ဓိ သူမရဲ့ နှုတ်ခမ်းလေးတွေကနေ
စပြီးသိမ်းပိုက်လာကာ လည်တိုင်
ဖြူဖြူလေး အပေါ် ရောက်လာပြီး
သူ အနမ်းကြမ်းတွေနဲ့ အဆက်မပျက်
နမ်းရိူက်နေမိကာ... လည်းတိုင်
ဖြူဖြူလေးပေါ်ကို ကိုက်ချလိုက်တော့
"ဟင့်အင်း..အာ..."
သူမ ပါးပြင်မှာ မျက်ရည်လေးတွေ
စီးကျလာပြီး ခေါင်းလေးခါနေမိ
သော်လည်း သူ့ကတော့ ဘာကိုမှ
သတိမမူကာ သူမ နှုတ်ခမ်း လွှာ
လေးကို ထပ်မံ စုပ်ယူ နမ်းရ်ှိုက်လိုက်
တော့ သူမ သူကျောပြင်ကြီးကို ကုတ်ကာ
ခြေချောင်းလေးတွေပင် ကော့တက်သွား
မိ၍...မျက်ဝန်းလေးမှာတော့ မျက်ရည်
တွေက အဆက်မပျက် ကျနေတော့သည်။
ဓိ သူ နမ်းနေရင်း စိတ်တွေကို မနည်း
ထိန်းချုပ်ကာ ခုန်နေသော ရင်ခုန်သံ
တွေကို ဘရိတ်အုပ်လိုက်ကာ....သူမ
ရင်ညွှန့် မို့မို့လေးထပ် အနမ်းများရဲ့
အဆုံးသတ်အနေနဲ့ ကိုက်ချလိုက်ပြီး.နဖူး
လေးကို နမ်းလိုက်ကာ..သူ သူမကိုယ်လေး
ပေါ်က နေ သူမ ရဲ့ မျက်ရည်တွေ စိုနေသော
မျက်ဝန်း လေးတွေကို စိုက်ကြည့်ကာ...
"ဘာလို့ ငိုနေရတာလည်း..."
သူမ သူ့မျက်နှာကို မကြည့်ရဲစွာ
ပိုပြီး မျက်ရည်တွေ ကျလာကာ
ပလက်ကလေးကနေ ခေါင်းလေး
ကို စောင်းလိုက်ပြီး နေတော့ ဓိ
သူလွန်သွားတာကြောင့် သူမကိုယ်
လေးပေါ်ကနေ ဘေးမှာ လှဲချလိုက်ပြီး
သူမကို ရင်ခွင်ထဲ ထည့်ဖက်ထားတော့
"ကိုယ်...တောင်းပန်ပါတယ်.. "
သူမလေးက ရုန်းလည်းမရုန်းသလို
သူ့ကို ဘာမှ မပြောတာကြောင့် သူမျက်
ဝန်းတွေမှတ်လိုက်တော့သည်။
သူမ သူ့ဆီက တောင်းပန်သံကြောင့်
မျက်ရည်တွေ ရပ်သွားပြီး သူ့ရင်
ခွင်ထဲကနေ မော့ကြည့်တော့ သူက
မျက်ဝန်း တွေ မှိတ်ထားတာကြောင့်
သူမ သူ့ရင်ခွင်ထဲမှာပင် ငြိမ်နေမိသည်။
သူမ ဇော်ရဲ့ မျက်နှာကို ပြန်မြင်ယောင်
လာပြီး သူမကိုယ်သူမ ဇော်အပေါ် သစ္စာ
ဖောက်မိသလို ခံစားနေရသည်။
တစ်စိမ်းယောကျာ်းတစ်ယောက်ရဲ့
အနမ်းတွေနဲ ထိုလူရဲ့ ရင်ခွင်ထဲမှာ
သူမ အခုလို ရှိနေတာ သူမ
မသင့်တော်မှန်းသိပင်မဲ့လည်း
အခု ချမ်းအေးနေတဲ့ ရာသီဥတု
ကြောင့် သူမလည်း သူ့ရင်ခွင်ထဲက
ရုန်းမထွက်နိုင်ပေ။
သူ့ရင်ခွင်ကြီးက သူမအတွက် နွေးထွေး
နေတဲ့လို့ ဘာလို့ ခံစားနေရတာလည်း....
သူမ တွေးနေပြီး မျက်ဝန်းလေးများက
စင်းလာက. အိပ်ပျော်ချင် အဖြစ်သို့
ရောက်သွားတော့သည်။
ဓိ သူမ အိပ်ပျော်သွားမှ မျက်ဝန်းတွေ
ပြန်ပွင့်လာပြီး မျက်ရည်တွေ မခြောက်
သေးသော သူမရဲ့ မျက်နှာလှလှလေး
ကို သူ ကြည့်ပြီး သင်ပြင်းလေးအသာ
ချလိုက်ကာ..ရာသီဥတုကြောင့်လား
သူမရဲ့ နူးညံ့တဲ့ အထိအတွေ့ကြောင့်
လား မပြောတက်....ဓိ သူမကို
ရင်ခွင်ထဲကနေ မထုတ်ပေးချင်တော့
တဲ့အထိ စိတ်တွေ စိုးမိုးသွားခဲ့သည်။
သူ သူမ နဖူး လေးကို တစ်ချက်နမ်း
လိုက်ပြီး သူ့ရင်ခွင်ထဲက သူ့မကိုယ်
လုံးလေးကို ကျစ်နေအောင် ပိုတိုးဖက်ထားလိုက်ကာ သူ နှုတ်ခမ်းတွေမှာ
အပြုံးတွေက တော်တော်နဲ့ မပျောက်
သွားပေ။
ရာသီဥတုကြောင့်လား သူမကြောင့်လား
ဆိုတာတော့ ဓိတစ်ယောက်သာ သိပါလိမ့်မည်။
ငိုနေတဲ့ သူမလေးကတော့ အေးလိုလား
မသိ သူ့ရင်ခွင်ထဲ ပိုတိုးဝင်နေတဲ့ပုံက
စောစောက သူနမ်းလိုက်လို့ ပုံနဲ့ နည်းနည်း
မှမတူ...
ဓိ တွေးပြီး နှုတ်ခမ်းပါးမှာတော့ အပြုံး
တွေက တစ်ညလုံး ခိုတွဲနေတော့မှာတော့
အမှန်ပင်။
------------=--===========-------–^^^^^🍓🍓🍓🍓🍓🍓🍓
"အာ..ချမ်းလိုက်တာ ကိုဘက်
မချမ်းဘူးလား.. "
သူရိမ်ဆိုတဲ့ ကောင်လေးက
ဂွမ်းစောင်ကြီးထဲကနေ မေး
တော့ ဘက် အပြင်မှာ ငုတ်တုတ်
ထိုင်ကာ တစ်ခုခု ကို အသဲသန်စဥ်း
စားနေရင်း...
"ချမ်းတယ်..."
သူ့ရဲ့ အေးစက်စက် မဖြေကြောင့် ထို
ကောင်လေး မျက်နှာလေးမဲ့သွားကာ..
"ကိုဘက်ကလည်း ချမ်းတယ်လည်း
ပြောသေး နေပုံကလည်း အပူမိနေတာ
ကျနေတာပဲ..."
ပြောပြီး စောင်ခေါင်းမြူးခြုံသွားတဲ့
ကောင်လေးကို ဘက်ကြည့်ကာ
ပြုံးပြီး...နှုတ်ခမ်းကနေ အသံတိုး
တ်ိုးလေးဖြင့်....
"အပူမိတာ မဟုတ်ဘူး...တစ်ခုခုကို
အရမ်းသိချင်နေတာ မင်းတို့မှ မသိတာ..."
ဟုတ်ပါတယ်..ဘက်စဥ်းစားနေမိတာ
သူ့ရဲ့ အကိုလေး အကြောင်းပါပဲ...
သူ့ကို ပြောသွားတော့က မွန်ပြည်နယ်ဘက်
Project အတွက်သွားမယ်ဆိုပြီး ပြောခဲ့တာ
ဖြစ်သည်။
အခုက မိန်းမရနေပြီဆိုတော့ ဘက်အခု
အချိန်ထိ အံ့သြလို့ မဆုံးပေ။
ဘယ်ကကနေ မိန်းမ ရသွားတာလည်း
မပြောတက်...ပြန်ပေးဆွဲခံရရင်းနဲ့များ ရသွား
တာလားမသိ။
ဘက် မျက်ခုံးတွေ ပင့်တက်သွားတဲ့
အထိ စဥ်းစားနေမိသည်။
တကယ်သာ မိန်းမ ယူသွားခဲ့ရင်
ခနဲ့ ပြဿနာတွေ ဘယ်လိုတွေ ဖြေရှင်း
မလည်းမသိ....
မမလေးခက အကိုလေးအပေါ် တော်တော်
ကိုသံယောဇဥ် ရှိရှာတာ အခုလို သိရင်
သူမ တော်တော် ဝမ်းနည်းလောက်မည်။
Ring Ring Ring Ring.....
Ring Ring Ring Ring
Ring Ring Ring Ring....
"ဟင်..."
သူ စဥ်းစားနေရင်း ဖုန်းဝင်လာတာကြောင့်
ကြည့်လိုက်တော့ မမလေးခရဲ့ ဖုန်း
ဖြစ်နေတာကြောင့် သူကိုင်လိုက်ကာ..
"hello...မမလေး..."
"ကိုဘက်...က်ိုကိုနဲ့ ပြောဖြစ်လားဟင်..."
မမလေး အမေးကြောင့် ဘက်
ဘာဖြေရမှန်း မသိဘူး ဖြစ်နေကာ...
"ဟို..ဟို..."
တစ်ဖက်တွင် ခတစ်ယောက် မျက်မှောင်လေး
ကုတ်နေ၍...
"ကို ဘက် ဘာဖြစ်နေတာလည်း...ကိုကိုနဲ့.အဆက်သွယ် ရလားလို့..."
ဘက် ခေါင်းကုတ်လိုက်၍...
"ဘာမှ မဖြစ်ဘူး မမလေး
ချမ်းနေလို့ အကိုလေးနဲ့လည်း
အဆက်သွယ်မရဘူး ရတာနဲ့.ကျွန်တော်
ပြောပေးပါ့မယ်..."
"အွန်းပြီးရော...အာ့ဒါဆို ခ
ဖုန်းချလိုက်တော့မယ်နော်..."
"ဟုတ်ကဲ့ မမလေး.. "
ဘက် မမလေးထ ဖုန်းချသွားတော့
မှ သူ သက်ပြင်းအသာ ချလိုက်ကာ
အချိန်လည်း မရှိတော့တာကြောင့်
တဲလေးထဲက အိပ်ယာလေးထဲ ဝင်လဲလိုက်ပြီး
သက်ပြင်းတွေသား ချနေလိုက်တော့သည်။
--------===========-----------^^^^^🍓🍓🍓🍓🍓🍓🍓
"ဖေကြီးရေ လုပ်ပါအုံး သမီးလေး
သူ့သူငယ်ချင်း မင်္ဂလာဆောင်ကို
မရောက်လားဘူးတဲ့ အဟင့်...."
ဒေါ်ကဗျာမေ သူမရဲ့ သမီးဖြစ်သူ
မရောက်လာတာကြောင့် သမီးရဲ့
သူငယ်ချင်း ဖုန်းဆက်ပြောလို့
သိရကာ စိုးရိမ်ပြီး ငိုနေမိတော့သည်။
ဦးကျော်သူ ကော်ဖီသောက်နေတူံး
ဇနီးသည်က လာပြောတာကြောင့်
သူလည်း စိုးရိမ်သွားကာ...
"သမီးကို ဖုန်းဆက်ကြည့်လေကွာ..."
"အဟင့်..ဆက်တာပဲရှင့် ဖုန်းက စက်ပိတ်
ထားတယ်...အဟင့် ကျွန်မတော့ သမီးလေး
ကို အရမ်းစိတ်ပူတာပဲ...အဟင့်..ဟင့်.."
ပြောပြီး ငိုနေတဲ့ ဇနီးသည်ကြောင့် ဦးကျော်သူ
သမီးအတွက် စိုးရိမ်လာကာ...
"သား ဇော်ကိုလည်း ဆက်ကြည့်ပါအုံး...မေရယ်..."
ထိုအခါ ထိုဒေါ်ကဗျာမေ မျက်ရည်တွေနဲ့
ခေါင်းငြိမ့်ပြကာ...
"ဟုတ်ကဲ့ ကို..."
သူမပြောပြီး လက်ထဲက ဖုန်းကို
ဖွင့်ကာ သားဇော်ကို ဖုန်းခေါ်လိုက်တော့...
"Hello...သား...အန်တီ မေပါ..."
ဇော် ရေချ်ိုးခန်းပြင်နေတုံး ဖုန်းလာ
တာကြောင့် ကြည့်လိုက်တော့
သူမရဲ့ အမေ ဖြစ်နေတာကြောင့်
သးကိုင်လိုက်သည်။
"ဟုတ်ကဲ့ အန်တီ ပြောပါ...''
"သား သမီးနဲ အဆက်သွယ်ရသေး
လားဟင်..."
ဇော် အန်တီအမေးကြောင့် ရင်ထဲ
တစ်မျိဖြစ်သွားကာ...
"ဘာလို့လည်း အန်တီ... သွားတဲ့နေ့က
ကျွန်တော်နဲ့ ဖုန်းပြောတယ် အန်တီ
ပြီးတော့ သူရောက်ရင် ဖုန်းခေါ်မယ်
လို့လည်းပြောတယ်...."
"သမီး..သမီးက သူ့ငယ်ချင်း
မင်္ဂလာဆောင်ကို အခုထိရောက်မလာ
သေးဘူးတဲ့..."
ဇော် မျက်ခုံးတွေ ပင့်တက်သွားကာ..
"လမ်းမှာ ကားတစ်ခုခု များ
ဖြစ်လို့လား အန်တီ...."
"မသိပါဘူး သားရယ် ဖုန်းစက်တော့လည်း
ပိတ်ထားတယ်ကွယ်..."
ဇော် သူမအတွက် စ်ိုးရိမ်လာကာ...
"အာ့ဒါဆို အန်တီ..ကျွန်တော်
ပြန်ဆက်သွယ်မယ်နော် သူမကိုလည်း
ကျွန်တော်ဆက်သွယ်လိုက်အုံးမယ်
မရရင် ကျွန်တော် လိုက်သွားမယ်နော်
အန်တီ...အရမ်းလည်း မစိုးရိမ်နဲ့..."
"အေးပါ သားရယ်.."
ဒေါ်ကဗျာ ဖုန်းချလိုက်ပြီး သူမကို
မျှော့လင့်တကြီးကြည့်နေသော
ခင်ပွန်းဖြစ်သူကို ကြည့်ကာ...
"ကိုရယ် သမီးလေးက သားဇော်နဲ့လည်း
ဒီရက်ပိုင်း အဆက်သွယ် မရှိဘူးတဲ..
အဟင့်...ကျွန်မ သမီး..သမီးလေးတော့
ဒက္ခရောက်ပြီ ထင်တယ်...အဟင့်..ဟင့်..."
ဇနီးဖြစ်သူ အပြောကြောင့် ဦးကျော်သူလည်း
စိုးရိမ်သွားကာ ထရပ်လိုက်ပြီး...
"ငါ...အဲဒီမှာ ရှိတယ် သူငယ်ချင်းကို
ဆက်သွယ်ကြည့်အုံးမယ်မေ...မင်းအရမ်း
လည်း မစ်ိုးရိမ်ပါနဲ့ သမီးက ဘာမှ မဖြစ်ပါဘူး.."
ပြောကာ အပေါ်ထပ်ကို ခပ်သုတ်သုတ်တက်
သွားတဲ့ခင်ပွန်းဖြစ်သူကို ဒေါ်ကဗျာမေ
ကြည့်ပြီ ခေါင်းလေးငုံ့ကာ သမီးအတွက်စိုးရိမ်၍ မျက်ရည်
တွေ ကျလာတော့သည်။
တစ်ဖက်တွင်လည်း ဇော် သူမရဲ့ ဖုန်းလေး
ကို ခေါ်လ်ိုက်တော့...
"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်
ထားပါတယ်ရှင်.."
"တောက်..."
ဇော်သူမအတွက် စိုးရိမ်လွန်းသဖြင့်
ရေးချိုးခန်းထဲ အမြန်ပြေးဝင်ပြီး
ရေချ်ိုးကာ ကားသော့ယူပြီး
တစ်နေရာကို မောင်းထွက်လာခဲ့တော့သည်။
-------------------------------------------^^^^^🍓🍓🍓🍓🍓🍓🍓
မနက် အပြင်ဘက်က ဆူညဏ်သံ
တွေကြောင့် ဓိနိုးလာခဲ့သည်။
သူ မျက်ဝန်းတွေပွင့်လာတော့
သူ့ရင်ခွင်ကို မျက်နှာလေးအပ်ကာ
အိပ်ပျော်နေသော သူမကြောင့် သူပြုံး
လိုက်ပြီး ငြိမ်နေမိသည်။
"အင်..."
ခဏနေတော့ သူမလေး အသံလေး
ထွက်လာကာ သူ့ကို ပိုတိုးဖက်လိုက်တာ
ကြောင့် ဓိ ရင်ခုန်သံတွေ မြန်လာပြီး
အစက်အပျောက်ကင်းစင်သော သူမ
မျက်နှာဖွေးဖွေးလေးကို ကြည့်၍...
နမ်းချင်စိတ်များ တဖွားဖွား ဖြစ်လာကာ
နဖူးလေးကို နမ်းဖို့ပြင်တော့...သူ သတိ
ပြန်ဝင်သွားပြီး သူ့ရင်ခွင်ထဲက သူမကိုယ်လေးကို တွန်းထုတ်လိုက်ပြီး အမြန် ထရပ်လိုက်သည်။
"အာ့...သေပါပြီ..."
သူ တွန်းလိုက်တဲ အရှိန်ကြောင့်
သူမ ကွပ်ပစ်လေး ဘေးရောက်
သွားပြီး ဝါးလုံးလေးနဲ့ ခေါင်းကို
စောင့်မိသွားပြီး ညီးကာ ထရပ်လိုက်
ပြီး သူ့ကို မကျေမနပ်ကြည့်ကာ...
"ရှင်..ဘယ်လို လုပ်လိုက်တာလည်း..."
"Sorry..ငါ..."
"ဟင့်...ရှင် ရှင့်အသား မဟုတ်တိုင်း
မညာမတာ သူများ အိပ်နေတာကို
ညကတောကတော့ သူမဟုတ်တဲ
အတိုင်း အဟင့်..ဟင့်..သူများကို.."
"ဟာ..ဟိတ်..မင်းတိတ်တော့..ညက
ငါ...ငါ..မင်းကိုပြောသားပဲ ငါ့ရင်ခွင်
ထဲ လာမအိပ်နဲ့လို့...''
သူမ နာသွားသော ခေါင်းလေးကို
ကိုင်ရင် သူ့ကို မကျေမနပ်ကြည့်၍...
"စိတ်ချ...ရှင့်အသားကို ဘယ်တော့မှ
မထိဘူး ရှင်နဲ့လည်း မနေဘူး.."
အင်္ကျီ ပိုသီဘက်သီလေးနဲ့ ကပိုကရို
ဖြစ်နေသော်လည်း သူမပုံစံလေးက
ဘယ်အချိန် ကြည့်ကြည့် လှပနေတာပါပဲ...
သူမ သူ့ကို အမြင်ကပ်စွာ...တဲလေး
အပြင်ထွက်ဖို့ လုပ်တော့ ဓိ ဒီပုံစံနဲ့
အပြင်ထွက်တော့မဲ့ သူမကြောင့်
သူ အမြန်ပြေးပြီး သူမခါးလေးကနေ
ကောက်ပွေ့လိုက်တော့..
"အမေ့ အို..ရှင်..ဘာလုပ်တာလည်း လွတ်..."
"မင်း ဒီပုံစံနဲ့ အပြင်ထွက်မလို့လား
ဟိုတနှာရူး တာတီတွေ့ရင် မင်းကို
အလွတ်ပေးမယ်ထင်လို့လား..."
သူမ ကိုယ်လေးကို ပွေ့ချီထားတဲ့
သူ့ရငမဘက်ကို သူမ လက်သီး
လေးတွေနဲ့ ရိုက်နေပြီး...
"ဖယ်...အဲဒီလူက ရှင့်လို အခွင့်အရေး
ယူပြီး ကျွန်မကို ပစ်ထားမှာမဟုတ်ဘူး
ဖယ် ရှင်က အဲဒီလူထပ်ဆ်ိုးတယ်..
ဖယ် ကျွန်မကို လွတ်..."
သူမ သူ့ကို စိတ်ဆိုးပြီး ဘယ်လောက်
ထုရိုက်ရိုက် သူက မလွတ်ပေးဘဲ..သူမ
ကိုယ်လေးကို ကွပ်ပစ်လေးပေါ်တင်
လိုက်ပြီး...
"ဘာလည်း မင်းအစားမခံရသေးလို့
အစားခံချင်နေတာလား.."
"ဘာ.."
သူမ သူ့ရဲ့ အပြောကြောင့် မျက်နှာလေး
နီသွားကာ ဒေါသလေး ဖြစ်သွားပြီး
သူမကိုယ်လေးကို ဖိထားတဲ့ သူ့ရင်ဘက်ကြီး
ကို ကိုက်ချလိုက်တော့သည်။
"အား......မင်းငါ့ကို ကိုက်တယ်..."
"ဟုတ်တယ် ဘာဖြစ်လည်း.. "
သူ့ကို မကျေမနပ်ပြန်ပြောနေတဲ့ သူမကို
သူကြည့်ပြီး ခပ်ညစ်ညစ်ပြုံးကာ..
"ရတယ်လေ..ဒီတစ်ခါ ငါ့အလှည့်.. "
"အို..အာ...လူယုတ်မာကြီး...''
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း