ရွှေစံအိမ်ရဲ့ချစ်အိမ်မက် (အပိုင်း..၁၇)
***********************************
'' မိုးသားရေ အမ ဆီ ဆရာပို့ခိုင်းတဲ့ File တွေပါ "
အသံလာရာမော့ကြည့်လိုက်တော့ သစ္စာရှင်...
''ဟုတ် မိုးသား ကို ပေးခဲ့လေ သစ္စာ ကိုယ်တိုင်လာတာလား "
သစ္စာရဲ့ မျက်လုံးတွေဟာ...သူ့ဆီရောက်နေတာမို့ သူမ စကားတွေကြားပုံမပေါ်...
အပြန်လှန်ကြည့်နေကြတဲ့ မျက်ဝန်းတွေက သိနေကြသလိူလို...
'' အဲ့တာဆို သစ္စာ ကို ခွင့်ပြုပါအုန်းနော် "
ခပ်မြန်မြန် ထွက်သွားသလို....မျက်နှာ ပျက်သယောင်ရှိနေတာကြောင့်..
'' အကို...သူနဲ့ အသိတွေလား "
ရင်းနှီးနေပြီ ဖြစ်တာကြောင့် သူမ လှမ်းမေးလိူက်မိကာ..
သူ့ မျက်ဝန်းတွေဟာ သစ္စာနောက် ကပ်ပါသွားသလို ကြည့်နေတဲ့ အကြည့်တွေဟာ ခပ်ဆွေးဆွေး..
သူမ မေးခွန်းကို သူ မကြားလောက်ဘူး အထင်နဲ့ သူများ Personal ထပ်မစပ်စုသင့်ဘူး လို့ တွေးမိတာကြောင့်....
သူမ ဒီ ဘက်လှည့် မပြီးပြတ်သေးတဲ့ အလုပ်တွေ ဆက်လုပ်နေလိုက်ကာ.
" ချစ်သူတွေ ဖြစ်ခဲ့ဘူးတယ် တချိန်ကပေါ့ "
'' သစ္စာနဲ့လား "
'' အင်း "
'' ဘယ်လိုဖြစ်လို့ ပြတ်သွားကြတာလဲ "
'' စပ်စုလိုက်တာ ချာတိတ်မ "
'' သိချင်လို့ကို ပြောပြပါ အကိုရဲ့ နော် ''
'' ကိုယ်နဲ့ သူ တွဲခဲ့ကြတယ်....နောက်တော့ သူ ဘောစိ တယောက်နောက်ပါသွားတယ် ကိုယ်က ငမွဲမို့ ထားခဲ့တယ် ကိုယ်တို့ ဇာတ်လမ်းက ဒါပါပဲကွာ "
'' ဦးသြဇာဂုဏ် လား ''
မသိဘူးလေ ဆိုတဲ့ ပုံနဲ့ ပုခုံးတွန့်ပြရဲ့....
ဦးသြဇာဂုဏ် မှန်း သူ သိလို့ပဲ တိုက်တိုက်ဆိုင်ဆိုင် အမ နား သူရောက်လာတာမဟုတ်ဘူးလား...
'' ဘယ်လောက်ကြာအောင်တွဲခဲ့လဲ "
'' ၂ နှစ် ''
'' အကို ပုံက သူ့ကို ချစ်နေသေးတယ် ထင်တယ် "
သူ ဘာမှမဖြေ ပြုံးသာနေလေရဲ့....
တကယ်ကို ၄ ပွင့်ဆိုင် ဇာတ်လမ်းကို သူမ Live ကြည့်ခွင့်ရနေသလိုပါပဲ...
'' ဘာရည်ရွယ်ချက်နဲ့ ဘာလိုချင်လို့အမနားရောက်လာလဲ ညီမ မသိဘူး အကို ဒါပေမဲ့ အမကို ထိခိုက်နာကျင်အောင်မလုပ်ပါနဲ့နော် ''
'' စိတ်ချ ရည်ရွယ်ချက်နဲ့ လိုချင်တာက မင်းကိုပဲမို့ သူမထိခိုက်ပါဘူး "
'' ဟင်...အကိုနော် ခုနကတင် သစ္စာကို မျက်လုံးရွဲကြီးတွေနဲ့ ကြည့်နေပြီး ညီမဘက်လှည့်လာတယ် ယုံလိမ့်အုန်းမယ် "
'' ဟားးဟားးး "
သူဆိုတာ...သူမ ကို စနောက်ခဲသော်လည်း..
တခါတရံ အတည်ပေါက်နဲ့ စနောက်ပြီးရင်..
အပြုံးရယ်နဲ တဲ့ နှုတ်ခမ်းတွေက အားရပါးရ ရယ်မောနေတက်တာမျိူး...
အထူးသဖြင့် သူ မဖြေချင်တာတွေ သူမ အမေးမြန်းထူနေတဲ့အခါ..
စကားဖြတ်ချင်ရင် ထ ထ ပြောတက်တာမို့....
သူမ သဘောပေါက်လိုက်သည်..
တကယ်ကော ပျော်နေရဲ့လား အကိုရယ်
ဘာပဲ ဖြစ်ဖြစ် ယောက်ျားဟာ ယောက်ျားပါပဲ...
ဦးသြဇာဂုဏ် ဆိုတဲ့သူဟာ....အမနဲ့ စေ့စပ်ထားပါရက်နဲ့....
အမ ကိုပဲ ချစ်သလိုလိုနဲ့...
နောက်ဆုံးတော့ ဖောက်ပြန်ခြင်းတွေ ရှိနေတာပါပဲ..
အနားတောင်ခေါ်ထားလိုက်သေးရဲ့...
မုန်းဖို့ကောင်းတဲ့ ယောက်ျားတွေ..
'' သူများကိုပဲ စပ်စုနေတယ် မင်းမှာကော "
'' ချစ်သူ ရှိမရှိမေးတာလား "
သူ ခေါင်းညိမ့်ပြလိုက်သည်....
'' ထူးထူးဆန်းဆန်း အကိုက မေးခွန်းတွေထုတ်လို့ပါလား "
'' .......''
'' အခုတော့ မရှိတော့ပါဘူး "
'' အရင်ကရှိတယ်ပေါ့ "
'' အင်း... ခနပဲ တွဲဖူးတာပါ ၈ လ လောက်ပဲ လုံးဝ စိတ်ပျက်ဖို့ကောင်းတဲ့ Relationship မျိူးပဲ မျက်ရည်တွေနဲ့ တည်ဆောက်ခဲ့ရတာ...
နောက်တော့... ဖောက်ပြန်ခြင်းနဲ့ အဆုံးသတ်သွားတယ် "
''သတိရနေသေးတာလား "
'' no par စိတ်ပျက်ဖွယ်အတိမို့ ပြန်ကိုမတွေးချင်တာ...မျက်နှာပြောင်တိုက်တက်တဲ့ ကောင်မျိူး လွမ်းစရာလား နောက်မှ နောင်တရပါပြီဆိုပြီး အတင်းကို လိုက်ကပ်လို့ အိမ်ပါ ပြောင်းပြေရတယ် အမလေး အဆက်သွယ်မနည်းဖြတ်ရတာ ''
'' သြော် "
'' မိုးသားဖြူဆိုတာ အဲ့လို အချစ်ရေးကံကောင်းတာလေ ဟိဟိ "
'' မင်း နောက်တွေ့မဲ့သူက မင်းအတွက်တကယ်ကို အချစ်ရေးကံကောင်းစေမဲ့ သူမျိူးပါကွ "
'' အမယ်...သူ သိတာ ကျနေတာပဲ ဆရာကြီးပေါ့ "
ပြုံးပြနေတဲ့ သူ့အပြုံးတွေက..... တခုခု သိနေသလိုလိုနဲ့...
'' အကိုနော်.....ညီမကို အောင်သွယ်လုပ်ဖို့ကြံမနေနဲ့ "
'' ဟောဗျာ ပေါက်ကရ ကိုယ်ဘယ်တုန်းက ဒါမျိူးတွေဝင်မပါဘူး "
'' ပြီးတာပဲ "
ဒီလိုကနေပဲ သူနဲ့ သူမ တဖြေးဖြေး ရင်းနှီးလာခဲ့ကာ....
တော်ရုံ မပြောတက်တဲ့ အတွင်းရေးတွေ ပြောဖြစ်ကြတဲ့အထိ ရင်းနှီး သွားခဲ့ကြတာ...
ကိုယ်တိုင်တောင် သတိမထားမိလိုက်ကြ
....................
'' hello အမ ပြောပါ "
'' မိုးသားရေ.. နားရက်ကိုအနှောက်ယှက်ဖြစ်ရင် Sorry အမကို ခန လာတွေ့နိုင်မလား.."
'' ဟုတ်ကဲ့ ရပါတယ် အမ "
အမ ချိန်းတဲ့အတိုင်း အမ အိမ်ဆီသွားဖို့ ပြင်ဆင်ထွက်လာခဲ့ပြီး..
ဒီလိုရက်တွေမှာ ဘယ်တုန်းကမှ ဖုန်းမဆက်ဖူးတာမို့ ဘာများပါလိမ့်လို့ တွေးလာမိတာ အမှန်ပါ..
သူမ ရောက်သွားတော့ မျက်နှာ သိပ်မကောင်း..
'' အမ နေကောင်းရဲ့လားဟင် "
'' မိုးသားကို အမ အရေးတကြီး အကူညီတောင်းချင်လို့ပါ..."
'' ဟုတ် ပြောပါ အမ "
'' ခနနေရင် မင်းတိမ်လွှာ လာလိမ့်မယ် ခနစောင့်နော် အမ တမင် မင်တို့ကို နာရီဝက်ခွာချိန်းထားတာ "
ရင်ထဲ ပဟေဠိ တွေနဲ့....
သူရောက်လာတဲ့ အထိ သာ စောင့်နေလိုက်တော့သည်...
နာရီဝက်ကြာတော့....
သူရောက်လာကာ သူမတို့ စကားဝိုင်းလေး စတင်လာတော့သည်
'' အမ မင်းတို့နားရက်မှာ အနှောက်ယှက်ပေးရတာ အားနာပါတယ် အမ အကူညီတောင်းချင်လို့ပါ အထူးသဖြင့် မိုးသားပေါ့ "
'' ဟုတ်ကဲ့ အမ "
'' အမနဲ့ တိမ်လွှာအကြောင်း မိုးသားတစ်ယောက်ပဲ သိထားတာမို့လို့ပါ...အခု အမတို့ အကြောင့် ကိုကို သိသွားပုံရတယ် "
ကိုကို ဆိုတာ ဦးသြဇာဂုဏ် ကို အမခေါ်တဲ့ နာမ်စားလေးပေါ့....
မိဘသဘောတူ စေ့စပ်ထားပြီး...
နှစ်ယောက်စလုံး ကြိုက်သလိုလို ပုံမျိူး ရှိကြပေမဲ့ ချစ်သူတွေ မဟုတ်ကြတဲ့ အမနဲ့ ဦးသြဇာဂုဏ် ဟာ ငယ်ငယ်ထဲက အတူ ကြီးပြင်းခဲ့တာမို့...
အမက ကိုကို လို့ခေါ်တက်ပြီး
ဦးသြဇာဂုဏ် က နွယ်လေး လို့ခေါ်တက်တယ်...
'' သူ တခုခု ရိပ်မိနေလို့ အမနဲ့ တိမ်လွှာ အကြောင်း စုံစမ်းနေပုံရတယ် အမ အထင် သူမကြာခင်ရုံးကို ရောက်လာနိုင်တယ်....
အမ တခုခု ကြိုပြင်ထားသင့်တာမို့ မိုးသားက ကူညီဖို့လိုအပ်တယ် "
'' ပြောပါ အမ မိုးသား ဘာလုပ်ပေးရမလဲ "
'' မင်းတိမ်လွှာ နဲ့ မိုးသားဖြူ ချစ်သူတွေပါလို့ ဟန်ဆောင်ပေးနိုင်မလား တစ်ရုံးလုံးကလဲ ဘယ်သူနဲ့မှ မရင်းနှီးတဲ့ တိမ်လွှာက မိုးသားနဲ့ပဲ စကားပြောတာမျိူးလုပ်လို့ သို့လော သို့လော ထင်နေတာမို့..... မင်းတို့သာ ချစ်သူတွေပါလို့ ပြောရင်ယုံကြမှာပဲ...ဒါလဲ တကူးတက ကြေငြာစရာမလိုပဲ နဲနဲ ရင်းရင်းနှီးနှီး နေလိုက်ယုံပါပဲ "
သူမ ...
သူ့ကို လှမ်းကြည့်မိတော့.....
" ကိုယ်က အဆင်ပြေတယ်နော်...မင်း အဆင်ပြေမှလုပ်ပါ "
'' ဟို...."
'' အမ မိုးသားကို personal အကူညီတွေ မတောင်းဖူးပါဘူး..... ဒါ ပထမဆုံးအကြိမ်မို့ ကူညီပေးပါ "
သူမ အပေါ် ကျေးဇူး ရှိတဲ့ အမ.....
တခြားသူမဟုတ် သူမ ရင်းနှီးပြီးသား သူနဲ့မို့... အဆင်ပြေလောက်မယ်ထင်ပါရဲ့...
'' ဟုတ် အမ ပြောပါ မိုးသား ဘယ်လို လုပ်ပေးရမလဲ "
ဒိီလိုကနေပဲ....
သူမ Live ကြည့်နေတဲ့ ၄ ပွင့်ဆိုင် ဇာတ်လမ်းထဲသူမ ပါမှန်းမသိ ပါသွားခဲ့တော့တယ်