book

Index 14

~~ Part-( 14 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


""ဘယ်လို! Daddy ဘာပြောလိုက်တယ်""


""ဟုတ်တယ် သား

ဟိုကCompanyမှာ projectနှစ်ခုကိုတပြိုင်တည်း စဖို့စီစဥ်ထားတယ်...အဲ့တော့ သားပြန်သွားပြီး စီမံပေးမှဖြစ်လိမ့်မယ်""


""Companyမှာ projectနှစ်ခုလုပ်တဲ့ကိစ္စက အဆန်းမှ မဟုတ်ဘဲ daddyရယ်""


""ဒါပေမယ့် ဒီတစ်ခေါက်က အရင်နဲ့မတူဘူး

အရမ်းအရေးကြီးတယ်...သားကိုယ်တိုင်ရှိနေမှ daddy စိတ်ချနိုင်မှာ""


သူ သက်ပြင်းကိုသာချမိတော့၏။  ပြန်လာတာဖြင့် လပိုင်းလောက်သာရှိသေးတာလေ။ ထပ်ပြီး ရေခြားမြေခြားကိုသွားရဖို့ကို ဘယ်သူက ဝမ်းသာပါ့မလဲ။ အဓိကကတော့ အမြဲတွေ့ချင်မြင်ချင်နေသူကို အကြာကြီးခွဲခွာရမယ့် ဖြစ်ခြင်းက ပိုခါးသီးတာပါ။


""ဘယ်လောက်ကြာနိုင်လဲ daddy""


""သားရယ်...မင်းမသိတာလည်းမဟုတ်ဘူး

လပိုင်းလောက်တော့ကြာမှာပေါ့...အရင်တခါလိုတော့ နှစ်ချီမနေခိုင်းပါဘူး...အဲ့တုန်းက သားကိုအတွေ့အကြုံရစေချင်လို့ပါ""


""နေခိုင်းလည်း မနေပါဘူး

အမှန်အတိုင်းပြောရရင် သွားကိုမသွားချင်တာ""


""မာမီ့သားက အရင်နဲ့မတူပါလား""


ပြောရင်းဆိုရင်းကပဲ အနားကို မာမီပါ ထပ်ရောက်လာသည်မို့ သက်ပြင်းထပ်ချမိပြန်သည်။ မာမီကလည်း အရေးအကြောင်းဆို ကိုယ့်ဘက်သိပ်မလိုက်တတ်ဘူးရယ်...


""ခဏပါပဲ သားရဲ့

သား daddyက ကျန်းမာရေးအခြေအနေကို စိတ်မချလို့ မာမီ မသွားစေချင်ဘူး...""


တွေ့လား! ထင်သည့်အတိုင်းပါပဲ...

မာမီ daddyကိုစိတ်မချသလို ကျွန်တော်လည်း ပိုးလေးကို မခွဲနိုင်ဘူးလေ...။ဟင်း! ခက်လိုက်တာ...


""ဟူးး!""


""ဘာလို့ ဒီလောက်သက်ပြင်းတွေချနေတာလဲ သား

ဘာလဲ..မဟုတ်မှလွဲရော...မာမီ့သားက မခွဲနိုင်စရာ သံယောဇဥ်တွေဘာတွေ ရှိနေပြီလား""


 ပြောချင်နေသည့်အကြောင်းကို အဆင်ပြေပြေလမ်းဖွင့်ကာ မေးလာသည့် အမေးကြောင့် သူပြုံးမိသွားရ၏။ မိခင်ဖြစ်သူကလည်း မြင်ဖြစ်အောင်မြင်သွားကာ 'ပြော'ဆိုသည့်သဘောဖြင့် ကြည့်လာလေသည်။ ဒီလိုဆိုတော့ daddyကပါ စိတ်ဝင်တစား အကဲခတ်သလိုကြည့်နေသေးရဲ့ ...


""ရှိတယ်

သားမှာ ချစ်သူရှိတယ်...သူ့နာမည်က ပိုးရတု တဲ့!""


""ဟင်! ဟိုတခါ သားပြောတဲ့ ကောင်မလေးပဲလား...မေတော်ဝင်ရဲ့ညီမလေးဆိုတာ...""


""ဟုတ်တယ်...သူပဲ""


""သြော်! ဒီလိုဆိုရင်လည်း မာမီတို့ကငြင်းစရာမရှိပါဘူး..မေလေးက သားနဲ့ပိုသင့်တော်မယ်ထင်ခဲ့ပေမယ့် သားက သူ့ညီမမှ ချစ်တယ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ""


""သူက တော်တော်လေးငယ်သေးလား""


Daddyကပါ မေးခွန်းထုတ်နေချေပြီ။ မိဘတွေက စိတ်ဝင်တစားမေးမြန်းနေကြတော့ သူ့မှာ ရင်တွေတောင် တဒိတ်ဒိတ်ခုန်နေမိပါ၏။ ကိုယ့်ကောင်မလေးအကြောင်းကို မိဘတွေရှေ့မှာ ပြောပြရတာ တော်တော်လေးကို စိတ်လှုပ်ရှားစရာပါလား...။ဘယ်လိုခံစားချက်လေးမှန်းကိုမသိ။တကယ်တော့ ပိုးလေးကိုပါ တခါတည်းခေါ်လာပြီးမှ ပြောပြဖို့ရည်ရွယ်ထားခဲ့ပေမယ့် အခုတော့ မတတ်နိုင်တော့ဘူး ကလေးရယ်...ကိုယ်ဖွင့်ပြောလိုက်တော့မယ်နော်...


""ဟိတ်ကောင်! မေးနေတာကြားလား""


""ကြား...ကြားပါတယ် daddyရဲ့

သူက သားထက် ၇နှစ်ငယ်တယ်...

အခု ကျောင်းတက်နေတုန်းပဲရှိသေးတယ်""


""ငယ်သေးတယ်""


""ငယ်သေးတော့ ဘာဖြစ်လို့လဲ daddyရဲ့""


""ဟ! ဘာဖြစ်ရမလဲ

အခု လက်မထပ်သေးနဲ့ဥွီးပေါ့

သဘောမတူဘူးလို့ မပြောဘူး...သူလည်းကျောင်းပြီးတဲ့အထိ တက်ပါစေ...မင်းလည်း ငါလွှတ်တဲ့နေရာကိုသွား...ကျန်တာကိုပြန်လာမှ ဆက်ပြောမယ်""


""အဲ့မတိုင်ခင် မာမီ့ဆီ တခါလောက်ခေါ်ခဲ့ဦးလေ သား""


""သားက သူ့ကိုလက်ထပ်ဖို့တောင် ပြောပြီးပြီ

သူက အချိန်ယူရအောင်ပဲပြောလို့""


""ကြည့်စမ်း! ကလေးကမှလိမ္မာသေးတယ်

မင်းနှယ်! ဇွတ်တရွတ်ပဲ""


မာမီက မျက်စောင်းရွယ်ကာပြောလိုက်တော့ သူလည်း မျက်နှာပူစွာ ရှက်ရယ် ရယ်ရင်း...ဧည့်ခန်းထဲ၌ မိသားစု၃ယောက်၏ရယ်သံလေးများက ပျံ့လွင့်နေခဲ့၏။


အခုတော့ အရာအားလုံးသည် အကောင်းဆုံးတွေဘက်သို့ ဦးတည်ကာ ပျော်ရွှင်ကြည်နူးဖွယ်အတိ။ ဒီအတိုင်းလေးသာ အရာရာ အဆင်ပြေစွာ ပြီးဆုံးသွားဖို့ ကိုယ်မျှော်လင့်ပါတယ် ကလေးရေ...။

(ထင်သလောက်မလွယ်ပါဘူး အကိုရေ!😔)


~~~~💞💞💞💞~~~~


**At the International Airport**


""ပိုးလေး! ကိုယ်စိတ်ချမယ်နော်

လိလိမ္မာမ္မာနေ...ကျောင်းမှာ ကောင်လေးတွေနဲ့စကားမပြောရဘူးနော်...အရောလည်းမဝင်ရဘူး""


တကယ့်ကို ကလေးတစ်ယောက်လိုနှယ် စိတ်မချစွာ မှာနေသော စကားများက ဘယ်နှကြိမ်ရှိနေပြီမှန်းတောင်မသိ။ မျက်နှာဆိုသည်မှာလည်း မကြည်မလင် စူပုပ်ပုပ်လေးဖြစ်နေတာမို့ ပိုးမှာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ တကယ်ပါပဲ...အကိုက အခုလိုကျတော့ ကလေးလေးလိုပဲ...မဟုတ်သေးဘူး ကလေးလေးထက်တောင် ဆိုးနေသေးတယ်...


""ရယ်နေတယ်ပေါ့

ကိုယ် အဝေးသွားရမှာကို ပျော်နေတာလား""


""မဟုတ်ပါဘူး အကိုရယ်

ပျော်တယ်လည်းမဟုတ်ပေမယ့် ဝမ်းလည်းမနည်းပါဘူး...အလုပ်ကိစ္စနဲ့ခဏလေးသွားမှာပဲကို""


""ခဏလေးလည်း မသွားချင်ဘူး""


""အကိုရယ်...သွားဖို့ပဲ ဒီရောက်နေပြီ

ကလေးလေးကျနေတာပဲ...ဆိုးနေတာ""


ရယ်ကာ မောကာပြောနေတဲ့ မျက်နှာချိုချိုလေးက ဘာလို့များ မခွဲရက်နိုင်စရာဖြစ်နေရတာလဲ? ဘာကြောင့်မှန်းတော့ မသိပေမယ့် ပိုးကို စိတ်မချနိုင်သလိုခံစားချက်က သူ့ရင်ထဲကြီးစိုးနေ၏။ သူမရှိသည့် နောက်ကွယ် ပိုး တခုခုဖြစ်တော့မယ်လို့ အလိုလိုခံစားနေမိသည်။ ဘာကြောင့်လဲ...ဘာကြောင့်လဲ...ဒီခံစားချက်ကိုတော့ သူရေရေရာရာနားမလည်...။အဝေးကို ခဏလေးသွားရမှာ ကိုယ်ဖြစ်နေပေမယ့်...ဘာလို့ ကိုယ့်စိတ်ထဲမှာအကြာကြီးဝေးသွားရမယ်လို့ ခံစားနေမိပါလိမ့်! 


ကိုယ့်စိတ်ထင်တာပဲ ဖြစ်မှာပါ။ ကိုယ်က ပိုချစ်တဲ့သူမို့ မင်းနဲ့ပတ်သက်ရင် အစစအရာရာမှာ အရမ်းကိုလေးနက်လွန်းနေမိတာ...တခါမှမဝေးဖူးတဲ့ ခံစားချက်ကြောင့် ကိုယ်အတွေးလွန်တာပဲ ဖြစ်မှာ..အဲ့လိုပဲ ဖြစ်ပါစေ...


""အကို! ပိုးပြောတာ ကြားလား

ကျန်းမာရေးဂရုစိုက်နော်လို့""


မျက်နှာချိုလေးနဲ့ စကားတွေပြောနေသည့် ကောင်မလေးအား ရင်ခွင်ထဲထည့်ကာ တင်းကျပ်စွာဖက်ထားလိုက်တော့ အရင်လိုအလန့်တကြားရုန်းထွက်တာမျိုး မလုပ်ဘဲ သူ့ရင်ခွင်ထဲငြိမ်သက်နေလေ၏။


""ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ ကလေးရယ်

ကိုယ်...ကိုယ်...မင်းကိုထားခဲ့ရတာ စိတ်မချဘူး""


""ဘာလို့လဲ?

ပိုးက ဒီမှာနေမယ့်သူ ကိုယ့်အိမ်မှာကိုယ်နေမှာ

အကိုကသာ ခရီးသွားရမှာလေ...ပိုးက အကို့ကိုစိတ်ပူရမှာ""


""မေတော်ဝင်နဲ့ အဆင်ပြေနေရဲ့လား?""


""ပြေပါတယ်...မမက ပိုးနဲ့အကို့အကြောင်း မေးတောင်မမေးဘူး...သူ့အလုပ်ပဲသူလုပ်နေတာ""


""အင်းပါ! ဒါဆိုလည်းပြီးတာပဲ

ကိုယ်မှာတာတွေ မမေ့နဲ့နော်""


""ဟုတ်!""


""ကိုယ်သွားတော့မယ်""


ပါးစပ်က ပြောကာ ဆုပ်ကိုင်ထားသည့်လက်လေးအား ဖြေလွှတ်တော့မည့်ဆဲဆဲ၌ သူ့လက်ကို တင်းကျပ်စွာ ပြန်ဆုပ်ကိုင်လိုက်သည့် ခံစားချက်ကြောင့် နောက်ပြန်လှည့်ကြည့်တော့ တစ်စုံတစ်ခုကို ပြောရန်ရည်ရွယ်နေပုံရသော နှုတ်ခမ်းဖျားလေးက မဝံ့မရဲလေး လှုပ်ခတ်နေလေ၏။ ဒါကြောင့်ပဲ ခြေလှမ်းက ရှေ့မရောက်နိုင်ပြန်ပဲ သူမ မျက်နှာလေးကိုကြည့်နေရုံရှိသေး...မထင်မှတ်စွာ သူ့ရင်ခွင်ကို ပြေးဝင်လာသော ကလေးကြောင့် အလိုက်သင့်လေး ထွေးဖက်ထားရင်းမှ...


""ကိုယ့်ကိုတစ်ခုခုပြောချင်လို့လား ကလေး...ပြောလေ""


""ဟုတ်! ပြောချင်တယ်

ပိုး...အကို့ကို ချစ်တယ်""


ရုတ်တရက် မထင်မှတ်ထားစွာ ကြားလိုက်ရသော စကားသံလေးက တိုးလျပေမယ့် ပီပြင်စွာကြားလိုက်ပါ၏။ကလေးက...ပိုးလေးက သူ့ကို  'ချစ်တယ်'လို့ ပြောလိုက်တာပဲ...။မျှော်လင့်နေသောစကားကို မမျှော်လင့်သည့် အချိန်မှာကြားလိုက်ရခြင်းမို့ ရင်ထဲ အံ့အားသင့်စွာ ကြည်နူးပျော်ရွှင်သော ခံစားချက်က တကယ့်ကိုမှ နွေးထွေးလှိုက်ဖြာနေခဲ့ပါသည်။ ချစ်သူတွေဆိုသော်ငြား ကိုယ်ကသာ ချစ်စကားကို အထပ်ထပ်ဆိုခဲ့ဖူးပြီး...သူမ ဘက်ကတော့ တိကျတဲ့အဖြေကို ဖွင့်ဟမပြောခဲ့ဘဲ...အလိုက်သိစွာ နားလည်မှုပေးခဲ့ရတာမဟုတ်လား...။အမြဲကြားချင်ခဲ့သောစကားလေးကို ဒီနေ့မှာ သူမ နှုတ်ဖျားလေးမှ ဖွင့်ဟပြောခဲ့ပြီပဲ...


""ပိုး...ကလေး...ကိုယ့်ကိုဘာပြောလိုက်တာ?

နောက်တစ်ခေါက်လောက်ထပ်ပြောပါလား""


""ချစ်တယ်...ရှင့်ကို ချစ်တယ်လို့ပြောတာလေ""


""ဟာ! ကိုယ် အရမ်းပျော်တာပဲ ကလေးရယ်

တကယ်...တကယ်ကို ဘာပြောရမှန်းတောင်မသိဘူး...အမြဲကြားချင်နေတဲ့စကားဆိုပေမယ့် အခုအချိန်မှာ ကြားရလိမ့်မယ်မထင်ခဲ့ဘူး""


တကယ့်ကိုပဲ အရောင်တလက်လက်တောက်ပနေသည့်မျက်ဝန်းလေးတွေမှာ ပျော်ရွှင်ခြင်းအရိပ်အယောင်တွေအပြည့်။ ပိုး...အရင်ကတည်းက ထုတ်ပြောခဲ့ရမှာပါ...ပြောလည်းပြောချင်ခဲ့ပေမယ့် ဖွင့်ဟဝန်ခံဖို့ မဝံ့ရဲခဲ့တာ...ဒီအတွက်လည်းအထပ်ထပ်မေးခွန်းတွေ မထုတ်ခဲ့ဘဲ နားလည်မှုထားပြီး ပိုး ကိုချစ်နေပေးခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးပါ အကို! 


""အင်း...ဘာပြန်ပြောရမလဲဆိုတော့ အကိုလည်း ပိုးကိုချစ်တယ်လို့ ပြန်ပြောလေ...ဒါမှညီမျှမှာပေါ့""


""ကိုယ်ကလည်း ကိုယ့်ကလေးလေးကိုအများကြီးချစ်တယ်...ကိုယ်က ပိုချစ်တဲ့သူပါ ကလေးရယ်...ဒီစကားကို အရင်ကလည်း ကိုယ်အကြိမ်ကြိမ်ပြောခဲ့ဖူးတာပဲ""


""အင်း...ဒါဆိုရပြီ""


""ဘာလို့ အဲ့လိုစကားကို အခုချိန်ပြောရတာလဲကွာ""


""ဟင်!...အချိန်မှားသွားလို့လား

ပိုးက အခုပဲပြောချင်တာ""


""မှားတော့မမှားဘူးပေါ့...အခု ကိုယ်ဘယ်လိုသွားရတော့မှာလဲ?အဲ့ဒီ့အသံလေး ထပ်ကြားချင်သေးတာကို...စကားတွေလည်းပြောချင်တယ်လေ...ပြီးတော့ ကိုယ်တို့အတူတူ လျှောက်လည်တာမျိုးလည်းမလုပ်ရသေးဘူး""


""အဲ့ဒါတွေကို အကြွေးမှတ်လိုက်ပေါ့

အကိုပြန်လာရင် အဲ့ဒါတွေအကုန်လုံး လုပ်မယ်...ချစ်တဲ့အကြောင်းလည်းထပ်ပြောပြမယ် စကားတွေလည်း ပြောမယ်...ပြီးတော့ အတူတူအပြင်သွားမယ် မုန့်စားမယ်""


""ဒါဆို အရင်ဆုံးတော့ တံဆိပ်ခတ်ပေးရမယ်

ဒီနေရာ...""


မောင်က နှုတ်ခမ်းနေရာလေးကို လက်ညှိုးထိုးလျက်ပြောတော့ သူမက အသည်းယားစရာမျက်လုံးဝိုင်းလေးဖြင့်ကြည့်နေပြန်၏။


""တံဆိပ်လေ""


""ဘာ..ဘာ တံဆိပ်လဲ?""


""ကဲကြည့်! ကလေးက မှတ်မထားဘူးကွာ

ကိုယ်တို့ချစ်သူတွေဖြစ်တဲ့နေ့က မင်းရဲ့နှုတ်ခမ်းပေါ် ကိုယ်တံဆိပ်ခတ်ပေးတယ်လေ...အခု ကိုယ့်ကိုလည်း...""


မရမက ပူဆာနေသည့် ကလေးဆိုးကြီးကို ပိုးဘယ်လိုပြန်ဖြေရမည်တောင်မသိတော့ပေ။ လူကိုသာ 'ကလေး'လို့လာခေါ်နေတာ တကယ်တမ်းကျ သူကမှ ကလေးကြီးမဟုတ်ဘူးလား...


""ကြာတယ်နော်

ကိုယ် flightတက်ရတော့မှာ""


""အင်း...ဒီနားကိုတိုးခဲ့""


သူမ အရပ်လေးက မောင့်ရဲ့ ရင်ခွင်မှီသာရှိတာမို့ တံဆိပ်အခတ်ခံဖို့ကတော့ သူ့ကိုယ်ကို အတော်လေးညွတ်ကိုင်းပေးရပါ၏။ ဒါတောင် သူမက ခြေဖျားလေးထောက်နေရသေးတာလေ...။အနားသို့ မရဲတရဲတိုးကပ်လာနေသည့် ပန်းနုနှုတ်ခမ်းပါးလေးက နောက်ဆုံးတွင်တော့ မောင့် နှုတ်ခမ်းပေါ်ထိရုံလေး ထိကပ်ကာ နောက်ကြောင်းပြန်လှည့်ရန်ပြင်လေပြီ။ သို့သော် ဒီနှုတ်ခမ်းချိုချိုလေးကို ထပ်မံအပိုင်သိမ်းချင်နေသေးသူ တစ်ယောက်မှာတော့ လွယ်ကူစွာလွှတ်မပေးခဲ့ဘဲ...အနမ်းတို့ကိုအခန်းဆက်ရှည်စေခဲ့ရင်း...။


ပိုးလည်း သူစိတ်ချမ်းသာအောင် သူ့နှုတ်ခမ်းပေါ်သို့ ထိရုံလေးထိကာ နမ်းလိုက်ရန်ရည်ရွယ်ခဲ့သော်လည်း...သူက ရုတ်တရက်ဆိုသလို ပိုးရဲ့ ခါးလေးကို ဆွဲဖက်ကာ ချီမြှောက်လိုက်တာမို့...လူတကိုယ်လုံးလေပေါ်မြောက်သွားကာ...ခြေထောက်လေးတွေကလည်း မြေဝယ်မထိ။ ထိရုံသာရည်ရွယ်သော နှုတ်ခမ်းတစုံကတော့  သူဖြားယောင်းသော အနမ်းချိုချိုအောက် တိမ်းညွတ်လိုက်ပါနေမိခြင်းမှာ ရင်ခုန်ခြင်းများစွာက အဖော်ပြုလျက်...။


""တော်တော့လေ! ...ဘေးမှာလူတွေနဲ့ ရှင်မရှက်ဘူးလား""


""ဘယ်သူမှကြည့်မနေပါဘူး""


""ဟွန့်! အခွင့်အရေးသမားကြီး...မုန်းပစ်ချင်တယ်တကယ်!""


ပိုးက မျက်စောင်းထိုးကာ ပြောနေသလောက် သူကသဘောတကျ လိုက်ရယ်နေလေ၏။လူကိုလည်း အခုထိတိုင် ချီထားဆဲပဲမို့...ပိုးအရပ်က အခုမှသူ့ကိုမှီချင်ချင်ဖြစ်သွားကာ သူ့မျက်နှာချောချောလေးကိုလည်း နီးနီးကပ်ကပ်မြင်နေရတာမို့ ခဏတော့ငေးလိုက်သေးပေမယ့် တမင်ကို မျက်စောင်းရွယ်လိုက်ပြီး...


""အောက်ချ! ""


""Ok! Ok!""


""ဟာ! အကိုနော်...ဘယ်လိုဖြစ်နေမှန်းမသိဘူး""


အောက်ချတာတောင် အခွင့်အရေးယူကာ ပါးလေးကို ဖျတ်ခနဲရအောင်နမ်းလိုက်သေးသည့် သူ...။တကယ်ပါပဲ...စိတ်တိုလာပြီ။


""ဟော! အဲ့လိုကြီး စူပုပ်မသွားပါနဲ့ကွာ

ကိုယ်က ချစ်လို့ပါ""


""......""


""ကဲ! အခု ကိုယ်တကယ်သွားတော့မယ်

ဖုန်းဆက်မှာနော်...မကိုင်ပဲမနေနဲ့""


""ဟုတ်ကဲ့ပါ...အားလုံးအတွက်စိတ်ချနော်

ပိုးက လိမ္မာပါတယ်...သိရဲ့သားနဲ့""


""အင်း...သိပါတယ်...ချစ်တယ်နော် ပိုးလေး

ကိုယ်အမြန်ဆုံးပြန်လာခဲ့မယ်...စောင့်နေ""


ဒီလိုနဲ့ပဲ သူမကိုနှုတ်ဆက်ကာ မောင် ရေမြေခြားသို့ခရီးဆက်ခဲ့ရ၏။ ကိုယ်အမြန်ဆုံးပြန်လာခဲ့မှာပါ...အဲ့ဒီမတိုင်ခင်တော့ မင်းလေး အန္တရာယ်ကင်းကင်းနဲ့ ကျန်းကျန်းမာမာ ရှိနေပေးပါ...။ကိုယ်စိတ်ချနေပါရစေနော်...။


~~~~💞💞💞💞~~~~


မှောင်ရိပ်သမ်းနေတဲ့ အခန်းရဲ့အလယ် တရွေ့ရွေ့လှုပ်ရှားနေသော အရိပ်အရောင်တစ်ခုက အထီးကျန်ခြင်းကို ဖော်ဆောင်နေသည့်နှယ်။ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေပေမယ့် သူ့ခြေလှမ်းတို့ကတော့ ဦးတည်ရာမရှိခဲ့။ မျက်ဝန်းတွေမှာလည်းကြေကွဲခြင်းအငွေ့အသက်တို့ ပြည့်နှက်စွာဖြင့်...အတွေးပုံရိပ်တို့မှာတော့ သိပ်ချစ်ကြတဲ့ ချစ်သူစုံတွဲလေးရဲ့ အချစ်ကိုပုံဖော်နေကြသည့်မြင်ကွင်းတို့က တဖျတ်ဖျတ်နဲ့ သဲကွဲစွာပေါ်လွင်နေလေ၏။


ကျမ ရှုံးခဲ့ပြီလား...

မောင်က သူ့ကို သိပ်ချစ်တာပဲနော်...

ဘေးကကြည့်နေတဲ့သူတွေတောင် မသိပဲမနေရလောက်အောင် ရှင်ဘာလို့ ဒီလောက်ထိ ချစ်ပြနေနိုင်ရတာလဲ...။အသည်းကွဲတယ်ဆိုတာ ဒါမျိုးလား မောင်...


ဟုတ်မယ်နဲ့တူပါတယ်

အခုလေ...မေ့ရင်ထဲမှာ ရှိနေတဲ့တစ်စုံတစ်ခုက အစိတ်စိတ်ကွဲကြေနေသလိုပဲ ခံစားရတယ်...။မောင်ကတော့ ပြုံးနေလိုက်တာ...သိပ်ကိုပျော်နေတဲ့ပုံပဲ။သူများတွေလိုတော့ မေက သဘောထားမကြီးနိုင်ဘူးကွယ်...ကိုယ်ချစ်တဲ့သူ ပျော်ရင်ကျေနပ်တယ်တို့...ပေးဆပ်ခြင်းအချစ်တို့ကို မေ နားမလည်ဘူး လက်မခံဘူး...။ကိုယ်လိုချင်ရင် ယူတတ်ရမယ်...ကိုယ် ပိုင်ချင်ရင် အပိုင်သိမ်းနိုင်ရမယ်...နည်းလမ်းတွေလည်းမရွေးတတ်ဘူး မောင်..

ငယ်ငယ်ကတည်းက မေက ဒီလိုဝိသေသနဲ့ပဲ ရှင်သန်တတ်ခဲ့တာ...။


နာကျင်သော အတွေးတို့ဖြင့် လက်ထဲကိုင်ထားသည့် ဝိုင်ခွက်ကိုဖြေးဖြေးချင်းစီလှုပ်ရမ်းရင်း မော့သောက်လိုက်ရင်း..မှန်ပြတင်းမှတဆင့်ကောင်းကင်ဆီသို့မော့ကြည့်မိ၏။


ဒီနေ့ မောင် နိုင်ငံခြားသွားမယ်မှန်း မေသိတာပေါ့။အရင်ကတော့ မေက သူ့ဘေးမှာရပ်ကာ လက်ပြနှုတ်ဆက်ခဲ့ဖူးပေမယ့် အခုတော့ မေ့ကို သတိတရပြောဖော်တောင်မရပါဘဲ သူ့ဘေးမှာရပ်ကာ နှုတ်ဆက်အနမ်းခြွေနေသူကလည်း သူ့ရဲ့ချစ်လှစွာသောလေးပေါ့...။မေကတော့ ဒီမြင်ကွင်းလေးကို အဝေးတနေရာမှ ငေးကြည့်ခဲ့ရသူတစ်ယောက်ထက်မပိုခဲ့။ ခါတိုင်းဆို မေဒီလို မပျော့ညံ့တတ်ပါဘူး...ဘာလို့များ ဒီနေ့မှ အခုလိုခံစားနေရပါလိမ့်!


လက်လျှော့အရှုံးပေးလိုခြင်းတော့မရှိပေမယ့် မိပိုးကို မောင့်အနားက ဖယ်ထုတ်ဖို့နည်းလမ်း မတွေ့သေး၍ ငြိမ်နေရခြင်းပါ။ မောင့် companyမှာဆိုလည်း မေ့ရဲ့လက်အောက်ခံဝန်ထမ်းလွှတ်ထားခြင်းကြောင့် ပိုးရတုနဲ့မောင့်အကြောင်းတွေ မကြားချင်မှအဆုံး ။မိပိုးက လူနုံပေမယ့် ခြေလှမ်းကတော့ အတော်သွက်ပါရဲ့...မောင့် companyအထိတောင်လိုက်သွားကာ အချစ်တော်လေးလုပ်နေသေးတာလည်း မေ အကုန်ပြန်သိနေရတာပင်။


ဒီချစ်ခြင်းရေစက်ကို ဘယ်လိုဖြတ်တောက်ပစ်ရပါ့မလဲ...။မေ အချိန်တိုင်းတွေးနေသော မေးခွန်းအတွက် လှပသည့်အဖြေက အခုထိမရောက်လာခဲ့သေးပေ။


~~~~💞💞💞💞~~~~


""ရှင်! ပိုးက ဘယ်မှာသွားနေရမယ်?""


""ပြင်ဦးလွင်က အပန်းဖြေအိမ်မှာလေ""


""ဘာလို့လဲ မမ""


""မေမေ့ကျန်းမာရေးအခြေအနေကို ပိုးသိတယ်မလား...ခဏလောက်စိတ်အပန်းဖြေ အနားယူဖို့ ဆရာဝန်ကအကြံပေးတယ်လေ...ဒါပေမယ့် မမကအလုပ်များတော့""


""အော်! မေမေကြီးနဲ့သွားရမှာလား

ဟုတ်ကဲ့...ပိုးနားလည်ပါပြီ မမ

ဒါနဲ့ ဘယ်လောက်ကြာမှာလဲ""


""သိပ်မကြာလောက်ပါဘူး

အခု ပိုးလည်းအားနေတယ်လေ...မောင်လည်း...

အော်! Sorry...မြတ်သောမောင်လည်း ဒီမှာမရှိဘူးဆိုတော့...""


""ရပါတယ် မမ

ခဏပဲဟာ...ပိုး ကျောင်းမဖွင့်သေးခင်ပြန်လာရင်ရတယ်လေ"'


""အင်း...ဒါဆို ပြင်ဆင်ထားလိုက်တော့""


လတ်တလောမှာတော့ ခဏခွဲနေတာလည်းကောင်းတာပါပဲ။ မေ ပိုးကို နေ့တိုင်းမျက်စိရှေ့မြင်နေရရင် ကိုယ် အပစ်ပယ်ခံရခြင်းအတွက် တနုံ့နုံ့ခံစားချက်က မသက်သာလေခဲ့။ မေမေ့ရဲ့ ကျန်းမာရေးအတွက်လည်း အေးဆေးတဲ့နေရာမှာခေတ္တအနားယူရန် ဆရာဝန်အကြံပေးချက်ရသည်မို့ မေ ဒီကိစ္စကို စီစဥ်လိုက်ခြင်းပါပဲ။ ဒီအတောအတွင်းမှာတော့ မောင်ပြန်မလာသေးခင် အချိန်အတွင်း မိပိုးနဲ့ ပတ်သက်ပြီး မေ တစ်ခုခု ကြံစည်ထားရမည်လေ...။ဖြစ်နိုင်တာက သူ့ကိုအဝေးတနေရာ ပို့ပစ်လိုက်ပြီး ပြန်လာခွင့်မပေးဘဲ အပြီးတိုင် ပိတ်လှောင်ထားလိုက်တာမျိုး...မောင် သူ့ကို ရှာမတွေ့တော့အောင် ဝှက်ထားလိုက်တာမျိုးပေါ့...


""ဟား! ဟား! အဟင်း...အဟင်း..ဟင်း!""


အဆီအငေါ်မတည့်သောအတွေးတို့ဖြင့် မေ တစ်ယောက် အခန်းထဲအော်ရယ်နေမိ၏။ မျက်လုံးတွေက မတည်ငြိမ်သလို အသက်မပါလှသည့် ရယ်သံကလည်း ခြောက်ကပ်ကပ်နှင့်ပေါ့...


ဒီမြင်ကွင်းကို တစ်ယောက်ယောက်မြင်ခဲ့မည်ဆိုပါလျှင်...ရလာမည့် သုံးသပ်ချက်က 'မေတော်ဝင်'ဆိုသည်မှာ စင်စစ် သူရူးတစ်ယောက်ပမာ တူနေရော့မည်ဆိုတာပါပဲ...။


""ဟား! ဟား!""

~~~~💞💞💞💞~~~~

Cintinue to >>>Part-15


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: