ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း...၁၈)
************************************
'' အခု အမအိမ်ကစထွက်သွားထဲက တိမ်လွှာနဲ့ ချစ်သူတွေလို့ မှတ်လိုက်တော့...
တိမ်လွှာပြောတဲ့အတိုင်း...မိုးသားက လိုက်နာပေးပါ "
အိမ်ထဲက ထွက်လာလာချင်း.. ....
သူမ အတွေးတွေက အမ ပြောတဲ့ စကားတွေသာ အထပ်ထပ်ကြားယောင်ရင်း
'' ဟူးးးး ''
သက်ပြင်းချလိုက်မိရဲ့...
'' အဆင်ပြေရဲ့လား ချာတိတ်..."
'' ဟုတ် ပြေပါတယ်အကို ''
'' ပြေတယ်သာ ပြောတာ သက်ပြင်းတွေချလိုက်တာမှ "
'' မပြောတက်တော့ဘူး အကို နဲနဲတော့ စိတ်ကျဉ်းကျပ်တယ် "
'' ကိုယ့်ကြောင့် လား "
'' မဟုတ္တာ..အကိုနဲ့မို့သာ နဲနဲ ဖြေသာတာ "
စိတ်ရှုပ်နေပုံရတဲ့ သူမ မျက်နှာလေးကြည့်ရင်း...
ခ်စ္သူ အဖြစ်ဟန်ဆောင်ယုံတောင် ဒီလောက်မျက်နှာပျက်နေရင် ကိုယ္သာ မင်း ယောက်ျားမှန်းသိရင် ဘယ်လိုနေလိမ့်မလဲ ချာတိတ်
တကယ္ဆို သူမ...သူ့ကို မှတ်မိဖို့
အရင်ကဖြစ်ခဲ့တဲ့ အခြေနေတွေနဲ့ ထပ္တူ မနည်းဖန်တီးခဲ့ရတာ...
သူမ မျက်နှာလေးမြင်တိုင်း... ဆွဲနမ်းချင်စိတ်တွေ ထိန်းချူပ်ထားခဲ့ရတာ အကြိမ်ကြိမ်..
သူမ ဖြစ်တည်နေတဲ့ ကမ်ဘာလေး ပျောက်ဆုံးသွားမှ...
နာကျင်ရတာ အခါခါ
သူမ လက္ကေလးကို လှမ်းပြီး ဆွဲကိုင်လိုက်တော့..သူမ မော့ကြည့်လာသည်
'' ကိုယ်တို့ ခ်စ္သူ တွေ မဟုတ္လား "
သူမ မျက်နှာလေးရဲသွားကာ...
ခေါင်းသာ ညိမ့်ပြသည်..
နူးညံလွန်းတဲ့ ဒီလက်ကလေးတွေ...ဒီအထိအတွေ့လေးတွေကို
လွမ်းနေခဲ့တာချာတိတ်ရာ
'' ကိုယ်တို့ ပထမဆုံး ခ်စ္သူ စဖြစ်တဲ့ အနေနဲ့ ရုပ်ရှင်သွားကြည့်ကြမလား....မင်းကြည့်ချင်တယ်လို့ပြောနေတဲ့ကား ရုံတင်တယ် "
'' ဟယျ တကယ်လား အကို "
သူမ ကြည့်ချင်တယ်လို့ ခနခန ပြောနေတဲ့.
ထိုင်းသရဲကား အသံကြားတော့ မျက်နှာလေး ဝင်းလဲ့လာကာ...ကြည့်မယ် ဆိုတဲ့ရုပ်ကလေးက..
တကယ္ကို ကလေးလေး အတိုင်းပင်.......
'' အား "
သူမ ဆီက အောျသံနဲ့အတူ.....
ခြေလှမ်းပျက်ကာ ပြိုကျနေတဲ့ သူမ ကိုယ်လေးကို...သူ့ဘက်ပြန်ဆွဲကာ လှမ်းထိန်းလိုက်သည်..
မျက်နှာ နှစ်ခု နီးကပ်သွားတဲ့ အေနအထားမွာ...
သူ့မျက်နှာ ခပ်ချောချောကြောင့်...ရင်ထဲ တမျိူးလေးခံစားရရဲ့..
'' ကြည့်...ဒီကောင်မလေး ကလေးကျနေတာပဲ ကိုယ့်လက်ကို သေချာ တြဲထား "
အေးစက်စက် နိုင်မဲ့ Type လို့...
သူမ ထင်ထားခဲ့တာပေမဲ့...
ထိုလူသားဟာ.တခါတရံ....သူမအပေါ် ထင်ထားတာထက်ပိုပြီး နွေးထွေးလွန်းလှတယ်..
အမရဲ့ ခ်စ္သူဆိုတဲ့ အသိ...ဝင်ဝင်လာတိုင်း
စောင့်ထိန်းရမဲ့ စည်းတွေ ရှိလာပြန်ပါရော....
သူမလက္ကို ဆုပ်ကိုင်ထားတဲ့ နွေးထွေးတဲ့ သူ့လက်...သဘောကျလို့မဖြစ်ဘူးဆိုတဲ့အသိရယ်
လွန်ဆွဲနေတဲ့သူမကို....ပြုံးပြရင်း ဂရုစိုက်ပေးနေတဲ့ သူ့မျက်နှာကိုကြည့်ဖို့တောင် မဝံမရဲ ဖြစ်လာမိတဲ့အထိ...
ဆက်မခုန်ပါနဲ့တော့လား ရင်ခုန်သံတွေရယ်
........
ဒီရုပ်ရှင်ကို ကြည့်ချင်လှပါရဲ့ဆိုပြီး...
သူ နားထဲစွဲနေအောင်ကြားခဲ့ရတာ...
အခု တကယ်ကြည့်ရတော့ ရုပ်ရှင်ရုံထဲ အိပ်ပျော်နေသတဲ့လား...
တော်သေးရဲ့....လူရှုပ်နေတာမကြိုက်လို့ Superlog ဝယ်လိုက်မိလို့...
ဒီကေလးမ ပုံနဲ့ ဘေးလူသာရှိနေရင် မလွယ်လောက်.
ဘယ္လို ကေလးမ ပါလိမ့် သရဲကားကြည့်ပြီး အိပ်ပျော်နေသတဲ့...
ခုံပေါ်မှီ ငိုက်စိုက်ကျနေတဲ့ သူမ ကို အသာလေး သူပေါင်ပေါ် ခေါင်းအုံးစေပြီး လှဲချလိုက်ပြီး...
သူ ထပ်ဝတ်လာတဲ့... Hoodie ကို သူမ ကိုယ်ပေါ် လွမ်းခြုံပေးလိုက်သည်
သူ့အာရုံတွေ...ရုပ်ရှင်ပေါ်တွင် ရွိမေနေတာ့..
အိပ်မောကျနေတဲ့ မျက်နှာ လွလွကိုသာ ငုံမိုးကြည့်နေမိကာ အသည်းတွေယားမိတာ အကြိမ်ကြိမ်....
သူမ ကို ချစ်လာမိပြီဆိုတာ သူကိုယ်တိုင် သိလာတဲ့ အချိန်မှာ သူမက အနားမှာမရှိတော့..
သူမနဲ့ပတ်သတ်သမျှ အငွေ့အသက်တွေ အမွတ္တရေတြ ဘာဆို ဘာမွ ရွိမေနေတာ...
သူမနဲ့ ပတ်သတ်ခဲ့သမျှအကြောင်းအရာတွေကို တခုမကျန် အသေးစိတ် မှတ်မိနေပေမဲ့..
သူမ မှတ်ဉာဏ်ထဲတွင်....
မင်းတိမ်လွှာ သည် သူစိမ်းသက်သက်သာဖြစ်သည်မဟုတ်လား....
အနာဂတ်မှာ...မင်းဟာကိုယ်ရင်သွေးလေးလွယ်ထားတဲ့ ကိုယ့်ချစ်ဇနီးလေး အဖြစ်ရှိနေတယ်ဆိုတာ မင်းကို သိစေချင်တယ်
' အပြစ်ကင်းလိုက်တာ ကေလးရာ..ကိုယ့်ကို နဲနဲလေးပဲ ဖြစ်ဖြစ် မှတ်မိနေရင်ကောင်းမယ် '
သူမ ပါးပြင်နုနုလေးကို ခပ္ဖြဖြကေလး ထိတွေ့ရင်း...
သူ...
ခပ္တိုးတိုး ရေရွတ်မိတယ်....
ဒါတွေအားလုံး သူ့အပြစ်တွေကြီးပဲ မဟုတ္လား....
သူဟာ အနာဂတ်ကမ်ဘာက လာတဲ့သူဆိုတာ..သူမ သိရင်ဘယ်လိုနေမလဲ
အရာရာဟာ ကံတရားအတိုင်းပဲမို့.....
အချိန်မတူတဲ့ ကမ်ဘာမှာ သူ့ဇနီး ဖြစ်မနေတဲ့ သူမကိုရဖို့...
သူစိတ်ရှည်ရှည်နဲ့ စောင့်ရမယ်မဟုတ်လား...
အနားမှာနေခွင့် ရနေတာနဲ့တင် သူ လွမ်းသမျှ ပြေရပါတယ်..
အခုဆို ဟန်ဆောင်တာလို့သူမ သိထားတာပေမဲ့လည်း...
သူမ ချစ်သူအဖြစ်...
သူရှိနေခွင့်ရခဲ့ပြီ..
မချစ်ပဲ လက်ထပ်ခဲ့ရတဲ့ ဇနီး...
တာဝန်ကျေဆက်ဆံပေးရခဲ့တဲ့ ဇနီး အဖြစ်မဟုတ်ပဲ..
သူသိပ်ချစ်လို့....ရ အောင် လက်ထပ်ခဲ့ရတဲ့ဇနီးအဖြစ်...
သူကိုယ်တိုင် လိုလိုလားလား သူမလိုအပ်ချက်တွေကို မေတ္တာတွေ...
နွေးထွေးမှု့တွေနဲ့ စောင့်ရှောက်ပေးချင်တဲ့..
ဇနီးအဖြစ်နဲ့...
ပြန်လာခဲ့ပေးပါ ကလေးရယ်..........