ရွှေစံအိမ်ရဲ့ချစ်အိမ်မက်
***********************************
ကျွန်တော် တကယ်မရည်ရွယ်ပါဘူး မနေ့က ရမ်းကားမိတာတွေအတွက်အနူးအညွန့်တောင်းပန်ပါတယ်...
ပြာပြာသလဲ ပြန်တောင်းပန်တဲ့ သျှံထွန်းကြောင့်...
မိုးသားဖြူ ကျေနပ်လိုက်ကာ...
တကယ်ကို ခပ်အေးအေး ခပ်ရိုးရိုး ကောင်မလေးလို့ထင်ခဲ့ပေမဲ့....
မှန်ရာကို ရဲရဲဝံ့ဝံပြောရဲတဲ့ သတ္တိကို လေးစားမိရဲ့
အချိန်နီးကပ်နေပြီမို့...
သူတို့ ပြန်ဖို့ တခါတည်း ဆင်းလာလိုက်ကြသည်..
ဦးသြဇာဂုဏ်....
မင်းတိမ်လွှာ ကို မသိမသာ အကဲခတ်နေမိကာ... မိုးသားဖြူ အပေါ် အရိပ်တကြည့်ကြည့်နဲ့ ရှိလှသလို..
တချက်တချက် ဒီကောင်လေး မျက်ဝန်းတွေဟာ...
တစုံတခုကို စိုးရိမ်သလို ရှိနေကာ....
ဘာကို စိုးရိမ်နေသလဲ....
သူ သိနေသလိုပင်......
မဟုတ်မှ လွဲရော......
,..........
လမ်းမှာ ကားခဏနားကာ...
နေ့လည်စာ စားကြတော့ မိန်းကလေးနှစ်ယောက်က ...
လှပတဲ့ ရှူခင်းတွေကြား ပျော်ဝင်နေကြပုံရှိကာ..
'' အဆင်ပြေနေရဲ့လား...ကိုမင်းတိမ်လွှာ"
သူစကားစလိုက်တော့ နားမလည်သည့်အကြည့်နှင့် လှည့်ကြည့်သည်..
'' ကိုယ်သိဖူးတဲ့အတိတ်နဲ့ မတူတော့တဲ့အခါ...လူတိုင်းစိုးရိမ်ကြမှာပဲလေ "
''ခင်ဗျား "
'' ခင်ဗျား လာတဲ့အနာဂတ်မှာ ကျွန်တော်နဲ့ နွယ်လေး ကွဲသွားကြတယ်မဟုတ်လား "
'' မဟုတ်မှ လွဲရော... ကျွန်တော် မိုးသားဖြူခေါ်ဆောင်ရာ ရောက်လာခဲ့တာ သိနေခဲ့တာလား "
'' ခေါ်ဆောင်ရာ? ? ''
တအံတသြ ပြန်မေးပြီးမှ..စကားဆက်သည်..
'' ခင်ဗျား မသိသေးဘူးထင်တယ် တကယ်တော့ ခင်ဗျား အတိတ်ကို ပြန်ရောက်လာခဲ့တာ... ခင်ဗျား ကိုယ်တိုင်လာချင်ခဲ့တာကြောင့် ''
'' ကျွန်တော်ကိုယ်တိုင် လာချင်ခဲ့လို့ ဟုတ်လား သူမက ထွက်ပြေးခဲ့တာ မဟုတ်ဘူးလား "
'' အတိတ်တွေဆီ အားကို တကြီး ထွက်ပြေးလာရင် ထွက်ပြေးလာသူသာ ဖြစ်ပျက်ခဲ့တာတွေ မှတ်မိမှာပေါ့
ဥပမာ ကျွန်တော်လိုပဲ....
ကျွန်တော်တို့ ဘာဖြေရှင်းဖို့ ရောက်လာတယ်..ဘာကြောင့် ရောက်လာတယ်ဆိုတာကို သိရင် ပြေးလာခဲ့တဲ့ အချိန်တွေဆီ ပြန်သွားနိုင်လိမ့်မယ် "
''ခင်ဗျားကရော "
'' ကျွန်တော်က ကျွန်တော့ မသိတက်မှု့တွေကြောင့် ဆုံးရှူံးခဲ့ရတဲ့ နွယ်လေးကို မဆုံးရှူံးရအောင်လို့ ဒါကြောင့် ခင်ဗျားသိခဲ့တဲ့ ကျွန်တော်နဲ့ နွယ်လေးရဲ့ အတိတ်တွေဟာ ပြောင်းလဲသွားရတာ... ဒါတွေဟာ တခြားလူပေါ်သက်ရောက်မှာ မဟုတ်ဘူး "
'' အဟွန်း မယုံနိုင်စရာတွေပါပဲ ကျွန်တော်က ဘာကြောင့် အတိတ်တွေဆီ ပြန်ပြေးချင်ခဲ့ရတာပါလိမ့်လို့... တကယ်ဆို သူဟာ ကျွန်တော့ဇနီးဖြစ်နေတာကို ကျွန်တော်လိုလားခဲ့တာလေ...
ပြင်ဆင်ချင်စရာ ဘာများ ရှိပါလိမ့်.။
သြော် ဒါဆို ခင်ဗျားက ကျွနိတော် ဘယ်သူလဲ သိနေပြီဆိုပါတော့ "
'' ဒီနေ့မှ သိတယ်ဆိုပါတော့...Sky Castle ရဲ့ သခင်ကို ကျွန်တော် ခုထိမမြင်ဖူးသေးသလို''
'' အနာဂတ်မှာလဲ မဆုံဖူးကြဘူးလား "
'' ဆိုပါတော့ ခင်ဗျားကို နွယ်လေး ကိုယ်ရံတော် ချစ်သူ မင်းတိမ်လွှာ လို့ပဲ သိထားခဲ့တာ လူနှစ်ယောက်လို့ထင်နေတာ ခုထိမတွဲ မိဘူး "
'' ဒါဖြင့် နောင်ဆို စီးပွားရေး တွေ ဆွေးနွေးရင်း မကြာမကြာဆုံကြတာပေါ့ဗျာ "
အပြူံးအရယ်မရှိ ပြောလာတဲ့ မင်းတိမ်လွှာ ကို သူပြုံးပြလိုက်ရင်း..
'' နောက်ထပ် ကျွန်တော်သိထားတာရှိသေးတယ် "
အံသြနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ကြည့်လာတဲ့ မင်းတိမ်လွှာ..
'' အနာဂတ်မှာ.... မိုးသားဖြူဟာ ရှိမနေတော့ဘူး ဒါဟာ ခင်ဗျားကို အတိတ်တွေဆီ ထွက်ပြေးစေတဲ့ အဓိကအရောင်းအရင်းပါပဲ "
'' မိုးသားဖြူ ရှိမနေတော့ဘူး..?? ကျွန်တော့ဇနီးအဖြစ်ရှိမနေတော့တာလား "
''သေဆုံးသွားတာ "
'' ဘယ်လို "
'' Sky Castle ရဲ့ သခင်လေးမှာ ရန်သူတွေပေါတယ်မဟုတ်လား....
ကိုယ်ဝန်ကြီးနဲ့ ဇနီးသည်ဟာ တန်စာခံ အဖြစ်ဝရံ့တာက ပြုတ်ကျခဲ့တယ်...
နှစ်အတော်ကြာ ကိုမာ ဝင်နေခဲ့ပြီး သေဆုံးသွားခဲ့တယ် Sky Castle ရဲ့ သခင်လေးဟာ အရာအားလုံးကို လျစ်လျူရှူပြီး သူ့ဇနီးဘေးမှာပဲ နောက်ဆုံးအချိန်ထိ ရှိနေပေးခဲ့တယ်.
ဒီသတင်းဟာ ဟိူးလေးတကျော်ကျော်ဖြစ်ခဲ့သလို..ခပ်သဲ့သဲ့ သတင်းတွေအရ...
ဝရံ့တာကပြုတ်မကျခင်အထိ.....
သူတို့လင်မယား ကတောက်ကဆ ဖြစ်ကြတယ်တဲ့ ဝရံ့တာဆီပြေးထွက်လာတဲ့ ဇနီးသည်ဟာ မျက်ရည်တွေနဲ့လို့ မြင်လိုက်သူတွေကပြောကြတယ်...
sky castle ရဲ့ သခင်လေးဟာ သူ့ဇနီးကို တကယ်မချစ်ပဲ ဝဋ်ကြေတန်းကြေ မေတ္တာတွေ ပေးခဲ့တယ်လို့ အထင်လွဲနေပုံပဲတဲ့..."
''ဟူးးးးးးး ''
မင်းတိမ်လွှာ ခပ်ရှည်ရှည်သက်ပြင်းတခု ချလိုက်မိသည်...
'' တကယ်ပဲ ခင်ဗျား မိုးသားဖြူ ကို မချစ်ခဲ့ဖူးလား "
''ကျွန်တော့ ဘဝအတွက် သူ့ကို လိုအပ်တယ် ဒါပေမဲ့..... "
ေဆးလိပ်တွေကို ဖွာရင်း...ခပ်ဝေးဝေးကို ငေးနေတဲ့ မင်းတိမ်လွှာကို ကြည့်ရင်...
'' မချစ်ခဲ့ဖူးပေါ့ "
မင်းတိမ်လွှာ အသာခေါင်းငြိမ်ပြသည်...
'' သေချာလို့လား.....ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျားလဲ ညာတယ် ခင်ဗျားဇနီးအပေါ်လဲ ထပ်ညာခဲ့တယ်...
ကျွန်တော်ဘေးလူအနေနဲ့ မြင်ပါတယ်...
ခင်ဗျား သူ့ကို ထားစရာမရှိအောင်ချစ်မြတ်နိုးနေတာ သူနဲ့ခင်ဗျားကလွဲရင် အားလုံးမြင်တယ် "
'' ကျွန်တော် ဘာဆက်လုပ်သင့်လဲ အနာဂတ်တွေ ပြောင်းပစ်လိုက်သင့်လား "
'' ပြောင်းပစ်ချင်လား..... ခင်ဗျားဇနီး မဟုတ်တဲ့ မိုးသားဖြူ ကို မြင်ကြည့် "
'' လက်မခံနိုင်လောက်ဘူးထင်တယ် ''
'' အစကထဲက ဒီအတိတ်တွေအထိ ပြေးလာခဲ့တာ ခင်ဗျားရဲ့ အသက်ရှင်နေသေးတဲ့ ဇနီးကို မြင်ချင်ယုံပဲထင်တယ်...
ခင်ဗျားသွားရမဲ့အတိတ်က ဒီလောက်ဝေးဝေးထိမလိုဘူး မိုးသားဖြူ သာ ခင်ဗျားဇနီးဖြစ်လာတဲ့အခါ ခင်ဗျားကိုယ်ခင်ဗျားမညာဖို့ ခင်ဗျားဇနီးကို မညာဖို့ပဲ...အခု သူ့အနားနေရင်း အချစ်တွေမြင်တက်အောင်သင်သွား..
သူ ခင်ဗျားဇနီးဖြစ်တဲ့အခါ အချစ်တွေမြင်အောင်ပြပေး...
သူ ကံဆိုးမှူ့တွေ မကြုံရအောင် ကာကွယ်..
ခင်ဗျား ဇနီးကို ကယ်တင်နိုင်ပါစေ "
''လောကမှာ ဒီလို ထူးဆန်းတာတွေလဲ ရှိပါသေးလားလို့တွေးမိတယ်...ကျွန်တော်တို့ ကမ္ဘာကြီးဟာ သိပ်ကိုဆန်းကြယ်တာပဲ''
'' အဖြေမရှာနိုင်အောင် နက်နဲဆန်းကျယ်တာတွေ တပုံကြီးပဲ....
ကျွန်တော်တို့အခုရောက်နေတာ အပြိုင်ကမ္ဘာလား အတိတ်ဘဝလား....
အဖြေရှာရခက်ခက်ပဲ....
သေချာတာတခုကတော့ ကျွန်တော်တို့ရှင်သန်ခဲ့ဖူးတဲ့ အနာဂတ်လို နောင်တတွေနဲ့ မနေရအောင်...ဘုရားသခင်ပေးတဲ့ Second chance ပေါ့ဗျာ..."
ဟုတ်တယ်....အနာဂတ်မှာ နောင်တမရှိဖို့...
အတ္တတွေ မကြီးပဲ အကောင်းဆုံး ကြိုးစားရမည်.....
ပျော်နေတဲ့ နွယ်လေးကို လှမ်းကြည့်ရင်း...
သူ....
ကြိုးစားရမယ်.... ဒီကောင်မလေး အတွက်ပေါ့