ရွှေစံအိမ်ရဲ့ချစ်အိမ်မက် ( အပိုင်း... ၁၆ )
*************************************
သူမ အိပ်ယာက လန့်နိုးလာခဲ့တယ်......
ဘယ်လိုအိမ်မက်မျိူးမို့ ရင်ထဲ နာကျင်နေရလဲ သူမ မသိ....
သူမ အလုပ်ဝင်နေခဲ့တာ.... ၃ နှစ်တောင်ရှိခဲ့ပြီ
အမလို့ သူမခေါ်တဲ့ သူမရဲ့ CEO ဟာ...
သူမကို လုပ်ငန်း ခွင်အတွက် လိုအပ်တဲ့ သင်တန်းအစုံ တက်ခိုင်းလေ့လာခိုင်းခဲ့တာမို့...
ဒီလုပ်ငန်းခွင်မှာ လစာကောင်းကောင်းနဲ့ professional ကျကျ လုပ်နိုင်ခဲ့တယ်....
ထိုနေ့က သူမ နောက်ဆုံး အိမ်မက် မက် ခြင်းပါ...
'' မိုးသားရေ ရုံးခန်းထဲ လိုက်ခဲ့''
သူမ က အတွင်းရေးမှူးမို့....အမ ရုံးခန်းရဲ့ အရှေ့မှာ သူမ အလုပ်စားပွဲရှိနေတာမို့
အခုမှ ရုံးရောက်လာတဲ့ အမ ဟာ သူမကို အခန်းထဲ လိုက်ခဲ့ဖို့ ခေါ်သွားတာဖြစ်သည်..
ခါတိုင်း တစ်ယောက်ထဲ ရုံးလာလေ့ရှိတဲ့ အမဟာ..
အခုတော့ အနောက်မှာ ခပ်ချောချော အမျိူးသာ တစ်ယောက်ပါလာတာမို့ ထူးတော့ထူးပြီ ထင်ပါရဲ့..
သူမကို ရင်းနှီးနေတဲ့ အမူယာနဲ့ ပြုံးပြ သွားတဲ့ ထိုအမျိူးသားကို...ကြောင်အမ်းအမ်းနဲ့ ပြန်ပြုံးပြရင်း
သေချာတာတော့ သူ့ ကို သူမ မမြင်ဖူး....
အမရည်းစားများလားလို့ တွေးခဲ့ပေမဲ့...
အမ မှာ စေ့စပ်ထားတဲ့.... အမ အရမ်းချစ်ရတဲ့
D Khit Fashion Group ရဲ့ ဥက္ကဋ္ဌ ဦးသြဇာဂုဏ် ဆိုတဲ့ အမျိူးသား ရှိနေခဲ့တယ်လေ...
အသက် ၃၇ လို့ မထင်ရအောင် အရွယ်တင်လွန်းတဲ့ ဦးသြဇာဂုဏ် နဲ့ ..
၃၄ နှစ်ပါလို့ပြောရင် ဘယ်သူမှမယုံချင်အောင် လှပ နုပျိူလွန်းတဲ့ အမ နွေဦးနွယ်တို့ အတွဲဟာ..
သူမ အပါအဝင်
လူအများ အားကျရအောင် အောင်မြင်လွန်း...
လိုက်ဖက်လွန်းတဲ့ စုံတွဲပါ...
'' သူ့နာမည်...မင်းတိမ်လွှာ အမရဲ့ ကိုယ်ရံတော် အမ ပြင်ခိုင်းထားတဲ့မင်း စားပွဲရဲ့ ဘေးက စားပွဲ မှာ သူ့ကို နေရာ ချ ပေးလိုက် "
'' ဟုတ်ကဲ့ အမ "
အရပ်ရှည်ရှည် နဲ့ ချောမောလွန်းတဲ့ သူ့ ပုံစံကို.
မျက်နှာပေါ်က အေးတိအေးစက် အငွေ့အသက်တွေက ဖျက်နေလေရဲ့....
တကယ်ကို သူမ မုန်းတဲ့ Type မျိူး........
သူ့ကို နေရာချပေးရင်း...
'' ညီမနာမည်က မိုးသားဖြူပါ အမရဲ့ အတွင်းရေးမှူးပါရှင့် အကို လိုအပ်တာရှိရင် ညီမကို ပြောနော် ''
'' ဟုတ်ပါပြီ ချာတိတ် "
''ဟင် "
'' ကိုယ် မ ဆီက ကြားထားပြီးသားပါ မင်းက ကိုယ့်ထက် ၈ နှစ်လောက်ငယ်တော့ ချာတိတ်လို့ ခေါ်မယ် "
မ ဆိုတာ အမ ကို ပြောချင်တာလား.......
ဒါဆို သူတို့ဆက်ဆံရေးက တခုခုတော့ရှိနေမှာ သေချာရဲ့...
ဒါကြောင့် ကိုယ်ရံတော် အဖြစ်ခေါ်သွင်း လာခဲ့တာကိုး
သူမ အသက် ၂၃ ဆို.....
သူ အသက် ၃၁ ပေါ့..
ဘုရား....ဘာလို့ သူမ ပတ်ဝန်းကျင်ကလူတွေ ဒီလောက်နုပျိူနေကြပါလိမ့်လို့ တွေးမိတဲ့ အထိပါပဲ....
သူ့ပုံစံဟာ သာမန်ဝန်ထမ်းဆိုပေမဲ့....
တခြား သူတွေအပေါ် အခေါ်အပြောနည်းကာ.. အေးတိအေးစက် နိုင်လွန်းလှသည်..
အပြုံးအရယ်မရှ်ိ...
ခံစားချက်မရှိ....
ဒီလိုလူက သူမ ကို ကျမှ လူကြားထဲ မရှောင် ချာတိတ်လို့ တရင်းတနှီး ခေါ်တက်တာမို့..
တစ်ရုံးလုံးက အံသြရသည်အထိ....
တာဝန်ရယ်လို အတိအကျမရှိပေမဲ့... အမ သွားရာနောက် အမြဲ လိုလို သူ ပါသွားတက်သည်..
တခါတရံ သူမ မပါပေမဲ့...
သူကတော့ အမြဲ လိုလို ပါသွားတက်တာဖြစ်ကာ..
အမ လို မာနကြီးတဲ့အမျိူးသမီးဟာ အထူးတလည် သူ့အပေါ် အရေးပေးလှတာဟာ...
အခုတလော ခြေလှမ်းပျက်နေတဲ့ ဦးသြဇာဂုဏ် ကြောင့်များလား...
အမကလွဲ ပြီး.. ဘယ်မိန်းမနဲ့မှ အရောတဝင်မရှိလှတဲ့ ဦးသြဇာဂုဏ် ဟာ.
လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သူမ နဲ့ မတိမ်းမယိမ်း ခပ်ငယ်ငယ်ကောင်မလေးတယောက်ကို အတွင်းရေးမှူး အသစ်ခန့်လိုက်ကာ...တပူးတွဲတွဲရှိနေတက်သည်....
သို့သော်....ထိုမိန်းကလေးနှင့် တွဲနေကြပါသည် လို့ သတင်းမထွက်...
သဝန်တိုတက်သူ အမ အဖို့ ဦးသြဇာဂုဏ် နားက ထိုမိန်းကလေးဟာ သဝန်တိုဖွယ်အတိ ဖြစ်နေမှာ အသေအချာပင်...
ထိုမိန်းကလေး နာမည်... သစ္စာရှင်
တော်တော်လေးကို လှပတဲ့ မိန်းကလေးပါ...
D khint နဲ့ King ဟာ ကင်းလို့မရတဲ့ Company နှစ်ခုဖြစ်တာကြောင့်...
တချိူ့ project တွေမှာ သူမ သစ္စာရှင်နဲ့ လက်တွဲ အလုပ်လုပ်ဖူးသည်..
လုပ်ရည်ကိုင်ရည်ရှိသလို တကယ်တော်တဲ့ မိန်းကလေးပါ....
ဒီ လူ ၄ ယောက်ရဲ့ ၄ ပွင့် ဆိုင် အချစ်ဇာတ်လမ်းမှာ သူမဟာ ဘေးကနေ ကြည့်နေတဲ့ ပွဲ ကြည့်ပရိသတ်ပေါ့..
တဖြေးဖြေး နဲ့ သူမ.... သူနဲ့ ရင်းနှီးလာတယ်..
သူပုံစံဟာ တခါတလေ အေးတိအေးစက်နဲ့ ဆက်ဆံတက်ပေမဲ့လဲ.. တခါတလေကျတော့ သူကပဲအရင် ရင်းရင်းနှီးနှီး ဆက်ဆံတက်တာမျိူး..
ခင်ဖို့ကောင်းတာတော့အမှန်ပါ....
သူနဲ့ သူမ မှာ သူမ သာ စကားတွေ အဆက်မပြတ်ပြောတက်ပေမဲ့...
သူကတော့ အများစု ငြိမ်သက်လို့ နားထောင်ယုံသာ...
'' ချာတိတ်..ဘာတွေလဲ "
ထမင်းစားခန်းထဲမှာ....ခေါက်ဆွဲပြုတ်စားဖို့ပြင်နေတဲ့ သူမကို...သူ မေးလိုက်တာမှန်း သိလိုက်တာမို့
'' ခေါက်ဆွဲပြုတ်အကို "
သူမတို့ ရုံးမှာက ထမင်းစားခန်းသုံးလို့ရသလို kitchen လေးပါတွဲထားပေးတာမို့..
အချိန်ရ ရင် ရသလို ချက်ပြုတ်စားလို့ရသည်...
ထိုကြောင့်.... ရေခဲသေတ္တာထဲ ကြက်ဥ ခေါက်ဆွဲခြောက်တွေနဲ့ မုန့်တွေ သူမအပါဝင် တစ်ရုံးလုံးက ဝယ်ထည့်ထားတက်ကြသည်...
'' ထမင်းစားချိန်ကြီးကို ခေါက်ဆွဲစားမလို့လား ''
'' ထမင်းစားချိန်ရောက်တိုင်း ထမင်းပဲစားရမယ်လို့မှ ဥပဒေမရှိတာ အကိုရ... ညီမ ရှယ်ပြုတ်ထားတာ အရွက်တွေရော CP တောင်ပါသေးတယ် "
''ကိုယ် စားလို့ရမလား "
'' ညီမ လုပ်ပေးမယ်လေ... ''
သူမစကားကို သူ စိတ်ဝင်စား ပုံမပေါ်...
တူ တစ်ချောင်း ယူချ လာကာ...
သူမ နဲ့အတူ တစ်ပန်းကန်ထဲ လာခပ်စားနေသည်မှာ...
ခါတိုင်း ချေမိုးနေတဲ့ သူ မဟုတ်တဲ့အတိုင်း...
ကိုယ်စားလို့ရမလားဆိုတဲ့စကားဟာ...
ခွင့်တောင်းတာမဟုတ်ပဲ အသိပေးစကားဖြစ်ဟန်တူသည်...
သူမ ခွင့်ပြုသည် မပြုသည်ပင်မပြောရသေး သူဝင်စားနေပြီမဟုတ်လား...
အကိုဟာ ဘယ်လို လူပါလိမ့်.....
ဘာကြောင့် ညီမ ကိုမှ ရင်းနှီးဟန်ပြလိုက်...စိမ်းကားလိုက်နဲ့ ထူးထူးဆန်းဆန်း ပြုမူနေပါလိမ့်...
ထိုနေ့က စပြီး....
သူမ ခေါက်ဆွဲပြုတ်စားတိုင်း.... သူ လာလာဝင်စားတက်သည်...
နောက်ပိုင်းခေါက်ဆွဲမှ မဟုတ် ဘာစားစား သူအမြဲ လာဝင်စားတက်လာသည်...
နေစဥ် ပုံမှန် အပြူအမူလို ဖြစ်လာသည်မို့...
သူမတို့နှစ်ယောက်အတွက် ထူးဆန်းတာမျိူးမဏှိတော့သလို..
ဘာစားစား နှစ်ယောက်စာ ပြင်ဆင်တက်လယသည်အထိပင်...
အကိုဟာ သူမအတွက် အရင်းနှီးဆုံး လူသားတစ်ဦးပါပဲ...
တွယ်တယတက်တဲ့ သူမအတွက် သူဟာ...
မိသားစုဝင်လို မိတ်ဆွေလို ရင်းနှီးလာကြသည်အထိ..
နီးစပ်ခဲ့ကြသော်လည်း...
တစ်ယောက်နဲ့တယောက် ရင်ခုန်တာမျိူး မဖြစ်ကြတာ ထူးဆန်းတယ်မဟုတ်လား.....