ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၂၁)
*************************************
'' ခရီးထွက်ရမယ်! !!! ''
အမ ကို ကြည့်ပြီး မိုးသားဖြူ မယုံနိုင်ပြန်မေးလိုက်မိသည်...
'' ဟုတ်တယ် မိုးသား အမတို့ ခရီးထွက်ရမယ် နယ် က အသစ်ဖွင့်မဲ့ Fashion Shop မှာ ပြသာနာရှိတယ်တဲ့
D khit Fashion group နဲ့ အမတို့ King ပထမဆုံး ပူးပေါင်းတဲ့ ခြေလှမ်းမို့ နဲနဲလေးမှ အမှားခံလို့မဖြစ်ဘူး ''
'' အမ ကိုယ်တိုင်ဆင်းဖို့မလိုဘူးလားလို့ပါ မိုးသား တယောက်ထဲ ဖြေရှင်းလို့ရတယ်အမ ခါတိုင်းလဲ မိုးသားပဲ သွားနေကျကိုး "
'' ဘယ်တက်နိုင်မလဲကွာ...
D khit က ကိုကို ကိုယ်တိုင်ဆင်းပြီး အမကိုပါ လိုက်ခဲ့ဖို့ ပြောလာတာကို..
အမအထင် ကိုကို တခုခုလုပ်ချင်နေပုံရတယ်.. ဟိုဘက်မှာ ပြသာနာရှိတာ တကယ်ဟုတ်ချင်မှဟုတ်လိမ့်မယ်..
အမ သွားရင် ကိုယ်ရံတော်လို့ခန့်ထားတဲ့ တိမ်လွှာပါမယ်... မိုးသားလဲ လုပ်ငန်းလိုအပ်ချက်ကြောင့် ပါကို ပါရမယ် လို့သူတွက်ပုံရတယ် "
''. ....''
'' မင်းနဲ့ တိမ်လွှာ ကို သူကိုယ်တိုင်အကဲခတ်ချင်ပုံရတယ်....မိုးသားတို့က သူ့ရှေ့မှာ ပိုဂရုစိုက်ပေးပါ ကိုကိုက သိပ်လျှင်တာ မိုးသား သိတယ်ဟုတ် "
'' ဟုတ်ကဲ့ပါ အမ "
သူမတို့ပြောသမျှ ဘာမှဝင်မပြောပဲ နားထောင်နေတဲ့ မင်းတိမ်လွှာ ကို မိုးသားဖြူ လှမ်းကြည့်လိုက်တော့...
ဘယ်တက်နိုင်မလဲလေ
ဆိုတဲ့အထာနဲ့ ပုခုံးနှစ်ဖက်ကို တွန့်ကာ အမူအယာလုပ်ပြ၏...
တခါတလေ အကြောတင်းတဲ့ ဒီအမျိူးသားဟာ သိပ်အမြင်ကပ်ဖို့ကောင်းရဲ့...
ဟူး.......
ဦးသြဇာဂုဏ် ရှေ့ မှာ အနေကြပ်နေအုန်းမလား...
အရိပ်အကဲ သိမြန်လွန်းတဲ့ ဦးသြဇာဂုဏ် ရှေ့.. သူမတို့ အောင်အောင်မြင်မြင်နဲ့ သရုပ်ဆောင်နိုင်ပါ့မလား...
'' လာမဲ့ Friday မှာ ရုံးကနေတန်းထွက်မယ် ''
''ဟုတ်ကဲ့ အမ "
လေးလံတဲ့ခြေလှမ်း...
ညစ်ညူးနေတဲ့ စိတ်တွေနဲ့ ပြန်ထွက်လာခဲ့ရင်း....
သူမ ဘာကို အလိုမကျ ဖြစ်လာမိမှန်းမသိ..
တနေကုန် အလုပ်လုပ်ရတာလည်း စိတ်ပါတချက်မပါတချက်...
ဒီအရှုပ်တွေကြားက...သူမ ရုန်းထွက်ချင်ပြီ
ဘာကြောင့်မှန်းမသိ... စိတ်မလုံဘူး
သူနဲ့နီးနီးကပ်ကပ်နေရတိုင်း... ကို ဆိုတဲ့ ခံစားချက်အပြည့်နဲ့ခေါ်လိုက်တဲ့ သစ္စာရဲ့အသံနဲ့ မျက်ရည်တွေရယ်..
အမြဲလိုလို တွေ့ရတဲ့အချိန်ခဏအတွင်းမှာ သစ္စာကို မျက်စိတဆုံး ငေးမောကြည့်နေတက်တဲ့ သူ့ရဲ့ မျက်ဝန်းတွေရယ်...
ချစ်ရသူတွေကို သူမ ခွဲမိနေသလား....
ဒီဖြစ်တည်မှု့ကို သူမ လုံးဝမကြိုက်တော့.....
အဆိုးဆုံးက သူနဲ့ အနီးကပ်အတူရှိနေတိုင်း ရင်းနှီးနေတဲ့ ရင်ခုန်သံတွေကို သူမအမုန်းဆုံးပဲ...
'' ချာတိတ် "
ခေါ်သံနဲ့အတူ သူမ လက်ဖဝါးလေးကို ဆုပ်ကိုင်တွဲလာတဲ့သူ....
'' ရုံးဆင်းတာကို ဘာလို့ ကိုယ့်ကိုမစောင့်တာလဲကွ... စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပဲ ကလေးနေကောင်းရဲ့လား "
ပြောလဲပြော ကျန်လက်တစ်ဖက်က သူမ နဖူးတွေကို စမ်းလာတာကြောင့်...မြင်သူတချိူ့က ပြုံးစိစိ
'' ကောင်းပါတယ် အကို ''
သူမတို့ အခြေနေကို လှမ်းကြည့်နေတဲ့ မျက်ဝန်းတစုံ.....
'' အကို... ဟိုမှာ "
သစ္စာ ရှိရာဘက်ကို မသိမသာ ညွန်းပြရင်း..
သူက လှည့်ပင်မကြည့်ပဲ
'' မြင်သားပဲ "
'' ဟင်...ဒါဆို တမင်လုပ်ပြတာပေါ့ "
ဘယ်လိုထင်လဲဆိုတဲ့ အမူအယာမျိူးလုပ်ပြရင်း....
ဂရုမစိုက်သလိုပုံနဲ့.....
ရင်ထဲမှာတော့ လောင်မြိုက်နေမလား...
တခါတခါကျတော့လဲ ထူးဆန်းရဲ့...
သူနဲ့ပတ်သတ်ရင် အမူအယာတွေကိုကအစ သူဘာပြောချင်သလဲ သူမ သိနေတက်တာမျိူး...
ဒီမျက်နှာ ခပ်ချောချောဟာ....
တခါတလေး အရမ်းကိုနီးနီးကပ်ကပ်ရင်းနှီးခဲ့တာမျိူး..
တခါတရံ ......တခြားတယောက်ရဲ့နှလုံးသားတွေလိုပဲ သူ့ကိုမြင်ရင် ရင်တွေခုန်နေတက်တာမျိူး..
တနေရာရာမှာများ...ဆုံခဲ့ဖူးကြသလား
သူ့မျက်ဝန်းတွေဟာ တစုံတယောက်နောက်ကပ်ပါသွားတာမို့...
သူ့မျက်ဝန်းတွေနောက်လိုက်ကြည့်မိတော့...
အတူတွဲထွက်သွားတဲ့ အမနဲ့ သစ္စာ....
ခန့်မှန်းရခက်တဲ့..သူဟာ
အမကိုလား သစ္စာကိုလား....
'' ရည်းစားဟောင်းနဲ့ လက်ရှိရည်းစား အတူတွဲထွက်သွားတာမြင်ရတော့ ဘယ်လိုနေလဲအကို "
'' ချာတိတ် သဝန်တိုတဲ့အသံတွေ ကပ်ပါနေတယ်နော် "
ရယ်ကျဲကျဲနဲ့ သူ့မျက်နှာကို မော့ကြည့်ရင်း..
မျက်စောင်းထိုးလိုက်မိတာအလိုလို..
သူမ ခေါင်းလေးကို သူ့လက်ချောင်းသွယ်သွယ်တွေနဲ့ ပွတ်သတ်ရင်း.။
'' လက်ရှိ ချစ်သူက ဒီမှာလေ ''
အတည်ပေါက်ကြီး ပြောချလိုက်တာမို့ သူမ မျက်နှာရဲတက်သွားသည်..
''ဟာကွာ ရှက်သွားတာက ချစ်စရာလေး "
''အကိုနော် ''
ရှက်ရှက်နဲ့ သူ့လက်မောင်းတွေကို လှမ်းရိုက်မိတော့
''ကဲပါကွာ ရှက်ရှက်နဲ့ရိုက်မနေနဲ့ နာအောင်လဲရိုက်ရက်တာမဟုတ်ပဲနဲ့ "
'' ကြည့် "
'' ဘယ်ကြည့်ရမလဲ "
'' စိတ်တိုလာပြီနော် ''
'' ဟုတ်ပြီ ဟုတ်ပြီ စိတ်မတိုနဲ့တော့ ဂျပုလေးတွေ စိတ်တိုရင် ကြည့်မလှဘူးကွ "
သူမက လိုက်ထု သူက ပတ်ပြေးနဲ့.....
သူမတို့အခြေနေဟာ မူလတန်းကလေးနှစ်ယောက်ဆော့နေသလိုပင်...
'' တော်တော့ လူနမူနာလေးရာ ကိုယ်မောလာပြီ မရိုက်နဲ့တော့နော် "
''လူနမူနာ! !!!!''
'' အိမ်ပုံစံနမူနာလေးတွေဆို သေးသေးလေးတွေ မှတ်လား... အဲ့လိုပဲ မင်းကလဲ လူစဥ်မမှီသေးသေးလေးပဲမို့ လူနမူနာလေးပေါ့ ဟားးဟားး "
'' အကိုနော် အကိုနဲ့မလိုက်အောင်အတော်ပျော်နေတယ်ပေါ့ ''
မင်းနဲ့လိုက်မဲ့ ကားပုပုသေးသေးလေးတွေ ထပ်ထည့်ပေးထားမယ်...သြော် ဟုတ်သားပဲ မင်းနဲ့လိုက်တဲ့ကားဆို ကလေးဆော့တဲ့ ကားနဲ့မှ ကွက်တိပဲ
အကိုနော် အကိုနဲ့မလိုက်အောင်အတော်ပျော်နေတယ်ပေါ့
ဒါပေါ့ မင်းနဲ့ အရှုပ်ထုပ်တစ်သိုက် ဘာဆက်ဖြစ်မလဲ တွေးတာနဲ့တင်ရယ်ချင်နေပြီ
ဘာလဲ သူမ မြင်လိုက်တာ ဘာတွေလဲ....
အိပ်ခန်းတခန်းထဲမှာ သူနဲ့ သူမ.....
စကားတွေပြောရင်း ရယ်မောနေကြတာ...ရင်းရင်းနှီးနှီး...
ဒီပုံရိပ်တွေက ဘာလဲ ဘယ်တုန်းက ဟာတွေလဲ...အမြင်မှားတာလား...
သူနဲ့ပတ်သတ်ရင် သူမ အမြဲ ထိုသို့ဖြစ်နေကြပင်
တချိူ့ကိစ္စတွေမှာ တခေါက်ဖြစ်ဖူးပြီးသာသလိုလို....
ထင်ယောင်ထင်မှားဖြစ်တက်တဲ့သဘာဝမို့....
သူမ စိတ်ထင်တာနေမှာပါ...
အမြဲလိုလို လူသားတိုင်းဖြစ်နေကြပဲမဟုတ်လား
တခါတလေ စကားတခွန်းပြောပြီးမှ ဒီစကားပြောဖူးတာလိုလို...
ဒီလိုဖြစ်ရပ် ဖြစ်ဖူးတာလိုလို......
သူ ဒီလိုပြောမယ်ထင်တယ်လို့ ကြိုသိနေသယောင်ယောင် ထင်မှားတက်တာမျိူး...
" ဒါပေါ့ မင်းနဲ့ အရှုပ်ထုပ်တစ်သိုက် ဘာဆက်ဖြစ်လာမလဲတွေးတာနဲ့တင်ရယ်ချင်နေပြီ "