ရွှေစံအိမ်ရဲ့ချစ်အိမ်မက်
**************************************
''ကိုကို နေ့လည်က သျှံထွန်းကို သွားထိလိုက်ပြန်ပြီမဟုတ်လား "
'' နွယ်လေး မြင်လိုက်တာလား "
'' အင်း..အစအဆုံး မြင်လိုက်တယ်...
ကိုကို ကိုလေ နွယ်လေး တကယ်နားမလည်တော့ဘူး "
ဆူပုပ်ပုပ်ဖြစ်နေတဲ့ မျက်နှာလေးက သူ့ကို ဆူနေတာ လူကြီးလေးလိုလို..
'' ဘာလို့လဲ နွယ်လေးရဲ့ မိုးသားဖြူ ကို ကူညီတာ မကြိုက်ဘူးလား "
'' မဟုတ်ပါဘူး..ကိုကို သာ ဝင်မသွားရင် နွယ် ဝင်ပါမိမှာ... ဒင်းကို သိပ်ကြည့်ရတာမဟုတ်တော့ ဒီထက်အခြေနေဆိုးနိုင်တယ် အဲ့အတွက် ကိုကို ကို ကျေးဇူးတောင်တင်သေး ''
သူ... နွယ်လေးကို ချစ်မိတာ ဒါမျိူးတွေကြောင့်လဲပါသည်...
လူတစ်ယောက်ကို ချူပ်နှောင်မထားတက်.
အကြောင်းမဲ့ သဝန်မတို တက်...
'' ဒါဖြင့် ဘာလို့လဲ နွယ်လေးရ ''
'' ကိုကို နဲ့မတူလို့ "
'' ဟောဗျာ ဘယ်နားကမတူတာလဲ ကလေးမရဲ့ "
''အကုန်လုံးပဲ....အရင်က ကိုကိုဆို ဝင်ပါရင်တောင် ဒီလောက်အခြေအတင်ထိ ပါမယ်မထင်ဘူး..
အရင်က ကိုကို ဆို နွယ် ဘာလုပ်လုပ် စိတ်ဝင်စားမှာမဟုတ်ဘူး..
ဒီလို မလိုအပ်တဲ့ ခရီးတွေကိုလဲ ကိုယ်တိုင်ဆင်းမှာမဟုတ်ဘူး "
'' ဟုတ်လား.. ကိုယ် အာ့လောက်ပဲဆိုးလို့လား "
'' အဲ့ဒီထက်ပိုတယ် "
'' ကိုကို...နွယ်လေးကို ချစ်တယ် "
''ဟင်..."
မဆီမဆိုင် ထ ပြောလိုက်တာမို့....
သူမ ကြောင်အမ်းအမ်းနဲ့ မော့ကြည့်လာသည်..
'' တကယ်ပြောတာ... ကိုယ် နွယ်လေးကို ချစ်နေတာ ကြာခဲ့ပြီ နွယ်လေးက ကို့အပေါ် အကိုလို ဖြူဖြူစင်စင်နဲ့ တွယ်တာနေတာထင်လို့..
ကိုယ် အဝေးကပဲ ချစ်နေခဲ့တာ..
ကိုယ့်အချစ်က ရယူလိုခြင်းကင်းပါတယ် ကလေးရယ်....
ဒါပေမဲ့လေ ကိုအခု နွယ်လေးကို အဆုံးရှုံးမခံနိုင်တော့ဘူး ''
''နွယ် ပဲများနေရတာမျိူး မကြိုက်ဘူး ကိုကို..
နွယ် ကိုကို ကိုချစ်တယ် နွယ်ရည်းစားတွေရှုပ်ခဲ့တာလဲ ကိုက်ု ကြောင့်ပဲ "
်
သူ... သူမကို ဆွဲဖက်ထားလိုက်သည်...
ဒီရင်ခွင်ထဲ နွေးထွေးနေကာ...
'' ကိုကို သိပါတယ် နွယ်လေးရယ် "
သူမ နဖူးတွေကိုနမ်းသည်....
ထိုနောက် မျက်နှာ အနှံ့ကျရောက်လာသည့် အနမ်းတွေနှင့်အတူ...
ရင်ခုန်သံတွေ ပေါက်ထွက်မတက်....
အိမ်မက်လား ထင်မိအောင်ထိ အံ့သြနေမိကာ...
ကိုကိုကလဲနွယ့်ကို ချစ်တယ် တဲ့လား....
......
အခြေနေတွေက ပြောင်းလဲသွားတာလား...
မင်းတိမ်လွှာ တွေဝေလာမိရဲ့....
သူ သိသလောက်ဆို....
ဦးသြဇာဂုဏ် ဟာ ခပ်တည်တည်နေတက်သူပါ....
သူမှတ်မိနေတဲ့ memory တွေမှာ...
သူတို့ ဒီလို ခရီးထွက်ဖြစ်သည်အထိ ဦးသြဇာဂုဏ် ဟာ နွေဦးနွယ်အပေါ် စိတ်မဝင်စား..
အနာဂတ်မှာ...
သူတို့နှစ်ဦးဟာ စေ့စပ်ပွဲတွေ ဖျက်သိမ်းလိုက်သည်အထိ. ...
ပြင်းထန်သည့်အခြေနေတွေ ဖြစ်ပေါ်ခဲ့ကာ....
မိုးသားဖြူကို ကူညီမည့်လူစားမဟုတ်သည့်အပြင်...မုန်းနေသေးသည်မဟုတ်လား
မဆီမဆိုင်...
သူနဲ့မိုးသားဖြူကြောင့်...
နွေဦးနွယ်နဲ့ ဝေးရတာလို့ ထင်နေတက်တာ..
ဦးသြဇာဂုဏ် ပင်...
ဘာကြောင့်....
သူတို့အတိတ်တွေဟာ ပြောင်းလဲသွားရတာလဲ...မင်းတိမ်လွှာ တဖြေးဖြေး ထိတ်လန့်လာမိသည်...သူနဲ့ မိုးသားဖြူ ရော.
ဆုံစည်းရမဲ့ ကံကြမ္မာတွေ ပြောင်းလဲသွားနိုင်သလား....
'' အကို နေ့လည်ထဲက ငူငူငိုင်ငိုင်နဲ့ နေမကောင်းဘူးလား "
ပြောလဲပြော....
သူနဖူးကို သူမ လက်ကလေးနှင့် လာစမ်းသည်..
မင်းသာ အတိတ်ကမ္ဘာဆီ ပြန်မပြေးလာရင် အခုချိန်လောက်ဆို ကို့ဇနီးအဖြစ် ကို့ရင်သွေးလေး လွယ်ထားရမှာ....
တခါတလေ ထွေးပွေ့ထားချက်သည်.....
တကယ်လို့........ဒီအတိတ်မှာ အခြေနေတွေပြောင်းလဲသွားပြီး..
သူမနဲ့ မဆုံစည်းတော့ရင်းးးးးးးးး
သူ ဘာကြောင့်များ.....
သူမကို မချစ်ခဲ့ဘူးလို့တွေးနေမိတာလဲ...
ထားစရာမရှိအောင်ချစ်နေရက်နဲ့ကွာ....
သူမ လက်ကလေးကို လှမ်းကိုင်လိုက်ပြီး..
'' ကိုယ့်ကို မထားခဲ့ပါနဲ့လား...မိုးသားဖြူ "
'' ဟင်...ဘာကိုလဲ အကိုရဲ့ "
'' မင်းလေ ကိုယ့်ကို နဲနဲတောင်ရင်မခုန်ဘူးလား "
'' အကိုဘာဖြစ်နေတာလဲ အဆက်စပ်မရှိစကားတွေနဲ့....နေ့လည်ကလဲ ဦးသြဇာဂုဏ် ကို ပြောနေတာတွေက ညီမတောင်အားနာတယ်...
ဘာပဲဖြစ်ဖြစ် သူက ကိုယ့်အလုပ်ရှင်လေ..
အကိုအလုပ်ပြုတ်မှာမကြောက်ဘူးလား "
သူ ဘာမှမပြော...သူမကိုသာ ကြည့်နေသည်မို့..
'' အကို ဘာဖြစ်နေတာလဲ.......ညီမကို တခုခု မကျေနပ်နေတာ ရှိလို့လား ''
'' မသိဘူး မင်းလက်ကို တခြားယောက်ျားတယောက်ကိုင်နေတာလဲ မကြိုက်ဘူး...
သူစိမ်းယောက်ျားနှစ်ယောက်ကြား ဟိုဘက်ဒီဘက် ဆွဲနေကြတာကို မြင်ရတာလဲမကြိုက်ဘူး "
'' သဝန်တိုနေတာလား "
'' တိုလို့မရဘူးလား "
သူမ ရယ်ကျဲကျဲ နှင့်..
'' ညီမတို့က ဘာမှ မဆိုင်ဘူးနော်.....ဘယ်သူနဲ့ရှိနေရှိနေ ညီမ အခွင့်အရေးပဲလေ "
'' မဆိုင်ရင် အခုဆိုင်အောင်လုပ်ပစ်လိုက်လို့ရတယ်.....ကိုယ်က ဆိုင်ချင်တယ်လို့ ပြောရင်ရော "
'' ဟင် "
'' မင်း ကိုယ့်ကို ပြန်ချစ်လိုက်လေ ဆိုင်အောင်လုပ်ချင်တာများ ဘာခက်တာမှတ်လို့ "
'' မချစ်ပါဘူး....မချစ်ချင်သလို ဆိုင်လဲမဆိုင်ချင်ဘူး "
'' ဟောဗျာ ချက်ချင်းတန်းငြင်းတာပဲ ဘာလို့လဲ...ကိုယ်လဲ ေချာသင့်သလောက်ချောပါတယ် ဟုတ်တယ်မလား "
'' ချောသင့်တာထက်ကို ပိုချောပါတယ်...
ဒါပေမဲ့ ချောတာ ဘာလုပ်ရမလဲ.... အေးတိအေးစက် ရေခဲတုံးလို ယောက်ျားမျိူး ဆွဲဆောင်မှု့မရှိဘူး "
မထင်မှတ်ထားသည့်စကားကြောင့် သူအံအားသင့်သွားကာ..
ပြုံးလိုက်မိသည်...
အရင်ကတော့ သူမ ပဲ ချစ်နေပြီတော့များ...
'' ဂရုစိုက်ရင်တောင် ဂရုစိုက်မှု့က ဝဋ်ကြေတန်းကြေ လို မျိူး....... အာ့လိုနွေးထွေးမှု့မရှိတဲ့ ယောက်ျား အကိုပဲ မိတ်ဆွေတယောက်ထက် ပို အဆင့်မတက်သင့်တဲ့ယောက်ျား "
''ကိုယ်က အာ့လောက်တောင်ဆိုးသလား "
သူမဆီမှ တုန့်ပြန်သံမကြားရ ပြုံးနေလျှက်...
သူမ ပစ္စည်းတွေကို သိမ်းဆည်းနေသည်....
'' မင်းမသိလို့ပါချာတိတ်ရယ် ကိုယ့်လိုကောင်တွေက ချစ်ပြီဆိုရင်လဲ အရမ်းကိုချစ်တက်တာ ''
'' ကောင်မလေးတွေအများကြီးကိုပြိုင်နက်လား ခ်ခ် ''
သူမ စနောက်ရင်း ရယ်သည်.....
'' ကြည့် ဒီကောင်မလေးကတော့နော် ကိုယ့်ကိုဆို ပြန်ခံပြောလိုက်ရမှ...
သိမ်းစရာရှိတာသေချာသိမ်း ကိုယ် ဝရံတာ ဘက်ခနထွက်အုန်းမယ်.."
လေးပင်နေတဲ့ ခြေလှမ်းတွေနဲ့ ဆေးလိပ်ဖွာရင်း အတွေးတွေက ဟိုရောက်ဒီရောက်...
မနက်က ပုံရိပ်တွေ.....အတွေးထဲပေါ်လာတော့ နှုတ်ခမ်းတွေကို တင်းနေအောင်စေ့ထားမိကာ....
ဒေါသတွေက မပျယ်နိုင်...
အချိန်တွေ ဘယ်လောက်ကြာသည်မသိ..
သူအခန်းထဲ ပြန်ရောက်တော့...
ထုံးစံအတိုင်း...
ဆိုဖာပေါ်တွင် အိပ်မောကျနေသည့် ကောင်မလေးကို မြင်တော့ အသည်းတွေလဲ ယားသွားမိရဲ့...
ကံကြမ္မာတွေပြောင်းလဲသွားရင်တောင်မှ...
သူမရဲ့ ဒီအကျင့်လေးကပြောင်းမည်မထင်..
သူသဘောကျမိစွာ... သူမကို ပွေ့ချီပြီးမွေ့ယာပေါ်ပြောင်းပေးလိုက်ကာ..
သူမ နဖူးလေးကို ခိုးနမ်းလိုက်ပြီးမှ..
သူ့အချစ်တွေကို လှောင်ပြောင်နေတဲ့ကောင်မလေး...
စောင့်ကြည့်ပေါ့ချာတိတ်ရယ်...အချိန်မတန်သေးလို့ပါ...