ရွှေစံအိမ်ရဲ့ချစ်အိမ်မက်
************************************
စိတ်ကို တင်းထားရတာပါ.....
သူ မရှိဘူးဆိုတဲ့အသိနဲ့ပေါ့ တကယ်က ဦးလေးဆိုတာ သူ့ရဲ့တဦးတည်းသော ဆွေမျိူးမဟုတ်လား..
သူမကသာ.......
ချစ်သူလဲမဟုတ် စာချူပ်ပေါ်လက်မှတ်ထိုးယုံသာရှိတဲ့ ဇနီးအမည်ခံပါပဲ...
'' ရာရာစစ လူပါးဝလို့... ဘာနောက်ခံတွေရှိလို့ မာန်တက်နေတာလဲ ငါ့ယောက်ျားက မင်းတိမ်လွှာ ရဲ့ ဦးလေးအရင်းနော်..
ညည်းလိုလူဘက်ကနေ ကာကွယ်ပေးမယ်ထင်နေသလား "
အန်တီမြိုင်ရဲ့...
စကားမှာ သူမ မှင်သက်သွားမိတယ်..
အကိုတကယ်ပဲ ကာကွယ်ပေးပါ့မလား
'' သွား ငါတို့အတွက် စားစရာတခုခု ပြင်ပေးစမ်း ''
'' လဲ့လဲ့ရေ "
'' ရှင်အစ်မလေး လာပြီ "
'' သူတို့အတွက် စားစရာတခုခု စီစဥ်ပေးလိုက်ပါ "
ဟုတ်သည်လေ...
ဘယ်လိုအခြေနေဖြစ်ပါစေ...
သူမက သူတို့အိမ်ဖော်လုပ်ဖို့ရောက်လာသည်မှ မဟုတ်ပဲ..
ဒါတွေအထိ လိုက်လုပ်ပေးဖို့မလိုဟုထင်သည်..ဒါတွေ သူ မကြိုက်ဘူး..
သူ့ဦးလေးဘက်ကသာနေမည်..
သူမကို မကာကွယ်ပေးဘူးဆိုရင်တောင်အောက်ကျခံလုပ်ပေးစရာမလို..
သူတို့ ခိုင်းပုံက ပုံမှမလာပဲ....
လုပ်ပေးချင်အောင်ခိုင်းလျှင်တော့.... တမျိူးပေါ့လေ
သူ့ဦးလေးအပေါ် ဒီလိုဆက်ဆံရကောင်းလားလို့ အပြစ်တင်ခဲ့လျှင်..
သူမ ဒီအိမ်ကြီးက ထွက်သွားဖို့သာရှိသည်..
အစထဲက နေချင်လွန်းလို့...
အတင်းတွယ်ကပ်ခဲ့တာမျိူးမှမဟုတ်ပဲ....
ညစ်ကျယ်ကျယ် စိတ်တွေနဲ့..
ထိုနေရာက လှည့်ထွက်ခဲ့တယ်
'' ညည်းကိုခိုင်းနေတာ..ဘာမှလဲ့လဲ့ကို လုပ်ခိုင်းစရာအကြောင်းမရှိဘူး "
သူမ တချက်လှည့်ကြည့်ကာ...
'' ကျမ ဒီအိမ်ကို မင်းတိမ်လွှာ ဇနီးအနေနဲ့ရောက်လာတာအန်တီ အိမ်ဖော်လုပ်ဖို့ မဟုတ်ဘူး "
မရှည်တော့သည့်စိတ်တွေနှင့် ကျောခိုင်းလာသည့်သူမကို နေရောင်ခြယ်က လက်မောင်းကနေ ခပ်ကြမ်းကြမ်း ဆွဲစောင့်ပြီး..
'' နင် ရိုင်းလှ ချည်လား "
ဒီလိုဟာတွေနဲ့ စကားရပ်ပြောနေရတာလဲ ဝဋ်ကြွေးပဲ..
နေရောင်ခြယ် ဆွဲစောင့်လိုက်တာကြောင့် သူမ လက်မောင်း နာကျင်သွားတာရော
မရှည်တော့သည့်စိတ်တွေရော..
စုစည်းသွားကာ.. လူက ဒေါသထွက်လာသည်မို့ ဆွဲထားသည့် လက်ကို ရုန်းထွက်လိုက်ကာ..
အားပါသွားသည်မို့ နေရောင်ခြယ်အနည်းငယ် ဟန်ချက်ပျက်သွားသည်...
အဖြစ်ပျက်တွေက မြန်ဆန်လွန်းနေကာ...
" ညည်းကများငါ့သမီးကို တွန်းတယ် "
အသံနှင့်အတူ အရှိန်နှင်ကျလာသည့်...
အန်တီမြိုင်ရဲ့ လက်ကို မြင်လိုက်ရကာ..
ရုတ်တရက်မို့ တုန့်ပြန်ခြင်းကို စဥ်းစားမရ
ခေါင်းကိုအနည်းငယ်လှည့်ကာ...
မျက်လုံးတွေမှိတ်လိုက်မိတာ အလိုလို...
သို့သော်..
ရိုက်ချင်ပြင်းပြင်းအထိအတွေ့အစား...
ရင်ခွင်နွေးနွေးတခုကိုသာ ခံစားမိကာ..
ရင်းနှ်ီးနေတဲ့ ရေမွှေးနံကြောင့် သူရောက်လာပြီဆိုတာ အလိုလို သိလိုက်ကာ..
သူက....
အန်တီမြိုင်ရဲ့ လက်ကို ဖမ်းကိုင်ထားပြီး
ကျန်လက်တဖက်က သူမ ကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းကာပေးထားလိုက်တာဖြစ်သည်...
" အကို "
တင်းထားသမျှမာန်တွေ့ လျှော့ချလိုက်ကာ..
သူမကိုယ်တိုင်မသိလိုက်ပဲ...
မျက်ရည်တွေ ဝဲ တက်လာတာ..
ကြောက်လို့လား..
ဝမ်းသာလို့လား....
အားကိုးရှိလို့ အားရှိတယ်ဆိုတာ ဒါမျိူးလား
" ချာတိတ် အဆင်ပြေရဲ့လား "
ဖမ်းကိုင်ထားတဲ့ အန်တီမြိုင်ရဲ့ လက်ကို လွှတ်ချလိုက်ပြီး
သူမ မျက်နှာ အနှံ့ သေချာ လိုက်ကြည့်ကာ.
'' ထိခိုက်သွားတာရှိသေးလား "
သူမ ခေါင်းကို အသာယမ်းပြကာ...
မျက်ရည်တွေကို သိမ်းသည်...
သူမကို ရင်ခွင်ထဲကမလွှတ်...
ဟိုဘက်ပြန်လှည့်သွားသည့် မျက်နှာထားဟာ တည်တင်းနေလျှက်...
အေးစက်ခက်ထန်နေသည့်မျက်နှာထား...
မာဆက်ဆက် ရှတတ အသံနှင့်..
"ကျွန်တော် မရှိတုန်း.. ကျွန်တော့ဇနီးကို အုပ်စုဖွဲ့ အနိုင်ကျင့်နေကြတာပေါ့ "
''ကိုကို "
ခပ်စူးစူး အသံနှင့် နေရောင်ခြယ်ကအော်သည်..
'' မင်းပါးစပ်ကို ပိတ်ထား "
နေရောင်ခြယ်..တိကနဲ့ တိတ်ကျသွားသလို..
အန်တီမြိုင်က ထိတ်လန့်သလို ကြည့်သည်..
ဦးနေလက..
'' မင်းခေါ်တင်လာတဲ့ ကလေကဝက ငါတို့ အိမ်ပေါ်တက်ပြီး ရဲတင်းရိုင်းစိုင်းနေတာ "
'' ကလေကဝ...??? ဒါဦးလေးက တူရဲ့ဇနီးအပေါ်ထားတဲ့ သဘောထားပေါ့ အဟွန်း...ဦးလေးတောင် ဒီလေသံဆိုမှတော့...
ဦးလေးခေါ်တင်ထားတဲ့ အစွယ်အပွားအရိုင်းအစိုင်းတွေက ဘယ်လိုတောင် အောက်တန်းကျတဲ့အသုံးအနှုန်းအပြောအဆိုတွေ ကျွန်တော်ချစ်ရတဲ့ ဇနီး Sky Castle ရဲ့ အိမ်ရှင်မ အပေါ် ပြောဆိုနေလိမ့်မလဲ ခန့်မှန်းစရာမလိုဘူးပဲ..."
'' ဘာကွ "
'' မင်းရိုင်းလှချည်လား ဒါမင်းဦးလေး ငါက မင်းအဒေါ်တော်တယ် ဘာအရိုင်းအစိုင်းလဲဟမ်..ဒီကလေကဝ ဟာကြောင့် မင်းမိသားစုအပေါ်ပြောတဲ့စကားလား အောင်မလေးတော် "
'' ဦးလေးမိန်းမမို့ ဒီလောက်သည်းခံပြီး ကျုပ်အိမ်ပေါ်တင်ထားတာ...
ကျုပ် ဇနီးကိုစော်ကားဖို့မဟုတ်ဘူး..
နောက်ထပ်ကလေကဝလို့ ထပ်ထွက်ကြည့်..
ကလေကဝဆိုတာ ဘယ်လိုဟာလဲ ခင်ဗျားတို့ လက်တွေ့ခံစားရအောင်လုပ်ပေးမယ်..စိတ်ရှိတိုင်းဆို ဟောဒီရွယ်လာတဲ့လက်ကို ဆယ်ဆလောက်ပြန်နာကျင်အောင်လုပ်ပစ်လိုက်ပြီ
ဦးလေးမျက်နှာကြောင့် ကျူပ်သည်းခံတာ ဒါနောက်ဆုံးအကြိမ်ပဲ "
သူမလက်ကို ဆွဲကာ သူ ထိုနေရာမှ ထွက်လာခဲ့သည်...
တော်ပါသေးရဲ့...
အချိန်မှီလေးရောက်လာခဲ့လို့....
ဒါတွေသူသိလို့ အလုပ်တွေ အမြန်ဖြတ်ခဲ့တာဖြစ်သော်လည်း..
ပြန်လာခါနီးမှ အနည်းငယ်ကျန့်ကြာနေသည်..
အဆိုးထဲကအကောင်းပေါ့....
ဒီတခါ နဲနဲနောက်ကျသွားတာ...
သူ့သဘောထားကို ပြောခွင့်သာသွားတယ်ပဲ မှတ်ရမယ်..
အနည်းဆုံးတော့.....
သူမ ကို နောက်တခါ မနှောက်ယှက်ရဲလောက်တော့ဘူးလို့ ထင်ရတာပါပဲ..
ဒါပေမဲ့ ပြောလို့မရသေး...
နောက်ကျောကနေ ဓားနဲ့ထိုးတက်တာ....ပေါ့လိုမဖြစ်သေးပေ...
အပေါ်ရောက်မှ...
သူမကို သေချာ ကြည့်ရသည်....
'' တော်တယ် ချာတိတ်.. ကိုယ်မရောက်ခင် မင်းအများကြီးတောင်ခံထားနိုင်ခဲ့တာပဲ "
'' ဒါပေမဲ့ ညီမ အရိုက်ခံရတော့မလို့ "
'' Sorry ပါကွာ ကိုယ်နောက်ကျသွားတာ "
'' ကျေးဇူးပါ အကို ညီမဘက်ကနေ ကာကွယ်ပေးခဲ့လို့.. ညီမ အကို့ဦးလေးကို အရင်ရိုင်းတာ မဟုတ်ပါဘူး သူတို့က... "
အလောတကြီး ရှင်းပြဖို့ ကြံရွယ်နေတဲ့...
သူမ နှုတ်ခမ်းလေးတွေကို လက်ညိုးနဲ့ ပိတ်ကာ..
'' ကိုယ် သိပါတယ် သူတို့အကြောင်း..ကိုယ်ကိုတိုင်တောင် မနည်းကျော်ဖြတ်ခဲ့ရတာ "
'' ဟင် "
'' မင်းကို ပြောပြဖူးပါတယ် ကိုယ့်ကိုဆေးခတ်ကြတယ်ဆိုတာ "
သူမ ခေါင်းညိမ့်ပြလိုက်သည်...
'' တကယ်တော့ ဆေးခတ်တာထက်ဆိုးတဲ့ ကိစ္စတွေအထိ သူတို့လုပ်ကြဖူးတယ် ကို့မှာ သက်သေမရှိလို့ ငြိမ်နေလိုက်ရတာတွေ လျှော်လိုက်ရတာတွေ မနည်းဘူး "
'' ဒါ အကို့အိမ်ပဲဟာ ဒီလောက် ဒုက္ခပေးနေတာကို ဘာလို့ဆက်ထားနေရတာလဲ "
'' အင်းနော် မပြောတက်ပါဘူးကွာ...
မသိစိတ်က အဖေလိုတွယ်ခဲ့ဖူးတဲ့ ဦးလေးဆိုတော့ မလုပ်ရက်ခဲ့ဘူးထင်တယ်...
မိသားစု ဆိုတာလဲ သူပဲရှိခဲ့တာမဟုတ်လား..
သူအရင်က ကောင်းခဲ့တာတွေ မြင်ယောင်လာရင် သူတို့လုပ်သလို ကိုယ်မလုပ်ရက်ဘူး "
သူမ အလိုလို သူ့လက်တွေကို ဆုပ်ကိုင်ထားပေးမိတယ်..
ဘယ်လိုစကားနဲ့ နှစ်သိမ့်ပေးရမလဲ....
'' အဆင်ပြေသွားမှာပါ အကိုရယ် "
'' အဆင်ပြေနေပါပြီ..ကို့မှာအခု မင်းရှိနေပြီပဲကိုး...ကိုယ် မင်းနဲ့ ဘဝကို အကောင်းဆုံး တည်ဆောက်မှာပါ....
ကိုယ့်ကိုစိတ်မကောင်းဖြစ်ရင် ကတိတခုပဲပေး "
'' ဘာ...ကတိလဲ ညီမ ပေးနိုင်တဲ့ကတိပဲတောင်းနော် "
'' တနေ့ကိုယ်တို့ မိသားစုဘဝလေး ရလာရင်
မင်းကိုယ့်ကို ကိုယ် ပိုဂရုစိုက်ပေးပါ "
ကိုယ်ဝန်ကြီးနဲ့မင်းကို ကိုယ်ထက်အဆုံးရှုံးမခံနိုင်ဘူး..
ရင်သွေးလေးကို ရော...
မင်းကိုရောပေါ့...
သူ..ဘာကို ဆိုလိုချင်မှန်း...သေချာသဘောပေါက်ပုံမရပေမဲ့
သူမ ကတိပေးလာသည်......
မိသားစု ဘဝဆိုတာ.....
ခေါင်းထဲ အတွေးတချိူ့ဝင်လာတော့...
ဝင်းနေတဲ့မျက်နှာလေး ပန်းရောင်သန်းလာသည်...
'' မင်းသိရဲ့လား... ကိုယ်မင်းကို ချစ်တယ် "
သူမထက်သိသိသာသာ မြင့်မားနေတဲ့ သူ့ကို..
မယုံနိုင်သည့်မျက်ဝန်းတွေနဲ့..မော့ကြည့်သည်...
'' ကိုယ် မိန်းမတွေအများကြီးနဲ့တွဲဖူးတယ်..
ဘယ်သူကိုမှ ချစ်တယ် လို့မပြောဖူးဘူး..
ယုံချင်မှယုံပါ စကားပြောလို့အဆင်ပြေတယ် ဒီလိုကနေတွဲကြတယ် ဒီလောက်ပဲ "
''...''
'' ကိုယ်သိပါတယ်..... မင်းရင်ထဲကတခြားတယောက်အကြောင်း ဆုံခွင့်မရှိတော့လို့ မေ့ပစ်လိုက်ပေမဲ့...
တခြားသူ အစားမထိုးနိုင်သေးတဲ့အကြောင်း.
ဒါပေမဲ့ကွာ... ကိုယ့်အတွက် တဖြေးဖြေးချင်း မင်းရင်ထဲကနေရာလွတ်မှာ အစားထိုးမပေးနိုင်ရင်တောင်မှ ကိုယ် မင်းကို ချစ်တယ် "
ငြိမ်သက်ပြီး....
နားထောင်နေတဲ့ သူမ ကို အနမ်းတွေနဲ့ ချွေရသည်...အမြဲ မက်မောခဲ့ရတဲ့ နှုတ်ခမ်းတွေကနေ...
သူ မကြားချင်တဲ့ စကားတွေ ထွက်ကျမလာခင် အနမ်းတွေနဲ့ ပိတ်ပစ်လိုက်ရင်း...
ကြမ်းရှရှ ဒီအနမ်းတွေကြားမှာပဲ..
သူကသာ ရင်တွေခုန်လို့နေရပြန်သည်...
မင်း...မတရားဘူးကောင်မလေးရာ
အကြောတင်းတဲ့ ဒီလိုကောင်ကိုမှ....
အကြိမ်ကြိမ် လက်နက်ချ ကျဆုံးသွားတဲ့အထိ ချစ်တက်လာအောင်း မင်းပဲလုပ်တက်တယ်....
ပြီးတော့......
မင်းကပဲ....ကိုယ့်အတွက် ရင်ခုန်သံတောင်မရှိဘူးတဲ့လား....