သူမကို ဖက်လိုက်တဲ့သူ့ကြောင့်
သူမလန့်သွားကာ...သူ့ရင်ခွင်ထဲက
နေမော့ကြည့်ပြီး..
"ရှင်..ဘာလုပ်တာလည်း..."
"ရူး...."
"ဟင်...''
သူ သူမနှုတ်ခမ်းနားကို တိုးတိုးနေရန်
လုပ်ပြတာကြောင့် သူမ သူ့ကို နားမလည်
သလို မျက်ဝန်းလေးပြူး ကာပြောကြည့်နေတော့ ဓိ သူမပါးလေးနား ကပ်ကာ...
"ငြိမ်ငြိမ်နေ.... အပြင်မှာ လူရှိတယ်..."
သူမ သူ့အပြောကြောင့် လန့်သွားကာ
သူ့ခါးကြီးကို တင်းနေအောင် ထပ်ဖက်
လိုက်တော့ ဓိ နှုတ်ခမ်း တို့ကပြုံးမိသွားကာ...
ခဏနေတော့ အပြင်မှာ မရှိတော့ဘူး ထင်တော့မှ သူမကို လွတ်ပေးလိုက်ပြီး..
"Sorry..."
သူမလည်း သူ့ကို မော့မကြည့်ရဲ့စွာ
"ရ...ရပါတယ်..."
ဓိ ရှက်နေသော သူမကြောင့် သူမ အနေ
ခက်မှာဆိုးတာကြောင့် တဲလေးထဲကို
ဝေ့ကြည့်ပြီး စင်လေးပေါ်က သူမအိပ်ဖို့
ခေါင်းအုံးနဲ့စောင်လေးကို ယူပေးဖို့လုပ်
တော့ ဖုန်တွေပေကါ ညစ်ပတ်နေတာကြောင့်
သူ အပေါ်ထပ်အင်္ကျီလက်ရှည်ကို ချွတ်လိုက်
ပြီး....ကွမ်းပစ်လေးအပေါ်တင်လိုက်ပြီး
အခု အချိန်ထိ ခေါင်းငုံ့ကာရပ်နေသော
သူမကို တစ်ချက်ဝေ့ကြည့်ကာ...
"မင်း....လာနားလိုက်ပါလား....
အားရှိအောင်..."
"ဘာ...."
သူပြောတော့ သူမခေါင်းလေးမော့
လာကာ သူ့ကိုအော်လိုက်တော့ ဓိ
မျက်ခုံးတွေပင့်တက်သွားကာ...
"ဘာတွေ တွေးနေတာလည်း ငါက
မင်းရဲ့ အားမရှိတဲ့ ပုံစံကြောင့်
ပြောနေတာ..."
သူမ သူ့ကို ရန်ပြန်တွေ့ချင်သော်
အခုအခြေအနေက သူ့ကို မှီခိုနေရတာ
ကြောင့် သူမ ခေါင်းလေးငြိမ့်လိုက်ပြီး
ကွတ်ပစ်လေးပေါ်ထိုင်လိုက်ပြီး
ဘေဘီကို ကြည့်နေတော့ ဓိသူမကို
ကြည့်ကာ...
"အိပ်လေ...."
သူပြောတော့ သူမ သူ့ကိုခေါင်းလေး
မေ့ကြည့်ကာ...ခေါင်းလေးခါပြလိုက်ပြီး..
"ဟင့်အင်း သူမ မအိပ်ပါဘူး... ''
"မရဘူး အိပ်ရမယ်...."
သူမ မအိပ်ဘူးလို့ပြောတာကို အတင်အိပ်
ခိုင်းနေတဲ့သူ့ကြောင့် သူမ မျက်စောင်း
လေးထိုးလိုက်ပြီး...
"အို...ရှင်ဘယ်လို ဖြစ်နေတာလည်း
သူမ မအိပ်ပါဘူးဆို..."
ဓိ မသိရင်လဲတော့မဲ့ သူမကို ကြည်ကာ
စိတ်မရှည်တော်ဘဲ အနားတိုးသွားတော့
သူမက သူ့ကို မျက်ဝန်းလေးပြူးပြီး
ကြည့်နေပြီး ရင်ဘက်ကို လက်ကလေး
နဲ့ ကွယ်ဝှက်ကာ...
"ရှင်...ရှင်..ဘာလုပ်မလို့လည်း...."
ဓိ သူမအနားတိုးသွားပြီး...
"ဒီမှာ မင်းကို ဘယ်သူမှ စိတ်မဝင်းစား
ဘူး ငါအစီအစဥ် ရှိလို့ မင်းအားရှိပြီး
ပြေးနိုင်အောင် အိပ်ခိုင်းနေတာ..."
အာ့တော့မှ သူမသဘောပေါက်ပြီး
မျက်နှာလေးရဲသွားကာ....ခေါင်းလေး
ငြိမ့်လိုက်ပြီး လှဲလိုက်သော်လည်း သူမ
ရှက်ရွံ့စွာ သူ့ဘက်မလှည့်ရဲပေ။
ပြီးတော့ သူမ အရမ်းပင်ပန်းနေပြီ ဖြစ်တာ
ကြောင့် အရမ်းနားကျင်နေသော်လည်း သူ့
ကြောင့် စိတ်ကိုတင်းခံထားသော်လည်း
အခုတော့ သူမ ပင်ပန်းလာတဲ့ ဒဏ်ကြောင့်
မျက်ဝန်းလေးတွေ မှိတ်ထားလိုက်တော့သည်။
ဓိ ခဏလေးနဲ့ အိပ်ပျော်သွားတဲ့ အမျိုသမီး
ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး..သတွေး
မျိုချလိုက်မိသည်။
အရှိုက်အဖိုတွေနဲ့ လှပလွန်းနေသော
အရာတွေကြောင့် ဓိ မျက်ဝန်းတွေ
အမြန်လွဲလိုက်ကာ တစ်ဖက်ကို လှည့်
နေလိုက်ပြီး....ပြုံးလိုက်ကာ...
တော်သေးတယ်..မအိပ်ချင်လို့ဘဲ....
ဒေါက်..ဒေါက်..ဒေါက်....
ခဏကြာတော့ တဲလေးရဲ့ တံခါးကို လာ
ခေါက်တာကြောင့် အခန်းထဲဝင်လာ
မှာဆိုးလို့ ဓိအမြန်ထပြီး တံခါးဖွင့်ကာ
သူ့အပြင်ထွက်လိုက်တော့ ထိုကောင်လေး
က သူ့ကို ကြည့်ပြီး...လက်ထဲတွင် အသီးတွေနဲ့ ထမင်းပါသော အစားသောက်တွေကို
ဗန်းတစ်ခုထည်းထည့်ပြီး ကိုင်ထားကာ...
"အကို ကျွန်တော် ညနေစာ လာပို့တာ...."
"ဟုတိပြီ ညီလေး ကျေးဇူးပါ... "
"ရပါတယ်ဗျ....အကိုတို့ ဒါတွေကို
စိတ်သန့်သန့်နဲ့စားနော်..ကျွန်တော်ကိုယ်
တိုင်ချက်ထားတာ...ပြီးတော့...ညဘက်အိပ်
ရင် သတိနဲ့ အိပ်နော်..."
ဓိ မျက်ခုံးပင့်သွားပြီး...
"ဘာလို့လည်း.. ညီ..."
ထိုသဘောကောင်းပုံရတဲ့ ကောင်လေးက
သူ့အနာတိုးလာပြီး...
" စောစောက တာတီဆိုတဲ့လူ အကိုတို့
တဲ့အနားကို လာချောင်းနေတယ်...
သူက တနှာအရမ်းရူးတာ...ဘယ်သူ
မှ ထိန်းမရဘူး... အကိုမိန်းမကို ချောင်း
နေတာ ဖြစ်မယ်...ပြီးတော့ အာ့လူက
အကို့ကို ကြည်ပုံလည်း မရဘူး အကို
သတိနဲ့နေနော်...''
ဓိခေါင်းငြိမ့်ပြကာ...
"ကျေးဇူးပါ..ညီ..."
ပြောပြီး ထိုကောင်လေးလက်ထဲက
အစားအသောက်ဗန်းကို ယူပြီး
တဲထဲ ပြန်ဝင်ဖို့လုပ်တော့...
"အကို...ခဏ..."
ဓိ ခြေလှမ်းလေးရပ်သွားပြီး ပြန်လှည့်
လိုက်ကာ...
"ဘာဖြစ်လို့လည်း..ညီလေး.."
"ရော့..ဒီမှာ ဒါကိုစောင်ထား
အကို့ကိုရန်မူလာရင် ဒါနဲ့ ထိုး
ပစ်...".
ချွန်မြနေသော ဓားအတိုတစ်လက်နဲ့
အဖုံးလေးကို ကမ်းပေးလါတာကြောင့်
ဓိခေါင်းငြိမ့်ပြကာ... ကျေးဇူး တင်သော
အကြည့်ဖြင့် ထိုကောင်လေးကို ကြည့်ကာ
"ကျေးဇူးပါ.. ညီလေး...ညီလေး
ကျေးဇူးကို မမေ့ပါဘူး...''
"ရပါတယ်..အကို..."
ပြောပြီး ထွက်သွားတဲ့ ထိုကောင်လေးကို
ဓိ ကြည့်နေပြီး ခဏနေတော့ တဲထဲပြန်
ဝင်လာကာ ဗန်းလေးကို စင်လေးပေါ်တင်
လိုက်ပြီး အိပ်ပျော်နေဆဲ ဖြစ်သော သူမ
ကို တစ်ချက်ကြည့်ပြီး သူအနားတိုးသွားကာ...
"ဒီမှာ...ဒီမှာ..သူမ မင်းထပြီး
ထမင်းစားအုံး...."
သူမ သူနိုးလာတဲ့အသံကြောင့် ထလိုက်ပြီး
သူ သူမကို စူးစိုက်ကြည့်နေတာကြောင့်
မလုံမလဲ ဆံပင်လေးသပ်လိုက်ကာ...
"ဘာ ဘာလည်းဟင်..."
"ထမင်းစားမယ်လို့..."
"ဟင်...."
သူ ပြောတာကို သူမ မယုံသလို
ကြည့်နေတာကြောင့် သူနားလည်
သွားကာ...
"စောစောက ငါတို့စားဖို့ အစား
အသောက် လာပေးတယ်...."
ပြောပြီးမေးငေ့ါပြတော့ သူမ သူပြတဲ့
နေရာကို ကြည့်တော့ အသီးတွေနဲ့
ထမင်းကို တွေ့တာကြောင့် ခေါင်းငြိမ်လိုက်
တော့ သူ ထသွားပြီး ထိုဗန်းကို သွားယူ
လာကာ...
"စာစာ မစာစာ ဝင်အောင်စားကြားလား..."
သူပြောတော့ သူမက ခေါင်းငြိမ့်ပြကာ
...ငှက်ပျောသီး နဲ့ ပန်းသီးတစ်လုံးကို
ယူပြီးစားနေတော့ ဓိလည်း သူမနည်းတူ
အသီးကိုပဲ စားလိုက်သည်။
သူမ ထမင်းမစားတာ သူသိပါသည်။
ဘာဟင်းတွေမှန်းမသိသော ဒီဟင်း
တွေနဲ့ သူလည်း ထမင်းတော့ မစား
ချင် ဒါ့ကြောင့် သူ ငှက်ပျောသီးနဲ့ အသီး
တွေကိုသာ ဗိုက်ပြည့်အောင် ဖြည့်လိုက်တော့
သည်။
---------------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓
"တင်မရေ....သာအဓိက project နောက်
တစ်ခု က အခု ကမ္ဘာမှာ ပေါက်သွား
ပြီး အခု အာ့ဒိ project ကို ကမ္ဘာအနှံ့က
လူတွေက သန်းပေါင်းများစွာပေးပြီး
ဝယ်နေကြပြီ..."
ဦးထွန်းငွေ Company က ပြန်လာ
ချင်းချင်း မိန်းမဖြစ်သူကို ဝမ်းသာ
အားရပြောတော့ ဒေါ်တင်မမ
ဝမ်းသာ သွားပြီး....
"ဟင်..တကယ်လား..ကို...အာ့ဒါဆို
သားဓိက အရမ်းကို အောင်မြင်နေပြီပေါ့...''
"ဟာ..သူက အရင်ထည်းက ကမ္ဘာကို
ထိုးဖောက်နိုင်နေတဲ့သူဘဲ အခုတော့ ပိုပြီး
အောင်မြင်သွားတာပေါ့..."
ခင်ပွန်းဖြစ်သူ မပြောကြောင့် ဒေါ်တင်မမ
ကျေနပ်စွာပြုံးလိုက်ပြီး...
"အာ့တော့ ကို သားအဓိက ကိုသဘော
ကျသွားပြီမဟုတ်လား...သားဓိပြန်လာ
တာနဲ့ သမီးလေးနဲ့ စီစဥ်ပေးကြရအောင်
သားဓိက ပိုပြီးအောင်မြင်လာတယ်ပြီးတော့ရုပ်ရည်ကလည်း မိန်းကလေးတိုင်း မက်လောက်တာကြောင့် တင်ကတော့ စိတ်မချ
တော့ဘူး...ကို သားဓိပြန်လာတာနဲ့ သမီးလေး
နဲ တစ်ခါထည်း လက်ထပ်ပေးလိုက်ကြ
ရင်မကောင်းဘူးလား..."
ဦးထွန်းငွေ ခေါင်းငြိမ့်ပြကာ...
"နေပါအုံး သားအဓိက ကလက်ခံ
ပါ့မလား...မင်းသဘောအတ်ိုင်းမလုပ်နဲ့
တင် သားဓိက လက်မခံရင် ကိုယ်တို့ဘဲ
နာမည်ပျက်မှာ..."
ထိုအခါ ဒေါ်တင်မမ ပြုံးလိုက်ကာ...
"အမလေး အာ့ဒါတော့ တင်တာဝန်ထား
သားဓိက သူ့မိဘတွေကို သိပ်ချစ်တာ
ကို သိရဲ့သားနဲ့ ပြီးတော့ သားဓိမိဘတွေ
နဲ့ တင်တို့က အရင်ထဲက ပြောထားတာကို
သားဓိသာသိရင် မငြင်းနိုင်ပါဘူးကိုရဲ့
ပြီးတော့ သမီးလေးနဲ့လည်း သားဓိက
အဆင်ပြေနေတာကို... ဘာတွေစိတ်ပူ
နေတာလည်း..."
ဇနီးဖြစ်သူအပြောကြောင့် ဦးထွန်းငွေ
ခေါင်းငြိမ့်ပြကာ...
"အာ့လိုဆိုရင်တော့ တင်သဘောပေါ့..
သမီးလေးသာ သားဓိနဲ့ လက်ထပ်လိုက်
ရင် ကိုယ်တို့ သမီးလေးအတွက် စိတ်ချ
ရပါပြီ..."
လင်မယားနှစ်ယောက်သားပြောကာ
ကျေနပ်နေကြပြီး...ဒေါ်တင်မမ ပြုံးကာ...
"ဒါနဲ ကို့အလုပ်တွေရော အဆင်ပြေရဲ့
လား..."
"ပြေပာတယ်...စက်ရုံက အထည်တွေ
အခု အော်ဒါတောင် ထပ်ပြီး တက်
နေတယ်..."
သူမခေါင်းငြိမ့်လိုက်ပြီး...
"ကောင်းတာပေါ့...ဒါနဲ့ သားဓိ..
ခရီသွားတာ..ကိုသိလား..."
ဦးထွန်းငွေ ခေါင်းငြိမ့်ပြပြီး...
"သိတယ်..ဒါပင်မဲ့ ဘယ်ကိုသွား
တယ်ဆိုတာ အတိအကျမသိဘူး...''
ဒေါ်တင်မမ သက်ပြင်းလေးချကာ...
"အာ့ဒိ သားဓိကလေး တင်ကိုတောင်
မပြောသွားဘူး ဘယ်ကိုသွားတယ်
ဆိုတာ..."
"တင်ရယ် သားက ဘယ်တောက သူ
လုပ်တာပြောဖူးလို့လည်း မင်းလည်း
သိရဲ့သားနဲ့...အာ့ဒါ အသားထား
ကိုယ်ဗိုက်စာနေပြီနော်..."
"အင်းပါ..ရေချိုးပြီးဆင်းခဲ့လေ..ထမင်း
ဟင်း အဆင်သင့်ပါပဲရှင်..."
"ကောင်းပါပြီဗျာ..."
ပြောပြီး အပေါ်တက်သွားသော
ခင်ပွန်းဖြစ်သူကို ကြည့်ပြီး
ဒေါ်တင်မမ ပြုံးလိုက်ပြီး
ထမင်းပွဲ ပြင်ပေးရန် ထမင်းစား
ခန်းကို ဝင်လာခဲ့တော့သည်။
---======-------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓
"ခ...နင့်သတင်းတွေ ငါတို့ကြား
တယ်နော်..."
ခ ပိုက်လုံးလေးမွှေကာ အချိုရည်သောက်
နေတုံး ခိုင်သူ အမေးကြောင့် သူမ မျက်ခုံလေး ပင့်တက်သွားပြီး လှပသော နှုတ်ခမ်း
လေးက ပြုံးလိုက်ကာ..
"ပြောပါအူံး...ဘာများလည်း..."
ခိုင် သူမကို ပြုံးကာမေးနေတဲ့ သူမကြောင့်
မျက်စောင်းလေးထိုးကာ...
"အမယ်..ဘာလို့ပြန်မေးနေတာလည်း
ရှင့််မှာ သဘောတူထားတဲ့ သူရှိတယ်ဆို..."
ခ ခိုင်သူ အမေးကြောင့် သဘောကျကာ
ပြုံးလိုက်ပြီး...
"သြော် သတင်းကလည်း မြန်လိုက်တာ
နော်..'
"အမယ်..သတင်းကလည်း မြန်လိုက်တာ
မလုပ်နဲ့ ခရဲ့ အခုဆို တော်တော်များများ
သိနေကြပြီသိလား...''
ခ သဘောကျကာ ပြုံးလိုက်ပြီး..
"ဟုတ်ပါပြီ..ဒါနဲ့ နင်က ဘယ်လိုသိတာ
လည်း...".
"ဘယ်လိုရမှာလည်း မေမေကို နင့်ရဲ့
အမေပြောပြလို့ သိတာလေ.. ပြီးတော့
သဘောတူထားတဲ့သူကလည်း ဦးအဓိက
နဲ့ဆိုတော့ ငါ့မှာ အရမ်းကို အံ့သြသွားတာယပေါ့..."
ခ နှုတ်ခမ်းလေး တွန့်ပြီးပြုံးကာ...
"အင်း ဟုတ်တယ်..ဒါပင်မဲ့ ကိုကိုက
မသိသေးပါဘူး သူ့မိဘတွေရှိစဥ်က
မေမေတို့နဲ့ သဘောတူထားတာတဲ့..."
ခိုင်သူ ခရဲ့ လှပတဲ့ မျက်နှာနုနုလေးကို
အားကျသလို ကြည့်ပြီး...
"ငါ အရမ်း နင့်ကို အားကျတာပဲ ခရယ်.."
"ဘာလို့တုန်း...''
ခ ပိုက်လေးမွှေကာ ပေါ့ပါးစွာပြောတော့
ခိုင်သူ ခေါင်းငြိမ့်လိုက်ကာ...
"ဘာရမှာလည်း နင်က လှလည်းလှ
သတိုးသားလောင်းကျတော့လည်း
အရမ်းချောပြီး အောင်မြင်တဲ့ စီးပွား
ရေးသမား အာ့ကြောင့် ဘယ်လောက်
ကံကောင်းပြီး အားကျစရာကောင်းသလဲ...."
ခိုင်သူ အပြောကြောင့် ခ တွေတွေလေး
ဖြစ်သွားကာ...ကိုကို့ အကြောင်းတွေး
နေမိသည်။
အခုအချိန်ထိ ကိုကိုက ခကိုဆို ညီမတစ်ယောက်ထက်မပိုတာ ခသိပါသည်။
ခကတော့ အကိုတစ်ယောက်လိုထက်
ချစ်သူတစ်ယောက်လို ချစ်မိနေတာကို
ကိုကိုက မသိချင်ယောင်ဆောင်နေတာ
လား တကယ်ပဲ မသိတာလည်းမသိပေ။
ဘာပဲ ဖြစ်ဖြစ် ကိုကို ဒီတစ်ခေါက် ခရီး
ကပြန်လာရင် ခ ကိုကို အချစ်ကို ပိုင်ဆိုင်
အောင် ကြိုးစားရမယ်....
"ခ..ခ..သွားမယ်လေ..ဘာတွေ တွေး
နေတာလည်း..."
ခ အတွေးလွန်နေတော့ ခိုင်သူ
ပုတ်လိုက်မှ သတိပြန်ဝင်လာကာ
ခေါင်းလေးခါပြလိုက်ပြီး..
"မဟုတ်ပါဘူး... သွားမယ်လေ...''
ပြောပြီး ပိုက်ဆံအိတ်လေးလွယ်ကာ
ထရပ်လိုက်ပြီး ကျသင့်ငွေရှင်းကာ
ဆိုင်ပြင်ထွက်လာတော့...
"ဘုတ်..အင့်...''
"အို....''
"sorry...."
ခ ကို လူတစ်ယောက်က ဝင်တိုက်လိုက်တာ.ကြောင့် ခ ပိုက်ဆံအိတ်လေး ပြုတ်
ကျသွားတော့ ထိုလူက ခကို ပြာပြာသလဲ
တောင်းပန်တော့...
"ရပါတယ်..."
ခထိူလူကို မကြည့်ဘဲ ပိုက်ဆံအိတ်လေး
ကို ကောက်ယူပြီး ပြန်မော့ကြည့်တော့
သူမကို ပြုံးပြနေတဲ့ ထိုလူကြောင့်
ခ ပါးစပ်လေး အဟောင်းသားလေး
ဖြစ်သွားပြီး...
" ဟင်..ချောလိုက်တာ..."
------–--------------------------------===-=^^^^^^🍓🍓🍓🍓🍓🍓🍓
သူမတို့ ညနေစာ စားလိုက်ပြီး
သူမက ထိုင်နေရင်း သူ့ကို
ကြည့်လိုက်တော့ မျက်ဝန်းတွေ
မှိတ်ထားကာ...နဖူးပေါ်လက်တင်ပြီး
အိပ်နေတာလား မှိန်နေတာလား မသိပေ။
ခ ယားလာသော လက်ကလေးနဲ့ လည်ပင်း
လေးကို ကုတ်နေပြီး ငိုချင်သလ်ို ဖြစ်လာကာ
မျက်ရည်တွေ ကျလာပြီး....သူ အနားတိုး
သွားကာ ထိုင်ချလိုက်ကာ...
"ဒီမှာ...ဟင့်...ဒီမှာ..ဒီမှာ...ဟင့်..."
ဓိ မှေးကခနဲ အိပ်ပျော်နေရင်း သူ့ကို
နိုးပြီး ငိုနေတဲ့ မိန်းကလေးတစ်ယောက်
အသံကြောင့် သူ မျက်ဝန်း တွေဖွင့်လိုက်ကာ
အရှေ့ကို ကြည့်လိုက်တော့ မျက်ရည်တွေ
ကျနေကာ သူ့ကို သနားစရာကောင်းအောင်
ကြည့်နေသော သူမ...သူလန့်သွားကာ
သူမကို ကြည့်လိုက်ပြီး...
"မင်း..မင်း ဘာဖြစ်တာလည်း သူမ..
ဘာလို့ ငိုနေတာလည်း..."
သူ စိုးရိမ်တကြီးမေးနေတော့ သူမပိုချင်
လာကာ...မျက်ရည်တွေ ပိုကျလာပြီး
လက်နဲ့ လည်ပင်းကို အဆက်မပြတ်
ပွတ်နေတဲ့သူမကြောင့် ဓိ မျက်မှောင်ကုတ်သွားကာ...
"သူမ မင်း..."
သူမ ခေါင်းလေးငြိမ့်ပြပြီး မျက်ရည်တွေ
ကျလာကာ...
"ဟုတ်တယ်..သူမလေ..ပန်းသီးစား
ပြီး အလားဂျစ် ထနေလို့ ကယ်ပါအုံး
သူမကို..."
သူမပြောတော့ သူ လှုပ်လှုပ်ရှား ရှား
ဖြစ်သွားကာ...
"မင်းက ပန်းသီးနဲ့ မတည့်ဘူးလား...''
"ဟင့်အင်း သူမ ပန်းသီးစားပြီးရင်
အခုလိုပဲ...ရေချိုးမှ ပျောက်တာ..."
ဓိ သိသိကြီးနဲ့ စားတဲ့ သူမကို
ဒေါသ ထွက်သွားမိသည်။
မခုလို အချိန်မှာ သူမအတွက်
ဘယ်လောက် အန္တရာယ်များလည်း
ဆိုတာ သူမ မသိဘူးလား....
ဓိ ဒေါသဖြင့်စွာ....
"ဟ....မင်းအစောကြီးထည်းကသိရင်
မတည့်တာ ဘာလို့ စားတာလည်း.."
သူမ သူ့အပြောကြောင့် ပိုဝမ်းနည်းသွား
ပြီး...
"ဟင့်...သူမက သူမက အာ့ဒါမှ.မစားရင်
စားစရာမှ မရှိတာ..."
ဓိ သူမ ငိုပြီးပြောတော့လည်း ထွက်နေ
တဲ့ ဒေါသက ပြန်ဝင်သွားကာ...
ဒေါသကို ပြန်လျော့လိုက်ပြီး...
"ဘာလည်း အခုက ရေချိုး မှ
ပျောက်မှာပေါ့..''
သူမေးတော့လည်း မျက်ဝန်းလေး
မှာ မျက်ရည် လေးတွေဝေ့နေပြီး
ခေါင်းလေး ချက်ချင်း ငြိမ့်ပြရှာတော့
သူ သက်ပြင်းချကာ ထရပ်လိုက်တော့
သူမ အလန့်တကြားရှိကာ...
"ရှင်..ရှင်..ဘယ်သွားမလို့လည်း..."
ဓိ သူမကို မျက်မှောင်ကုတ် ကာကြည့်လိုက်ပြီး...
"မင်းကို ရေနစ်ပေးမလို့ ရေချ်ိုးတဲ့
နေရာသွားမေူမလို့..."
"ရှင်..."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း