ရွှေစံအိမ်ရဲ့ ချစ်အိမ်မက် ( အပိုင်း...၂၂)
************************************
ခရီးထွက်ရတာ သိပ်သဘောကျတဲ့ သူမ...
အလုပ်ခရီးဆိုရင်တောင် ပျော်နေတက်ပေမဲ့..
ဒီတခါ အနေကြပ်သလို ခံစားမိတာအမှန်ပါ..
အမ ခန့်မှန်းတဲ့အတိုင်း.....သူနဲ့သူမ အခြေအနေကို အကဲခတ်နေပုံရသည်မို့
သူမ အနေကြပ်လှသည်..
ဒီတခါတော့ ခရီးထွက်ရတာပျော်မနေပါ..
'' နေကောင်းရဲ့လား ချာတိတ်... ကားမူးလို့လား "
သူ့အသံကြားတော့ ရှေ့ခုံက ဦးသြဇာဂုဏ် နှင့် အမနွယ်တို့ကလှည့်ကြည့်ကြသည်မို့..
သူဟာ အရမ်းသည်းလွန်းနေသယောင်ထင်မိရဲ့
'' ညီမ နေကောင်းပါတယ် နဲနဲပင်ပန်းလို့ပါအကို "
'' ဒါဆို ချာတိတ် ခနမှေးလိုက်နော် ကိုယ်ရှိတယ် "
'' ဟုတ် "
သောကြာနေ့... ၃ နာရီလောက်မှာပင်
ဦးသြဇာဂုဏ် ဟာ သူမတို့ကို သူ့ကားနှင့်ပင်လိုက်ခဲ့ရန် ရုံးရှေ့ထိလာခေါ်သည်
၁၁ ယောက်စီး mercedes vito နှင့်မို့ ကျယ်ကျယ်ဝန်းဝန်းရှိလှသော်လည်း...
အနေကျပ်လှသည်....
သူ့က်ိုယ်ပိုင် Driver ပါ....
ပါသည်မို့...မင်းတိမ်လွှာ ကားမောင်းပေးရန်မလိုသောကြောင့် သူမ အနားတွင် ရှိနေသည်မို့တော်သေးသည်...
ဦးသြဇာဂုဏ် သည်..အရာရာ စေ့စပ်လွန်းသူပီပီ
ဒီခရီးအတွက် လိုလေသေးမရှိ ပြင်ဆင်လာသည့်အပြင်
အမနွယ်ကိုလဲ အလွန်ပင်ဂရုစိုက်သေးသည်...
အမနွယ်မသိသော်လည်း ဘေးလူဖြစ်သည့် သူမက မြင်နေရသည်..
နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်လွန်းလှသည်....
သူတို့ကြား ဝင်နေသည့် သစ္စာကို သူမ သိပ်ပင် ဘဝင်မကျချင်...
အခုလဲ သူမ ပါ ပါလာသည်...
Driver ဘေးတွင် ထိုင်သည်မို့သာ တော်လှသည်...
မင်းတိမ်လွှာ ကို ပိုင်စိုးပိုင်နင်း ကို ဟုခေါ်ခဲ့သေးသည်မဟုတ်လား
တော်ရုံအကြောတော့မဟုတ်...
မျက်လုံးတွေ မှိပ်ထားသော်လဲ သူမ အိပ်မပျော်ပါ...
နဖူးလာစမ်းလိုက် စောင်ခြုံပေးလိုက်နှင့် မင်းတိမ်လွှာ ရဲ့ လှုပ်ရှားမှု့တွေကို သူမ သိနေသည်...
ကိုယ့်ကားနှင့်ကိုယ်မို့ နားချင်သည့်နေရာတွင်နားသည်...
ဖြေးဖြေးမှန်မှန်မောင်းလာကာ.....
တစ်လမ်းလုံး ဂရုစိုက်ပေးတဲ့ သူ့ကို ကျေးဇူးတင်ရပါတယ်....
၇ နာရီကြာ မောင်းနှင်ပြီးနောက်...
သူမတို့သွားမည့် မြို့လေးသို့ ေရာက်ရှိလာခဲ့သည်..
ည ၁၀ နာရီဝန်းကျင်မို့ Hotel ကိုသာ တန်းမောင်းလိုက်ကြပြီး..
ပြသာနာ က ဟိုတယ်ရောက်မှ စ တော့သည်...
ဦးသြဇာဂုဏ် နဲ့ အမနွယ် က တခန်း
သစ္စာ အတွက် တစ်ခန်း
သူနဲ့ သူမ အတွက် တစ်ခန်းဟု စီစဥ်ထားခြင်းကြောင့်
သူမ.....ထူပူသွားကာ မူးမေ့ချင်သွားသည်..
'' နွယ်လေးက ခရီးသွားတိုင်း သူစိမ်းနဲ့ မနေတက်သလို တစ်ယောက်ထဲဆို တအားကြောက်တက်လို့ ကိုကိုနဲ့ တခန်း ထဲယူလိုက်တယ်.."
အရာရာ အမအတွက်တွေးပေးဂှာသူလို့ ချီးကျူးမိနေတုန်း
''မင်းတိမ်လွှာ နဲ့မိုးသားဖြူဟာ ချစ်သူတွေမို့ တခန်း ထဲနေလောက်မယ်ထင်လို့ ကျွန်တော် တခန်းပဲ booking လုပ်ထားမိတယ် အဆင်ပြေတယ်မဟုတ်လား "
သူမ အဆင်မပြေကြောင်းပြောချင်သော်လည်း..
အားကိုးတကြီး လှမ်းကြည့်နေတဲ့ အမရဲ့ မျက်ဝန်းတွေမှာ အားနာတဲ့ အငွေအသက်တွေပါဝင်နေပြီး
သူ့ကို လှမ်းကြည့်မိတော့....
ကိုယ့်ကိုယုံပါ လို့အဓိပ္ပါယ်ပါတဲ့အကြည့်တွေနဲ့ ခေါင်းညိမ့်ပြနေသည်...
ဦးသြဇာဂုဏ် ကမ်းပေးနေတဲ့ အခန်းသော့ကို သူလှမ်းယူလိုက်ရင်း...
စိုးရိမ်နေတဲ့ သူမ ပခုံးလေး ခပ်ဖွဖွ ဖက်လိုက်ကာ..
နှစ်သိမ့်နေသလိုလို....
မင်းဟာ ကိုယ့်ဇနီး အဖြစ်ရှိခဲ့သူမို့ ကိုယ့်ကို ယုံကြည်လို့ရပါတယ်
လို့တော့ သူမပြော ဖြစ်ခဲ့ပါဘူး...
သူမ မှ မှတ်မိမနေပဲ...
မင်းသိရဲ့လား ကောင်မလေးရေ..
ကိုယ့်ဇနီးအဖြစ် တစ်ကုတင်ထဲအတူအိပ်ရင်း...
အချိန်အတိုင်းတာ တခုထိ ကိုယ်ထိန်းသိမ်းနေခဲ့သူမို့..
မင်းခင်ပွန်း ကိုယ့်ကို မင်းယုံကြည်လို့ရပါတယ်ကွာ...
အခန်းထဲ ရောက်တာနဲ့ ထိန်းထားတဲ့ မျက်ရည်တွေ အလိုလိုကျဆင်းလာကာ...
သူမ မျက်ရည်တွေကို မြင်တော့ ပြာပြာ သလဲ ဖြစ်သွားတာက သူ..
'' ဘာလို့လဲ ဘာဖြစ်လို့လဲ ချာတိတ် "
သူမ ဘာမှဖြေလာခြင်းမရှိ...
ဆက်၍သာ ငိုနေလေသည်....
ဘယ်လိုမေးမေး မေးမရ...
သူမ ပခုံးလေးတွေ ခပ်ဖွဖွကိုင်ရင်း..
'' ကလေး...ဘာဖြစ်လို့လဲလို့ ကိုယ့်ကိုပြောပါ...ငိုပဲမနေပါနဲ့ ဒီလူ ရူးလိမ့်မယ်ကွာ ''
'' ညီမ ဘာကြောင့် အကိုနဲ့ တခန်းထဲအတူ ရှိရတာလဲ ညီမတို့က.....ညီမတို့က တကယ်ချစ်သူတွေမှမဟုတ်ပဲ ညီမရဲ့ သိက္ခာတွေ...."
'' ကလေး...ကိုယ့်ကို ကြည့် "
သူမ....မဝင့်မရဲ မော့ကြည့်လာကာ
'' ကလေးကို ဘယ်ကောင်မှ အထင်မသေးရဲစေရဘူးစိတ်ချ...
ကိုယ် ကိုယ်တိုင်လဲ ဘယ်တုန်းကမှ အထင်မသေးဘူး အခုရောနောင်ရော...
ကလေးက ကိုယ့်အတွက် သိပ်ကိုတန်ဖိုးရှိတဲ့ မိန်းကလေး... သိက္ခာမဲ့တဲ့ သူမဟုတ်မှန်း ကိုယ်သိတယ် ကိုယ်ယုံကြည်တယ် "
သူမ မျက်ဝန်းတွေမှာ စိုးရိမ်ခြင်းတွေ အနည်းငယ် ကင်းစင်သယောင်ပြတဲ့အခါ..
'' ချာတိတ်ကို ကိုယ်ယုံသလို ကို့သိက္ခာကိုလဲ ချာတိတ် ယုံကြည်ပေးမယ်မှတ်လား "
သူမ ခေါင်းညိမ့်ပြသည်မို့
သူမ ခေါင်းကို ပွတ်သပ်လိုက်ရင်းမှ
'' စိတ်ချ ကိုယ် ချာတိတ်ပေးတဲ့ ယုံကြည်မှု့တွေကို တန်ဖိုးထားမှာပါ ကိုယ့်ဘေးမှာ စိတ်ချလက်ချ အိပ်စက်ပါ ကိုယ် ချာတိတ်ကို မှဲ့တပေါက်မစွန်းအောင် စောင့်ရှောက်ပေးမှာ ယုံနော် "
သူမ မျက်ရည်တွေကို ကလေးတစ်ယောက် လက်နဲ့ ပွတ်ဆွဲလိုက်ပုံက အသည်းယားဖွယ်...
'' ဒီလောက်ထိ ချာတိတ် ဝမ်းနည်းသွားမယ်မထင်မိတာတောင်းပန်ပါတယ်...
ကိုယ်တို့ တခန်းစီယူဖို့ ပြောင်းကြမလား သြဇာဂုဏ်ရော နွေဦးနွယ်ရော မေ့လိုက်
ကလေး ဖြစ်ချင်တယ်ဆို ကိုယ်ရအောင်လုပ်ပေးနိူင်တယ် "
သူမ တစ်စုံတခုကို တွေဝေသွားပုံရကာ....
ခေါင်းခါသည်.....
'' ညီမ.. အကို့ကို ယုံတယ် အခုတောင်အနေကြပ်နေတာ ဦးသြဇာဂုဏ် က အခန်းပြောင်းကြတာကို သံသယ ဝင်သွားရင် အမရော ညီမတို့ပါ ဒီထပ်အနေကြပ်သွားလိမ့်မယ် အကို ထားလိုက်ပါတော့ ညီမ ရေချိူးချင်တယ် နားချင်ပြီ "
လှည့်ထွက်သွားတဲ့ သူမကို လှမ်းဆွဲထားရင်း..
သူ့ထက် ခေါင်းတလုံးစာလောက်နိမ့်နေတဲ့ သူမရှေ့ကို ခါးကိုင်းကာ
'' မင်းရင်ထဲ ခံစားရတာမှန်သမျှ ကိုယ့်ကိုပြောပါ ဘာမဆို ကိုယ်ဖြေရှင်းပေးမယ်လို ကတိပေးတယ်...
တခုပဲ မျက်ရည်တွေ ဘယ်တော့မှ ထပ်မကျပါနဲ့တော့ ဟုတ်ပြီလား မမေ့နဲ့ မင်းနောက်မှာ ကိုယ်ရှိတယ် ချာတိတ်ကို ကိုယ်ကာကွယ်ပေးမယ် "
'' ဟုတ် "
အထုပ်အပိုးတွေ နေရာချရင်း....အလုပ်ရှုပ်နေတဲ့ သူမ ရေချိူးဖို့ပြင်နေတာမို့
သူ အခန်းအပြင်ထွက်လိုက်ကာ...
ထောင့်စွန်း အခန်းမို့ ထွက်လိုက်သည်နှင့် ဝရံတာ ခပ်ကြီးကြီးကို သေချာအလှဆင်ထားကာ ထိုင်ခုံ ပါ ထည့်ထားသည်မို့..
သူ ဝရံတာတွင်ရပ်ကာ အပြင်ကို ငေးကြည့်ရင်း...
ဆေးလိပ် သောက်ရန် ပြင်လိုက်သည်.....
ရောက်ရောက်ချင်း ကလေးတစ်ယောက်ကို ချော့မော့ရသေးသည်မှာမလွယ်လှချေ..
တကယ်ဆို သူ ဒီလို ချော့မောရသည်ကို စိတ်မရှည်လှ
ဒီလောက်ချော့တက်လိမ့်မည်လို့လဲ ကိုယ့်ကိုကိုယ်ထင်မထားမိပါလား...
တွဲခဲ့သမျှ မိန်းကလေးတိုင်းကို တခါမှ မချော့ခဲ့ဖူး...
ယခုလို ငိုနေလျှင်ပိုတောင်ဆိုးသေးသည်...
မလုပ်ဖူးတာတွေ လုပ်တက်လာတာ သူမနဲ့မှ..
အရာရာ အလျှော့ပေးတက်တာ သူမနဲ့မှ....
အနားမှာ မရှိတော့မှ လစ်ဟာမှု့ဟာ အတိုင်းအဆမဲ့
အရာရာ....ဒီကောင်မလေးသာ ဦးစားပေးဖြစ်လာတဲ့
သူ့ကိုသူပင် အံသြရသည်.....
မင်းတိမ်လွှာ မှ ဟုတ်ရဲ့လား.....
မင်းလဲ ကိုယ့်လို အရာရာမဟုတ်တောင် အနာဂတ်က ကိုယ်တို့အကြောင်း...
မင်း ပြန်ပြေးလာခဲ့တဲ့ ဒီအတိတ်ကာလတွေမှာ အနည်းငယ်လောက်ဖြစ်ဖြစ် မှတ်မိနေရင်..
သိပ်ကောင်းမယ်...........