book

Index 34

(အပိုင်း...၃၄)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက်

************************************


'' အား "


ရေချိူးခန်းထဲက သူမ အော်သံကြောင့်...


သူ ရေချိူးခန်းဘက်အပြေးသွားမိရဲ့...

ခပ်ဟဟ တံခါးကို မစဥ်းစားနေတော့ပဲ ပြေးဝင်သွားမိကာ...

သူ့ကို မြင်တော့ ဖရိုဖရဲ ဖြစ်နေသည့် သဘက်ကို အမြန် ပြင်လိုက်သည်..


'' Sorry ကိုယ် ချာတိတ် အော်သံကြားလိုက်လို့ "


'' အာ့ "


အော်သံနှင့်အတူ ယိုင်ခနဲ ဖြစ်သွားသည့် သူမကို ထိန်းလိုက်တော့...

ပါးပေါ်က နီရဲနေသည့် နေရာကိုသွားတွေ့သည်..


'' ရေချိူးခန်းက ထွက်ခါနီး ဘယ်လိုဖြစ်တယ်မသိ ချော်လဲတာ "


'' ပါးပေါ်က.... "


သူပြောမှ သူမ သတိမထားမိသေးသည့်ပါးတွေကို ကိုင်ကြည့်သည်..


" အာ့ လဲအကျမှာ ဘာနဲ့တိုက်မိလဲ မသိဘူး "


တကယ်ပဲ သူမ ဒဏ်ရာတွေမရဖို့...

အလုပ်တွေအပြေးလုပ်..

အိမ်အပြေးပြန်လာနဲ့ သူရှုပ်လိုက်ရတာ...


ကျန်တဲ့ ကံကြမ္မာတွေက ပြောင်းလဲသွားရင်တောင်မှ သူမ အနာတရဖြစ်မဲ့ ဇာတာက ပြောင်းမသွားနိုင်ဘူးလား...

ချော်လဲတဲ့ ဒဏ်ကြောင့် ခြေထောက်လဲ နာသွားပုံရှိသည်...


လက်တွေကအလိုလို သူမကို ရင်ခွင်လေးဆွဲဖက်ထားမိပြီး


သူမရဲ့ နာကျင်ရမဲ့ ကံကြမ္မာတွေကို သူ....


ပြောင်းလဲပစ်လို့မရဘူးလား...


ရင်ထဲ ထူပူသွားရကာ....


မဖြစ်ဘူး...  သူဘယ်လိုဆက်လုပ်ရမလဲ 

အတွေးတွေနဲ့အတူ..

လက်တွေက ခပ်တင်းတင်း ဖက်ထားမိကာ..


သူမ ကို ဆုံးရှုံးသွားလို့မဖြစ်ဘူး...

သူ...


ဘယ်လို လုပ်ရမလဲ....


ဘယ်လို လုပ်သင့်သလဲ...


'' အကို "


'' ချာတိတ်...ကိုယ့်ကို ထားသွားလို့မရဘူးနော် ထားသွားလို့မဖြစ်ဘူး အရာရာဘဂရုစိုက်မှဖြစ်မယ် ကိုယ်... ကိုယ်... "


'' အကို... အကို.... ညီမက ချော်လဲယုံပါ အကိုရယ် "


သူ..

စိတ်လွတ်နေတဲ့ သူလို တဖွဖွ ပြောနေမိတာတွေကို ရပ်တန့်သွားမှ...


" ညီမ ခြေခေါက်သွားလို့ အကို တွဲပို့ပေးပါအုန်း "


'' Sorry ချာတိတ်ရာ "


ထော့န​ဲ့ ထော့နဲ့ လျှောက်နေတဲ့ သူမကိုယ်သေးသေးကို ပွေ့ချီလိုက်ကာ ကုတင်ပေါ်တင်ပေးသည်...

ခြေထောက်ကို အသေချာ ကြည့်ကာ....ဆေးဘူးတွေ ဆွဲထုတ်လာသည်..


" အရမ်းနာနေလား "


'' အကို ဘာလို့ အရမ်းတွေ စိုးရိမ်ထိပ်လန့်နေရတာလဲ "


မေးတာတခြား...

ပြောတာတခြားမို့ သူမကို သူမော့ကြည့်သည်..


" စိုးရိမ်လို့ပေါ့ ချာတိတ်မရယ်..မေးတာဖြေပါ နာလားလို့ "


'' အကိုပုံကလဲ တခုခုကို တွေ့လို့ စိတ်လွတ်နေတဲ့ပုံမျိူးနဲ့ ညီမတောင်ကြောက်တယ် "


သူ့ နှုတ်ခမ်း တွေက ကွေးယုံ ပြုံးလိုက်ကာ..


ဆေးလူးခြင်းကို အဆုံးသတ်သည်...

ထလာပြီး....ကုတင်ပေါ်ထိုင်နေသည့် သူမ အနားကပ်ကာ..


'' ဒါတော့ ကိုယ်ကချစ်ရတဲ့သူကို ကလေးရဲ့ "


သူက ပြောပြီး သူမ ပါးနုနုကို နမ်းဖို့ရွယ်ပြီးမှ..


" ကွာ.... ဒီပါးလေးတွေ နာကျင်ရမှာစိုးလို့ပါဆိုမှ အခုတော့ နာကျင်ရတာပဲ "


''အကိုက အရင်နဲ့မတူအောင်အရမ်းပြောင်းလဲသွားတယ်နော် "


''ချာတိတ်လေးလဲ ပြောင်းလဲသွားတာပါပဲကွာ လူ​ကြောက်တက် အားနာတက်တယ့်ကောင်မလေးက အခုလိုရဲရင့်နေမယ် မထင်ထားဘူး "


'' အကိုလို အေးစက်စက်နဲ့ခံစားချက်မဲ့နေတဲ့ လူသားက အခုလိုစိုးရိမ်တက်လိမ့်မယ် ထင်မထားဘူး "


'' အချစ်နဲ့တွေ့သွားလို့နေလိမ့်မယ် ဒါတောင် ပြန်ချစ်ခံရဖို့ ကြိုးစားရအုန်းမှာကွ "


သူမ မယုံနိုင်ဖြစ်နေမိသည်သူလိုလူက ချစ်တက်သွားသတဲ့လား..


'' ဒါဖြင့် သစ္စာရှင်ကရော "


မျက်နှာပေါ်က မချိူမချဥ် အပြုံးတွေ ချက်ချင်းပျောက်ကွယ်သွားကာ


" အအေးပတ်မယ် အဝတ်စားလဲတော့ "


သူပြောပြီးလှည့်ထွက်သည်...


တွေ့လား..... သစ္စာရှင်ကိုလဲ သံယောဇဥ်မကုန်သေးပဲနဲ့...


မင်းမသိသေးပါဘူးကွာ... မင်းကို နာကျင်အောင်လုပ်မဲ့သူတွေထဲ သူမ ပါဝင်နေခဲ့ဖူးတာကို...


........


ချော်လဲ ပြီးထဲက ရေချိူးခန်းက ကြမ်းခင်းတွေ လဲပစ်သည်..

သူမကိုလဲ အချိန်ပြည့် ဂရုတစိုက်စောင့်ကြည့်ရ အလုပ်ပြေးလုပ်ရနှင့် သူ ပင်ပန်းလှသည်...

မျက်စိရှေ့က ကွယ်သည်နှင့် သူပဲ စိတ်ပူနေရပြန်ကာ ဟိုသားအမိတွေရဲ့ အကွက်အစုံကိုလဲ သူကပဲ ဒိုင်ခံ ရှင်းလင်းရပြန်သေးသည်..


ဒီနေ့ သူမ ဆေးခပ်ခဲ့ရမည့်နေ့ဆိုတာ.....


သူကြိုသိသော်လည်း....

သူ တားလိုက်သင့် မတားလိုက်သင့်စဥ်းစားရပြန်သည်..သူမနှင့် ထိတွေ့ခွင့် ရချင်သော်လည်း


သူတွေဝေမိသည်.....


သူမ ကို သူဆေးခတ်တာမဟုတ်သော်လည်း.

မတားလိုက်လျှင် သွယ်ဝိုက်ပြီး ဆေးခတ်တာနှင့် တူနေသည်ကို စိတ်ကမလုံ....


အိပ်ယာပေါ် ခနလှဲနေရင်း....


သူ.... အိပ်ပျော်သွားခဲ့သည်


အိပ်ပျော်နေသည့် သူ့မျက်နှာ ခပ်ချောချော ကို ကြည့်ရင်း...သူမ စိတ်မကောင်းပါ

ဒီရက်တွေမှာ..


သူ.. သူမကြောင့် ပင်ပန်းရသည်မဟုတ်လား

အချစ်ခံရတာကိုသဘောကျတာလား....

ရင်ခုန်တက်လာတာလား သူမ မသိပေမဲ့ တခါတရံ သူ့ရဲ့ ဂရုစိုက်မှု့တွေမှာ ကြည်နူးရသည် နှာခေါင်းချွန်ချွန်တွေကို ထိကြည့်ကာ..


နက်မှောင်သည့် မျက်ခုံး မျက်လုံးတွေကိုလဲ သဘောကျနေမိသည် အိပ်နေသည်ံ...

သူ့နံဘေးတွင် ဝင်ထိုင်ရင်း....

သူ့ရင်ခွင်နွေးနွေးတွေထဲကနေ နိုးထလာရတာကို ပျော်သလိုရှိလာသည်ပင်..

အနီးနားမှာ လှုပ်လှုပ်ရှားရှားဖြစ်နေသည့်ကို..


အလိုလိုခံစားမိကာ..

.မျက်လုံးတွေက ချက်ချင်းပွင့်လာသည်..

မျက်စိရှေ့မှာ သူမ ကိုတွေ့လိုက်ရတော့ 

အလိုလို လက်တွေက သူမကို ဆွဲလိုက်ပြီးသား ဖြစ်ကာ..

ခပ်ပေါ့ပေါ့ကိုယ်လေးက..


သူ့ရင်ခွင်ထဲ...

ပစ်ကျလာသည့်အခါ....သူမ ခါးလေးတွေကို မလွတ်တမ်း ဆွဲဖက်ထားလိုက်မိသည်...


'' အကို "


သူမ ကိုယ်လေးကို ဘေးကို ဆွဲချလိုက်ကာ..


သူက အပေါ်က မိုးပြီး သူမ မျက်နှာလေးကို ငေးကြည့်မိတော့ ရင်ခုန်သံတွေ ထိန်းမရတော့...

ရှက်နေတဲ့ မျက်နှာလေးက သူ့အကြည့်တွေကို ရှောင်သည်...


သူမ လည်ပင်းတွေဆီ မျက်နှာ အပ်ကာ အနမ်းတွေ ပေးမိတော့....


အရိုင်းဆန်လာတဲ့ စိတ်တွေက အဆင့်တွေ တက်ချင်လာကာထိန်းမနိုင်သိမ်းမရ အချစ်မပါပဲ အဆင့်မတက်နဲ့လို့သတိပေးနေပေမဲ့..

အသိစိတ်ကို....

စိတ်ရိုင်းတွေက မနိုင်ချင်တော့...


သူမ ဘက်က တွန်းထိုး ရုန်းကန်မနေတော့..


အနမ်းတွေက ချိူမြိန်နေသည်.....


နဖူးကိုနမ်းသည် ပါးတွေကို နမ်းသည် နှုတ်ခမ်းတွေက တဆင့်....

စိတ်ရိုင်းတွေက အထိအတွေ့တွေမှာ ကျဆုံးရင်း အသိစိတ်ကို အနိုင်ယူသည်

သူ့ရဲ့ကျူးကျော်မှု့တွေဟာ....

ခပ်ဟဟ ညီးသံတိုးတိုးကြားမှာ မရပ်မနား..


သူတည်ဆောက်တဲ့ အချစ်ကမ္ဘာလေးကို...


ထာဝရ ပြိုမကျဖို့ သူထိန်းသိမ်းရမည်ပေါ့...


သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ သူမလေးကိုယ်ပေါ်အနားက သူ့ ရှုပ်အကျီကို ခက်ခက်ခဲခဲ ဝတ်ပေးရကာ...

နိုးမသွားဖို့ သတိထားရသေးသည်...

ရင်ခွင်ထဲဖက်ထားရင်း...


ဒီကောင်မလေးကို ပိုပိုပြီး ချစ်မြတ်နိုးလာရလေ ဆုံးရှုံးရမှာ ကြောက်လာလေလေ..


သူ့.....


ရင်ထဲကို မီးစထိုး သလို ပူလောင်ရလေပါပဲ..


သူမကို ဖက်ထားရင်း သူ အလိုလို မျက်ရည်ဝဲမိသည်..


မျက်လုံးဝိုင်းဝိုင်းကလေးနှင့် သူ့ကိုမော့ကြည့်လာကာ


'' နိုးပြီလား ကလေး "


'' အင်း "


ရှက်သွေးဖြာရင်း ရင်ခွင်ထဲ ပြန်တိုးဝင်သွားသည်ကို အသည်းယားရသေးကာ..


'' ကိုယ့်ကို မငြင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ "


သူ ဘာကို ပြောချင်သလဲ...


သူမသိသည်...


'' ညီမတို့ လက်ထပ်လိုက်တဲ့နေ့ထဲက ဒီလိုအခြေနေတွေကို ရှောင်လွှဲမရနိုင်တာ သိပြီးသားရယ်ပါ.... "


ခဏရပ်လိုက်ကာ ပါးတွေချက်ချင်းရဲတက်လာပြီး သူမ ဆက်ပြောသည်..


" ညီမတို့က လင်မယားတွေပဲ မဟုတ်လား "


" ​ဒါကြောင့် မငြင်းလိုက်တာပေါ့ အချသ်မပါပဲနဲ့လား "


''ညီမ..... ညီမ မသိဘူးအကို "


အရဲစွန့်ပြီး ပြောလိုက်တာဖြစ်ပေမဲ့...


အရှက်သည်းနေသည်မို့....


သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားမိကာ


ချစ်တာမုန်းတာ သူမ မသိပေမဲ့ ဒီအချိန်ကို ရင်ခုန်တယ် ကြည်နူးတယ်..


'' ကိုယ့်ကို မုန်းတော့မမုန်းဘူး မှတ်လား "


'' အင်း ''


သူမ ဆေးခတ်မခံလိုက်ရပေမဲ့လို့....


သူကတော့.....သူမဆီကဆေးခတ်ခံလိုက်ရသည်ထင်ပါရဲ့ ချစ်ရလွန်းလို့ရူးလိမ့်မယ်


အသည်းတွေယားရတာလဲ ခနခန...


အနမ်းတွေ ချွေမိတာလဲ ခနခန....


အချစ်တွေ တိုးရတာလဲ အတိုင်းအဆမဲ့


ပြုစားလွန်းတဲ့ ကောင်မလေး..

သူမ အချစ်တွေ ပေးဖို့ကျ တွန့်တိုနေသေးတယ်ပေါ့...


rate now: