👑 မာနတို့ဖြင့်... စီရင်အပ်သော 👑
""ငါပြောတဲ့ ကိစ္စ သူဘာပြောလဲ""
""သူ လက်ခံတယ်""
""ဒါဆိုရင် ငါ့ရဲ့ seniorထဲမှာ စိတ်ရောဂါအထူးကုတွေရှိတယ် မင်းနဲ့တစ်ရက်ချိန်းပေးမယ်လေ""
""ဒါပေမယ့်...""
""မင်းစိတ်ပူတာ သိပါတယ်
ဒါပေမယ့် နည်းလမ်းရှိရင် ကြိုးစားကြည့်သင့်တာပေါ့...ဒါက သူ့အတွက် အထောက်အကူဖြစ်ချင်မှလည်း ဖြစ်မယ်...စမ်းကြည့်ရမှာပေါ့""
""အင်း! ငါ သူ့ကိုအပြင်ခေါ်သွားလို့တော့မဖြစ်ဘူး
မင်း seniorကို ဒီကိုပဲလွှတ်ပေး""
""အင်း...အင်း ပြီးရော!""
"".....""
ဒီသုံးရက်အတွင်းမှာ သူ့အနောက်ကို တစ်ယောက်ယောက် လိုက်စောင့်ကြည့်နေသလို ခံစားရသည်မို့ အသွားအလာကို သတိထားနေရသည်လေ...။ဘယ်လိုပဲ ဟန်ဆောင်ကောင်းပြပါစေ မေတော်ဝင် ဆိုသော မိန်းကလေးက လွယ်လွယ်မယုံတတ်တဲ့ ဉာဏ်ကြီးရှင်မို့ ဒါဟာလည်း သူ့လုပ်ရပ်မှန်း မောင် ရိပ်မိပါ၏။ သို့ပေမယ့် အခုအချိန်မှာ ပိုး ဒီမှာရှိနေကြောင်း ထုတ်ပြဖို့အချိန်မတန်သေးလို့ ခဏလေးစောင့်ကြည့်နေခြင်းပါ။
ရှာကြည့်လိုက်! မေတော်ဝင်
ငါကလည်း မင်းထက်မလျော့တဲ့ လှည့်ဖြားမှုကို မင်းအတွက်လက်ဆောင်ပေးမယ်...။ မင်း သူ့ကိုသိပ်တွေ့ချင်နေတယ် မလား...တွေ့ရင်လည်း အပြီးအပိုင် ထပ်ဖျောက်ဖျက်လိုက်ဖို့ ဝန်မလေးဘူးမဟုတ်လား...။တွေ့ရမယ်...မင်း သူ့ကိုတွေ့ရမှာပါ ဒါပေမယ့် မင်းတစ်ယောက်ထဲတွေ့ရုံနဲ့တော့ မလုံလောက်သေးဘူး...
မင်းရဲ့လုပ်ရပ်တွေအတွက် စာရင်းရှင်းရမယ့် နေ့ကို ငါရွေးပေးမှာပါ...
~~~~💞💞💞💞~~~~
""ကဲ! ဒါဆို အခု ဆရာ စပြီးပြောမယ်နော်
ဆရာ့အသံကို သေချာအာရုံစိုက်နေပါ...""
""ဟုတ်!""
""မင်းက ဆရာ့ကို ကျောခိုင်းပြီးရပ်လိုက်
လက်နှစ်ဖက်ကို ဘေးမှာဆန့်ချထားပါ...ပြီးရင် မျက်လုံးကိုမှိတ်လိုက်""
ဆရာဝန်က သူမ ကို စပြီးစမ်းသပ်ညွှန်ကြားရုံရှိသေး။ သူ့မှာတော့ ဘေးကကြည့်ကာ စိတ်ပူနေရပါပြီ...။ဒီလိုအခြေအနေကို အပြင်မှာမမြင်ဖူးပေမယ့် Magic showတွေမှာတော့ ပြကွက်တချို့အနေနဲ့တွေ့ဖူးသည်။ စိတ်ညို့အိပ်မွေ့ချခြင်းဆိုတာ ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာကုထုံးတစ်မျိုးဖြစ်ပြီး စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ခံစားချက်ကိုလည်း အတားအဆီးမဲ့ ထွက်ပေါက်ပေးနိုင်တဲ့နည်းလမ်းတစ်မျိုးပါ...။ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကတော့ စိုးရိမ်နေတာပါပဲ...အကောင်းဆုံးဖြစ်လာဖို့ကိုလည်း အခါခါဆုတောင်းပေးရင်းပေါ့...
""အခု ဆရာက မင်းရဲ့အနောက် လက်တကမ်းအကွာမှာရှိနေတယ်...မင်းရဲ့ ပုခုံးကိုကိုင်ထားတယ်""
""......""
""ဆရာ အမှတ်စဉ် ၁ ကနေ ၅ အထိ ရေတွက်ပြီး စကားတွေပြောသွားမယ်
၅လို့ ရေပြီး လက်တွေလွှတ်လိုက်တာနဲ့ မင်းဟာနောက်ဘက်ကိုလဲကျလာလိမ့်မယ်
အဲဒီချိန်ကျရင်ဆရာက မင်းကို လဲကျမသွားအောင် ဖမ်းပေးထားမယ်။
ကဲ ဆရာ စရေပြီနော်...""
""1...အသက်ကိုမှန်မှန်ရှုနေပါ။အာရုံကို မပျံ့လွင့်စေဘဲ အခုပြောနေတဲ့အသံကို နားစိုက်ထောင်""
""2...တကိုယ်လုံးကိုအာရုံဖြန့်ကြည့်လိုက်တဲ့အခါမှာမင်းရဲ့ခန္ဓာဟာယိမ်းယိုင်လာတာကိုခံစားရလိမ့်မယ်""
""3...ကိုယ်ကို လျော့ထားပါ
ဟုတ်ပြီ မင်းရဲ့ကိုယ်ဟာနောက်ကို ယိမ်းလာနေပြီ""
""4...ဆရာထိန်းထားပေးလို့ မင်းဟာနောက်ကို လဲမကျဘဲ ရှိနေတယ်...လက်လွှတ်လိုက်တာနဲ့ မင်း နောက်ကို ယိုင်လဲလာလိမ့်မယ်။""
""5...ဆရာ လက်ကို လွတ်လိုက်ပြီ
မင်းဟာနောက်ကို ယိုင်လဲကျလာတော့မယ်။
လဲလာပြီ လဲပြီ...လဲပြီ...""
စကားဆုံးတာနဲ့ အနောက်ကိုယိုင်လဲကျလာသော သူမ ကိုယ်လေးကို ဆီးပွေ့လိုက်ပြီး ကုတင်ပေါ်မီလျက်ထိုင်စေကာ...
""ကဲ! အခု ဆရာ့အသံကိုနားထောင်နေလား""
""ဟုတ်!""
""ဟုတ်ပြီ...ဒါဆို တို့နေရာတစ်ခုကိုသွားကြည့်ရအောင်...မင်းရဲ့အိမ်...မင်း ငယ်ငယ်ကတည်းကအမြဲတမ်းနေ နေကျအိမ်...တဖြေးဖြေးသွား...သွား!""
"".......""
""သွားနေပြီ...မင်းအခုရောက်တော့မယ်""
""......""
""မင်းရဲ့အိမ်ကို တွေ့လား""
""ဟုတ်...တွေ့တယ်""
""အိမ်ထဲမှာ ဘယ်သူတွေရှိလဲ သိလား""
""မမ...ပြီးတော့ မမရဲ့အမေနဲ့ ပိုးရယ်...နောက်ထပ်...ဒေါ်လေးစောနဲ့ အိသူဆိုတဲ့ ပိုးရဲ့သူငယ်ချင်း""
""မင်း...သူတို့အားလုံးကို သိတယ်...
ဟုတ်တယ်နော်...""
""......""
""ဒါဆို မနက်ခင်းတစ်ခုကိုမြင်ယောင်ကြည့်မယ်..အဲ့ဒီမနက်က မင်းတို့ခရီးသွားဖို့ ပြင်ဆင်နေတယ်...ဘယ်သူတွေပါလဲ ဘယ်ကိုသွားကြလဲ မှတ်မိလား...ဖြေးဖြေးချင်း မြင်ကြည့်""
ညင်သာစွာပြောနေသည့်စကားသံကို နားစိုက်ထောင်ရင်း ပိုးရဲ့အာရုံထဲ ပုံရိပ်တချို့က သဲကွဲစွာထင်ဟပ်လာနေ၏။
!သေချာဂရုစိုက်နော် မေမေ
ပြင်ဦးလွင်က အေးတယ်...မေ အချိန်ရရင်လိုက်လာခဲ့မယ်...
ရပါတယ် သမီးရယ် ခဏတဖြုတ်ပဲဟာ
ဟိုမှာ ပိုးတုလည်းပါတာပဲ!
""ပြင်ဦးလွင်...ပိုးတို့ အဲ့ဒီ့ကိုသွားကြမှာ""
""ဟုတ်ပြီ...မင်းတို့အိမ်ကထွက်လာတယ် ဘေးမှာ ဘယ်သူတွေရှိနေလဲ မြင်ရလား...မြင်ရလား""
""ဘေးမှာ မေမေကြီးတစ်ယောက်ပဲရှိတယ်
ပြီးတော့ ရှေ့မှာကားမောင်တဲ့ ဦးလေးရယ် ပိုးရယ် သုံးယောက်ပဲ""
""အင်း...ဟုတ်ပြီ...ကားပေါ်မှာသုံးယောက်ပဲရှိတယ်နော်...ဆက်သွားကြမယ်...ဆက်သွားနေတယ်...သွား...""
!ဟယ်...ဟိုမှာ အိသူ
ခဏလေး...ဦး ကားခဏရပ်လိုက်
'အိသူ...ဟဲ့! ပန်းအိသူ...နင်ပြန်လာပြီလား
မြန်လှချည်လား'
'အေး! ငါ့အဒေါ်က သူ့သမီးတစ်ယောက်ရောက်လာလို့ ငါ့ကိုပြန်လို့ရတယ်တဲ့...ဒါနဲ့ နင်တို့ဘယ်သွားမလို့လဲ'
'ငါတို့က မေမြို့သွားမလို့
အတော်ပဲ နင့်မှာအဝတ်အစားအိတ်ပါတယ်ဆိုတော့ ငါတို့နဲ့လိုက်ခဲ့လေ...နင်ပါတော့ ငါအဖော်ရတာပေါ့'
'ဖြစ်ပါ့မလား မမမေ သိရင်ရော'
'အာ! ဘာမှမဖြစ်ဘူး...မမကိုငါဖုန်းဆက်လိုက်မယ်
လိုက်ခဲ့ပါဟာ...နော် မေမေကြီး ...သမီး ပန်းအိသူကိုခေါ်သွားချင်တယ်'
'အင်း! သမီးလေးသဘော'
'ကဲ! တွေ့တယ်မလား...လာ တက်'!
""ပိုးတို့ အိမ်ကထွက်လာပြီး မကြာခင် လမ်းမှာ အိသူကိုတွေ့တယ်...သူက နယ်မှာရှိတဲ့ သူ့မွေးစားအဒေါ်ဆီ ခဏပြန်သွားတာ...အဲ့နေ့က သူပြန်လာတယ် လမ်းမှာတွေ့တော့...သူ့ကိုလိုက်ခဲ့ဖို့ ခေါ်လိုက်တယ်""
""ခေါ်လိုက်တဲ့နောက်ရော""
""ပိုး...ပိုး မမဆီဖုန်းဆက်တယ်...ဒါပေမယ့် ဆက်လို့မရခဲ့ဘူး""
""အင်း...ဟုတ်ပြီ...ဒါနဲ့အခုကားပေါ်မှာ လေးယောက်ဖြစ်သွားပြီ...ဟုတ်တယ်နော်...""
""ဟုတ်...ပိုးတို့ပျော်နေတယ်..စကားတွေအများကြီးပြောပြီး ရယ်နေကြတယ်...""
""အင်း...အဲ့ဒီကနေ မင်းတို့သွားမယ့်ဆီ ကားကိုဆက်မောင်းလာနေတယ်...လာနေတယ်...အားလုံးအဆင်ပြေပြေပဲ...""
မျက်လုံးတွေကို မှိတ်ယှက်ထားရင်း ဆရာဝန်ဆီမှ အမေးစကားတိုင်းကို ပြန်ဖြေနေသော သူမအား ဘေးကကြည့်ရင်း မတည်မငြိမ်ဖြစ်နေရသူက မောင်ပါပဲ..။ ဖြစ်နိုင်ရင် ဒီနေရာကကို ရှေ့ဆက်မသွားစေချင်တော့တာပါ...။
!'ဦး...ကားက အရမ်းမြန်နေပြီ အရှိန်လျှော့ဦးလေ'
'ဒုက္ခပဲ...ကားက ဘရိတ်မမိတော့ဘူး'
'ရှင်...ဘယ်လိုလုပ်ကြမလဲ'!
ဘာတွေမြင်ယောင်လာသည်မသိ ကြည့်နေရင်းကပင် တဖြေးဖြေးနဲ့ မှိတ်ထားတဲ့မျက်ဝန်းအိမ်လေးတွေက အလျင်အမြန်ရွေ့လျားလာကာ တစ်စုံတစ်ခုကို ကြောက်လန့်နေဟန်ဖြစ်လာလေ၏။
""သွားနေရင်းနဲ့...သွားနေရင်းနဲ့
တစ်နေရာမှာ....ကားက အရှိန်လျှော့လို့မရတော့ဘူး အရမ်းမြန်နေတယ်...""
"".....""
""ကားကရပ်လို့မရဘူး...အင်း.ဟင်း!""
ဒီတခါမှာတော့ သူမရဲ့လက်နဲ့ ခြေထောက်လေးတွေကပါ ပွတ်တိုက်ရုန်းကန်လာပြီး လူးလွန့်နေရင်း...ဘေးနားက သူ့လက်ကို အတင်းလှမ်း၍ဖမ်းဆုပ်လာကာ...
""ရှေ့မှာ...ကားတစ်စီးက ပိုးတို့ဆီဦးတည်ပြီးလာနေတယ်..ရှောင်လို့မရဘူး...အား! ""
သူ ကြည့်ရင်းစိုးရိမ်မှုတို့က မြင့်တက်နေသလို အတင်းရုန်းကန် အော်ဟစ်နေသောသူမကို မကြည့်ရက်စွာပင် ကြည့်နေရ၏။ ဘဝမှာ အကြောက်လန့်ဆုံးဖြစ်ခဲ့ရတဲ့ ထိုအချိန်ကို အခုအပြင်းအထန်ပြန်လည် ရင်ဆိုင်နေရတာ...တကယ့်ကို ပင်ပန်းခက်ခဲစွာ...။ မှိတ်ထားတဲ့ မျက်ဝန်းတို့မှ မျက်ရည်တွေပါ စီးကျနေရင်း အတော်လေးကြောက်ရွံ့ထိတ်လန့်နေရပုံကို သူ့မှာသနားလွန်းလို့ ဘယ်နည်းနဲ့မှဆက်ကြည့်နိုင်စွမ်းမရှိတော့...
!တီ....တီ.....
အား...! ပိုး...တံခါး ...တံခါးကို တွန်း...
ခွမ်း!! အ!.....!
""ကားက ရအောင်ရှောင်လိုက်တယ်...ဒါပေမယ့် တစ်ခုခုနဲ့ ဝင်တိုက်မိသွားတယ်...အင်း!...
မှန်ကွဲစ...မှန်ကွဲစတွေ ပိုးဆီလွင့်လာနေတယ်...
အ! ...ပြီးတော့ ပိုး ကားထဲကနေ လွင့်ကျပြီး...ဘယ်နေရာကြီးမှန်းမသိဘူး ပြုတ်ကျသွားတယ်...ဘာမှလည်းမမြင်ရတော့ဘူး...အား!""
""ဖျောက်!""
""ရပြီ...ပြန်လာခဲ့တော့
ဆရာ့အသံကိုကြားလား...မင်းကိုခေါ်နေတယ် လာခဲ့...လာခဲ့တော့""
လက်ဖျောက်တီးလျက် အမိန့်ပေးခေါ်လိုက်မှ သူမ ခန္ဓာကိုယ်လေး မတ်သွားကာ တုန်ယင်မောဟိုက်နေရင်း မျက်ရည်တွေစီးကျနေလေ၏။ မောင်လည်း သူမ ကိုယ်လေးကို ပွေ့ယူကာ ရင်ခွင်ထဲသိမ်းဖက်ထားပေးရင်း နောက်ကျောလေးကို ပွတ်သပ်ပေးတော့ အသံမထွက်ဘဲ တသိမ့်သိမ့်ရှိုက်နေသော ကိုယ်လေးက တုန်ယင်နေလေ၏။
ဘယ်လောက်တောင် ကြောက်နေခဲ့ရှာမလဲ
မှောင်မိုက်နေတဲ့ လောကထဲ ကိုယ့်ကလေးလေးအရမ်းကို အထီးကျန်ပြီး ကြောက်ရွံ့နေခဲ့မှာ။ တောင်းပန်ပါတယ်...မင်းကို အချိန်မီရှာမတွေ့နိုင်ခဲ့တဲ့အတွက် တကယ်တောင်းပန်ပါတယ်...မင်းတစ်ယောက်တည်း အကြာကြီး ပစ်ထားမိခဲ့တယ်...
""ဘာမှမဖြစ်တော့ဘူး နော်...
ကိုယ်ရှိတယ်...မငိုနဲ့...တိတ်!""
""သေသွားတယ်...သူတို့အားလုံးသေသွားကြတယ်လား...မမရော အရမ်းဝမ်းနည်းနေခဲ့မှာပဲ...ပြီးတော့ အိသူကိုလည်း ပိုးမခေါ်ခဲ့သင့်ဘူး...အခုတော့ ပိုးကြောင့် သူအခုလိုဖြစ်ရတာ...ပိုးကကျ ဘာလို့မသေခဲ့တာလဲ?""
"".....""
""အခု အဲ့ဒီနေ့ကအဖြစ်အပျက်နဲ့ မင်းရဲ့ပျောက်လက်စ မှတ်ဥာဏ်တချို့ကိုပြန်ကြည့်ခဲ့တာနော် မင်းစိတ်ထဲ အားလုံးရှင်းရှင်းလင်းလင်းမြင်ရလား""
""ဟုတ်ကဲ့""
""ကဲ! အခုခဏနားလိုက်ဦးနော်
အများကြီးထပ်မစဥ်းစားနဲ့ တဖြးဖြေးချင်းအားလုံးပုံပေါ်သွားမယ်...နော်...""
~~~~~~~~
""သူက စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုကြောင့် အဲ့ဒီဖြစ်စဥ်ရဲ့ မှတ်ဥာဏ်တချို့ကို မေ့ပျောက်နေတာပါ။ ပုံမှန် caseတွေမှာဆိုရင် တစ်လ နှစ်လလောက်အချိန်ယူကုသပေးတဲ့အခါ ပြန်သတိရနိုင်တယ် ဒါပေမယ့် လူနာအပေါ်လည်းမူတည်တာပေါ့...အခုကြည့်ရတာတော့ သူက အားလုံးကိုမှတ်မိချင်လျက်နဲ့ ဒီအတွက် အရင်က လိုအပ်တဲ့ကုသမှု လုပ်ထားတာမျိုးမတွေ့ရဘူး...""
""......""
ဟုတ်မှာပါ။ အကြံအစည်ကြီးမားသူက ပိုးကိုဘာမှမမှတ်မိစေချင်တာကြောင့် ကုသမှုလည်းကျိန်းသေဘယ်လုပ်ပေးပါ့မလဲ...လုံးဝတောင်မစဥ်းစားခိုင်းခဲ့တာပဲလေ...။
~~~~💞💞💞💞~~~~
ပိုး အိပ်ပျော်နေရင်းမှ ရုတ်တရက် နိုးသွားရပြန်သည်။ အိပ်နေတာကြာပြီဆိုတော့ အခု မိုးလင်းလောက်ပါပြီ...
""ဟင်""
ထ ကြည့်မယ်ဆိုခါမှ တစ်ကိုယ်လုံးလှုပ်မရတာကြောင့် ရုတ်တရက်လန့်သွားရပေမယ့် ဘေးကို စမ်းကြည့်တော့ သူရှိနေတာကိုး...။လူကိုဖက်ထားလိုက်တာများ သူ့ရင်ဘတ်ထဲတောင် ပေါက်ဝင်သွားတော့မတတ်ပင်။ ဒါနဲ့ သူအိပ်ပျော်နေတုန်း ထင်တယ်...။
ဘယ်လောက်တောင်နီးကပ်လွန်းတဲ့ အနေအထားဖြစ်နေလဲ တွေးကြည့်ဖို့တောင်မလိုပါ။ ပိုးရဲ့ ပါးပြင်ထက် သူ့ရဲ့အသက်ရှူနှုန်း ဝင်လေထွက်လေလေး တိုက်ရိုက်ထိခတ်နေခြင်းက အဖြေပဲလေ...။ နိုးနေပေမယ့်လည်း လှုပ်မရဖြစ်နေသောအခြေအနေကြောင့် ပိုးမှာ ဒီအတိုင်း တောင့်တောင့်လေးဖြစ်နေရ၏။ ခက်လိုက်တာနော်!
ခက်နေရင်းကပဲ တစ်စုံတစ်ခုကိုစဥ်းစားမိသွားတာကြောင့် ပိုး ခန္ဓာကိုယ်လေးကို သူ့ဘက်သို့ ဖြေးဖြေးချင်းစောင်းလှည့်ကာ ရင်ဘတ်ဆီသို့ နားလေးကပ်လိုက်တော့...သူထံမှ ရုတ်တရက်လှုပ်ရှားလာလေရဲ့
""ဘာဖြစ်လို့လဲ ကလေး""
""ဟယ်! အကို နိုးသွားပြီလား""
နိုးသွားတာ အခုမှမဟုတ်။ သူမ မနိုးခင်ကတည်းကပါ။ သူက နှိုးမလို့လုပ်နေတုန်း...ဒီကလေးက နိုးလာပြီး သူအိပ်နေတယ် အထင်နဲ့ မလှုပ်ဘဲ ငြိမ်ငြိမ်လေးရှိနေပုံက အသည်းယားစရာ။ ခဏနေတော့ သူ့ဘက်လှည့်လာကာ ဘာလုပ်ချင်တယ်မသိ...ခေါင်းလေးက သူ့ရင်ဘတ်ထဲ တိုးဝင်နေတော့မှ မနေနိုင်စွာ မေးမိလိုက်ခြင်း...။
""ပိုး ကြောင့်နိုးသွားတာလား""
""အင်းပေါ့...မင်းက ဒီလောက်ဝင်တိုးနေတာကို""
""Sorryပါရှင်...ပိုးက အခုရှင့်မျက်နှာချောချောလေးကို မမြင်ရတော့...နှလုံးခုန်တဲ့အသံလေးနားထောင်ချင်လို့ပါ...အကိုမကြိုက်ရင်လည်း...""
""အို!..""
ပြောလက်စမှ မဆုံးသေး...သူက ဖက်ထားလျက်နှင့်ပင် ပိုးရဲ့ခန္ဓာကိုယ်လေးကို ရုတ်တရက်ဆွဲပွေ့ယူလိုက်ပြန်တော့ ပိုးရဲ့ကိုယ်သေးသေးလေးက သူ့ကိုယ်ပေါ် မှောက်လျက်တင်နေပြီး မျက်နှာကလည်း သူ့ရင်ခွင်ကျယ်ပေါ် အပ်လျက်သား...။
""အကို! ဘယ်လိုလုပ်တာလဲ
လန့်သွားတာပဲ""
""နားထောင်လေ!...မင်းဖြစ်ချင်သမျှ အကုန်ကြိုက်တာလုပ်...ကိုယ်ခွင့်ပြုတယ် ဟုတ်ပြီလား
အဲ့ဒီ့နေရာက ဒီတစ်သက်လုံး မင်းအပိုင်ပဲ...""
တကယ်ပင် သူ့ရင်ဘတ်ပေါ် နားလေးကပ်ရင်း ပြုံးမြမြမျက်နှာလေးက ချစ်စဖွယ်အတိ။ ကလေးရယ်...ကိုယ့်နှလုံးသားကို မင်းကပဲ လှုပ်ကိုင်နိုင်ခဲ့သူပါ။ ဟိုးစတွေ့ကတည်းက ကိုယ်ကပဲ သေလောက်အောင်ချစ်ခဲ့ရတာ...မင်းသိတာထက်ကို ပိုသေးတယ်...။
""အကို...မနေ့က အိမ်မပြန်ဘူးပေါ့""
""အင်း...မင်းကိုစိတ်မချလို့
အိပ်မက်ဆိုးတွေမက်နေလား သိရအောင်...""
""ဒါဆို တစ်ညလုံး ပိုးရဲ့ဘေးမှာအိပ်နေတာလား""
""အင်းပေါ့...""
""ဒါနဲ့ မမက...""
""ဟိတ်! ရှူး...ကိုယ်ပြောပြီးပြီလေ
မင်းကိုယ့်ဆီမှာ ရှိနေရင် သူစိတ်မပူဘူး
မင်း ဒီမှာပဲနေ""
""ဘာလို့လဲ...အကိုရဲ့
မမကို ပိုးပြောစရာတွေရှိတယ်""
""ဘာလဲ...မင်းက ကိုယ့်ဆီမှာမနေချင်တော့ဘူးပေါ့""
""ဟုတ်ပါဘူး...ဒါပေမယ့် မမဆီပြန်လည်း အကိုနဲ့တွေ့လို့ရတာပဲ..""
လေသံချိုလေးနဲ့ သူ့ထံ ပူဆာနေလေပြီ ။မင်းရဲ့အတွေးတွေလောက် မရိုးစင်းပါဘူး ကလေးရေ...။လက်ရှိအခြေအနေတွေကို မင်းဘာမှမသိသေးလို့ ဒီလိုပြောတာ...။မင်းစိတ်ထဲမှာတစ်ချိန်လုံးရှိနေခဲ့တဲ့ အဲဒီ့သူက မင်းကို သေစာရင်းသွင်း ဖျောက်ဖျက်ထားခဲ့တာရော သိရဲ့လား...။မင်းရဲ့ချစ်သူဖြစ်တဲ့ ကိုယ့်ကို အကွက်ချကြံစည်ပြီး လက်ထပ်ရဖို့အကြောင်းဖန်တီးခဲ့တာရော သိရဲ့လား...။
""အကို...မေးနေတယ်လေ..ရလားလို့""
""မရဘူး...""
""ဟင့်! ""
""စိတ်ကောက်လည်း ဒါတော့အလျှော့မပေးပါ ခင်ဗျာ!""
""ဒါဆို ဘာလို့ပြန်မလွှတ်လဲ ဖြေလေ""
""မလွှတ်ချင်လို့ပေါ့ကွာ""
လိုရာမရောက်သော အဖြေစကားကြောင့် အလိုမကျစွာ နှုတ်ခမ်းလေးထော်လျက် သူ့ကိုယ်ပေါ်က လှိမ့်ဆင်းလေသော ချာတိတ်မကို အတင်းပြန်ဖမ်းချုပ်ကာ စူထော်နေတဲ့ နှုတ်ခမ်းလေးကိုလည်း အသည်းယားလွန်းစွာ သိမ်းပိုက်ပစ်လိုက်ပြန်၏။ တကယ်တော့ ဆိုးဆေးတွေမရှိဘဲ ပင်ကိုယ် ပန်းသွေးခြယ်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို ကိုက်ပစ်ချင်တာနော်...ဟွန်း! ကိုယ့်စိတ်တွေကို လွှတ်ပေးလိုက်ရင် ဒီကလေးလေး နာသွားမှာစိုးလို့...။(မသိဘူးနော်🙈)
""တော်ပြီ...ရှင့်ကိုစိတ်ဆိုးတယ်
လူကို ပြန်ပေးဆွဲထားတာလား ဘာလား""
""အင်း...ဟုတ်တယ်
မင်းကို အပိုင်သိမ်းပြီး တစ်သက်လုံး ကိုယ့်ရင်ခွင်ထဲ ပြန်ပေးဆွဲထားတော့မှာ""
""ဆိုးတယ် ဆိုးတယ်
ရှင်က သိပ်ဆိုးတယ်""
သူ့ရင်ဘတ်ကို ထုရိုက်ကာ အပြစ်ပေးနေသော လက်လေးတွေကို ပြန်မဖမ်းဘဲ ဒီအတိုင်းလွှတ်ထားပေးရင်း သဘောတကျသာရယ်နေမိတော့၏။
မင်းကို ပြန်မလွှတ်ပေးနိုင်တာ ဘာကြောင့်လဲလို့ မမေးနဲ့ ကောင်မလေး...ကိုယ် မင်းကို တစ်ကြိမ်ဆုံးရှုံးခဲ့ရပြီးပြီ...နောက်ထပ် မင်းကိုဘယ်တော့မှ ဘာအတွက်နဲ့မှ အဆုံးအရှုံးမခံနိုင်လို့ပဲ...။
မင်းက သိပ်ဖြူစင်တယ်...
ဒါကြောင့် မင်းကိုယ့်မျက်စိရှေ့မှာပဲရှိနေမှဖြစ်မယ်။ ကိုယ်မှမဟုတ်ရင် မင်းကိုဘယ်သူနဲ့မှစိတ်မချနိုင်ဘူး ကလေးရယ်...။
ကိုယ်တို့ထပ်ပြီးရင်ဆိုင်ရမယ့် ကိစ္စတစ်ချို့ရှိနေသေးတယ်...။ဒါပေမယ့် စိတ်ချပါ...ကိုယ်အားလုံးကို ဖြေရှင်းမယ်...။ ကိုယ့်ရဲ့အနာဂါတ်ကို မင်းပဲပိုင်ရမယ်...။ကျိန်းသေ မင်းတစ်ယောက် ပဲ...။
(သိပ်လည်းမroရပါဘဲ ဒီအပိုင်းရေးနေရင်းအောက်နားလည်းရောက်ရော သကြားလုံးစားရင်းရေးလိုက်တာ 'ကလု'ဆို သကြားလုံးကြီးနင်သွားတယ်...😂အချိုနဲ့ဓာတ်မတည့်သော FAမ သဘောတရား😭)
~~~~💞💞💞💞~~~~
Continue to >>>Part-23
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)