book

Index 30

(အပိုင်း..၃၀ )

ရွှေစံအိမ်ရဲ့ချစ်အိမ်မက် 

************************************


အကိုဘာလို့ပြောင်းလဲသွားတာလဲ


အရင်ကထက် ပိုနွေးထွေးလာသလိုမျိူး ခံစားမိလာတယ်..

တခါတရံသူမကို တွေတွေကြီး ငေးမောကြည့်နေတက်တယ်...

တခါတရံ အကြည့်တွေက နူးညံ့တယ်...


သူမ သိတဲ့ မင်းတိမ်လွှာ မှဟုတ်ရဲ့လား..


ခပ်ချောချော မျက်နှာကြောင့်....

ပြုံးပြရင် ရင်တွေခုန်တက်ပေမဲ့.... 


ကျမ အကို့ကို ချစ်ကြည့်လို့မရဘူး


ကျမ တကယ်ရင်ခုန်မိတာ....

တခြားတယောက်ဖြစ်နေတယ်.....

ဖုန်းထဲက ခိုးရိုက်ထားမိတဲ့ ပုံလေးကို ခိုးကြည့်ရင်း....

မဖြစ်နိုင်တော့တဲ့ လူတစ်ယောက်ကို ချစ်ရတာ ပင်ပန်းပါတယ်လို့ပြောကြပေမဲ့...


သူမ အချစ်က ပိုင်ဆိုင်လိုခြင်းကင်းပါတယ်


'' သိပြီးပြီလား မိုးရေ "


'' ဘာလဲ အမ ''


HR က အမရဲ့စကားကြောင့် သူမပြုံးပြရင်း ပြန်မေးလိုက်မိသည်...


'' အမနွယ်နဲ့ ဦးသြဇာဂုဏ် လက်ထပ်တော့မယ် "


'' ဟင် "


ရင်ထဲမှာ စို့နင့်သွားမိတယ်...


လက်လွှတ်ရမဲ့ အချိန်ရောက်ပြီ မဟုတ်ပါလား.. ဒီလောက်မြန်မြန် ကြားရလိမ့်မယ်ထင်မထားခဲ့တာမို့ နဲနဲတော့ ငိုချင်သွားမိသည်..


ငေးငိုင်သွားတဲ့ သူမကို ကြည့်ပြီး....


မင်းတိမ်လွှာ သက်ပြင်းတွေချမိတာအခါခါ..


သူ အရင်ထဲက သိထားပြီးသားရယ်ပါ..

သူမကြိုက်တာ.....


ဦးသြဇာဂုဏ် ဆိုတာ....


ဒါကြောင့်လဲ သူ့အပေါ်ချစ်မလာနိုင်ဘူးထင်ခဲ့တာ... မဟုတ်ဘူး သူမ သူ့အပေါ် အဆုံးထိတကယ်မချစ်ခဲ့ပါဘူး...

သူ့ကို မချစ်တက်လို့သာ...


အပြစ်ပြောနေခဲ့ပေမဲ့လေ...

သူမ နှလုံးသားကျတော့ ဦးသြဇာဂုဏ် ဆီမှာ ချန်ထားခဲ့တယ်..

သိပ်ရက်စက်တဲ့ ကောင်မလေးပါ.....


'' ချာတိတ် "


'' အကို ကြားပြီးပြီလား "


'' အင်း "


'' ဒါဆို ညီမတို့ ဆက်ဟန်ဆောင်စရာမလိုတော့ဘူးထင်တယ်နော် "


'' အစထဲက ကိုယ်ကဟန်ဆောင်ခဲ့တာမှမဟုတ်တာ "

သူ ခပ်တိုးတိုးပြောလိုက်မိသည်....


'' ဟင် "


သူမ ပြန်မေးဖို့လှည့်ကြည့်လိုက်တော့..


သူက မရှိတော့...


သူချစ်ကြည့်ဖို့ အာရုံများရင်.....

မေ့နေခဲ့တာတွေ....

ဘာလို့ ချစ်ကြည့်ဖို့ ကြိုးစားရမှာပဲ...


သူကြိုးစားရမှာ သူမ အနာဂတ်မှာ အသက်အန္တရယ်မထိခိုက်စေဖို့သာ..

အာရုံထားတော့မယ်...


သူ့ကိုချစ်ဟန်ဆောင်ခဲ့တဲ့ သူ့ဇနီး မိုးသားဖြူဟာ...အခု သူမြင်နေရတဲ့ ကောင်မလေး မိုးသားဖြူလို မရိုးသားဘူး.


ဒါကြောင့်လဲ သူ.....


ဒီကောင်မလေးကို မြင်ဖို့ ဒီအတိတ်တွေဆီပြေးလာခဲ့တာထင်တယ်..

အရှိအတိုင်း ဟန်မ​ဆောင်တက်တဲ့ မိုးသားဖြူကို ခနဖြစ်ဖြစ် အလွမ်းပြေကြည့်ချင်ခဲ်လို့..


ရင်ထဲက ဆစ်ခနဲ နာကျင်နေတယ်.....


သူမ အနားကပ်တိုင်း ခုန်နေတဲ့ ရင်ခုန်သံတွေကို... သူ ကြားသိစပြုလာပေမဲ့

နာကျင်ခြင်းက ပိုသလိုလိုပါပဲ...


.......................


ခမ်းနားလှတဲ့ မင်္ဂလာပွဲထဲ သူမယောက်လည်လည်..ပျော်နေတဲ့အမနွယ်ရဲ့ မျက်နှာကို ကြည့်ရင်း...အမအစား ဂုဏ်ယူပါတယ်..


အမက ချစ်တဲ့သူ နဲ့ပေါင်းဖက်ရတာမဟုတ်လား..


အကိုက အမကိုယ်ရံ့တော်အလုပ်ကနေ ထွက်သွားခဲ့တယ်..

အရင်လို မတွေ့ဖြစ်ကြတာ....


ကြာခဲ့ပါပြီ....


အားလုံးမေးကြတယ်...


မင်းတိမ်လွှာ နဲ့တွေ့ဖြစ်လားတဲ့...


ဟင့်အင်း အမ မင်္ဂလာဆောင်အကြောင်းပြောတဲ့နေ့က သူ့ကိုတွေးတာနောက်ဆုံးပဲ


တွဲနေကြသေးလားလို့မေးသံတွေကြား..


ခေါင်းညိမ့်ရမလား..ခေါင်းခါရမလား...


လူတချိူ့ရဲ့ အကြည့်တွေကို သူမခံနိုင်ရည်မဲ့လာတယ်


အနားမှာ သူမရှိတော့ ရင်ထဲလစ်ဟာနေတယ်


အမတို့ Wedding ပြီးရင်....

သူမ အလုပ်ထွက်ဖို့ စဥ်းစားထားတယ်...


ဖုန်းဆက်ကြည့်ဖို့ စိတ်ကူးလိုက်ပေမဲ့...

သူမ ဖုန်းကိုရှာမတွေ့...

သေလိုက်ပါတော့..


ဦးသြဇာဂုဏ် ရဲ့ပုံက မဖျက်ရသေး.....


'' ဒီနေ့ကျွန်တော် ကိုဂုဏ်အတွက် မင်္ဂလာလက်ဆောင် ဂုဏ်ပြုသီချင်းသီဆိုပေးချင်တယ် "


စင်ပေါ်ကနေ နှုတ်ဆက်လိုက်တဲ့ သျှံထွန်း..


'' မဆိုခင်လေးမှာ ကျွန်တော့ ဖုန်းတလုံးကောက်ရထားတယ်ဗျ...ဖုန်းထဲမှာ ကိုဂုဏ်ပုံတွေ့တယ် ဖုန်းပိုင်ရှင်ကို ကျွန်တော်သိတယ် "


သျှံထွန်းလက်ထဲမှာ...


သူမ ဖုန်း..မျက်နှာတွေပျက်ကာ ရင်ထဲ ပြာယာခက်သွားသည်..

သျှံထွန်းဟာ...


ဦးညွန့်တောင်းပန်လိုက်ရသည့်အတွက်...


သူမကို အညှိူးထားနေပုံရသည်..

သူမ ခုံပေါ်ဖုန်းတင်ထားပြီး..

အနောက်ဝိုင်းဆီ ခန သွားတုန်း လျှံထွန်းက တမင်ဖုန်းကိုလာယူသွားခဲ့တာ..

မမျှော်လင့်ပဲ ဦးသြဇာဂုဏ် ရဲ့ပံ​ု တွေ့သွားပုံရသည်..

သူ ပွဲထဲ ဝင်ဝင်လာခြင်း ဖြစ်စဥ်တွေ အကုန်မြငိနေရလေသည်..


ဒီနေ့ ဒီနေရာကို.....


Sky Castle ရဲ့ပိုင်ရှင် မင်းတိမ်လွှာအနေဖြင့် တက်ရောက်လာသည်မို့


သူမအနားတမင်မသွားသေးတာဖြစ်သည်....


သူ စင်မြင့်ပေါ် အမြန် လျှောက်သွားလိုက်သည်...


'' အဲ့ဒါ ကိုယ့်ဖုန်းပါ "


သူ့ အသံကြောင့်...သျှံထွန်းက လှည့်ကြည့်ကာ...


'' အကြောင်မရိုက်နဲ့ ဒီဖုန်းပိုင်ရှင်ဟာ မိန်းကလေး ဟိုနားက ဝိုင်းမှာရှိနေတယ် "


'' အဲဒါ ကိုယ့်ချစ်သူ "


အခြေအတင်ဖြစ်နေသည့်ကို ဦးသြဇာဂုဏ် က ဝင်ထိန်းသည်..


'' မင်းတိမ်လွှာ ရောက်လာပြီလား "


စကားဝင်ဖြတ်သော်လည်းမရ..


'' ခင်ဗျားချစ်သူက ကိုဂုဏ်ကို ကြိုက်နေတာလား ''


''ကို့ဖုန်းပါလို့ ပြောပြီးပြီလေ "


'' ဒါဖြင့် ကိုဂုဏ်ပုံကဘာလို့ ခင်ဗျားဖုန်းထဲ.. "


'' မင်းသိပ်စကားများတယ်နော်...သူများ Privacy ကို သိပ်စပ်စုလွန်းနေတယ် "


'' ကျွန်တော်က အတည်ပြုယုံပါ "


'' ပြုလိုက်လေ... မင်းအတည်ပြုပြီးတာနဲ့ မင်းတို့မိသားစုရဲ့ TUN Co.ltd ကြီး ပြိုကျပြီးသား ဖြစ်နေလိမ့်မယ် "


'' ခင်ဗျားက ဘာကောင်မို့လို့လဲ "


ဒီအခြေနေကို လွှတ်သွားပုံရသည့်...


ဦးထွန်းဦး က အပြေးအလွှား ရောက်လာကာ..


'' ဟေ့ကောင် ခုချက်ချင်းဆင်းခဲ့ "


'' အဖေ "


သူ့သားသူ ဆွဲချသွားကာ...


'' ကျွန်တော်တောင်းပန်ပါတယ် မင်းတိမ်လွှာ "


ရိုးကျိူးနေသည့် ဦးထွန်းဦး ...

အမြဲ မောက်မာကာ သားကို ကာကွယ်ပေးနေကြသူ..

ဒီနေရာမှာ တခြားသူဆို....


သူ့သားဘက်က ကာကွယ်အုန်းမည်ထင်သည်...


'' မင်းသေချင်နေပြီလား ဒါ Sky Castle ရဲ့ ဥက္ကဋ္ဌ ကွ "


အားလုံး ပြူးပြူးပြာပြာဖြစ်သွားကာ...

Sky Castle ဆို လူတိုင်းစိတ်ဝင်စားတယ်မဟုတ်လား


'' အကို "


သူမကြောင့်ဖြစ်ရသည်မို့ မျက်နှာငယ်လေးနှင့် သူ့အနားရောက်လာရှာသည့်သူမကို ဆွဲဖက်ထားရင်း


'' Sorry ကိုဂုဏ် ကျွန်တော်တို့ကြောင့် ကိုဂုဏ်တို့ Wedding မှာ ဂယက်ထကုန်ရပြီ ဖုန်းထဲက ပုံတွေက ကိုဂုဏ်တို့ D khit နဲ့ စာချူပ်မချူပ်ခင် ကျွန်တော် ကိုဂုဏ်အကြောင်း စုံစမ်းတုန်းကပါ ပြန်ဖျက်လိုက်မယ် "


'' မဟုတ်တာ ရပါတယ်ဗျ "


ထို့နောက်... သူနောက်က လက်ထောက်ကို ...


'' TUN နဲ့ ပတ်သတ်သမျှ လုပ်ငန်းတွေ Cancel လိုက်ပါ တောင်းပန်ရလို့ အညှိူးထားတက်သူတွေနဲ့ ကိုယ်အလုပ်တွဲမလုပ်ချင်ဘူး "


'' မင်းတိမ်လွှာ "


ဦးထွန်းဦး တောင်းပန်တိုးလျိူသောအကြည့်နှင့်ကြည့်သော်လည်း..


'' ဖခင်တယောက်အနေနဲ့ ဆုံးမဖို့မရှိပဲ သူ့ကို ကာကွယ်လွန်းတဲ့အတွက်လက်ဆောင်ပေါ့ ဒီနေရာမှာ ကျူပ်မဟုတ်ပဲ တခြားလူဆိုရင် ခင်ဗျား သားကိုပဲ Cover လုပ်အုန်းမှာမဟုတ်လား ...ကျူပ်ဇနီးလောင်းကို စေ့စေ့တောင်မကြည့်မိစေနဲ့ "


အေးလေ..Sky castle ရဲ့ သခင်မဖြစ်မဲ့သူက သြဇာဂုဏ်လောက်ကို မျက်စိကျပါ့မလား


ဟုတ်ပ သြဇာဂုဏ် ချောတယ် တော်တယ်ဆိုပေမဲ့ မင်းတိမ်လွှာလဲ မှုံနေအောင်ချောတာပဲဟဲ့..


အခုမှပဲ မြင်ဖူးတော့တယ် ကြားထားတဲ့ စကားတွေအတိုင်းပါပဲလား 


လူတွေရဲ့ တီးတိုးစကားသံတွေကြား


'' မကြောက်နဲ့နော် ချာတိတ် ကိုယ်ရှိတယ် "


သူမလေး..လက်ကိုဆွဲ..


စိတ်ညစ်ဖွယ်အပြည့်နဲ့... ဒီနေရာကနေ


သူကျောခိုင်းထွက်ခွာလာခဲ့သည်...


မင်္ဂလာပွဲဟာ ပုံမှန်အတိုင်း..

ဘာမှမဖြစ်ခဲ့သလို လည်ပတ်နေပေမဲ့...


သျှံထွန်းတို့ သားအဖကတော့ သူ့လက်ထောက်နှင့် ဘာတွေဆက်ပြောနေသလဲ မသိချင်တော့..


သူမကို ထိသမျှ ဒီလိုလူတွေကို သူခွင့်လွှတ်ဖို့မရှိ.....။


rate now: