ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း..၂၀)
***********************************
'' နွယ်လေးဘာတွေတွေးနေလဲ ကိုကို သိခွင့်ရှိမလား "
ဦးသြဇာဂုဏ် ရဲ့ စကားအဆုံးမှာ နွယ်...
နှုတ်ခမ်းနီရဲရဲ ခြယ်သထားတဲ့ နှုတ်ခမ်းလှလှလေးတွေကို ညွန့်ကျသွားသည်အထိ မဲ့ရွဲ့ပစ်လိုက်တာ...
သူမြင်လိုက်မည်မထင်
''ဘာတွေများသိချင်သွားရပြန်တာလဲကိုကို ''
နွယ့်ဘက်ကို... သူလှည့်လာတော့
ဘာခံစားချက်မှ မပေါ်လွင်စေမဲ့ အပြုံးချိူချိူနဲ့...
'' အရင်လိုပဲ နွယ့်ကို လျစ်လျူရှု့ထားပါရော့လား... သိပ်ဂရုမစိုက်ပြနဲ့ ကိုကို...
ကိုကို့ဆီက ခေတ္တခန ရတက်တဲ့ ကြင်နာမှု့တွေကို အချိန်ပြည့်ငတ်မွတ်နေမှာစိုးလို့ "
'' ကိုကို က !!! နွယ်လေးကို! !! ဘယ်တုန်းကလဲ? ''
'' ဟောတွေ့လား လျစ်လျူရှု့လို့ ရှူ မှန်းမသိနေတာကိုက လျစ်လျူရှု့တာပဲ မဟုတ်ဘူးလား ကိုကိုရဲ့ "
'' မဟုတ်တာကွာ ''
'' အခုမှ ဂရုစိုက်ချင်ယောင်မဆောင်နဲ့ကိုကို...
ဘာတွေသိချင်နေသလဲ နွယ်မသိပေမဲ့ နွယ့်မှာပြောစရာမရှိဘူး "
'' ကိုကို နွယ်လေးကို အမြဲဂရုစိုက်ခဲ့ပါတယ် "
'' ဘေးအိမ်က အထက်တန်းကျောင်းသူ ကလေးမလေးအနေနဲ့လား "
'' နွယ်လေး ကလေးလဲမဟုတ်တော့ဘူးကွာ စကားတွေ ကပ်မပြောပါနဲ့ ခင်ဗျားလေးကို ကိုကို မနိုင်လို့ပါ. . လိုချင်တာ ဖြစ်ချင်တာရှိရင် ကိုကို့မျက်နှာကြည့်ပြီး အားလုံးပြောမှပေါ့ တောင်းဆိုမှပေါ့
နွယ်လေးက ကိုကိုနဲ့စေ့စပ်ထားတဲ့ မိန်းကလေး လေ နွယ်လေးဘေးက ယောက်ျားတွေအကြောင်းတော့ ကိုကို သိခွင့်ရှိတယ်မဟုတ်လားကွာ ''
'' အဟွန်း ကိုကို ဘေးက မိန်းကလေးတွေအကြောင်းကိုရော နွယ်မေးခဲ့လို့လား နွယ်တောင်မှ မြိုသိပ်နိုင်ရင် ကိုကိုလဲ မြိုသိပ်ထားလိုက်ကိုကို အရင်ကတောင် နွယ်ဘာလုပ်လုပ် စိတ်မဝင်စားခဲ့ပဲကိုကိုရာ..''
'' မမေးခဲ့လို့ပေါ့နွယ် မေးရင် ကိုကိုဘက်က အကုန်ဖြေဖို့ အဆင့်သင့်ပါ ကိုယ့်ကို ယုံကြည်လို့မမေးတာလို့ထင်ထားတာမို့ ရှုပ်ထားတာမရှိလို့ တကူးတက ရှင်းမနေတော့တာပေါ့ကွယ်..
နွယ့်ကို မမေးခဲ့ဘူးဆိုတာကလဲ ပစ်ထားတာမဟုတ်ဘူးနော် ကိုကိုနောက်မှအမြဲရှိတယ်..
အရင်က ကိုကို သိတဲ့အရိပ်ယောင်ပြလိုက်ရင် နွယ်လေးက အားလုံးကို အဝေးထိရှင်းထုတ်ပစ်တက်တာ...
နွယ်လေးခြေလှမ်းတွေကို ကိုကို အမြဲကြိုမြင်ခဲ့လို့ မမေးတာပါ ''
'' ဒါဖြင့် အခုက ဘာတွေများလုပ်နေလို့လဲ ကိုကိုရာ ''
'' အခုက သိတဲ့အရိပ်ယောင်ပြလိုက်မှ သူ့ပို အဝေးထိမရှင်းပဲ ချက်ချင်း မိုးသားဖြူ ရဲ့ ရည်းစားလိုလို ပွဲထုတ်လာတာလေ "
'' ကိုကိုက နွယ်လေးကို မယုံဘူးပေါ့ "
'' ယုံချင်လို့ ကိုယ်တိုင်လာမေးနေရတာပေါ့နွယ်လေးရယ် ''
'' တသက်လုံးကတော့ နွယ် က ကိုကို သဝန်တိုလေမလား ရည်းစားတွေထားခဲ့တာတောင်...
မေးလဲမမေး သဝန်လဲမတို သိပ်ကို သဘောထားပြည့်တဲ့ Gentleman ကြီးလုပ်ခဲ့ပြီးပြီလေ အခုမှ လာမေးမနေနဲ့ ယုံချင်ယုံ မယုံချင်နေ ထင်ချင်သလိုသာထင် "
'' နွယ်လေး !!!!! ''
ဟိန်းထွက်လာတဲ့ သူ့အသံကြောင့် နွယ်ရုတ်တရပ်မို့ လန့်သွားသလို...
သူတခါမှ နွယ့်အပေါ်....အော်ဟစ်တာမျိူး မလုပ်ဖူး...
သူမ ပခုံးနှစ်ဖက်ကို ဆွဲကိုင်ရင်း....
'' ကိုယ် မင်းမို့လို့ စိတ်ကို တအားဆွဲဆန့်ထားရတာနော်...
အရင်က မတိုပေမဲ့....အရင်ကောင်တွေနဲ့မတူ မင်းတအား အလေးပေးလွန်းတဲ့အပြင် တအားကိုချောလွန်းတဲ့ကောင်မို့လို့...သဝန်တိုလွန်းလို့မေးနေတာပေါ့ကွာ "
သူ့ ကိုယ်သူ လူတိုင်းအပေါ် ကျွန်တော်လို့ အမြဲသုံးတက်တဲ့သူက သူမနဲ့မှ ကိုကို ကလို့ အရင်စသုံးခဲ့တာ....
သူ့အပေါ် အကိုကြီးတယောက်လို ပြီးတော့..
ဖခင်မေတ္တာငတ်ခဲ့တဲ့ကလေးမ မို့လို့ ဖခင်တယောက်လို...
ဖြူဖြူစင်စင်နဲ့ ခင်တွယ်ခဲ့တဲ့ အထက်တန်းကျောင်းသူ ဘဝ ထဲက...
သူမ အပေါ် သူမဖြူစင်ခဲ့တာ.....
အရွယ်ရောက်လာတဲ့အခါ အဖြူရောင်လေးကို အရောင်မဆိုးချင်လို့ သူမ ကိုရှောင်ခဲ့တာ...
ဒီအသက်အရွယ်ထိ ရည်းစားမထားပဲ သူမ မှ သူမ မြတ်နိုးနေခဲ့တာပေမဲ့...
သူမ ရည်းစားတွေကြောင့် သူဖွင့်မပြောခဲ့တာ...
မိဘတွေကြောင့် စေ့စပ်ခဲ့ရတော့....
သူဘယ်လောက်ပျော်ခဲ့ရသလဲ သူမ.. မသိခဲ့
ရည်းစားအထားမပျက်ခဲ့တာမို့ သူမ ပျော်ပါစေလို့ လက်ထပ်ဖို့ Date တွေ အလိုက်တသိ သူရွေ့ပေးခဲ့တာ...
သူ့အချစ်က ရယူဖို့မဟုတ်...
ချစ်ရသူ ပျော်ရွှင်ဖို့သာ ဦးစားပေးဖြစ်သည်....
အနည်းဆုံးတော့...
စေ့စပ်ပွဲကို မငြင်းခဲ့တာရယ်....
အချိန်တန် သူနဲ့သာ လက်ထပ်ရမှာသေချာနေတာရယ်ကြောင့်လဲ..
သူမ အချစ်ဇာတ်လမ်းတွေကို သူ ပြုံးကြည့်ပေးခဲ့တာ..ရင်ထဲတော့ နာကျင်ရတာပေါ့.
သို့သော်......
သူမ ဇာတ်လမ်းတွေကို သူ သိနေဟန်ပြလိုက်တိုင်း....
အားလုံးကို အဝေးထိရှင်းပြစ်ပြီး သူ့ကိုသာ ရွေးချယ်ခဲ့မြဲမို့...
ရလဒ်သိပြီးသားအောင်နိုင်သူလို..
သူသဝန်မတိုခဲ့ခြင်းဖြစ်သည်...
လက်မထပ်ခင် သူမ ပျော်ပါစေပေါ့...
ဒါပေမဲ့...အခုက ထူးခြားလွန်းသည့် အငွေ့အသက် သူ ခံစားမိလာသည်..
မင်းတိမ်လွှာ ဆိုတဲ့ ခပ်ချောချော ကိုယ်ရံတော်လေးကို သူမ ရှင်းထုတ်လိုက်မည်ဟု...
တွက်ထားသော်လည်း.....
သူ ရိပ်မိနေဟန် ပြ လိုက်ကထဲက...
အဝေးကို မပို့ပဲ တခြား တနည်းနဲ့ အကွက်ရွေ့လိုက်သည်....
မိုးသားဖြူ နဲ့ မင်းတိမ်လွှာ ချစ်သူတွေပါဆိုတာ ယုံကြည်ချင်စရာကောင်းလှသော်လည်း...
သူ... သိပ်မယုံချင်သေး
ထို့ကြောင့် သူမဆီ တိုက်ရိုက်လာမေးမိခြင်းသာ...
ပြီးတော့...ထူးထူးဆန်းဆန်း သဝန်တွေတိုနေမိတာ..
အတိုင်းအဆမရှိ..။
'' ကိုကိုက....နွယ့်ကို သဝန်တိုတယ် ဟုတ်လား နွယ် နားကြားမှားတာများလား "
ချက်ချင်းဆိုသလို ကြည်ကြည်လင်လင်လေး နဲ့ ကလေးတစ်ယောက်လို လှစ်ခနဲ ပြုံးလိုက်တဲ့...
သူမအပြုံးတွေကို မြင်မှ...
သဝန်တိုစေချင်ခဲ့တာလား......ရှုပ်ခဲ့သမျှဇာတ်လမ်းတွေဟာ ကျွန်တော် သဝန်တိုစေဖို့ ရည်ရွယ်ခဲ့တာလား
ဘယ်တုန်းကမှ မစဥ်းစားဖူးတဲ့ အတွေးမျိူး ခေါင်းထဲ ဝင်လာသလို...
သူ့ကိုလဲ...သူမ ချစ်နေနိုင်သလား
ဒါတွေ ပြန်စဥ်းစားဖို့လိုပြီမို့...
တလျှောက်လုံး သူမသာ သူ့ကို ချစ်နေခဲ့တယ်ဆိုရင်...
ဒီတစ်ကြိမ် မင်းတိမ်လွှာ ဆီ စိတ်မယိုင်သွားစေချင်..
သူမ ကို သူ...... ရ အောင် လိုက်တော့မည်
သူ့အချစ်တွေ ထုတ်ပြတော့မည်....
မင်းတိမ်လွှာ နဲ့ မိုးသားဖြူ ကို ဟန်ဆောင် ခိုင်းခဲ့တယ်ဆိုရင်တောင်...
ဟန်ဆောင်ခြင်းမှသည် စစ်မှန်ခြင်း ဆိီသို့ ရောက်အောင်...
သူ.....မသိမသာ တွန်းပေးရမည်
'' ကောင်းပြီလေ... နွယ်လေးက အဆုံးထိ ငြင်းနေမယ်ဆိုတော့ နွယ်လေးပြောသလို သူတို့ တကယ့်စုံတွဲ ဟုတ်မဟုတ် ကိုကို ကိုယ်တိုင် Confrim ကြည့်ရမှာပေါ့ "
အဟွန်း...မင်းငယ်ပါသေးတယ် ကလေးမရယ် မင်းရဲ့ကိုကိုပါ စိတ်ပိုင်းဖြတ်ပြီးရင် ရအောင်လုပ်မှာမို့....