book

Index 31

(အပိုင်း.....၃၁)

ရွှေစံအိမ်ရဲ့ချစ်အိမ်မက်

*************************************


ဒျီလိုနဲ့....


သူတို့ရဲ့ အခြေအနေဟာ ပြောင်းလဲခြင်းမရှိ..


အရင်အတိုင်း ဖြစ်ပျက်သွားခဲ့သည်...

သူမကိုသူ..တခြားသူနဲ့ တွဲမမြင်နိုင်ပေ ထို့ကြောင့်...

သူ့ကားပေါ်မှာ ငိုယိုပြီး 

အိပ်ပျော်သွားတဲ့ သူမကို မြို့စွန်က အိမ်ဆီ ခိုးပြေးခဲ့သည်


အရာရာအရင်အတိုင်းဖြစ်ပျက်နေသည် ဆိုပေမဲ့ အရင်နဲ့မတူတော့တာ 

သူ့ နှလုံးသားပင်.......


သူမကို မြင်တိုင်း ရင်တွေခုန်တက်လာသည်


သူမနှင့်အနီးကပ်နေမိတိုင်း ပွေ့​ဖက်ချင်သည်...နမ်းရှိုက်ချင်သည်

အချစ်ဆိုတာကို 


သူနားလည်လာပြီထင်သည်.....


သို့သော်လည်း သူထုတ်မပြဖြစ်တော့ပါ


ဟိုးအရင်က မင်းတိမ်လွှာ အတိုင်း...

မဟူတ်ဘူး ဟိုးအရင်ကထက် သူ ပိုပြီး အေးတိအေးစက်ပိုဆက်ဆံတက်လာခဲ့သည်


သူမကို ရင်ခုန်မိလေ....


နှလုံးသားတွေက နာကျင်ရလေပင်....


ညတိုင်း..... ခုံပေါ်မှာ အိပ်ပျော်နေသည့် သူမကို ခုတင်ပေါ်ပြောင်းပေးရင်း

နဖူးလေးတွေကို နမ်းတက်လာသည်.....


'' အကို "


'' အင်း ချာတိတ် ပြော "


'' ဝရံတာမှာ ကြာနေပြီ အကိုရယ် ဖျားအုန်းမယ် ဆေးလိပ်တွေလဲ သောက်တာများနေပြီ''


သောက်လက်စ ဆေးလိပ်ကို ထိုးချေကာ အခန်းထဲ ဝင်သွားသည့်...


သူ့ကျောပြင်ကို ကြည့်ပြီး...


သူမ သက်ပြင်းချမိရဲ့......


အကိုဟာ အရမ်းပြောင်းလဲသွားတယ်...


သူမအပေါ်တင်မက တလောကလုံးအပေါ်နွေးထွေးမှု့မရှိတော့ပေ....

ဦးသြဇာဂုဏ် နဲ့တော့ အမြဲလိုလို ဆုံတက်ကာ.. ရင်းရင်းနှီးနှီး ရှိကြသည်...


ပွဲတခုက ပြန်ရောက်ထဲက....


သူ ဝရံတာမှာ ဆေးလိပ်သောက်နေခဲ့ကာ.....

ဘာတွေစိတ်ညစ်စရာရှိနေသည်မသိ..


ဒီအိမ်ကြီးမှာ.... သူမရင်းနှီးတာ သူပဲရှိတာဖြစ်သော်လည်း

သူရော....သူ့ဦးလေးရောက သူမအပေါ်အေးတိအေးစက်နိုင်ကြသည်..


ဒီအိမ်ကြီးကို ရောက်တာ တပတ်ပြည့်ပြီဆိုသော်လည်း သူစိမ်းဆန်နေသေးသလို...

တခါတလေကျတော့လဲ ရင်းနှီးနေသည့် အငွေ့အသက်တွေ ခံစားရသည်....

အိမ်ထောင်သည်ဘဝကိုရောက်နေတာရော...


ဟန်ဆောင်ခြင်းပဲလား....


သူမ.... မသိပေမဲ့ ရင်ဆိုင်ရသည့်အခက်ခဲတွေက မသေးလှ...


သူ့ဦးလေးရဲ့ မျက်စေ့ဒေါက်ထောက်စောင့်ကြည့်ခံရသည့်အပြင်....

မထင်ရင်မထင်သလို စော်ကားခံရသေးသည်


ဟင်းးးးးး


သူမ ပင့်သက်ရှိုက်ရင်း....


ဝရံတာကိုရှင်းပြီးမှ....အခန်းထဲ ပြန်ဝင်လာခဲ့သည်


ကုတင်ပေါ်တွင်....နှဖူးပေါ်လက်တင်ထားရင်း

မျက်လုံးတွေမှိတ်ထားသည့် သူ့ပုံစံက

အိပ်ပျော်နေတာလား...

အရင်က သူမ သိဖူးသည့်...


မင်းတိမ်လွှာ နှင့်မတူ...အရာရာစိမ်းသက်နေသည်


'' ချာတိတ်မ "


မျက်လုံးတွေမှိတ်ထားပြ်ီး မလှုပ်မယှက်နှင်ပေမဲ့...သူမကိုခေါ်လ်ုက်တာမို့ လန့်သွားကာ


'' ရှင် "


'' အရင်နဲ့မတူတော့ဘူးနော်..."


''ဟင် "


'' ကို့အပေါ် အရင်ထက်လဲ အများကြီးပိုစိမ်းသွားသလိုပဲ...စကားလဲအရမ်းနည်းသွားတယ် ကို့နားမှာနေရတာ ဒီလောက်တောင်မပျော်ဘူးလား "


'' အကိုတိမ်လွှာကမှ အရင်ထက်ပိုအေးစက်ပြီး ပိုခက်ထန်သွားတာပါ...

အကို့အိမ်က အကို့လိုပဲ အေးစက်စက် နဲ့ကို ညီမကပျော်ပါတော့မလား "


အသံတွေ ရုတ်တရက်တိမ်ဝင်လာမိသည်...

နက်မောင်တဲ့မျက်ခုံးတွေတချက်တွန့်သွားပြီးမှိတ်ထားတဲ့.....

သူ့မျက်လုံးတွေ တဖြေးဖြေးခြင်းပွင့်လာကာ.


သူမ ကို အကဲခတ်သည်.....


'' အဆင်ပြေရဲ့လား "


'' ပြေနေတယ်လို့ထင်လား "


'' ကိုယ်တယောက်လုံးရှိနေသားပဲ "


'' ဘယ်နားမှာရှိနေတာလား.... ပိုသူစိမ်းဆန်တဲ့ဘက်ကနေ ရှိနေတာလား "


'' ကိုယ်လား "

သူ ကုတင်ပေါ်က ဆင်းလိုက်ကာ သူမအနားလျှောက်လာဖို့ပြင်သည်...


'' ညီမ ခြေလက်ဆေးလိုက်အုန်းမယ် "


မျက်ရည်စတွေနဲ့ပုံစံကို မပြချင်တဲ့သူမက ရှောင်ထွက်သည်..


'' ဟိတ်... "


သူမ လက်ကို..သူ့လက်တဖက်က လှမ်းဆွဲပြီးလှည့်လိုက်ကာ ဟန်ချက်ပျက်သွားသော ခန္ဓာကိုယ်ကို..

နောက်လက်တဖက်က... သူမ ခါးကို ပွေ့ဖက်လိုက်ပြ်ိီး ဆွ​ဲမကာထိန်းထားလိုက်သည်မို့..


ရင်ဘက်ချင်း နီးကပ်သွားကာ...


သူမထက် အရပ်မြင့်သည့် သူက ခေါင်းကို ငုံကာ..

သူမ မျက်နှာပေါ်အုပ်မိုးကြည့်ပြီး...


'' ဘယ်လိုအခြေနေပဲရှိရှိ ကိုယ်က မင်းကို အဆုံးရှုံးခံမှာမဟုတ်ဘူး..

မင်းကို အမြဲတမ်း ကာကွယ်ပေးနေမှာပါ "


သူမ 

မျက်တောင်ရှည်တွေနဲ့ ကြည်လင်နေတဲ့ သူ့မျက်ဝန်းတွေကို စိုက်ကြည့်မိရက်သား ဖြစ်သွားကာ..


ရုတ်တရက်...ရင်ခုန်သံတွေက ထွက်ပေါ်လာသည်မို့ လန့်သွားကာ သူ ကြားမသွားဖို့ ဟန်ဆောင်ထိန်းရသေးသည်..


'' ကာကွယ်ပေးရမှာပေါ့.... တာဝန်နဲ့ ဝတ္တရားတွေအရလေ "


မရည်ရွယ်ပဲ လွှတ်ခနဲထွက်သွားသည့် စကားတွေက်ို..

သူမ ကိုယ်တိုင် အံသြရသလို


သူ..မျက်ခုံးတွေ တန်းကနဲဖြစ်သွားကာ..

အကြည့်တွေက အရောင်ပြောင်းသွားပြီး

ပို ခက်ထန်နေသယောင်ယောင်..

တင်းကနဲ ဖြစ်သွားသည့် မေးရိုးတွေကိုကြည့်ရင်း...


သူမ လန့်သွားသလို တံတွေးမြိုချမိသည့်အထိ..

ခက်ထန်သည့် အကြည့်တွေကိ​ု ခံနိုင်ရည်မရှိသလိုဖြစ်ကာ..ရင်ထဲစို့တက်လာပြန်သည်..


အလိုလို ပေါက်ခနဲကျသွားသည့် မျက်ရည်တွေကိုတော့...

သူမ ကိုယ်တိုင်ပင် မသိလိုက်...


ဒီထက်ပိုပြီး သူစိမ်းဆန့်သည့်ဆက်ဆံပုံမျိူးနှင့် ပိုပြီးအေးတိအေးစက်ဖြစ်လာမည်ဆိုလျှင် သူမ ဘယ်လိုလုပ်ရပါ့မလဲ


မိုးသား အခုတောင် ခံနိုင်ရည်မဲ့ချင်လာပြီ


ဒီအိမ်ကြီးမှာ.....

သူရဲ့ပြောင်းလဲသွားတဲ့ သူစိမ်းဆန်မှု့တွေကြောင့်...

သူမ အထီးကျန်ဆန်ရသည်..


ဒါတောင် သူမ ရောက်လာတာ....

တစ်လပင်မပြည့်သေး.....


'' မင်းတိမ်လွှာဆိုတာ...စိတ်မပါရင် ပြုံးတောင်မပြတက်တဲ့ကောင်ပါ ချာတိတ်ရာ "


သူ့လက်ချောင်းရှည်ရှည်တွေနဲ့ ပါးကိုထိတွေ့လိုက်ကာ လက်မနှင့် မျက်ရည်တွေကို

ဆွဲသုတ်လိုက်သည်..


'' ကိုယ်ဘာပဲ လုပ်ပေးလုပ်ပေး ကိုယ်စိတ်ပါလို့ပဲ တာဝန်တွေ ဝတ္တရားတွေကို ကိုယ်ဘယ်တုန်းကမှ စိတ်မဝင်စားသလို....

မင်းအပေါ်လဲ ဝတ်ကြေတန်းကြေ ဆက်ဆံရေးမျိူးမဟုတ်ခဲ့တာ ယုံ "


ဒေါသထွက်သွားမိတာမှန်ပေမဲ့.....


သူတောင်မသိလိုက်ခင် ဖြစ်ပေါ်လာတဲ့ ဒေါသတွေကို သူမ သိလိုက်ပုံရကာ..

ကြောက်လန့်တကြား ကျဆင်းလာတဲ့ မျက်ရည်တွေကို မြင်တော့မှ...

အသိဝင်လာကာ....


သူ့ဘက်ကပဲ လျှော့လိုက်ရပြန်သည်....


တင်းကနဲဖြစ်သွားသည့်..


မျက်နှာထားဟာ ခပ်ပြေပြေ အခြေနေပြန်ဖြစ်မှ...

ကြောက်လန့်နေတဲ့မျက်ဝန်းလေးတွေဟာ အရောင်ပြန်ပြောင်းလာသည်..


သူမ ပါးဖောင်းဖောင်းတွေကို...


အနမ်းအချို့ကျရောက်သွားပြီး....


အမြဲလိုလို နီထွေးနေသည့် နှုတ်ခမ်းရဲရဲကလေးတွေကို သူ့နှုတ်ခမ်းထူထူတွေနှင့် ထိတွေလိုက်မိသည်...


သူမ ရင်ခုန်သံတွေကို အတိုင်းသားကြားနေရကာ...

ဒီအထိတွေ့မှာ.. သူ ရင်ခုန်တယ် 

သူမျက်လုံးတွေမှိတ်ချလိုက်ပြီးမှ အထိတ်တလန့်အကြည့်တွေနဲ့ သူမရဲ့ မျက်လုံးဝိုင်းဝိုင်းကလေးကို မြင်ယောင်လာတော့..


အရာရာ ရပ်တန့်ကုန်သည်....


" Sorry "


ဂဏာမငြိမ် ဖြစ်သွားသည့် စိတ်နှင့်...


ကုတင်ဆီ အမြန်လျှောက်လာကာ.. လှဲချလိုက်ပြီး..

မျက်လုံးတွေကို ပြန်မှိတ်ချလိုက်ကာ..မူလအတိုင်း နေသားတကျပြန်ဖြစ်သွားသည်..


ဘာကို တောင်းပန်သွားတာလဲ...


ဒေါသထွက်မိတာကိုလား...

နမ်းမိတာကိုလား.....

မျက်လုံးတွေမှိတ်ထားတဲ့ သူ့ကို သူမဒီအတိုင်း ငေးကြည့်နေမိပြီးမှ...


အသိဝင်ကာ....


ရေချိူးခန်းဘက် လှည့်ထွက်ခဲ့သည်...


'' ချာတိတ် ဒီညတော့ ကုတင်ပေါ်လာအိပ်နော် ကိုယ် ဒီနေ့တော့ ေပွ့ချီပြီးပြောင်းပေးနိုင်မယ်မထင်ဘူး "


မျက်လုံးတွေ မဖွင့်ပဲ လှမ်းပြောနေ့သည့် သူ့ကို လှည့်ကြည့်မိကာ...

ရဲတက်နေသည့်. သူ့မျက်နှာကို မြင်နေရရဲ့..


သူမ ရေချိူးခန်းထဲဝင်ခဲ့ကာ...


ခြေလက်ဆေး...

မျက်နှာသစ်ရင်း...


အတွေးတွေ ဟိုရောက် ဒီရောက်...


ဒါဖြင့်ခုန အနမ်းတွေကရော....

စိတ်ပါလို့ နမ်းခဲ့တာပဲလား အကို........


rate now: