book

Index 32

(အပိုင်း...၃၂)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက်

************************************


အရင်အတိုင်း.. အနည်းငယ်နွေးထွေးသယောင်ထင်ရတဲ့ ဆက်ဆံရေးတွေနဲ့...

သူတို့နှစ်ဦး ပြန်အဆင်ပြေလာခဲ့သည်....


သူဟာ စိတ်လိုလက်ရ.....


သူ့အကြောင်း....

Sky Castle ကို အမွေဆက်ဆံလိုက်ရတဲ့အကြောင်း...

သူ့ဦးလေးအကြောင်းအပြင်...


နေရောင်ခြယ် နဲ့ လရောင်ခြယ်တို့ ညီအမအကြောင်း....


သူမကို အစအဆုံးပြောပြခဲ့တယ်....


'' အကိုကဒါကြောင့် အေးတိအေးစက်ပုံစံမျိူးဖြစ်နေတာကိုး "


သူ့ဇာတ်လမ်းအဆုံးသတ်သွားပြီးနောက်...

ခပ်တွေတွေငေးနေပြီးငြိမ်သက်နေတဲ့ အကို့မျက်နှာချောချောကိုကြည့်ရင်း သူမ ဆိုလိုက်မိသည်...


သူက.... သူမ မျက်လူံးတွေကို စိုက်ကြည့်လာပြီး


'' ဘာလဲ သနားနတောလား "


'' စည်းစိမ်တွေ သုံးမကုန်အောင်ရှိပြီး လိုတရဘဝရောက်နေတဲ့ အကို့ ကိုလား ''


'' အဲ့ သုံးမကုန်တယ့် စည်းစိမ်တွေ မင်းကို အားလုံးပေးမယ်လေ ကိုယ့်ကို မေတ္တာတွေပဲ ပြန်ပေး "


'' ချစ်ခြင်းမေတ္တာဆိုတာ အသွားရှိမှ အပြန်ရှိတာ အဲ့လို စည်းစိမ်တွေနဲ့ ဝယ်လို့ရတာမျိူးမှမဟုတ်တာ "


'' ဝယ်မိလို့လား..... "


''ဝယ်နေတာပဲလေ "


'' ဟင်..ဒါဆို စည်းစိမ်အကုန်ပေးတာတောင် မရနိုင်ဘူးဆိုတော့ စျေးကြီးလိုက်တာ ချာတိတ်ရာ "


ချစ်ခြင်းမေတ္တာတွေ အကြောင်း...


သူ မသိသေးပါဘူးလေ....


ဒီလို ငွေကြေးနဲ့ တိုင်းတာရတာမျိူး မဟုတ်ကြောင်းကို..မူကြိုကလေးကို စာသင်သလို..

သင်ပြနေရအုန်းမလား....


'' မနက်ဖန် နေရောင်ခြယ်တို့ညီအမ ပြန်ရောက်ကြလိမ့်မယ်...

ကိုယ်မင်းကို စိတ်ပူတယ် ချာတိတ် "


'' ဘာလို့လဲ "


'' ကိုယ်ကလေ...မင်းကို လက်ညိုးနဲ့ ထိုးတာတောင် မကြိုက်ဘူး....

သူတို့ညီအမက လက်ရဲဇက်ရဲ....

မင်းအပေါ် ကိုယ်ထိလက်ရောက် တွေရှိလာနိုင်တယ် "


'' ဒါဆို အကို က ကာကွယ် ပေးပေါ့ ''


'' ကိုယ့်မျက်စိအောက်ရှိနေရင်တော့.... လက်ညိုးနဲ့တောင်မထိုးရဲစေရတဲ့အထိ ကိုယ်ကာကွယ်နိုင်ပါတယ်...

ခက်တာ.....

ကိုယ်ကအချိန်ပြည့်မင်းနား ကပ်မနေနိုင်ဘူး"


သူ့မျက်ဝန်းတွေထဲမှာ...


တကယ်ပဲ စိုးရိမ်မှု့အရိပ်အယောင်တွေ တချက်တချက်ဖြတ်ပြေးနေသည်.


'' ချာတိတ်.. ကိုယ့်ကို ကတိတခုပေးနိုင်မလား "


'' ဘာလဲဟင် "


'' ကျေးဇူးပြုပြီး..သန်မာပေးနိုင်မလား 

မင်းဟာကိုယ့်ဇနီးပါ..မင်းကို ကိုယ်အမြဲကာကွယ်ပေးနေမှာ...ဒါကြောင့် လုပ်ချင်တာမှန်သမျှ မင်းလုပ်နိုင်တယ်...တခုပဲ ဘယ်သူအပေါ်မှ ဘယ်သူနဲ့မှ ရှုံးမလာစေနဲ့...

နောက်ဆုံးကွာ...

ကိုယ်နဲ့ ရန်ဖြစ်ရင်တောင် မရှုံးစေနဲ့..

သေချာပေါက် ကိုယ်က အရှုံးပေးမှာဆိုပေမဲ့ပေါ့ ''


'' အကို ဘာတွေ ဒီလောက်စိုးရိမ်နေရတာလဲ"


'' ကိုယ်မသိဘူး ချာတိတ်.... မင်းအရိုက်ခံရတာမျိူး ကိုယ်မမြင်ချင်ဘူး မင်းကရိုက်လာခဲ့တာကိုပဲ ကိုယ်မြင်ချင်တာ "


မင်းမှမသိတာ ခပ်နုနုမျက်နှာလေးမှာ.. ဟိုညီအမ လက်ချက်ကြောင့်..

ပါးတဖက်ရဲလာတုန်းက ကိုယ်နာကျင်ခဲ့ရတာ


" ကဲပါ ကိုယ်တို့ဒီနေ့ နေ့လည်စာကို အပြင်မှာ သွားစားရအောင်နော်....

လာထ သွားကြမယ် "


သူမ....


မနက်ခင်းစောစော...


အခန်းထဲက mini garden ပုံစံ ပြုလုပ်ထားတဲ့ ဝရံ့တာလေးကို သန့်ရှင်းရေးလုပ်ရင်း..

အပင်လေးတွေကို....

ရေလောင်း....အလှဆင်...တာတွေ လုပ်နေတာဖြစ်ကာ


သူမ အလုပ်ရှုပ်နေသည့်နားမှာ...


သူဝင်လာထိုင်ရင်း.....


စိတ်လိုလက်ရ စကားတွေပြောသွားတာဖြစ်တာမို့...အချိန်ကာ ၁၂ နာရီပင်ထိုးခါနီးနေချေပြီ..


'' ညီမ ရေချိူးချင်သေးတယ် "


'' omm ကိုယ်စောင့်နေမယ် "


သူ...


ဘာတွေ ဒီလောက် စိုးရိမ်နေသလဲ သူမ မသိ


ဖြစ်မလာသေးတဲ့ အနာဂတ်ကိုလဲ တွေးမပူချင်ပါ...

သူမ ကို သန်မာစေချင်တယ်တဲ့လား....

စေတနာတွေအတွက်တော့ တကယ်ကို ကျေးဇူးတင်ရပါတယ်


ဒါပေမဲ့လေ.....


ဒီစကားတွေကို ခံစားချက်မဲ့နေတဲ့ အေးစက်စက်မျက်နှာထားနဲ့ ပြောနေတာကိုတော့....


အွန်း......


သူမကပဲ.. နားလည်ပေးလိုက်မိပါတယ်


ဒါကိုက သူ့နဂို ပုံစံပါပဲလို့ပေါ့...


...................................................................


ချမ်းစိမ့်စိမ့် အခန်းအနေအထားရယ်....


အိမ်ထောင်သည်ဖြစ်သွားပေမဲ့ အရင်တကိုယ်ထဲနေတုန်းကလောက်တောင် လုပ်စရာမရှိတော့တဲ့သူမရယ်..

နူညံ့နေတဲ့မွေ့ယာပေါ်မှာ...


မျက်လုံးတွေကို မဖွင့်ပဲ ဆက် ကွေးနေမိတယ်..

ဘေးမှာ...

သူရှိမနေတော့.....


ဒီနေ့ဟိုသားအမိတွေ ပြန်ရောက်ရမဲ့မေ့ပဲ..

ကိုယ်ကွာ မဖြစ်သာလို့သာ သွားရတာ မင်းကိုစိတ်မချဘူး.....


သေချာနေခဲ့နော် အမြန်ပြန်ခဲ့မယ်.....


ချာတိတ် ပြန်လာရင် ဘာဒဏ်ရာမှ မမြင်ချင်ဘူးနော်..


မဖြစ်ပါဘူးကွာ....

မင်းကိုယ်နဲ့လိုက်ခဲ့မလား...


သူထွက်မသွားခင်....

ဘာတွေစိတ်မချလဲမသိ...

တစ်တွတ်တွတ်မှာသွားတဲ့အမှာစကားတွေ...


သူမကပဲ အရိုက်နှက်ခံရတော့မှာကို...


သူ သိနေသလိုလို..

တကယ်ဆို တော်ယုံ စီးပွားရေးလုပ်ငန်းရှင်တွေတောင် ရှိန်ရတဲ့...


Sky Castle ပိုင်ရှင်... မင်းတိမ်လွှာရဲ့ အိမ်မဟုတ်လား..


ဘယ်သူကများ...


သူမကို အိမ်ပေါ်တက်စော်ကားရဲမလဲ....


သူနဲ့လိုက်ခဲ့ဖို့အတင်းခေါ်နေသေးကာ...မင်္ဂလာပွဲမှာတောင် လုပ်ငန်းရှင်တွေကြား သူမက ဘေးလူလိုလို ဒါတောင် သူက သူမလက်ကို မလွှတ်တမ်းချိတ်ထားခဲ့တာ..


အခုလို အရေးတကြီးအလုပ်ကိစ္စတွေဆီ သွားရင်...

သူမ ဘယ်လိုနေရမလဲ ပြေးကြည့်စရာမလို


အရှုပ်ထုပ်သက်သက်ဖြစ်နေမှာ...


" အစ်မလေး "


တံခါးခေါက်သံနှင့်အတူ လဲ့လဲ့အသံထွက်ပေါ်လာသည်မို့ ရုတ်တရက် လန့်သွားကာ


'' ရှင် "


လဲ့လဲ့က သူမကို သခင်မလေးဟု ခေါ်သည်

ဒီလိုအသုံးနှုန်းမျိူး...

သူမ အသားမကျသည်မို့ အစ်မ လို့သာခေါ်ဖို့ပြောတော့...


အစ်မလေးဟု ပြောင်းခေါ်ရှာသည်...


ဒါတောင်... သူမက မင်းတိမ်လွှာရှေ့တင်ပြောခဲ့တာမို့ ပြောင်းလဲ ခေါ်တာဖြစ်လောက်သည်...


'' ဆရာကတော်နဲ့ မမလေးတို့ ညီအမတွေပြန်ရောက်လာလို့... ဆရာက အစ်မလေးကိုခေါ်ခိုင်းလိုက်လို့ပါ "


ဟင်.....


သူပြောသလိုပဲ.. တကယ်ပြန်ရောက်လာခဲ့ပြီပဲ..

သူ ရှိမနေတော့....

တကူးတက ခေါ်ခိုင်းသည်ကို ဆင်းမသွားလျှင်လဲ မကောင်းပြန်

ဆင်းလဲမသွားချင်...


နာရီကြည့်တော့....


နှစ်နာရ်ီထိုးခါနီး...


ပြောတော့ဖြင့် အမြန်ပြန်လာမယ်တဲ့.....

နေ့တပိုင်းတောင်ကျော်နေပြီ...


'' လာခဲ့မယ်နော် ရေချိူးခန်းဝင်ထားတုန်း တန်းလန်းမို့ လို့ပြောပေးပါ "


သူမ တက်နိုင်သလောက်အချိန်ဆွဲဖို့ပြင်ရသည်..


သူ မြန်မြန် ပြန်ရောက်လာပါစေ


ရေချိူးခန်းထဲပြေးကာ...


ရေကိုအချိန်ဆွဲချိူးသည် အလှတွေ သေချာပြင်ကာ သူတို့ရှေ့မှာ ထည်ဝါစေဖို့ ပြင်ရသေးသည်..

ဒါမှလဲ... မင်းတိမ်လွှာ ဇနီး အနေနဲ့ အနည်းငယ်ဖြစ်ဖြစ် ရှိန်နေမယ်မဟုတ်လား...


သူမ လေးပင်တဲ့ ခြေလှမ်းတွေနဲ့...


အောက်ထပ်ကို ဆင်းခဲ့သည်...သူ ခုထိရောက်မလာသေးပါ..

သူမ ဆုတောင်းမပြည့်ခဲ့..

ကိုယ်တိုင်ရင်ဆိုင်ရမည့်အခါ...သူပြောသလို 


သန်မာမှရမည်....


'' အမလေး.... ဆင်းရဲသူမက ကိုပို့ အိမ်ပေါ်တက်လာပြီး ကောင်းစားနေလိုက်တာ "


ခပ်ခွေခွေ ဆံပင်တွေနဲ့...


sexy ဆန်ဆန် ပုံစံအပြင်အဆင်က..

သူပြောပြထားတဲ့ နေရောင်ခြယ်ရဲ့ ပုံစံနှင့် တူလှသည်....


ရန်စကားနဲ့နှုတ်ဆက်လိုက်ပုံက ခါးလှသော်လည်း..


'' ဧည့်သည် ထင်တယ် ဧည့်သည်ဆိုတာ ဧည့်သည်လိုနေရတယ် အမရဲ့ ကျမက မင်းတိမ်လွှာရဲ့ ဇနီး ဒီအိမ်ရှင်ပါ "


မိုးသားဖြူ ဆိုတာ..

အနေအေးပါတယ်လို့ လူတ်ုင်းပြောကြသည့်အထိ အေးတာအမှန်ပါ...

သို့သော်....

သူမ အရွယ်ရောက်ထဲက ကို့ခြေထောက်ပေါ် ကိုယ်ရပ်တည်လာသူ...


လူတကာ စော်ကားသမျှ ခေါင်းငုံခံအောင်အထိ အနေအေးသူမဟုတ်တာ..


သူ အပါအဝင် လူတိုင်းက မသိကြဘူးထင်ပါရဲ့...

ဆက်ခနဲ ထောင်ထလာတဲ့ ဒေါသတွေ ထိန်းရင်း သူမပြောလိုက်တဲ့စကားကို အကြီးကြီးနာကျင်သွားပုံရသည်...


'' ဟေ့ မင်းစကားပြောဆင်ခြင် ဒါ ဧည့်သည်မဟုတ်ဘူး ငါ့သမီးတွေ "


အခန်းထဲက ထွက်လာတဲ့ ဦးနေလက လှမ်းအော်ပြောသည်..

ဘေးတွင် ဦးနေလ ဇနီးဖြစ်ပုံရသူက ဦးနေလကို မှီနွဲ့ရင်း ပါလာသည်...


သူမ အချိန်ဆွဲနေခဲ့သည်မို့....


သူတို့လဲ သူမကို သီးသန့်စောင့်နေကြပုံမပေါ်ပါ..


'' ဦးလေး သမီးတွေ ဆိုရင်တော့ စိတ်မရှိပါနဲ့ရှင် ကျမကလေ မိဘဆိုဆုံးမမှု့ခံယူခဲ့ရသူမို့မရိုင်းတက်ပါဘူး တဖက်ကမရိုင်းမချင်းပေါ့ "


မျက်တောင်လေး ပုတ်ခတ်ခတ်နှင့်.. အပြုံးချိူချိူလေးတွေ ပြုံးရင်းပြောနေတဲ့ သူမ စကားတွေဟာ..


ဘယ်အဓိပ္ပါယ်ဆိုတာ..

သူတို့ ကောင်းကောင်း သဘောပေါက်ကျပုံပေါ်ပါရဲ့..


အကိုရေ......


ဒီပုံအတိုင်းဆို.... အကိုသာ အမြန်ပြန်ရောက်မလာရင် ညီမတကယ်ပဲ အရိုက်ခံရမလားတောင်မပြောတက်ဘူး....


rate now: