင့်ကပ်ခဲ့တာပေမဲ့လေ..
မင်းကိုတွေ့ကထဲတာ ဒီလိုစိတ်တွေဘာတခုမှမရှိတော့တာအမှန်ပါ "
သူမရဲ့ အကြည့်တွေက အပြည့်အဝမယုံသေးတာ သူသိသော်လည်း..
သူမ ဆီက အချစ်တွေ ရတော့မယ်ဆိုတဲ့အသိနဲ့တင် လူကရူးလောက်အောင်ပျော်ရွှင်ရသည်မို့....
သူမ ပါးရဲရဲလေးတွေကို နမ်းလိုက်ပြီး...
'' ကောင်မလေးက မယုံဘူးဆိုရင် ဒီကကောင်က အချစ်တွေနဲ့ သက်သေပြပေးပါ့မယ် "
ပြုံးနေတဲ့ နှုတ်ခမ်းလေးတွေကို ကြည့်ရင်း..
သူမ ပြုံးနေယုံနဲ့...
သူပျော်ရွှင်ရသည်အထိ...
ချစ်နေမိသတဲ့လား...