book

Index 17

~~ Part-( 17 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


""ကိုယ့်ကို မထားခဲ့ပါနဲ့""


""မောင်!""


""ပိုးလေး...ကိုယ့်ဆီပြန်လာခဲ့ပါကွာ

မင်းရှိနေတယ် မဟုတ်လား...မင်းရှိနေမှာပါ

ကိုယ်ရှာမတွေ့အောင် ပုန်းမနေပါနဲ့တော့""


တင်းကျပ်စွာဖက်တွယ်ထားသော သူ့ရင်ခွင်ထဲ မေ ခဏတော့ ငြိမ်သက်နေမိပေမယ့် သူ့နှုတ်ဖျားမှ တမ်းတမ်းတတခေါ်နေသော နာမည်ကြောင့် ခံပြင်းဒေါသစိတ်က ချက်ချင်းပင်ရုန်းကြွလာကာ သူ့ခန္ဓာကိုယ်ကိုလည်း တစ်ဖက်သို့တွန်းဖယ်ရင်း ထရပ်လိုက်မိ၏။ သူကတော့ ဘာဆိုဘာမှမသိပုံနဲ့ မိပိုးနာမည်ကို ခေါ်နေသံကလည်း အဆက်မပြတ်။ အသိစိတ်ရှိနေချိန်ရော မရှိချိန်မှာပါ သူ့ရင်ထဲက တမ်းတခြင်းမှာ 'ပိုးရတု'ဆိုသည့် အဲ့ဒီသူတစ်ယောက်တည်းသာ...။


ဘာတွေထပ်တွေဝေနေဦးမှာလဲ...မေတော်ဝင်

အခု သူကနင့်မျက်စိရှေ့မှာလေ...နင်စောင့်နေတဲ့ အခွင့်အရေးက အခုအချိန်ပဲ...ဟင်း ဟင်း!


မေ သူ့မျက်နှာကို ခဏမျှလှမ်း၍စိုက်ကြည့်နေရင်းမှ ရုတ်တရက်ပဲ စိတ်ရိုင်းတချို့ဝင်သွားကာ နှုတ်ခမ်းနီနီတို့မှလည်း အပြုံးတစ်ပွင့်ပေါ်ထွက်လာခဲ့၏။ ပြီးတော့ ဦးခေါင်းထက်မှထုံးဖွဲ့ထားသောဆံနွယ်တို့ကို ဖြေချလျက် အဝတ်အစားတို့ကိုလည်း hotelက ပြင်ထားပေးသောbath clothနှင့် လဲဝတ်လိုက်ပြီးမှ  သူ့ဘေးနားသို့ ဝင်လှဲအိပ်လိုက်ရင်း...


""ခွင့်လွှတ်ပါ မောင်

ဒီလုပ်ရပ်ကြောင့် မောင် နိုးလာတဲ့အခါ ကျမကို အခုထက်ပိုမုန်းချင် မုန်းနိုင်တယ်...ကျမခွင့်လွှတ်တယ်...""


"".....""


""ဒီတစ်သက်မှာ မောင်သာ ကျမအချစ်ရဆုံးသူမို့ ကျမအနားက ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားချင်ရုံပါပဲ...မောင်ပဲရှိတော့တယ်...ကျမအနားက အားလုံးထွက်သွားကြပြီလေ...ဒါကြောင့် မောင့်တစ်ယောက်ကိုတော့...""


သူ့မျက်နှာလေးကို ငေးစိုက်ကြည့်ကာ လေသံလေးတိုးလျလျဖြင့် ဆိုနေသောစကားတို့ကို သူကြားခဲ့မယ်ဆိုရင် သေချာပေါက် မုန်းတယ်လို့ပြန်ပြောမှာပါ...။မှေးမှိတ်ထားတဲ့ ဒီမျက်ဝန်းတွေ ပွင့်လာခဲ့ရင်လည်း မေ့ကို နာနာကျည်းကျည်း အကြည့်တွေနဲ့ကြည့်မည်သာ...။ အရာအားလုံးကို ကျမလက်ခံတယ် မောင်..။မချစ်တဲ့အပြင် မုန်းနေပါစေဦးတော့ ရှင် ကျမ ဘေးမှာပဲရှိနေရမယ်...ဒါ ကျမရဲ့ရွေးချယ်မှုပဲ...အဆုံးစွန်သော ရူးမိုက်မှုပဲ...။


အတွေးတို့နှင့်အတူ သူ့နှုတ်ခမ်းလေးထက် ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီး ပါးပြင်လေးဆီသို့ လက်နဲ့ဖွဖွလှမ်းထိကြည့်ရင်း... လက်ကိုတဖြေးဖြေးရွှေ့လာကာ သူဝတ်ထားတဲ့ shirtကြယ်သီးလေးတွေကို အနည်းငယ် လှစ်ဟလိုက်ပြီးမှ သူ့ရင်ခွင်ထဲ တိုးဖက်ကာ မေ မျက်ဝန်းတို့ကို မှိတ်ထားမိ၏။


""ပိုးလေး! ""


ကြားတယ်...ကြားပါတယ်...။

ဒါပေမယ့် သူခေါ်နေတဲ့သူက သူ့ဆီဘယ်တော့မှပြန်လာနိုင်မှာမဟုတ်ဘူးလေ...။သူ့နှလုံးသားက တမ်းတနေတဲ့သူနဲ့ လက်ရှိ သူ့ရင်ခွင်ထဲရှိနေတဲ့သူ...ဘယ်သူက သူ့ရဲ့အနာဂတ်မှာပါဝင်ခွင့် ရနိုင်လိမ့်မလဲ?


အဖြေက ရှင်းနေပြီးသားပဲလေ...။


~~~~💞💞💞💞~~~~


ခေါင်းထဲ တဆစ်ဆစ်ကိုက်ခဲမှုနဲ့အတူ လေးလံနေတဲ့ မျက်ခွံတို့ကို အားယူဖွင့်ကြည့်မိ၏။ အပြင်မှာ မိုးလင်းနေချေပြီ။ အဲ့ဒီနောက် သူရောက်နေတဲ့အခန်းကို သေချာလိုက်ကြည့်မိတော့ ဘယ်နေရာမှန်းမသိ။ ညက အတော်အမူးလွန်သွားတာဖြစ်မှာ...အဲ့ဒီဝိုင်းမှာထိုင်ပြီး သောက်နေသည့်အချိန်ကလွဲရင် နောက်ပိုင်းကိုဘာမှမသိ။ ဒီအခန်းကိုရော ဘယ်လိုရောက်နေတာပါလိမ့်!


ခန္ဓာကိုယ်ကို အားယူကာ ထရန်ပြင်လိုက်စဥ်မှာပဲ ဘေးမှ တင်းတင်းကျပ်ကျပ် သိုင်းဖက်ထားသည့် လက်တစ်စုံကြောင့် အံ့သြထိတ်လန့်သွားရ၏။ အသေအချာကြည့်နေစဥ် ထိုမိန်းကလေးက မျက်လုံးတွေပွင့်လာကာ...


""မောင်!""


""ဟင်! မင်း...မင်း...ဘယ်လို""


သူမ အဝတ်အစားတွေကြည့်တော့ ဖရိုဖရဲပုံစံတွေနှင့်...။ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့လည်း ဝတ်ထားသည့် အင်္ကျီက လျော့ရဲကာ ကြယ်သီးတွေပြုတ်နေလျက် အင်္ကျီကော်လံနှင့် ရင်ဘတ်နေရာတွေမှာလည်း အနီရဲရဲနှုတ်ခမ်းရာတွေ ရှိနေလေ၏။


'သွားပြီ'ဟူသော အသိနဲ့အတူ သူ့ခံစားချက်တို့လည်း ကမ္ဘာပျက်နေပြီ။ မေတော်ဝင်ရဲ့ အကွက်ချစီစဥ်မှုထဲ သူက အလိုက်မသိစွာခုန်ဆင်းခဲ့မိပြီလား...မဟုတ်ဘူး...မဖြစ်နိုင်ဘူး...


""အဟင်း ဟင်း! အဲ့လောက်လည်း သွေးပျက်မနေပါနဲ့...မောင်က ယောကျ်ားလေးပဲဟာ...ဘာများနစ်နာတာမှတ်လို့""


""မင်း...တမင်လုပ်တာမဟုတ်လား?""


""အို! မောင်ကလည်း...

ဘာတွေမေးမှန်းလဲ မသိဘူး...မနေ့က မောင်ပဲ ကျမလက်ကို အတင်းဆွဲထားပြီး မသွားနဲ့လို့ ပြောတာလေ...အဲ့ဒါကြောင့် ကျမလည်း...""


""မဖြစ်နိုင်ဘူး...""


""ဘာလဲ? မောင်ဘာမှမမှတ်မိဘူးဆိုပြီး ငြင်းမလို့လား...dramaတွေထဲက အကွက်တွေလေ...ဟား ဟား!""


မရယ်ချင်ပါဘဲ လက်ခုပ်လက်ဝါးတီးကာ တဟားဟားအော်ရယ်နေသည့် မေ့ကို သူက တည်တင်းလွန်းနေသည့် မျက်နှာထားဖြင့်စိုက်ကြည့်လာကာ...


""ငြင်းစရာမရှိဘူး မေတော်ဝင်

အစကတည်းက မဟုတ်ခဲ့လို့ပဲ

မင်းနဲ့ငါ ဘာမှမဖြစ်ခဲ့ဘူး...ငါသိတယ်...မင်းလည်းသိပါတယ်""


""သေချာလှချည်လား""


""သေချာတယ်...ငါ့မှာ အသိစိတ်ရှိမနေအောင် လွတ်ထွက်သွားခဲ့ရင်လည်း ငါ့ချစ်သူအပေါ် ဘယ်တော့မှ သစ္စာပျက်မိစေမယ့်လုပ်ရပ်ကို ငါမလုပ်ဘူး...မသိစိတ်နဲ့တောင် မဖောက်ပြားဘူး...""


""အင်းပါ သစ္စာရှင်ကြီးရယ်

ဒါပေမယ့် အဲ့ဒါနင်နဲ့ငါပဲသိတာလေ...သူများတွေရဲ့အမြင်မှာ ငါတို့နှစ်ယောက်တစ်ညလုံးအတူရှိနေခဲ့တာ...အားလုံးသိတယ်...သြော်! ဒီအထပ်နဲ့ အပေါ်ထပ် အောက်ထပ်တွေမှာလည်း တခြားcompanyက လူကြီးတွေ...အသိမိတ်ဆွေတွေအများကြီးနော်...ငါတို့နည်းနည်းတော့ ဖြေရှင်းဖို့ခက်လိမ့်မယ် အဟင်း!""


""မင်း အခုချက်ချင်း ထွက်သွားစမ်း!""


""ငါပြောနေတယ်လေ...လုပ်ငန်းရှင်တွေအများကြီးလို့ ဒီအချိန်မှာ ဒီပုံစံအတိုင်း ငါအခန်းထဲကထွက်သွားရင်...""


ပုခုံးနှစ်ဖက်ကို ဟန်ပါပါတွန့်ပြရင်း မထိတထိမျက်နှာထားနဲ့ ပြောနေသော ထိုမိန်းမကြောင့် မောင် အရမ်းကိုပဲ ဒေါသထွက်နေမိ၏။ ဒါတမင်သက်သက် ကြံစည်တာဖြစ်မှန်းလည်း သိပေမယ့် ဒီလိုအခြေအနေက ဖြေရှင်းရန်ခက်ခဲလွန်းနေသည်။ မေတော်ဝင်လို မိန်းမမျိုးက ဒီလောက် ရွံရှာစက်ဆုပ်ဖွယ် ကြံစည်မှုမျိုးလုပ်ဝံ့လိမ့်မယ်လို့ သူ မထင်ခဲ့မိတာလည်း အမှန်ပင်။


အခုတော့ ပညာတတ်မပီသစွာ ဒီလောက်နိမ့်ပါးတဲ့အတွေးအခေါ်နဲ့ ယောကျ်ားတစ်ယောက်ကို အမိဖမ်းသည့်လုပ်ရပ်က အင်မတန်မှ အထင်သေးဖွယ်ပါလား...။


""ဟင်း...ဟင်း! စဥ်းစားရခက်နေပြီလား မောင်""


""မင်း ဘာလိုချင်တာလဲ?

ဘာဖြစ်ချင်တာလဲ?""


""ရှင်းရှင်းလေးပါ မောင်ရဲ့

ကျမ မောင်နဲ့လက်ထပ်ချင်တယ်""


အဖြေစကား အဆုံးမှာ စူးခနဲရောက်လာသည့် အကြည့်က တကယ့်ကိုမှကြောက်မက်ဖွယ်။ ထိုအကြည့်ထဲမှာ မေ့ကို မုန်းတီးရွံရှာခြင်းတွေပျော်ဝင်နေသလို အထင်သေးနာကျည်းမှုတွေလည်း အပြည့်။


ထင်ထားပြီးသားပါ။ ကြိုတင်မှန်းဆပြင်ဆင်ထားခဲ့သော်လည်း လက်တွေ့ရင်ဆိုင်ရသည့်အချိန်မှာတော့ မေ ထင်ထားတာထက်ကို ပို၍နာကျင်ရပါ၏။ ကြည့်ပါဦး! ဘဝတစ်သက်မှာ အမြတ်တနိုးချစ်ခဲ့ရတဲ့ ဒီလူသားက မေ့ကို တစ်ခါလေးလောက်တောင် မချစ်ခဲ့တဲ့အပြင် မီးလိုပူတဲ့အမုန်းတွေကိုသာ ပို့လွှတ်နေခဲ့သည့်ဖြစ်ခြင်း...။ဒါကိုမှ အမှတ်မရှိ အဲ့ဒီမီးထဲကို တိုးဝင်လောင်မြိုက်ခံဖို့ နယ်ကျွံချင်သည့် အချစ်စိတ်မှာ မာနနဲ့ဂုဏ်သိက္ခာကိုချနင်း ပစ်ဝင်ခဲ့မိသည့် မေက လုံးဝကို ရူးနေခဲ့ပြီထင်ပါရဲ့...။


သူ့မျက်ဝန်းစိမ်းစိမ်းတွေထဲ ပြန်လည်ငေးကြည့်ရင်းမှ ကြေကွဲသောအတွေးတို့က တရိပ်ရိပ်ထင်ဟပ်နေသလို...မျက်ဝန်းမှမျက်ရည်တို့စီးမကျသော်လည်း နှလုံးသားတစ်ခုလုံးကတော့ နာကျင်စူးအောင့်နေသည့် ဝေဒနာမှာမသက်သာလေခဲ့။အသေအချာစဥ်းစားကြည့်ရင် မေမေဆုံးပြီးသည့်နောက်ပိုင်းကတည်းက မေ အမြဲဒီလိုပဲ မကြာခဏ ခံစားနေရတတ်တာ...ကိုယ့်ကိုယ်ကိုပင် သတိမထားမိခဲ့ပါလား...။


""တီ! တီ!""


နှစ်ယောက်သား အကြည့်ချင်းပြိုင်နေရင်းမှ အခန်းတံခါးဆီက bellသံထွက်ပေါ်လာတာကြောင့် ထိုနေရာသို့ ဦးတည်လျှောက်လှမ်းသွားသူက မေ ပင်။


""မင်္ဂလာပါ boss...ဟင်!""


သူတို့bossပဲတံခါးလာဖွင့်မည်ဟုထင်မှတ်ကာ ဦးညွတ်ပြရင်းမှ မေ့ကိုတွေ့သွားတော့ အံ့သြသွားသည့်မျက်နှာတွေဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်...မေ့ကိုကြည့်လိုက် ပြီးတော့ အနောက်မှာ ရပ်နေတဲ့ မောင့်ထံလှမ်းကြည့်လိုက်နှင့် အလုပ်ရှုပ်နေသူတွေကို မေ တစ်ချက်ကြည့်ကာ ပြုံးပြလိုက်ရင်း...


""မောင့် companyက staffတွေပဲ

ဒါနဲ့ youတို့ ဘာကိစ္စ?""


မသိဟန်ဆောင်ပြီး မေးလိုက်ခြင်းပါ။ တကယ်တော့ သူတို့ဒီကိုရောက်လာဖို့ မနေ့ညကတည်းက မေ ကိုယ်တိုင်ပဲစီစဥ်ခဲ့တာလေ...။ဒီလို လက်မလွှတ်သင့်တဲ့ မြင်ကွင်းကောင်းလေးကို တွေ့သွားစေချင်၍ပေါ့...


""မမေတော်ဝင်...မင်္ဂလာပါ ခင်ဗျ

ကျွန်တော်တို့ကို ဒီမနက်စစ်ရမယ့်fileတွေလာပို့ဖို့bossက messageပို့ထားလို့ပါ""


""သြော်! ဟုတ်လား

ထားခဲ့ပါရှင်!""


ချိုသာနွဲ့နှောင်းနေသည့် အမူအရာဖြင့် ပြောဆိုကာ တံခါးကို ပြန်ပိတ်လိုက်ပြီးမှ မောင့်ထံသို့ အဓိပ္ပာယ်တစ်မျိုးပါသည့် အကြည့်လေးဖြင့် ပြုံးကြည့်ကာ ပြန်လျှောက်လာခဲ့၏။


အဲ့ဒီ့အပြုံးနဲ့အကြည့်ကို မောင် နားလည်ပါသည်။ တကယ်ဆို ဝန်ထမ်းတွေဒီကိုရောက်လာဖို့ ခိုင်းစေထားသည့်ကိစ္စမျိုးလည်း သူမလုပ်ခဲ့။ တမင်တကာကို အကွက်ကျလွန်းစွာ လက်အောက်ဝန်ထမ်းတွေရှေ့ ဒီလိုသရုပ်ပျက်မြင်ကွင်းကို မြင်စေရန် ကြံစည်ထားခဲ့တာ...။ တကယ့်ကိုမှ အကြံကြီးလွန်းပါလား မေတော်ဝင်...


ပြုံးစစမျက်နှာပေးနဲ့ သူ့ထံလျှာက်လှမ်းလာနေသူကို မောင် စိတ်မရှည်စွာပင် ပုခုံးနှစ်ဖက်မှဆွဲကိုင်ကာ နံရံဆီ ဖိကပ်ထားလိုက်ပြီး...


""မင်းက ငါ့ဘဝကိုစိတ်ထင်တိုင်းခြယ်လှယ်လို့ ရမယ်ထင်နေလား မေတော်ဝင်""


""အင်း...ထင်နေတယ်...အခုပဲ ရှင် ကျမ ထောင်ချောက်ထဲ ပိတ်မိနေပြီလေ...ဒီအခြေအနေကို ရှင်ဘယ်လိုဖြေရှင်းမလဲ?""


"".....""


""မကြာခင်မှာ ဒီကိစ္စက ရှင့်ဝန်ထမ်းတွေကတဆင့် ရှင့် companyမှာပျံ့နှံ့သွားတော့မယ်...ဒီhotelမှာရှိနေတဲ့ တခြားcompanyက ရှယ်ယာဝင်တွေလည်းသိမယ်...နောက်...နောက်...အော်! ရှင့်မိဘတွေလေ...အဟင်း ဟင်း! ရှင့်မိဘတွေက ဂုဏ်သိက္ခာကိုအရမ်းတန်ဖိုးထားတာ...သူတို့သားက မိန်းကလေးတစ်ယောက်နဲ့အတူနေပြီးမှ တာဝန်ယူဖို့ငြင်းဆန်ရင်...ဘာပြောကြမလဲ? ကျမက လမ်းဘေးကအပေါစားမိန်းကလေးလည်းမဟုတ်...။ပြီးတော့ အစကတည်းကလည်း ရှင့်အမေက ကျမနဲ့ရှင့်ကို လက်ထပ်စေချင်လို့ သဘောတူနေတာလေ...ရှင်သာ ပိုးရတုလို ငအလေးကို...""


""တော်စမ်း! မင်းလိုလူရဲ့ ပါးစပ်ကနေ ငါ့ချစ်သူရဲ့နာမည်ကို ထုတ်မပြောနဲ့...သူက ရိုးသားတယ် ဖြူစင်တယ် မင်းလိုမာယာမများဘူး...ပြီးတော့ ယောကျ်ားတစ်ယောက်ကို ဖြားယောင်းအကွက်ဆင်ပြီး ယူတတ်တဲ့သူမဟုတ်ဘူး...မင်းနဲ့သူက ညီအစ်မတွေဆိုတာ ငါယုံတောင်မယုံနိုင်ဘူး... မင်းကို ငါမုန်းတယ် မေတော်ဝင်...မင်းရဲ့အကြံအစည်တွေကိုလည်း ဘာတစ်ခုမှမအောင်မြင်စေရဘူး...မင်းလုပ်ချင်တာ ဆက်လုပ်လိုက်...ငါဂရုလည်းမစိုက်ဘူး...ရှင်းတယ်နော်""


စူးရဲလွန်းသည့်မျက်ဝန်းတွေနှင့် ဒေါသတကြီးအော်ဟစ် ပြောဆိုသွားသည့်စကားသံရဲ့အဆုံး ကြမ်းပြင်ပေါ် ကျနေသည့် ကုတ်အင်္ကျီကို ကောက်ယူကာ ခြေလှမ်းကျဲတွေဖြင့် အပြင်ကိုထွက်သွားလေတဲ့ မောင်...


ပြောသွားတာများ တကယ့်ကို မုန်းမုန်းတီးတီးပုံစံနှင့်ပါ။ နာကျည်းနေသလား မောင်...။ကျမက မိန်းမရိုင်းတစ်ယောက်လို့ မောင်ထင်နေမှာပေါ့။ ဒါပေမယ့် အဲ့ဒီ့မိန်းမရိုင်းရဲ့ရင်ထဲကအချစ်ကို မောင် ဘယ်နှခါများ မြင်အောင်ကြည့်ခဲ့သလဲ? ဘယ်တုန်းကများ နားလည်ပေးခဲ့လို့လဲ? ကျမရဲ့လုပ်ရပ်က အတ္တဆန်ချင် ဆန်နေလိမ့်မယ်...ရိုင်းချင်လည်းရိုင်းမယ်...ဒါပေမယ့် ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရဖို့ကြိုးစားတာ ကျမ တရားတယ် မောင်...။မောင်သိပါတယ်...အချစ်က ဒီလိုပဲလူကိုရူးမိုက်သွားစေတယ်...


အခုကိစ္စအတွက်လည်း မောင် တတ်နိုင်ရင်ဖြေရှင်းကြည့်လိုက်ပါ...။ကျမကလည်း ဒီလမ်းကို စခဲ့ပြီးမှတော့ အဆုံးစွန်အထိဆက်လျှောက်ရမှာပဲ...။ရှင် ထင်နေသလောက်တော့ ကျမက လွယ်ကူမနေဘူးနော်...မောင်။


ဟုတ်ပါတယ်...အခုလုပ်ရပ်အတွက် မေ့မှာ မှန်ကန်မှုမရှိသလို မှားသည်ဟုလည်း မယူဆခဲ့ပါ။ ဒီတော့ အဆုံးသတ်မှာ အနိုင်ရသူဖြစ်ဖို့ မေ ဆက်ပြီး ဖန်တီးသွားဥွီးမှာ...။ဒီတစ်ခါတော့ လမ်းဆုံးထိ လျှောက်သွားကြည့်ရအောင်လား မောင်...


ရှင်လည်းကျမကို မုန်းနေလိုက်

အဲ့လို မုန်းလျက်နဲ့ပဲ ကျမအနားကိုလာခဲ့လိုက်...

ကျမကတော့ ရှင့်အမုန်းကိုလည်း ကျေကျေနပ်နပ်ပဲ ကြိုဆိုလိုက်မယ်


အရေးကြီးတာက တစ်ခုတည်း မောင်ရဲ့...

ဒီကံတရားရဲ့ အဆုံးသတ်မှာ မေတော်ဝင်ပဲနိုင်ရမယ်...


ဒီလောက်ကို ရိုးရှင်းတယ်...


""ဟား! ဟား! ဟား!""


တိတ်ဆိတ်နေသည့် အခန်းတစ်ခုလုံးသို့ ခြောက်ကပ်ကပ်ရယ်သံက ခြောက်ခြားဖွယ်ပျံ့လွင့်လာခဲ့၏။ နှုတ်ခမ်းတို့က ပြုံးနေသော်လည်း ထိုမိန်းကလေးရဲ့ မျက်ဝန်းထဲတွင်တော့ ဝမ်းနည်းမျက်ရည်တို့ ပုန်းကွယ်နေသည်ကို သူကိုယ်တိုင်မှလွဲရင် ဘယ်သူကများသိနိုင်ပါ့မလဲ...


ချစ်တဲ့သူကို ပိုင်ဆိုင်ရရေးမှာ ဘဝနဲ့သိက္ခာကိုချခင်းလို့ ဖြတ်လျှောက်ခဲ့တဲ့လမ်းရဲ့ အဆုံးသတ်က ဘာမှန်းမရေရာသေးသော်လည်း အရင်ဆုံးရရှိခဲ့တာကတော့ 'မုန်းတယ်'ဆိုသည့် ရလဒ်တစ်ခုသာ...။


~~~~💞💞💞💞~~~~


""ဟေ့ကောင်! သတင်းတွေကအမှန်ပဲလား

ဘယ်လိုဖြစ်ရတာလဲကွာ""


ဘယ်ကနေဘယ်လိုကြားလာတယ်မသိ ပျာပျာသလဲဖြင့် အပြေးအလွှားရောက်လာသူက သူ့ရဲ့မန်နေဂျာတစ်ဖြစ်လဲ သူငယ်ချင်း ဇော်ထက် ပင်...


""ငါ့မှာဘာမှပြောစရာမရှိဘူး

ငါပြောနိုင်တာက အဲ့ဒါလုံးဝအမှန်မဟုတ်ဘူး""


""သိတယ် ငါသိတယ်

ဒါပေမယ့် အဲ့လိုဆိုတိုင်းမင်းဒီလိုထိုင်နေလို့မရဘူးလေ...အခု ဝန်ထမ်းတွေရဲ့ gp chatမှာရော...company websiteတွေမှာရော ဒီအကြောင်းတွေ သို့လော သို့လောပြောနေကြတယ်""


""တော်ပါတော့ကွာ!

မဟုတ်တောင် ငါစိတ်တွေရှုပ်လွန်းလို့ရူးတော့မယ်""


""တချို့တွေပြောနေကြတော့လည်း မင်းတို့ကလက်ထပ်ဖို့တောင်စီစဥ်နေပြီတဲ့!""


""ငါ့ဘဝမှာ ငါ့ရဲ့သတို့သမီးအဖြစ်သတ်မှတ်ထားတာ ပိုးလေးတစ်ယောက်ထဲ...သူ မရှိလည်း ဒါကဘယ်တော့မှမပြောင်းလဲဘူး""


""ဒါပေမယ့် အခုကိစ္စကို မင်းဘယ်လိုရှင်းမလဲ

အဲ့ဒီညမှာ တခြားcompanyကလူတွေလည်းအများကြီး...ငါတို့ဝန်ထမ်းတွေလည်း မင်းတို့နှစ်ယောက် အတူရှိနေတဲ့အခန်းထိ...""


"".....""


""သူတို့ဘက်ကလည်း ဒီကိစ္စကို ငြင်းချင်သလိုလိုပုံစံနဲ့ တမင်ချပြနေသလိုပဲ...""


သူ စိတ်ညစ်လွန်းလို့ သက်ပြင်းကိုချနေမိတာ ဘယ်နှကြိမ်မှန်းပင်မသိ။ သွားပြီ..အခုမှ သူ့မှာ ရုန်းထွက်မရအောင် ချောင်ပိတ်မိနေသည့်နှယ်ပါ...။ပြောကြစတမ်းဆို ဒီလိုကိစ္စမျိုးမှာ တကယ်တမ်းအပြစ်ရှိသည့်သူက ယောကျ်ားလေးလို့ပဲ သတ်မှတ်ကြသည့်အခြေအနေမဟုတ်လား။ပုံမှန်စဥ်းစားရင် နစ်နာသူက မိန်းကလေးပဲလေ...အခုကိစ္စမှာသာ ကြံစည်မှုပါဝင်နေခဲ့တာ...။ဒါပေမယ့် ပတ်ဝန်းကျင်အမြင်မှာတော့...အခွင့်အရေးယူပြီးခါမှ ခေါင်းရှောင်ထွက်ပြေးချင်နေသည့် တာဝန်မဲ့သူဟာ...မြတ်သောမောင်ဆိုသည့်လူသာ...။


""တောက်!""


""ခွမ်း!""


ခံပြင်းဒေါသစိတ်တို့တောက်လောင်စွာ လက်ထဲကိုင်ထာသည့် အရက်ခွက်ကို နံရံဆီသို့ အားကုန်လွှဲကာ ပစ်ပေါက်လိုက်မိတော့ ကွဲကြေသွားသည့် ဖန်ကွဲစများထက် သူ့နှလုံးသားကိုသာ ပြန်မြင်နေရသလိုပါ


ဖြေရှင်းရန်ခက်ခဲနေသော ဒီအခြေအနေမှာ ရှုပ်ထွေးလွန်းသည့် ခံစားချက်နဲ့အတူ ကွဲကြေနေသော သူ့နှလုံးသားက ထိုဖန်ကွဲစတွေလိုပါပဲ။ မဟုတ်မှန်းသိနေပါလျက် ရှင်းရခက်တဲ့အခြေအနေကြောင့် သူရူးသာ ရူးသွားလိုက်ချင်တာ...။


ပြီးတော့ ကလေး...

ကိုယ်မင်းအပေါ် လုံးဝသစ္စာမပျက်ခဲ့ဘူးနော်...

ဒါ...ဒါတွေက အမှန်မဟုတ်ပါဘူး ကလေးရယ်

မင်း မယုံလိုက်နဲ့နော်...လုံးဝမဟုတ်ဘူး...


""မဟုတ်ဘူး!!""


~~~~~~~~


""ကျွန်တော် လုံးဝလက်မခံဘူး daddy""


""ငါစကားကို နှစ်ခါမပြောဘူး မြတ်သောမောင်

မင်းနဲ့အဲ့ဒီ့ကလေးမက တွဲလာတာလည်းကြာပြီ

ကြားထဲမှာ မင်းကချစ်သူတစ်ယောက် ထားပြီး သူနဲ့ပြတ်သွားတာဆို...""


""ဘယ်လို!""


Daddyဆီမှထွက်လာသောစကားကြောင့် သူအံ့သြစိတ်ပျက်ရပြန်သည်။ ကြားထဲမှာဘယ်လိုစကားတွေပို့လွှတ်သွားခဲ့သည်မသိ...သူနဲ့တောင် တွဲခဲ့ပြီးမှပြတ်သွားတယ်ဆိုပါလား...။မုသားစကားတွေကို ပြောလို့လွယ်တိုင်း ဇွတ်ကိုပြောနေတာပါလား...မေတော်ဝင်..။မင်းက တော်တော်အဆိပ်ပြင်းတဲ့ မိန်းမပဲ...


""မင်းရဲ့ကောင်မလေးလည်း သေသွားပြီလေ သားရယ်""


""......""


""အခု ပြိုင်ဘက်companyတွေအများကြီးရှိတဲ့ partyမှာ မင်းဒီလိုအမှားမျိုးကျူးလွန်ခဲ့တာ..ငါတို့ company imageကိုထိခိုက်တယ်...ပွဲထဲမှာလည်း မင်းဘယ်သူ့ကိုမှစကားပြန်မပြောဘဲ မူးရူးနေတယ်ဆို...ဝန်ထမ်းတွေရှေ့မှာ မျက်နှာပျက်စရာ..မင်းမရှက်ဘူးလား ဒါနဲ့တောင် မင်းက companyကို ဥွီးစီးနေတဲ့ အထက်လူကြီးလို့ ခေါ်ထိုက်ရဲ့လား ဟမ်!""


""မခေါ်ထိုက်ဘူးဆိုလည်း daddyကြိုက်တာလုပ်

ကျွန်တော် အလုပ်ထွက်တယ်""


""ဘာကွ! ဟေ့ကောင်...မင်း!

ကဲကွာ!""


ဒီတစ်ခါတော်တော်ပဲ ဒေါသထွက်တယ်ထင်ပါသည်။ ဘယ်တုန်းကမှ သူ့ကိုကိုယ်ထိလက်ရောက်မကျူးလွန်ခဲ့သည့် daddyရဲ့လက်သီးချက်ပြင်းပြင်းက သူ့မျက်နှာဆီကျရောက်လာကာ လူတစ်ကိုယ်လုံးတောင် နောက်ပြန်လဲကျသွားသည်အထိ...


""ငါထပ်ပြောမယ် ဒီကိစ္စဖြစ်လက်စနဲ့ အဲ့ဒီကလေးမကိုလက်ထပ်လိုက်တော့...မင်းဘဝလည်းတည်ငြိမ်သင့်နေပြီ မင်းရဲ့အရေးမပါတဲ့စိတ်ခံစားချက်ထက် မိဘတွေရဲ့ ဂုဏ်သိက္ခာ မင်းရဲ့ဂုဏ်သိက္ခာ...အထူးသဖြင့် ငါ့တစ်သက်လုံး ပျိုးထောင်လာခဲ့တဲ့ companyရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေနဲ့!""


~~~~💞💞💞💞~~~~

Continue to>>>Part-18


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: