👑 မာနတို့ဖြင့်... စီရင်အပ်သော 👑
မှုန်ပျပျ အလင်းရောင်လေးရဲ့အောက်မှာ မလှုပ်မယှက်ထိုင်နေသော ပုံရိပ်တစ်ခုရှိနေ၏။ မီးရောင်မှိန်မှိန်လေးကလွဲရင် တစ်အိမ်လုံးအမှောင်အတိကျနေကာ ကြီးမားလှသော အိမ်တစ်ခုလုံးထဲမှာ မေ တစ်ယောက်တည်းသာရှိသည်။ နာရီဆီမော့ကြည့်မိတော့ မနက် ၄နာရီ...။ ကြည့်ပါဦး! မနေ့ ညနေထဲက ဒီနေရာမှာရှိနေတာ အခုမိုးလင်းခါနီးအထိ။ ဒီရက်ပိုင်းတွေထဲ မေ လုံးဝနီးပါးကို မအိပ်ဖြစ်တာများနေပြီ။
မတည်ငြိမ်နိုင်သော စိတ်တွေကလည်း ဦးတည်ဘက်များစွာကို ပျံ့လွင့် ပြေးလွှားနေပါ၏။ ၅ရက်...ဒီ၅ရက်လုံးမှာ ပိုးရတုရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရပါ။ အံ့သြစရာကောင်းလိုက်ပါဘိ! မျက်မမြင်ဒုက္ခိတတစ်ယောက်က ဘယ်လိုနည်းနဲ့များ ကိုယ်ဖျောက်အတတ်လို ပျောက်ချင်းမလှ ပျောက်သွားရတာလဲ? ရဲစခန်းတွေဘာတွေကို အကြောင်းကြားပြီး ရှာဖွေဖို့လည်း မေ မလုပ်ချင်ဘူးလေ...။အားလုံးသော အခြေအနေတွေအရ ပိုးရတုဆိုတာ အစောကတည်းက သေသွားခဲ့ပြီပဲ။ နောက်ကြောင်းရာဇဝင်စစ်ဆေးခဲ့ရင် သူ့ကိုဘယ်သူလို့ ပြောပြီးရှာဖွေရမှာလဲ...။
""ကျစ်!!""
တကယ့်ကို အနှောက်အယှက်ပါ။ ပိုးရတုဆိုတာ မေ့ဘဝကို နှောင့်ယှက်ဖျက်စီးဖို့ မွေးလာခဲ့တာ။ မေ ပိုင်ချင်တဲ့သူတွေကို သူအမြဲလုယူခဲ့တာ...။ တကယ်ဆို အခုအချိန် မေပျော်နေရမှာပါ။ မနက်ဖြန်က မောင်နဲ့လက်ထပ်ရမယ့်နေ့...။ သို့သော် မေကတော့ အိပ်၍ပင်မပျော်ဘဲ ကယောင်ခြောက်ခြားနဲ့ အတွေးတွေများနေရတာလေ...။ မေ ပိုင်ဆိုင်ချင်တဲ့အရာတိုင်း ဘယ်လောက်တန်ဖိုးကြီးနေပါစေ...ရအောင်ယူတတ်ခဲ့ပါတယ်..။ရလည်း ရခဲ့တယ်...။ဒါပေမယ့် အဲ့ဒီအထဲမှာ မောင့်ကို ပိုင်ရဖို့က အခက်ခဲဆုံးပဲ...။
ထိုင်နေရင်းကနေ တဖြေးဖြေးနဲ့ မိုးစင်စင်လင်းသွားချေပြီ။ တစ်ရက်ပါပဲ...နောက်တစ်ရက်လေးပဲ ပိုးရတု...နင်ပေါ်မလာခဲ့ပါနဲ့...ကျေးဇူးပြုပြီး...
""📲📲📲📲""
""Hello!""
""......""
""အင်း...ထူးခြားတာတွေ့ရင် ငါ့ကိုချက်ချင်းပြော""
"".....""
မောင် သွားရာနောက် လူတစ်ယောက်လွှတ်ပြီးစောင့်ကြည့်ခိုင်းထားပေမယ့် ထူခြားတာတော့မရှိ။ မောင်က အရင်အတိုင်း သွားနေကျနေရာသွားတယ်...အိမ်ပြန်တယ်...တစ်နေ့က သူ့ကုမ္ပဏီကိုသွားတယ်...ဒါပါပဲ။ မေနဲ့တွေ့ရင်လည်း အရင်အတိုင်း အေးစက်စက်ပဲစကားပြောတယ်...။ဒီကြားထဲမှာ မိပိုးကဘယ်ကိုရောက်နေတာလဲ? တစ်ယောက်ယောက်ဆီ ရောက်မနေဘဲနဲ့ ဒီလိုမှော်ဆန်ဆန်ပျောက်နေမှာမဟုတ်ဘူးလေ...။ ဧကန္တ မောင်ကပဲ ဟန်ဆောင်နေတာများလား...။
~~~~💞💞💞💞~~~~
""ပိုးရေ...""
အခန်းတံခါးကို ဖွင့်ပြီးဝင်လိုက်တော့ အထဲမှာ သူမ ရှိမနေပါ။ တွေ့နေကျနေရာမှာ မတွေ့သည်နှင့် စိတ်က ချက်ချင်းကို ပူပန်သွားကာ တစ်ခန်းလုံးနှံ့အောင်ရှာပြီး လုံးဝမတွေ့တာနဲ့ လှေကားတစ်လျှောက် စိုးရိမ်တကြီးပြန်ပြေးဆင်းလာမိ၏။
""ပိုး...""
""အကိုလေး! ဘာဖြစ်လို့လဲ""
""ပိုးရော...ဘယ်မှာလဲ အခန်းထဲမှာမရှိဘူး""
""အော်! မိန်းကလေးကို ခြံထဲကအိမ်ခဏခေါ်သွားတာပါ""
""ဘာဖြစ်လို့ အပြင်ကိုလျှောက်ခေါ်ရတာလဲ""
""ဟို! မိန်းကလေးက ရေချိုးပြီးတော့ သနပ်ခါးလိမ်းချင်တယ် ပြောတာနဲ့လေ အဲ့ဒါကြောင့်...။အိမ်ကြီးပေါ်မှာ အဲ့ဒီပစ္စည်းတွေမရှိလို့ပါ...ပြီးတော့ ဒီနှစ်ရက်မှာ သူ အဒေါ်တို့ကိုစကားလေးပြောတယ် အဒေါ့်သမီး သဇင်နဲ့ကရွယ်တူနီးပါးလေးဆိုတော့ စကားပြောရင်းနှီးတယ်...အဲ့ဒါ...""
""အကို!""
ပြောနေရင်းကပဲ အနောက်မှ ခေါ်သံလေးနဲ့အတူ သနပ်ခါးရနံ့လေးက သူ့ထံ အရင်ရောက်လာလေ၏။ ဘေးကတွဲလာပေးသော မိန်းကလေးနဲ့လည်း ပြုံးရွှင်စွာစကားလေးပြောလာလိုက်သေးရဲ့ ။ဘယ်နေရာရောက်ရောက် သူက သူငယ်ချင်းရအောင်ရှာတတ်နေတာပဲ...။ မျက်နှာလေးမြင်လိုက်မှပဲ သက်ပြင်းချနိုင်တော့သည်။ ဒီကောင်မလေး သူ့ဆီကနေထပ်ပျောက်သွားမလား စိုးစိတ်က အမြဲလိုရှိနေရသည်မို့ ခဏလေးမတွေ့တာတောင် စိတ်ကချက်ချင်း ပျာယာခတ်သွားရတာလေ...ဟူး! မလွယ်ပါလား...မင်းစိတ်နဲ့ ကိုယ်တော့ရူးမှာပဲ...။
""ပိုးလေး...လာ...ကိုယ့်ဆီ..""
လက်ကမ်းပြီးခေါ်လိုက်တော့ သူ့ထံ အပြုံးမျက်နှာလေးဖြင့်လျှောက်လာလေ၏။ ဒီနေ့တော့ လန်းဆန်းပျော်ရွှင်နေပုံလေးပါပဲ...။မျက်နှာပေါ်မှာလည်း သနပ်ခါးပါးကွက်လေးတွေက ညီညီလေးနေရာယူလျက်...အဝတ်အစားကတော့ သူကိုယ်တိုင် ရွေးဝယ်ပေးထားသည့် ဂါဝန်ခရမ်းရင့်ရောင်လေးကို ဝတ်ထားလေရဲ့ ...။
""အကို...ခုန ဘာတွေအော်နေတာလဲ?""
""ဘာအော်ရမလဲ? မင်းကိုမတွေ့လို့ စိတ်ပူနေတာလေ...ပျောက်သွားပြီလားလို့""
""အမ်! ပျောက်သွားလည်း တစ်ယောက်ယောက်လာခိုးလို့ပဲနေမယ်...ပိုးကမမြင်မစမ်းနဲ့ဘယ်ကိုသွားနိုင်မှာမို့လို့လဲ?""
""အဲ့လို သူများလာခေါ်သွားမှာပဲ စိုးရိမ်တာ...လာ!အပေါ်တက်ရအောင်""
""အမလေး!""
တက်ရအောင်ပြောပေမယ့် သူက ပိုးကိုလမ်းလျှောက်ခွင့်တောင်မပေးဘဲ တစ်ခါတည်း ပွေ့ချီကာ လှေကားတစ်လျှောက်တက်လာပြီး အခန်းထဲရောက်မှ ချပေးလေ၏။
""ကိုယ့်မှာစိတ်ပူသွားတာပဲ
မင်းက အလှသွားပြင်နေတယ်ပေါ့""
""ဟက်! အလှပြင်တာမဟုတ်ပါဘူး
သနပ်ခါးလေးလိမ်းရုံပါ...အကို! အကို!""
""ပြောပါဗျာ!""
""ပိုးရဲ့ပါးပေါ်မှာ ယုန်လေးတွေဆို ဟုတ်လား?
သဇင်ကပြောတယ်...ပါးကွက်ကို ယုန်ပုံလေးကွက်ပေးမယ်တဲ့!""
""အင်း...ဟုတ်တယ်
ပါးနှစ်ဖက်မှာ ယုန်လေးတွေနဲ့... ကြည့်ဦး! နဖူးပေါ်မှာလည်း ဝလုံးလေးနဲ့""
သူက နဖူးလေးကို လက်ညိုးနဲ့ဖိလျက်ပြောတော့ သဘောတကျရယ်နေတော့၏။ ဘယ်လိုကလေးလေးမှန်းကို မသိ...။ မင်းပဲ ချစ်စရာကောင်းအောင် နေတတ်လွန်းတယ်...။ နဂိုကတည်းက ဝင်းမွတ်နေတဲ့ မျက်နှာနုနုလေးမှာ အခုတော့ ယုန်ပါးကွက်လေးတွေက ပို့လို့ပင်အသည်းယားစရာကောင်းစေတာပါ...
""အကို! ပိုးရဲ့မျက်နှာက အရင်အတိုင်းပဲလားဟင်?""
ရုတ်တရက် ဝမ်းနည်းသွားသလို တိမ်ဝင်ဖျော့တော့သွားတဲ့ အသံလေးကြောင့် သူ့မှာဘာပြောရမှန်းတောင်မသိတော့ပေ။
""အင်း...ဒါပေါ့...အရင်အတိုင်းပဲ
အရင်ထက်တောင် အခုပိုလှနေတယ်...""
""ဟုတ်ဘဲနဲ့
ပိုးမမြင်ရဘူးဆိုပြီး မညာနဲ့နော်""
""အရူးလေး! အရင်ကတည်းက မင်းကသိပ်လှပြီး သိပ်လည်းချစ်ဖို့ကောင်းတာ မသိဘူးလား ကိုယ့်ကိုကိုယ်""
""ဒါဆို အကို့မျက်နှာကို စမ်းကြည့်ချင်တယ်""
""ကဲ! လာ...ဒီကို!""
ပြောကာ သူမလက်လေးကို သူ့ပါးပြင်ဆီကပ်ပေးလိုက်တော့ မျက်နှာလေးကပြုံးကာ အသေအချာကို လိုက်စမ်းကြည့်နေတော့၏။
""မှတ်မိရဲ့လား ကျွန်တော့်မျက်နှာကို""
""မှတ်မိပါတယ်ရှင်...အသားအရည်က ချောမွေ့နေတာပဲနော် အိမ်မှာskincareတွေလုပ်နေတာလား""
""ဟာ! ပေါက်ပေါက်ရှာရှာ...ကိုယ်ကအဲ့ဒါမျိုးတွေလုပ်ရအောင် မင်းသားမှမဟုတ်တာ...ဒါ original skin""
""ဟိုက်! တော်တော်ကောင်းတဲ့skinပဲ
ပိုးတောင်လိုက်မမှီတော့ဘူး...ပြီးတော့ နှာတံကချွန်လိုက်တာ...အမလေး!လက်တောင်စူးတော့မှာပဲ""
""ဟေ့! မင်းနော် အဲ့ဒါများတယ် ပြန်လျှော့""
""သြော်! Ok! Ok မစူးဘူးနော်!
ပြီးတော့ နှုတ်ခမ်းကလေ...ဘယ်လိုလေးမှန်းကိုမသိဘူး...အင်း...ဝိုင်းတယ်...ထူထူလေး""
လက်လေးက သူ့မျက်နှာပေါ်တရွေ့ရွေ့သွားနေကာ တစ်ခုချင်းလိုက်ထိကြည့်ပြီး အမျိုးမျိုးကိုပြောနေတော့၏။ မျက်နှာလေးကလည်း စဥ်းစားလိုက် ပြောလိုက်နဲ့...ရှေ့ကကြည့်နေတဲ့သူကို အားမနာစတမ်း ချစ်ဖို့ကောင်းပြနေတော့တာပါလား...
""အော်! မှဲ့လေ...ဒီနှုတ်ခမ်း အပေါ်နားမှာမှဲ့လေးရှိတယ်...မေးစေ့နားမှာရောပဲ...သေချာကြည့်မှမြင်ရတာ...အဲ့မှဲ့လေးနှစ်စက်က အသည်းယားစရာလေး""
""ဟုတ်လား...လက်ရှိမင်းကိုတော့ ကိုယ်ကတော်တော်အသည်းယားနေတာ""
သူက ပြောလည်းပြောရင်း ပါးလေးကိုဖျတ်ခနဲလှမ်းနမ်းလိုက်တော့ အလန့်တကြားမျက်နှာလေးနဲ့ထအော်ပြန်လေ၏။
""မလုပ်နဲ့!...ယုန်တွေပျက်ကုန်မယ်""
""ကပ်စေးနဲမလေး...တွေ့မယ်...လာခဲ့!""
ပါးလေးတွေကို လက်နှစ်ဖက်နဲ့အုပ်ကိုင်လျက် ပြောလာသည့်မျက်နှာလေးကြောင့် သူ့မှာပိုရယ်ချင်ကာ ထိုလက်လေးနှစ်ဖက်အား အတင်းခွာယူရင်း တွန့်တိုနေသော ဧရိယာတစ်ဝိုက် အနမ်းပွင့်တွေကျဲဖြန့်ပေးလိုက်လေတော့...
""ပျက်ကုန်ပြီ...ပျက်ကုန်ပြီ
ဘာမှန်းလဲမသိဘူး...တကယ်မရှိတော့ဘူးလား""
""အင်း...မရှိတော့ဘူး...ကုန်ပြီ
အဲ့ယုန်တွေ မင်းပါးပေါ်မှာရှိနေတာ မနာလိုလို့""
""စိတ်ရယ်...ပုပ်လိုက်တာ
ဟွန့်! လူဆိုးကြီး...""
""လာဦး! ကိုယ်လုပ်ပေးစရာတစ်ခုရှိတယ်""
""မသိဘူး""
လာပါဆိုခါမှ သူ့သနပ်ခါး ပျက်စေတဲ့ပြစ်မှုကြောင့် နှုတ်ခမ်းထော်ကာ စိတ်ကောက်သဏ္ဌာန်နဲ့ ဆန္ဒပြနေလေ၏။
""ကဲ! ယုန်တွေရှိပါတယ်ကွာ
နည်းနည်းလေးပဲပျက်သွားတာ...လာ ဒီကို""
""တကယ်လား?""
""အင်း! လာ...ဆံပင်လေးပြင်ပေးမယ်""
""ဘာပြင်မှာလဲ...ပြင်တတ်လို့လား""
အမေးကိုမဖြေဘဲ ဆံနွယ်လေးတွေ စုစည်းထားသည့် ခေါင်းစည်းကွင်းလေးကို ဖြည်ချလိုက်၏။ အရင်ကလောက်မရှည်တော့ဘဲ ကျောလယ်ခန့်သာရှိတော့တဲ့ ဆံနွယ်လေးတွေကို နှစ်ဖက်ခွဲကာ ကျစ်ဆံမြီးလေးကျစ်ပေးလိုက်တော့ သူမက ဆံပင်ကိုလိုက်ကိုင်ကြည့်ရင်း ရှေ့မှာ တအံ့တသြမျက်နှာလေးဖြင့်...
""အကို...ဘယ်လိုလုပ် ဒါမျိုးလုပ်တတ်တာလဲ?""
""ကိုယ့်ကောင်မလေးက ဆံပင်ရှည်တော့ ဒါမျိုးလေးလုပ်တတ်အောင်ကြည့်ထားတာပေါ့...ဟိုးအရင်ကတည်းက မင်းကို ဒီလိုမျိုးလေးလုပ်ပေးချင်ခဲ့တာ...ငြိမ်ငြိမ်နေလေ...ခေါင်းကိုလိုက်မလှည့်နဲ့""
""ဟုတ်! ဒါနဲ့ဘယ်ကနေကြည့်တာလဲ""
""Googleကရှာထားတာ
ဟိုးအရင် မင်းနဲ့ချစ်သူစဖြစ်တုန်းကတည်းကဆိုတော့...အခုနည်းနည်းတောင်မေ့နေပြီ""
""ဟား! ဟား! အကိုကတော့လေ""
""ဆက်ပြောလေ...အကိုကဘာဖြစ်လဲ?""
""သိပ်ကိုချစ်ဖို့ကောင်းနေရော!""
ရယ်သံလေးနှောလျက် ခေါင်းလေးငဲ့ကာ ပြောလိုက်တဲ့ စကားသံချိုချိုလေးကြောင့် သူ့မှာရင်ထဲဘယ်လိုတောင်ဖြစ်သွားမှန်းမသိ။
အမလေး! ကြွေနေစမ်း...မြတ်သောမောင်ရေ
ဒီပုံစံ ဒီအပြောနဲ့ ဒီလိုချစ်စဖွယ်ကလေးမလေးကို အနေအထားအမျိုးမျိုးကနေ ကြွေရလွန်းလို့ ရူးတောင်သွားတော့မှာပဲနော်...။ မလွယ်ပါလား...ချစ်သူတစ်ယောက်ထားရင်း နှလုံးခုန်တွေမြန်လို့ ရောဂါရသွားနိုင်တယ်...တကယ်ဝေဒနာပေးတဲ့ ကလေးလေး...။ အနားကပျောက်သွားတော့ လွမ်းရလွန်းလို့ သူ့မှာရူးမတတ်။ ပြန်ရောက်လာတော့လည်း နှလုံးရောဂါတွေပေးနေပါရောလား...။ ချစ်တဲ့စိတ်ဆိုတာ သိပ်ကိုထူးဆန်းတာပဲ ကောင်မလေးရယ်...။ ဒီလိုဆန်းကြယ်မှုကို မင်းကြောင့်သာ ကိုယ်နားလည်တတ်ခဲ့တာ...။ လူတစ်ယောက်က ကိုယ်နဲ့သွေးသားမတော်စပ်တဲ့ သူစိမ်းလေးတစ်ယောက်ကို ဘဝတစ်ခုလုံးနဲ့ထပ်ပြီး ချစ်ရတဲ့အဖြစ်မျိုး ကိုယ်တကယ်ရှာတွေ့ခဲ့ပြီ...Baby!
""အကို! ပိုးလေ...ဆံပင်လေးကိုကြည့်ချင်လိုက်တာ...အကို့လက်ရာက ဘယ်လိုလေးနေမလဲလို့""
""ကြည့်ရမှာပေါ့..နောက် မျက်လုံးတွေပြန်မြင်ရတဲ့အခါ ကိုယ်ပြန်လုပ်ပေးမယ်""
""မြင်ရတဲ့အခါ?""
""အင်း...ကိုယ်က မင်းကို ဒီအတိုင်းနေခိုင်းမယ်ထင်နေလို့လား...မင်းရဲ့မျက်လုံးတွေက ပြန်ပြီးကုသလို့ရတယ်...မျက်ကြည်လွှာအစားထိုးပေးမယ့် အလှူရှင်ရရင်ပေါ့""
""ဟုတ်လား...ပိုးက ပြန်မမြင်တော့ဘူးလို့ထင်တာ""
""မဟုတ်ပါဘူးကွာ
နောက်ဆိုရင်လေ မင်းမမြင်ရတော့တဲ့ ဒီလောကကြီးကို အကောင်းအတိုင်းပြန်မြင်ရစေမယ်...ကိုယ် မင်းဘေးမှာအမြဲရှိနေတာပဲ အခုမင်းမျက်စိရှေ့ကအရာအားလုံးမှောင်မိုက်နေလည်း မကြောက်နဲ့နော်...ကိုယ့်ကလေးလေး...ကိုယ့်ကိုယုံတယ် မဟုတ်လား""
""ဟုတ်ကဲ့ပါရှင်""
""📲📲📲📲""
""ကလေး! ခဏနော်..ကိုယ်ဖုန်းပြောလိုက်ဦးမယ်""
""Hello! သူငယ်ချင်း ပြော!""
""......""
""အင်းပါ...သိတယ်...ငါထွက်မပြေးပါဘူး""
"".....""
""သွားမှာ...စိတ်ချ!
ဖြေရှင်းရမယ့်ကိစ္စတချို့ရှိတယ်လေ...ငါစောင့်နေတဲ့ နေ့က မနက်ဖြန်ပဲ""
"".....""
""Ok!""
~~~~~~
""ပိုးလေး...နက်ဖြန်ကျရင် ကိုယ်တို့တစ်နေရာသွားဖို့ရှိတယ် သိလား""
""ဟုတ်လား...ပိုးလည်းလိုက်ရမှာလား
ဘယ်နေရာလဲ?""
""အဲ့ဒါကိုတော့ မမေးနဲ့ဦး
မနက်ဖြန်ကျရင် ကိုယ်လာခေါ်မယ်
စောင့်နေနော်!""
""ဟုတ်ကဲ့!""
မနက်ဖြန်ပဲ မေတော်ဝင်
မင်းသိပ်တွေ့ချင်နေတဲ့ ပိုးရတုလေးကို မင်းဆီခေါ်လာခဲ့ပေးမယ်...ပြန်ပေးဖို့တော့မဟုတ်ဘူးနော်...မင်းနဲ့ငါ စာရင်းရှင်းဖို့အချိန်တန်ပြီ...။
~~~~💞💞💞💞~~~~
မှန်ထဲမှာ ပြန်မြင်နေရသော ကိုယ့်ပုံရိပ်ကို ကျေနပ်စွာ ပြုံးကြည့်နေမိပါ၏။ အနီရဲရဲ စိုတောက်နေသည့် သတို့သမီးဂါဝန်က ကိုယ်ပေါ်မှာလှပစွာနေရာယူလျက်...။ခပ်လျော့လျော့ ထုံးဖွဲ့ထားတဲ့ ဆံထုံးလေးမှာ အနီရောင်နှင်းဆီတစ်ပွင့် ရှိနေကာ နီစွေးနေသည့် နှုတ်ခမ်းတို့ကလည်း ခါတိုင်းထက်ပင် ပို၍ဆွဲဆောင်မှုရှိနေသလိုပါ။
ဘာတစ်ခုမှအပြစ်ဆိုဖွယ်မရှိအောင် ဝံ့ကြွားလှပနေသည့် အနီရောင်သတို့သမီး 'မေတော်ဝင်'...
အဖြူရောင်ဆိုတာ မေနဲ့မအပ်စပ်သလိုခံယူထားပြီး အနီရောင်ကလွဲရင် ဘာအရောင်ကိုမှမနှစ်သက်သည်မို့ မင်္ဂလာဝတ်စုံကိုလည်း အနီရောင်ရွေးခဲ့ခြင်းပါပဲ။ ဒီနေ့က မေ့ရဲ့ မင်္ဂလာပွဲနေ့...။ဒါပေမယ့် အခုချိန်ထိ ခန်းမထဲမှာ သတို့သားကရှိမနေခဲ့သေးပါ။ တဖြေးဖြေးနဲ့ အချိန်တွေနီးကပ်လာသော်လည်း မောင့်ကိုမတွေ့ရသေးတာမို့ စိတ်ပူနေမိပါ၏။ ဖုန်းဆက်တော့လည်း မကိုင်ပါလား...
မောင် ဘယ်များရောက်နေပြီလဲ
ဒီနေ့ မောင် ရောက်မှရောက်လာပါ့မလား..
လာမှာပါ...သူ လာမှာပါနော်...။
(လာမှာပါ...နောက်နှစ်ပိုင်းဆို ဇာတ်သိမ်းတော့မှာပါရှင်..ဒါနဲ့မင်းသားပုံစံလေးက 🍋ရဲ့idolကိုကို ပုံစံကိုဖော်ထားတာပါ...နှုတ်ခမ်းဝိုင်းဝိုင်းနဲ့ နှုတ်ခမ်းအပေါ် ၊အောက် မှဲ့လေးနှစ်စက်တကယ်ရှိတာနော်☺☺cmမှာပုံလေးပြမယ် အားနာပါးနာလေးကြည့်သွားပေးပါလား😁)
~~~~💞💞💞💞~~~~
Continue to >>>Part-24
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)