ရွှေစံအိမ်ရဲ့ချစ်အိမ်မက်
************************************
၁၁နာရီလောက်မှ ဒီမြို့က ပြန်ထွက်မည်ဟု စီစဥ်ထားသောကြောင့်...
mail စစ်ရင်း...တစ်ယောက် ထဲ အလုပ်ရှုပ်နေမိကာ
နွယ်လေးကတော့ ထုံးစံအတိုင်း အိပ်ပျော်နေဆဲ ဖြစ်သည်....အသစ်ရောက်နေသည့် mail တစ်စောင်ကို ဖတ်ရင်း...
ဦးသြဇာဂုဏ် တစ်ယောက် ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ..
ထင်တဲ့အတိုင်းပါပဲလား...
မင်းတိမ်လွှာ နောက်တွင် တကယ်ပဲ background တခုရှိနေခဲ့သည်....
အရာရာ ကို ဂရုမစိုက်တဲ့ပုံ ဖြစ်လဲ ဖြစ်နေစရာပါပဲ..
Sky Castle ဆိုတာ....တကယ်ကို ထိပ်တန်းလုပ်ငန်းစုကြီးမဟုတ်လား...
စိတ်မထင်လျှင်....သူ့ကိုပင်ဖြိုချနိုင်သည်..
ကြွယ်ဝမှု့တွေ အာဏာရှိမှု့တွေဟာ တော်ရုံမဟုတ်...
တဦးတည်းသော အမွေဆက်ခံသူဟာ လွန်ခဲ့သည့် နှစ်အနည်းငယ်က Sky castle ကို လက်လွှဲယူခဲ့သည်ဆိုသည့် သတင်းမှလွဲပြီး..
ကျန်...ဘာသတင်းမှ ထွက်မလာခဲ့....
အသက်ငယ်ပြီး ရုပ်ရည်ချောမောသည်ဟု ကြားသိထားသည့်အတိုင်းမှန်နေပါရောလား...
ကြားထားသည့်သတင်းတွေအရ....
ထက်မြက်သည်....ရဲရင့်သလို အရာရာပြတ်သားလွန်းသည်.
ရှာရခက်သည့် ပုဂ္ဂိုလ် မျိူးဖြစ်ကာ...
သူပေါ်ချင်သည့်နေရာတွင် ပေါ်လာတက်သည်တဲ့...
သူ့ဖုန်းမြည်သံကြားတာကြောင့်...
ကြည့်လိုက်တော့ သျှံထွန်း ဖြစ်နေကာ..
သူမျက်ခုံးတွေ မြင့်တက်သွားရသည်...
မခေါ်စဖူးပါလား...
'' hello သျှံ "
'' ကိုဂုဏ်တို့ hotel မှာပဲလား "
'' ဟုတ်တယ် ကျွန်တော်တို့ နေ့လည်လောက်မှ ပြန်ဆင်းမှာသျှံ မဆက်စဖူးပါလား ''
''မပြန်ခင် လာနှုတ်ဆက်ရင်း တောင်းပန်ချင်လို့ပါ မနေ့က မိန်းကလေးရော ကိုဂုဏ်တို့နဲ့မှ ပြန်မှာမလား "
'' အင်း..ဟုတ်တယ် ''
''ok ကျတော် နာရီဝက်အတွင်းရောက်မယိ see you နော် ကိုဂုဏ် "
သူ...နားကြားမှားလေသလား..
ဒီကောင်လေးဟာ သူနဲ့ ငယ်ငယ်တည်းက ခင်မင်ခဲ့တာဖြစ်ကာ..
ကလေးဘဝထဲက အကြောတင်းသူ
ရုတ်တရက်မနေ့က အေးစက်စက်မျက်ဝန်းတွေကို သတိရလိုက်မိပြီး...
သူ ပြုံးလိုက်မိသည်...
သွေးအေးပြီး ရက်စက်မဲ့ ပုံ....
'' ကိုကို ''
ထိုင်နေတဲ့ သူ့ကို နောက်ကနေ သိုင်းဖက်မှီတွယ်ရင်း...
အိပ်ချင်မူးတူး ပုံနှင့် နွယ်လေး...
'' နိုးပြီလား ကောင်မလေး...ရေမိုးချိူး အလှပြင်တော့ "
'' ကိုကို ဘာတွေ သဘောကျပြီး ပြုံးနေတာလဲ "
''သျှံထွန်း ဖုန်းဆက်တယ် မနေ့က ကိစ္စ လာတောင်းပန်ချင်လို့တဲ့ "
'' အမလေး...တကယ်ကြီလား"
'' မပြောတက်ဘူး ကလေးရဲ့ ရောက်လာမှပဲ သိမယ် ''
သူ့ကို ငပျင်းမလေးလိုမှီတွယ်နေရင်းက ချက်ချင်း ထပြေးဖို့ပြင်သည်မို့..
'' ဒါကဘယ်တုန်း "
'' သျှံထွန်းဆိုတဲ့ အကြောတင်းကောင် လာတောင်းပန်မယ်ဆိုတော့....
ဒီပွဲက လွတ်လို့မဖြစ်ဘူးကိုကိုရဲ့ အမြန်သွားပြင်ပြီ စောင့်နေရမယ် ဒါမှ ဟိဟိ "
ကလေးလေးတစ်ယောက်လို.... ပြေးထွက်သွားတဲ့ သူမကြောင့် ပြုံးမိပြန်ပါရော..
သူမပြောလဲ ပြောချင်စရာပဲလေ..
သျှံထွန်းနဲ့ သူမ ပြသာနာတက်ဖူးသည်...
ငပွေးမလေးက ရုပ်ဖြောင့်ပြီးချမ်းသာတဲ့ သျှံထွန်းကိုတော့ လုံးဝမကြိုက်...
ဟိုကောင်က အတင်းကပ်သည်....
မရတော့...
သူမကို နှမခြင်းမစာမနာ တမင်နှောက်ယှင်သည်..
ပြောဆိုသည်....
မာနခဲလေးက သျှံထွန်းအဖေဆီ တိုက်ရိုက်သွားပြောပစ်သည် လူကြီးတွေဝိုင်းပြောပြတာတောင် ...
သူမကို သူလုံးဝမတောင်းပန်...
ထို့ကြောင့်လဲ ဒီနေ့ သူမတက်ကြွနေသည်ဖြစ်မည်...ခါတိုင်း အလှပြင်ရင် နာရီဝက်အနည်းဆုံးကြတက်သူက..
ဒီနေ့....၁၅မိနစ်နှင့်ပြီးလာသည်....
သူမနှင့် မရှေးမနှောင်းမှာပင်....
သျှံထွန်းရောက်လာကာ....
'' ကိုဂုဏ် "
'' လာ ဝင်ခဲ့လေ...သျှံ "
'' မဝင်တော့ဘူး မနေ့က ဟိုကောင်မလေးဆီ ပို့ပေးပါ ".
'' ကိုယ်က သျှံ တကယ်လာမယ်တောင်မထင်ထားဘူး ပြောပါအုန်း အန်ကယ်လ်ကြောင့်လား "
သူ တမင် မေးလိုက်တာဖြစ်ကာ...
သျှံထွန်းဘက်ကဘာမှပြောမလာသော်လည်းမျက်နှာကွက်ကနဲ့ပျက်သွားရဲ့..
'' တကယ်ဆို ရှင် ကိုကို ကိုလဲတောင်းပန်သင့်တယ်နော် ရှင့်အစီစဥ်ထဲမှာ ကိုကို့ ကို တောင်းပန်ဖို့မပါဘူးလား "
မချိူမချဥ် မျက်နှာထားနှင့် နွယ်လေးက ဝင်ထောက်ကာ...
သျှံထွန်းမျက်နှာဖြစ်သွားပုံကိုကြည့်ပြီး..
ရယ်ချင်စိတ်ကိုမနည်းသည်းခံထားရရဲ့..
'' ကျွန်တော် တောင်းပန်ပါတယ် ကိုဂုဏ် မနေ့က ကျွန်တော်နဲနဲလွန်သွားတယ် "
စိတ်မပါလက်မပါလေသံနှင့်သူက ဆိုသည်...
ကိုယ့်ညီအရင်းလို ခင်မင်ခဲ့သူမို့....
သူက ခွင့်လွှတ်ပြီးသားရယ်ပါ..
'' မလိုပါဘူးကွာ...ရပါတယ် နွယ်လေးက နောက်တာပါ..
နွယ်လေး ကိုကို ကို့ မိုးသားဖြူဆီ ဖုန်းဆက်ပေးမလား "
'' ဟုတ် "
သူမ ဖုန်းကို ထုတ်ကာ....
မိုးသားဖြူတို့ဆီ ဖုန်းဆက်သည်....
တကယ်ဆို မိုးသားဖြူဆီ ဆက်လဲရသားနှင့်.
မင်းတိမ်လွှာ ဆီ လှမ်းခေါ်သည်မို့....
သူ....စိတ်တိုသွားမိကာ..
နေပါစေအုန်း...ဒီကောင်မလေး
'' ရတယ်တဲ့ကိုကို Lobby ဆင်းခဲ့ရမလား မေးပေမဲ့ နွယ်တို့လာခဲ့မယ်လို့ပဲပြောလိုက်တယ် "
တောင်းပန်ချင်သူက ရောက်အောင်သွားပေါ့ဆိုသည့်လေသံနှင့် အဆိုးလေး..
သူတို့ မင်းတိမ်လွှာ တို့ရှိရာ အခန်းဘက်ကူးသွားခဲ့ပြီး..
မနေ့က လွန်သွားသည့်အတွက် လာတောင်းပန်တာဖြစ်ကြောင်း..
သူကပဲ ကြားထဲက စကားစပေးရသေးရဲ့..
မသိမသာ..
မင်းတိမ်လွှာကို အကဲခတ်ကြည့်တော့...
အေးစက်တဲ့ အကြည့်တွေနဲ့ သျှံထွန်းကို လှမ်းကြည့်နေတာကလွဲရင်...
တခြား ဘယ်လို အရိပ်အယောင်မျှမတွေ့ရ
သူ မသိသလိုပင်......
'' မနေ့က ကျွန်တော် လွန်သွားတဲ့အတွက် တောင်းပန်ပါတယ် "
သူ့ကိုပြောတုန်းကလိုပင် စိတ်မပါ လက်မပါ...
မင်းတိမ်လွှာ တခုခုပြောမလား အကဲခတ်ပေမဲ့ တကယ်တမ်း..အသံတွေက မိုးသားဖြူဆီကထွက်လာကာ...
'' ဒီအစား လာမတောင်းပန်တာကမှဟုတ်အုန်းမယ်.. ကျမလဲ တောင်းပန်ဖို့မမျှော်လင့်ပါဘူး.. အခုတော့စိတ်မပါလက်မပါနဲ့..
တမင်လာစော်ကားနေသလိုပဲ "
မထင်မှတ်ထားခဲ့တဲ့ တုန့်ပြန်ပုံကို သူ အံ့သြရသော်လည်း..
မင်းတိမ်လွှာ ကတော့မလှုပ်မယှက်ပငိ..
နွယ်လေးကတော့..သူ့တပည်မပြောတာကို အကျေနပ်ကြီး ေကျနပ်နေကာ...
လိုက်လဲလိုက်ပါပေ့...
ဒ်ိီဆရာတပည့်.....