ရွှေစံအိမ်ရဲ့ ချစ်အိမ်မက်
************************************
သူမ မရှိတော့တဲ့အခါ....
သူဘယ်လိုဖြစ်မလဲဆိုတဲ့ အတွေးတွေရယ်....
တချိူ့အတိတ်တွေကို....
သူပြောင်းလဲလိုက်ရမလား....
သူမကို စွန့်လွှတ်ပေးရမလား...
ခင်ဗျားတို့အကောင်းဆုံး ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ကျွန်တော်နဲ့နွယ်လေး အကြောင်း မိုးသားဖြူ ကို အသိမပေးပဲထားလိုက်ကြရအောင်
အရာရာကူည်ိီပေးနေတဲ့ ဦးသြဇာဂုဏ် ဟာ
သူ့အပေါ် ဆက်ဆံပုံဟာ စိတ်ရင်းမှန်တယ်..
မင်းတိမ်လွှာ အနေနဲ့ပဲဆက်ဆံတာဖြစ်ပြီး..Sky Castle ကမို့ ကောင်းပေးနေတာမဟုတ်မှန်းသိသာနေသည်..
ခရီးက ပြန်ရောက်ပြီးနောက်ပိုင်း..
သူတို့ပိုရင်းနှီးလာကာ...
တခါတရံ အတူသောက်ရင်းဆုံဖြစ်သည်...
သူမကိုတော့ ဦးသြဇာဂုဏ် ဟာ စောင့်ကြည့်နေသေးတယ်လို့သာ ထင်နေစေကာ...
အရင်လို သူမ အနားနေရင်း..
သူ.....သူမကို အများမြင်သလို တကယ်ပဲ ချစ်သလား...
'' အကို "
Lobby မှာထိုင်နေတဲ့ သူ့ဆီ ခပ်သွက်သွက်လျှောက်လာနေတဲ့ သူမ ကိုမြင်ရသည်မှာ..
အေးချမ်းလှသည်...
'' ဖယ်ရီနဲ့ ပြန်မှာလား "
သူ ခေါင်းညိမ့်ပြလိုက်တော့..သူ့နံဘေး သူမ ဝင်ထိုင်သည်...
''ချာတိတ်... မင်း အချစ်ကို ဘယ်လိုမြင်လဲ "
'' မသိဘူး သူ့ကို မြင်ရင် ရင်ခုန်နေရတာမျိူး ခနလေးတွေ့ရရင်တောင် ပျော်ရွှင်နေမိတာမျိူး ညီမအတွက် အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းကင်းတယ် "
'' ဒါပဲလား "
'' အင်းလေ ''
'' တကယ်လို့ ရည်းစားထားမယ်ဆို ဘယ်လိုလူမျိူးလိုချင်လဲ "
'' မသိဘူး သေချာတာတော့ အကို့လို အေးစက်စက်မျက်နှာထားမျိူးနှလုံးသားမျိူးနဲ့ လူ မလိုချင်ဘူး "
အတည်ပြောနေသော မျက်နှာထားလေးနှင့်မို့
'' ကိုယ့်ကို ငြင်းနေတာလား "
'' ဟာ ဟား ငြင်းရအောင် အကိုက ညီမကိုချစ်တယ်ပြောထားတာ ကျနေရောပဲ မပြောင်နဲ့နော် "
'' ကဲပါ...ထ ဖယ်ရီရောက်နေလောက်ပြီ သွားရအောင် "
သူမ လက်ကလေးကို ဆွဲပြီး အထွက်..
ကားပေါ်ကဆင်းလာသည့် ဦးသြဇာဂုဏ် နှင့် သစ္စာရှင်...
ဦးသြဇာဂုဏ် က ခပ်ပြုံးပြုံးနှင့်သာ...
'' အလုပ်ကိစ္စနဲ့ ဒီဘက်ရောက်နေတုန်း..နွယ်လေးကို လာကြိုတာ "
ခရီးကပြန်လာပြီးနောက်ပိုင်း..
ဦးသြဇာဂုဏ် က..
သူမတို့အပေါ်ရင်းရင်းနှီးနှီးဆက်ဆံသည်..
အထူးသဖြင့် အကိုနှင့် ပိုရင်းနှီးသွားကြပုံရသည်..
အကို့ဖြေသံမကြားသည်မို့...သူမကပဲ
'' ဟုတ် မမ ရှိပါတယ် ''
ဦးသြဇာဂုဏ် ဖုန်းဆက်ထားပုံရသည်...
ခါတ်ိုင်း ကားတွေရှိရာအထိ အတူသွားတက်ပေမဲ့ ဒီနေ့မှ Lobby မှာ ကျန်နေခဲ့သည်
သူမဖြေပြီး အကို့ဘက်လှည့်ကြည့်တော့..
အကို့မျက်ဝန်းတွေဟာ..
သစ္စာရှင်နောက်ကပ်ပါသွားသည်....
သူမကိုဆွဲထားသည့်လက်တွေ ခပ်တင်းတင်းဖြစ်သွားသည်...
အကိုဟာ..သစ္စာရှင်ကို သိပ်ချစ်တာပဲလား...
သူမ လက်ကို ဆွဲလာတဲ့အကိုဟာ ဖယ်ရီပေါ်ရောက်တော့..
သူမကို ရှေ့ခုံတွင်ထိုင်စေကာ..
သူက သူမနောက်ခုံတွင်ထိုင်သည်...
တစ်ယောက်ခုံတွေမို့...
သူမနောက်မှာထိုင်နေသည့်သူ့ကို စကားလှည့်ပြောလိုက်သည်..
'' အကို "
ဘာလဲဟူသော အမူအရာနှင့် ခင်တင်းတင်းဖြစ်နေသည့်မျက်နှာထားနှင့်လှည့်ကြည့်ကာ ခုံနားမျက်နှာတိုးလာသည်..
'' ညီမလေ...သူများချစ်ခြင်းတွေကို ခွဲနေရသလိုပဲ အမြဲခံစားနေရတယ် "
'' ဘယ်သူတွေကို ခွဲနေရလို့လဲ "
'' ဒီလိုဟန်ဆောင်နေရတာမျိူး ညီမ မလုပ်ချင်တော့ဘူး ဒါကြောင့်လေ...
ညီမ အလုပ်ထွက်တော့မယ်လို့စဥ်းစားထားတယ် "
'' တခြား..အလုပ်ကမ်းလှမ်းတာရှိလို့လား "
'' မရှိပေမဲ့ ရှာရမှာပေါ့ "
'' အင်း "
သူ ဘာမှဆက်မပြော ခေါင်းကိုအေနာက်ပြန်ဆုပ်သွားကာ..နောက်ကိုမှီချပြီး မျက်လုံးတွေ မှိတ်ထားလိုက်သည်..
'' မိုးသားဖြူ "
ရင်းနှီးနေသည့်ခေါ်သံကြောင့် လှည့်ကြည့်တော့...သူမ အရင်ရည်းစားဟောင်း..
'' ရှင် ဘယ်လိုလုပ် ဒီကားပေါ်ရောက်နေတာလဲ "
'' ဒါကြောင့်မို့ ကိုယ်ကြည့်နေတာတူပါတယ်လို့ အလုပ်ဝင်ဝင်ခြင်း မင်းနဲ့ ပြန်ဆုံရမယ်ထင်မထားဘူး "
သူမ လက်တွေကို ဆုပ်ကိုင်ကာ..
'' ကိုယ် မင်းကို နေရာအနှံ့လိုက်ရှာနေတာ မိုးရယ် "
'' ရှင် ဖယ်နော် ကျမလက်တွေကို လွှတ် "
ဒီလူဟာ သူမနဲ့ တွဲစဥ်ကတည်းက...
လက်ရဲဇာတ်ရဲနိုင်လွန်းသည်..
သူမအပေါ် နိုင့်ထက်စီးနင်း လုပ်လွန်းသည့် အကျင့်တွေက အရင်အတိုင်းပင်..
ဒီလူလက်က လွတ်အောင် သူမ မနည်းရုန်းကန်ခဲ့ရတာ..တကယ့်အတိတ်ဆိုးတွေပင်...
ဒီလူနှင့်သူမ ရုန်းရင်းဆန်ခက်ဖြစ်နေခဲ့ကာ..
ဖယ်ရီပေါ်တွင် လူအနည်းငယ်သာရှိတော့သည်မို့တော်သေးသည်...
သူမတို့ အသံခပ်ကြိပ်ကြိပ် ဖြစ်နေကြသည်မို့ အသိတွေနှုတ်ဆက်နေသလိုထင်ကြလေမလားပင်...
သူမ... သူ့ကို လှမ်းကြည့်တော့....
အရင်အတ်ိုင်း ပုံစံမပျက် မျက်လုံးတွေမှိပ်လျှက်..စိတ်တိုသလိုရှိသော်လည်း ဒါကအရေးမဟုတ်
သူမ အိမ်ကို ဒီလူ သိသွားလို့မဖြစ်...
သူမ လက်တွေ အတင်းရုန်းကာ..
'' ဦးလေးကားရပ်ပေးပါသမ်ီးဆင်တော့မယ်''
ခနအကြာကားက ဘေးကပ်ရပ်သည်...
သူမ ခပ်မြန်မြန် ရုန်းကန်ဆင်းခဲ့ကာ..
ဟိုလူ လိုက်လာမလား ပူရသေးသည်..
'' အား "
ခြေထောက်မှာ ဆူးကနဲ အထိအတွေ့ကြောင့်...သူမ Half Shoe လေးစီးထားသည်မို့ ဘယ်အချိန်က ဖိနပ်တဖက် ကျွတ်ကျန်ခဲ့လဲမသိ..
သူမ မျက်လုံးထောင့်တွေက....
ရိပ်ခနဲ လူရိပ်မြင်သည်မို...ဟိုလူ လိုက်လာတာများလား..
သူမ ခပ်မြန်မြန် လျှောက်တော့...
'' ချာတိတ် "
'' အကို "
သူမ လက်တွေ မသိမသာတုန်နေသည်ကို မြင်တော့ သူ သက်ပြင်းချလိုက်မိသည်..
"Sorry အခြေနေဘာမှန်းမသိလို့ ကိုယ်ဝင်မပါမိတာ "
သူမကို ရင်ခွင်ထဲ ဆွဲသွင်းထားကာ ကျောကုန်းတွေကို ပုတ်ရင်း..
'' မကြောက်နဲ့တော့ ကိုယ်ရှိတယ်နော်...ကိုယ်တောင်းပန်ပါတယ်ကွာ "
ဘာကြောင့်တောင်းပန်နေမှန်းမသိပေမဲ့...
အကိုဖြစ်နေလို့ သူမ အလိုလို ပျော်သွားမိတာ....
ကြောက်လို့ ရင်တုန်သလား...
ရင်ခုန်သလား သေချာမသိပေမဲ့...
နှလုံးခုန်သံတွေမြန်နေခဲ့တာတော့ သေချာသည်.....
ဖိနပ်တဖက် ပါမလာတာကို သူမြင်တော့ ဘေးဘီး လှမ်းကြည့်မိသည်..
ကံကောင်းသည်က ခပ်လှမ်းလှမ်းတွင် ဖိနပ်ဆိုင် ရှိနေသည်ပင်...
ခြေဗြောင်နှင့် သူမ... ခဲတွေဆူးလို့ နာလိမ့်မည်
နဂိုကပင်...အသားတွေနုလွန်းလို့ သူခပ်ကြမ်းကြမ်းဆွဲရင်တောင် ဒဏ်ရာတွေနီရဲကျန်ခဲ့တက်သူ မဟုတ်လား...
ရုတ်တရက် သူပွေ့ချီလိုက်သည်မို့..
'' အို.. အကို "
'' ငြိမ်ငြိမ်နေ... မနေရင်ပစ်ချပလိုက်မယ် ကို့အကြောင်းသိတယ်မှတ်လား ခြေဗြောင်တွေနဲ့လျှောက်ရင် မင်းခြေဖဝါး နီရဲကျန်ခဲ့လိမ့်မယ် "
တခါတလေ အကိုဟာ သူမအကြောင်း သူမထက်ပင် ပိုသိနေသယောင်ယောင်...
လူတချိူ့ ကွက်ကြည့်ကြည့်နဲ့မို့ သူမ မျက်နှာကို သူ့ရင်ခွင်ဘက်လှည့် ကွယ်လိုက်မိသည်..
သူ့ကို မော့ကြည့်တော့ ပြုံးနေလေရဲ့..
ဘုရားရေ.....သူ ပြုံးနေတာလား အေးစက်စက် ဒီလူကြီးကအားပါးတရပြုံးတက်သေးသတဲ့