ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၁၉ )
**************************************
သူတို့နှစ်ဦး ဆက်ဆံရေးဟာ ပုံမှန်ထက်ပိုကပ်တာကလွဲရင် ကျန်တာ ထွေထွေထူးထူးတော့ ပြောင်းလဲ ဟန်ဆောင်ရတာမျိူး...မရှိခဲ့...
ထူးခြားတာဆိုလို့...
သူဟာ သူမအပေါ် အရင်ထက် ပိုကြင်နာလာတယ်....
ပိုနွေးထွေးလာတယ်....
ပိုပြီးလဲ ဂရုစိုက်တက်လာတယ်......
သူမအတွက်သာ အဆန်းတကျယ်ဖြစ်နေခဲ့တာပါ...
သူကတော့ ပုံမှန်အတိုင်း လုပ်ပေးသွားတာမျိူး..
အင်းလေ သူ့အတွက် ရည်းစားဆိုတာ ဆန်းမှမဆန်းပဲနော်...
အခုတောင်..
သစ္စာရယ်...အမရယ် ကြားမှာ သူပတ်ရှုပ်နေခဲ့တာပဲကိုး
ရင်မခုန်သွားစေနဲ့ မိုးသားဖြူ
'' ယူတို့က တွဲနေကြပြီလား "
ဒါ အခုနောက်ပိုင်း...ရုံးက လူတွေ သူတို့ကို မကြာခဏ မေးလေ့ရှိတဲ့မေးခွန်းပေါ့...
ဟုတ်ပါတယ်လို့ အတိအလင်း ပြန်ပြောလိုက်ကြတာမျိူး မရှိပေမဲ့....
ငြင်းလဲ မငြင်းပဲ...ပြုံးပဲ နေလိုက်ကြတဲ့အခါ
'' ထင်သားပဲ မင်းတိမ်လွှာ စ ရောက်ထဲက ယူတို့ကို တွဲနေတာလို့ ထင်နေပြီးသား ''
ဆိုတာမျိူးတွေ ပြန်ကြားရကာ...
သူမတို့ တွဲနေကြတာ အားလုံးအတွက် မထူးဆန်းသယောင်....
မအံသွကွ...
သူနဲ့ ဒီလောက်တောင်ပဲ ရင်းနှီးစွာ ဆက်ဆံခဲ့မိသလား....
ထမင်းစားနေရင်း...သူ့မျက်နှာကို မော့ကြည့်မိတော့...
တကယ်ကို တအားရင်းနှီးခဲ့ဖူးတဲ့ သူလိုပဲ...
စတွေ့ထဲက သိပ်စိမ်းသလိုမခံစားရ...
'' မျက်လုံးမခွာနိုင်လောက်တဲ့အထိ... ဘာတွေကြည့်စရာ ကျန်နေလို့လဲ ကလေးရဲ့ ''
'' အဟွတ်... အဟွတ် ''
သူမသိအောင် ငေးကြည့်မိကာမှ....
ရုတ်တရက် ထွက်လာတဲ့ သူ့အသံကြောင့် စားလက်စ ထမင်းတွေ သီးသွားကာ အင်မတန် ခံရခက်ရဲ့...
'' ရော့...ရေသောက်လိုက်ချာတိတ်..ဖြေးဖြေးစားမှပေါ့ကွာ ''
ရေတခွက်မျက်စိရှေ့အဆင်သင့်ရောက်လာကာ မျက်နှာ ချင်းဆိုင်ထိုင်နေရင်းကနေ သူမ ဘေး ရောက်လာ၏....
သူကမ်းပေးတဲ့ရေကို သောက်ချလိုက်ကာ...
'' အကို ဘာလုပ်တာလဲ ''
'' ထမင်းကျွေးမလို့လေ ရော့ ဟ ''
'' ဟာ အကိုကလဲ ညီမ ကလေးမဟုတ်ပါဘူး လူကြားထဲမှာ ပေး ကို့ဘာကိုစားမယ် ''
''မင်းက ကလေးလိုပဲလေ အခုလေးတင် သီးပြီးပြီမဟုတ်ဘူးလား "
'' ဒီမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ဘူးဟေ့ "
'' ဟုတ်ပ ကိုမင်းတိမ်လွှာတို့များ ပိုကိုပိုတာ ''
အတူ ထမင်းစားနေကြသူတွေဆီက တယောက်တပေါက်ထွက်လာကာ...
ရှက်လိုက်တာ...
'' ပေးပါဆို ကိုယ့်ဘာကိုယ် စားမယ် ''
'' ဘာလဲ ခါတိုင်းလဲ ကိုယ်ဒီလိုပဲကျွေးနေကြ ကိုး ''
'' အကို! !! ''
''RS တွေများ ပိုကို ပိုတယ် လာရိုနေကြတယ်ဟေ့ "
'' ဟားးဟားး ''
အားလုံးက ဝိုင်းစ ကြကာ သူမ မှာ နေစရာပင်မရှိ...
'' ငါတို့ရှိလို့နေမယ် ကဲ ငှက်ပျောတုံးအဖွဲ့ရေ အမြန်စား အမြန်သွားဟေ့ "
'' ဟားးး ဟားး '''
တကယ်လဲ ပြုံးပြုံးနှင့် အမြန်စားကာ တစ်ယောက်ပြီး တယောက် ထမင်းစားခန်းမှ ထ ထ ထွက်သွားကြလေရဲ့
'' အကိုနော် ဘာမှန်းလဲမသိဘူး အခုမှ အပိုတွေ ထလုပ်တာပဲ လူကြားထဲရှက်လိုက်တာ ''
'' မင်း အရမ်းကို ရှက်နေတာလေး က ချစ်ဖို့ကောင်းလို့ ပိုစတာပေါ့ "
'' အာ...''
'' ဟားးဟားး ကဲ စားစရာရှိတာ စား ဘာလဲ ကိုယ်တကယ့်ခွံတာ စောင့်နေတာလား ''
သူမ မျက်စောင်း ထိုးလိုက်ကာ...
သူ့အကျင့်ဟာ ပြောတဲ့အတိုင်း လုပ်တက်တာမို့..
ထမင်းသာ ငုံပြ်ီး ခပ်မြန်မြန် စားလိုက်တော့သည်....
ဒီနေ့ကျမှ သူ.... အရမ်းကို ပျော်နေသလားပဲ.
''ကိုယ် ဝင်ခဲ့လို့ရမလား မိုးသား "
အသံလာရာ မော့ကြည့်လိုက်တော့...
ထမင်းစားခန်းမို့ ဝင်ရမှာ အားနာနေဟန် ရှိတဲ့ သစ္စာ...
သူမ မျက်လုံးတွေက အလိုလို သူ့ဆီ ရောက်သွားသော်လည်း..
သူကတော့ ဘာမှမဟုတ်သလို..
'' ထမင်းစားခန်းထိ လိုက်လာရတယ် အားနာလိုက်တာ သစ္စာရယ် စိတ်မရှိပါနဲ့နော် ''
'' ရပါတယ် သစ္စာ အချိန်သိပ်မရလို့လေ ထမင်းစားချိန်ကြီး လာနှောက်ယှက်ရတာ အားနာလိုက်တာ ''
'' ဟုတ် ရပါတယ် ''
'' design တွေ Update ပြန်လုပ်ထားတာလေးတွေ လာပို့ပေးတာ မိုးသားတို့ဘက်က တချက်ပြန်စစ်ရအောင်ပါ...
Desgin အဆင်ပြေရင် စက်ရုံဘက်သွားဖို့တွေ အချိန်ညှိုရအောင်လို့ "
'' ဟုတ် အမကလဲ မေးနေတာနဲ့အတော်ပဲပေါ့ ကျေးဇူးပါ သစ္စာ ''
'' ဒါနဲ့လေ သူနဲ့ မိုးသားက.. ချစ်သူတွေလား ''
သူမ ဘာဖြေရမှန်းမသိ..
သူ သိပ်ချစ်တဲ့အမျိူးသမီးလေးရှေ့မို့ ငြင်းပေးချင်သော်လည်း...
သစ္စာက ဦးသြဇာဂုဏ် ရဲ့ အနီးစပ်ဆုံး လူမဟုတ်လားး.
'' ဟုတ်ပါတယ် ကိုယ်နဲ့ မိုးသားက ချစ်သူတွေပါ လူကြီးတွေ မသိအောင် မေ့ပေးမယ်ဆို ကျေးဇူးအထူးပါဗျ ရုံးတွင်းအချစ်ဇာတ်လမ်းတွေဆိုတော့ အမ နားထဲ ပြန်ရောက်မှာစိုးလို့ပါ ''
'' ကို... ''
သစ္စာဆီက ထင်မှတ်မထားတဲ့ အသုံးနှုန်းကြောင့် သူမ ကြောင်ကြည့်နေမိတာ...
'' အခေါ်ဝေါ်တွေ ပြောင်းပေးပါ ညီမ ရေ ကိုယ်တို့အတိတ်က ဘာဖြစ်ဖြစ် ခုချိန်မှာ ကိုယ့် ကလေး စိတ်မခုစေချင်ဘူး Sorry ''
'' ကို..ပြောတော့ သစ္စာ ကို ဘယ်အချိနိဖြစ်ဖြစ် အမြဲ ချစ်ပေးနေမှာပါဆို ''
ေလာဘကြီးရန်ကောကွယ်....
ဒါတွေဟာ...သူမ ဆိုတဲ့ ဖြစ်တည်မှု့ အကြောင်း မသိခင်အချိန်တွေက...
ကံကြမ္မာတွေထဲက တခုပဲ မဟုတ်ပါလား..
ဒီကံကြမ္မာတွေ ဖြစ်လာပြီးမှ သူမနဲ့ ဆုံရမဲ့ ကံတရားကပ်ပါမှာမို့ သူ ဖန်တီးခဲ့ယုံသာ....
သူမ ပခုံးလေးကို ဖက်လိုက်ကာ..
'' sorry သစ္စာ ဒီထက် စကားမကျွံတော့ရင်ကောင်းမယ်...
ကိုယ်တို့ ဇာတ်လမ်းဟာ အတိတ် တခုသက်သက်ပဲနော် ကိုယ့်ရင်ထဲ မင်းဟာအတိတ်တခု ဆိုတာ အပြင်မရှိပါဘူး ''
ပေါက်ခနဲ ကျလာတဲ့ မျက်ရည်တွေကို ခပ်မြန်မြန် သုပ်ရင်း....
'' သစ္စာတောင်းပန်ပါတယ်နော် မိုးသား ''
ထိုနေရာမှ သစ္စာ လှည့်ထွက်ခဲ့သည်.....
..........
'' သူတို့ တွဲနေကြတယ်ဆိုတာ သေချာပါတယ် ဆရာ ''
'' မင်းမသိလို့....နွယ်လေးဟာ ထင်ထားတာထက် အကွက်မြင်တက်တယ် ဟန်ဆောင်ခိုင်းနေတာမျိူး ဖြစ်နိုင်ချေရှိတယ် ကျွန်တော် တော့ သိပ်မယုံချင်ဘူး ''
'' သေချာပါတယ် ဆရာ....မင်းတိမ်လွှာ ဆိုတဲ့ ယောက်ျားအကြောင်း သစ္စာ အသိဆုံးပါ ..
အစက အမနွယ်ဆီ ချည်းကပ်တာ သစ္စာ ဆရာအနားမှာ ရှိနေတာကြောက့်လို့ ထင်ခဲ့တာ ''
'' မင်းက သူ့ကို သိနေတာလား ''
'' Ex ပါ ဆရာ... သစ္စာ ဒီမှာ အလုပ်မဝင်ခင်တွဲခဲ့တာပါ ''
'' ကျွန်တော် ကြောင့် ပြတ်သွားတဲ့ တယောက်လား စိတ်ဝင်စား စရာပဲ ဒါဆို ထင်တဲ့အတိုင်းဖြစ်နေပြီထင်ပါရဲ့ ''
'' မဟုတ်ဘူးဆရာ...သူ တကယ် မိုးသားဖြူကို ချစ်နေတာပါ.
သူ့မျက်လုံးတွေကို သစ္စာသိတယ်... ဘယ်တုန်းကမှ သစ္စာအပေါ် အခုလို မပြောနိုင်ခဲ့ဘူး ''
သစ္စာ ကို လို့ တခွန်းထဲ ခေါ်လိုက်တာနဲ့ ဖုံးထားသမျှ အမှန်အတိုင်း ပြောခဲ့တဲ့သူ....
အခုလို ခံစားချက်မဲ့တဲ့ မျက်ဝန်းတွေနဲ့....
ဘယ်တုန်းကမှ မပြောနိုင်ခဲ့တာ သစ္စာအသိဆုံး...
မျက်ရည်တွေကျနေရင်.....
ဘယ်လိုမှ စိတ်မဆိုးနိုင်တဲ့သူ..
ဒါကြောင့်လဲ... သူမ အချိန်မရွေးပြန်သွားလို့ရမဲ့ ရင်ခွင်တခုအဖြစ် လွယ်လွယ်တွေးခဲ့မိတာမှားပြီလား..
သူမ သဝန်တိုအောင် တမင်အရွဲ့တိုက်တာမျိူးလဲမဟုတ်ပါ..
ဒါသေချာသည်.......
ဆုံးရှုံးရပြီ ဆိုမှ.... ရင်ထဲမှာ နင့်နေအောင် ခံစားလိုက်ရသည်
ဆရာ အကူညီတောင်းလို့ စုံစမ်းပေးတာပေမဲ့....
သူမ မျက်ရည်တွေဟာ.... ဟန်ဆောင်ကျခဲ့တာမဟုတ်ပဲ..
ဒီရင်ဘတ်ကြီးထဲက နက်နက်ရှိုင်းရှိုင်းထွက်ကျလာခဲ့တာ..
သူမကလွဲ....
ဘယ်သူ သိပါ့မလဲ.....
ဆင်းရဲလို့ မလိုချင်ခဲ့တာ...သူမ ကိုယ်တိုင်ပဲလေ...
အခုမှ ဘာတွေ ပြန်တက်မက်နေရတာလဲ.....
စိတ်ထိန်းစမ်းပါ သစ္စာရှင်..
ဘဝမှာ အောင်မြင်ဖို့နဲ့ ချမ်းသာဖို့က အဓိက မဟုတ်လား....
ဒီအတိုင်း.... ကိုယ့်စွန့်ခဲ့တဲ့ပစ္စည်း သူများကောက်ယူတော့ တဒင်္ဂ မနာလိုယုံလေးပါ..
ဟုတ်တယ်....
တဒင်္ဂ....
မနာလိုယုံလေးသာ.......