book

Index 28

Extra...2&3

သူ...ချန်ခဲ့လေသော(Extra...2)

*****************************


မောင်

စိမ်းသက်နေပြီဖြစ်တဲ့...နာမ်စားလေးကို ရင်ထဲက တိတ်တိတ်လေး ခေါ်မိတယ်....

အရင်အတိုင်း..အပြစ်ကင်းပုံပေါ်တဲ့မျက်နှာကလေးဟာ အပူပင်ကင်းကင်းရယ်မောနေပုံက....


လက်ချင်းချိတ်ထားတဲ့အမျိူးသမီးလေးကြောင့်များလား.....

ပိုသန့်လာပုံပေါက်ပြီး.....

အဆင်ပြေပုံလဲပေါက်သလို....


ပစ္စပ္ပန် မှာပျော်နေပုံလဲရသည်ပင်.....


နောက်ဆုံးတခေါက်တွေ့တုန်းက ဘာမှမဖြစ်သလိုဖြတ်ကျော်သွားခဲ့ပေမဲ့မောင့်မျက်နှာကိုနှစ်ရက်လောက်ဖျောက်မရခဲ့သလို...

ငိုခဲ့ရတာတွေသူမကလွဲဘယ်သူမှမသိပါ....


ဒုတိယအကြိမ်မှာတော့....


သူမတကယ်အဆင်ပြေပါတယ်.....


ရင်ထဲမှာ အမှတ်တရအဖြစ်သာကျန်ခဲ့ပြီးအချစ်တွေတော့ကျန်တော့ပုံမရတာ...

သူရောသူမရောထင်ပါရဲ့....

ခနတာပတ်သတ်ခဲ့တဲ့အခိုက်တန့်လေးကိုတော့သူမတကယ်ပျော်ခဲ့ရပါတယ်....


နေရစ်ခဲ့တော့မောင်....

အတိတ်ကအမှတ်တရတွေမှာ....

အမှတ်တရအဖြစ်သာ....

မောင်နေရစ်ပါ.....


ချစ်ခဲ့မိတဲ့အချိန်တွေကိုနောင်တမရသလို...

ဝေးသွားကြတဲ့အပေါ်လဲနောင်တကင်းတယ်..


ကျမကချစ်နေတဲ့အချိန်အတွင်းမှာအကောင်းဆုံးချစ်ပေးခဲ့ပြီးပြီမဟုတ်လား...


....................


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်.


ခြေချလိုက်တာနဲ့အမိနိုင်ငံဆိုတဲ့အသိကနွေးထွေးမှု့ပေးတယ်...လွမ်းနေခဲ့တဲ့ ဒီမြေဒီလေ...

ခြေမချတော့ဘူးလို့မတွေးခဲ့ဖူးပေမဲ့...


အခုလိုစောစောပြန်ခြေချဖစ်မယ်လို့မထင်ခဲ့ဘူး.....


အရာအားလုံးကိုအစပျိူးဖျက်စီးပြစ်သူဖြစ်ခဲ့မိလို့တောင်းပန်ပါတယ်

လို့အစချီတဲ့စာတစောင်ဟာသူမဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်....


Sender Name မှာ ရိုးထက်ဖြူ...


လို့အမည်တပ်ထားပေမဲ့ အထဲက စာတစောင်နဲ့အတူ memory stick ထဲက Vedio File လေးမှာတော့....

ရိုးကြည်ဖြူနဲ့ပတ်သတ်တာတွေကြီးဖြစ်နေခဲ့သတဲ့.....


မမအပေါ်အရမ်းချစ်ပြလေ....ကိုနေသူရိန်လင်း ကိုလောဘတက်မိလေပါပဲ

ဝေဆိုတဲ့နာမည်လေးနဲ့တင်ပြာယာခက်တဲ့အထိချစ်တက်တာတွေမြင်တော့ ရိုး လဲအချစ်ခံခဲ့ချင်ယုံလေးပါ....

ကိုနေသူရိန်လင်းဟာ ယောက်ျားပီသတဲ့အမျိူးသားတယောက်အမျိူးသမီးတွေအပေါ်လေးစားတဲ့သူတစ်ယောက်ပါ....

ဒါကိုအခွင့်ကောင်းယူပြီး....


ကိုနေသူရိန်လင်း လိုနောက်ထပ်ကလေးတစ်ယောက်အဖမဲ့ဘဝနဲ့ရောက်လာစေချင်လို့လားဆိုတဲ့စကားနဲ့ ဒဏ်ရာကိုတူးဖော်ပြီးအနားမှာဆွဲထားမိတယ်...

သူ မမအပေါ်ဆုံးဖြတ်ချက်တွေမှားခဲ့တယ်ဆိုပေမဲ့...


ဆုံးဖြတ်ချက်မှားအောင်...အတိတ်ကဒဏ်ရာတွေနဲ့ကိုယ်ချင်းစာတရားကိုတွန်းပြီးဖိအားပေးခဲ့မိတာ ရိုး လုပ်ခဲ့တာမို့...ရိုးကိုသာအပြစ်တင်ပေးပါ...

သူများချစ်ခြင်းတွေခွဲခဲ့လို့ ရိုးရဲ့သွေးသားရင်းအကိုဆီကတောင်အချစ်မခံရတော့တဲ့အထိဝဋ်လည်ပြီးပါပြီ...


မမ အကယ်၍များ ကိုနေသူရိန်လင်းအပေါ် အနည်းငယ်လောက်စိတ်ခံစားချက်ရှိသေးရင် သူ့ကိုပြန်စဥ်းစားသင့်သူပါ...

ရိုးကမြင်တွေ့ခဲ့သူမို့ရိုးအသိဆုံးပါ


တာဝန်တွေခေါင်းခံယူခဲ့ပေမဲ့....


သူ့ကျေးဇူးရှင်အဖေရဲ့သားသူ့ညီအိမ်ထောင်ရေးမပြိုကွဲစေဖို့သူအကုန်ပေးဆပ်ခဲ့ပေမဲ့....

မမကြောင့်သူပြိုလဲနေခဲ့တာ.....

မမနောက်ကအမြဲလိုက်နေခဲ့တာ..


အရင်အိမ်မှာကျန်ခဲ့တဲ့ဓာတ်ပုံတွေကသက်သေပါ....


ပြန်မချစ်နိုင်ရင်တောင် မမ သူ့ကိုခွင့်လွှတ်ပေးစေလိုပါတယ်....

ရိုး....မသေခင်အပြစ်ကြွေးတွေဆပ်ချင်လို့ပါ


တလုံးချင်းအားယူပြောတဲ့ရိုးကြည်ဖြူရဲ့စကားတွေကိုနားထဲပြန်ကြားယောင်ရင်း....

မြန်မာပြည်ဟာသူမအတွက်စိမ်းသက်မနေပါ.....

သူမ ပြန်လာဖို့ဆုံးဖြတ်ခဲ့တာ.....


ဘယ်သူကြောင့်မှမဟုတ်ဘူးဆိုတာသူမသာအသိဆုံးပါ....


" ဝေ "


လေဆိပ်မှာအသင့်စောင့်ကြိုနေတဲ့ ကို 

ခန့်ညားကြည်လင်နေတဲ့အပြုံးတွေကိုသူမ မမြင်ခဲ့ရတာကြာခဲ့ပြီမဟုတ်လား.....


" ကို ဒီနေ့ အပြုံးတွေကလှပနေပါလား "


သူမလက်ထဲက Luggage ကိုပြောင်းယူရင်း...


" ကိုယ်ကမ်းလှမ်းတာကိုလက်ခံပေးတဲ့အတွက်ကျေးဇူးပါ ဝေ "


သူမဘာမှပြန်မပြောဖြစ်ပဲ...

သူ့လက်တဖက်ကိုမှီနွဲ့ရင်းပြုံးနေမိသည်.....


ကို တို့မိဘတွေဟာ သူမဖေဖေဆီမှာ မင်္ဂလာကိစ္စကမ်းလှမ်းသည်....

ဖေဖေကတော့...

ရုပ်ရှည်ကော ဥစ္စာ ရောပြည့်စုံပြီးထက်မြက်သည့်သူ့ကိုသိပြီးသာမို့...


သမီးသဘောပါ...သမီးတို့အရွယ်ဟာချစ်တာတွေမေတ္တာတွေထက် ဦးနှောက်နဲ့ပါဆုံးဖြတ်သင့်ပြီလို့ဖေဖေထင်တယ်...

တကယ်လို့များ အိမ်ထောင်ပြုချင်တယ်ဆိုရင်တော့ မောင်နေသူရိန်ဟာ သင့်တော်တဲ့အိမ်ထောင်ဖက်ပါလို့တော့ဖေဖေအကြုံပြုချင်တယ်


ဟုတ်ပါသည်....


သူမအနေအထားဟာမဖြစ်မနေယောက်ျားတယောက်ကိုလက်ထပ်ယူမှဖြစ်မည်မဟုတ်သော်လည်း...


ဖေဖေဟာ သူ့သမီးကိုတော့တယောက်ထဲအထီးကျန်စွာနေစေချင်ပုံမပေါ်ပါ....


" ဝေ ဘာတွေတွေးနေတာလဲ "


" ကို နဲ့ ရင်ခုန်သံတွေပြန်နွေးဖို့စဥ်းစားနေတာ "


" ဟောဗျာ "


ကိုဟာသဘောကျစွာ သွားတွေပေါ်အောင်ရယ်သည်...ထို့နောက်သူမနဖူးကိုအနမ်းတပွင့်ခြွေချရင်း


" ခြွေတဲ့အလုပ်တွေ ကို လုပ်ပါမယ် ဝေက ဒီအတိုင်းလေး ရှိနေပေရင်ရပြီ ကို့ ဆီပြန်လာပေးလို့ကျေးဇူးပါ ချစ်သောဝေ "


" လူတိုင်းမှားခွင့်ရှိတယ်လို့ ဝေ ယူဆလို့ပြန်လာခဲ့တာကို ပထမအကြိမ်မှားခွင့်ရှိပေမဲ့ ဒုတိယအကြိမ်ဆိုတာ

မရှိမှဖြစ်မယ်ဆိုတာ ရင်ထဲစွဲနေအောင်မှတ်ထားပေးပါ "


" စိတ်ချပါ ကို သက်သေပြပါ့မယ် "


အလိုက်တသိ သူဖွင့်ပေးတဲ့ကားထဲကိုဝင်ထိုင်ရင်း...


သူနဲ့မတူအောင်ပြောင်းလဲသွားတဲ့သူ....


လူတိုင်းမှားခွင့်ရှိသည်မဟုတ်လား....


မှားမှန်းသိတဲ့အခါ ပြန်ပြင်ပေးတဲ့နေသူရိန်လင်းကိုရွေးချယ်ရင်သူမမှားနိုင်ဘူးလို့ယုံကြည့်ချင်မိတာဘာကြောင့်လဲတော့မသိပါ....


အားကိုးရှာဖို့မလိုအပ်ပေမဲ့......

သူ့ကိ​ုတော့သူမခင်ပွန်းအဖြစ်လိုချင်စိတ်အနည်းငယ်ဖြစ်မိသေးတယ်....

ရေခြားမြေခြားမှာနေရပေမဲ့သူ့ရဲ့ဂရုစိုက်မှု့နဲ့အချိန်ပေးမှု့တွေကြောင့်သူမအထီးကျန်ချိန်တွေထင်ထားတာထက်နည်းတက်တယ်....


စိတ်ညစ်တဲ့အချိန်.....


သူမဖုန်းခေါ်လိုက်တာနဲ့ အချိန်ပြည့်အသင့်ရှိပေးခဲ့သလိုတခါတရံဆိုသူမရှိရာနိုင်ငံအထိပြေးလာတက်သေးတာ....


သူမသိခဲ့...ချစ်ခဲ့ဖူးတဲ့နေသူရိန်လင်းမှဟုတ်ရဲ့လားလို့တွေးမိသွားတဲ့အထိပါပဲ....

သူမအချစ်နဲ့မတန်တဲ့အပြုအမူတွေရှိခဲ့ဖူးတဲ့အမျိူးသားဆိုပေမဲ့...


ထူးဆန်းစွာသူ့အချစ်တွေကိုလက်ခံရရှိပြီးပျော်သလိုရှိလာတယ်....


" မွှေးလိုက်တာ "


ကားပေါ်မှာနှုတ်ခမ်းနီထုတ်ဆိုးနေတဲ့သူမကိုကြည့်ပြီးသူဆီကအသံထွက်လာသည်....

သူမ သူ့ဘက်လှည့်မကြည့်ပပြုံးပြတော့...

သူမခေါင်းကိုရုတ်တရက်ကိုင်လှည့်ပြီး....

မွတ်သိမ့်တဲ့အနမ်းတွေခြွေချပြီးမှ...


" ဝေ..နှုတ်ခမ်းနီတွေကဘာကြောင့်စားချင်စရာအနံလေးတွေထွက်နေရတာလဲ "


သူ့နှုတ်ခမ်းကိုပွတ်သပ်ရင်းပြောသည်...


"အဲ့ဒါနဲ့ပဲလာနမ်းရောလား "


" အရသာမြည်းကြည့်တာပါ...ဝေရဲ့ "


" ရော့....ဒီမှာမြည်းလေ "


နှုတ်ခမ်းနီဗူးကိုထိုးပေးရင်းပြောတော့


" ဝေ..နှုတ်ခမ်းလှလှလေးတွေပေါ်ရောက်မှမြည်းချင်တာ "


"နောက်ဆိုအနံ့မပါတဲ့နှုတ်ခမ်းနီရွေးဝယ်မှပါ...နှုတ်ခမ်းနီဆိုးတိုင်းအနမ်းခံနေရတာအဆင်မပြေဘူး "


" ဘယ်လိုလုပ်မလဲ...မင်းနှုတ်ခမ်းပေါ်တင်လိုက်သမျှက ကိုယ့်အတွက်မြည်းချင်စရာဖြစ်နေခဲ့တာကိုးဝေရယ် "


သူမဟက်ဟက်ပက်ပက်ရယ်မောဖြစ်တယ်......ဘာကြောင့်လဲလို့မေးရင်သူမ မသိဘူး ၇နှစ်တာသံယောဇဥ်ကြောင့်လဲဖြစ်နိုင်သလို


မြူခိုးဝေလွင် ဟာခွင့်လွှတ်တက်သွားလို့လဲ ဖြစ်နိုင်ကောင်းပါရဲ့


သူ...ချန်ခဲ့လေသော(Extra..3 Final)

**********************************


The Shining Sun နဲ့ Lwin Jewelry


ဒိတ်ဒိတ်ကျဲလုပ်ငန်းနှစ်ခုကသားနဲ့သမီးရဲ့ပေါင်းစပ်မင်္ဂလာပွဲမို့...

စီးပွားရေးအသိုင်းအဝိုင်းကြားမှာ စိတ်ဝင်စားစရာဖြစ်ခဲ့သလို....


Social Media တွေပေါ်မှာပါလူအများရဲ့စိတ်ဝင်စားခြင်းကိုခံရသည်...


Low Profile နဲ့နေခဲ့သည့် The Shinning Sunရဲ့ CEO နေသူရိန်လင်းထွက်ပေါ်လာသည့်ပွဲဆိုလဲမမှားပါ....


ချောလိုက်တာဟယ်....


ဒီလောက်ငယ်ရွယ်တဲ့လူငယ်လေးက The Shinning Sunရဲ့CEO တဲ့လား...


မှတ်ချက်ပေါင်းစုံနှင့်ရေပန်းစားနေသည့်သူ


စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲကြီးဟာလဲခမ်းခမ်းနားနားဖြင့်မြန်မာဆန်ဆန်ကျင်းပချင်သည့်....

သူမရဲ့ဆန္ဒအတိုင်း.....


နှစ်ဖက်မိဘတွေရဲ့အရှိန်အဝါအပြင်သူနဲ့သူမရဲ့အရှိန်အဝါကြောင့်ပါပိုမိုခမ်းနားနေခဲ့သည်


စုလျှားရစ်ပတ်ထိမ်းမြားခြင်းဆ်ိုတာ...


အလျှား ၆တောင် အနံ ၂တောင်ရှိသော သတိုးသမီး ခြုံလွှာစုလျှားတဘက်ကို သတိုးသားနှင့်သတိုးသမီးလက်ကိုရစ်ပတ်ချည်နှောင်ပြီး...

သပြေခက်နှင့်အမွှေးနံ့သာတို့ပတ်ဖြန်းသည်....

ထိုသို့စုလျှားရစ်ပတ်ရာမှာ....


အာဝါဟ ဝိဝါဟ ဟူသောပါဋ္ဌိစကားအရ


အာဝါဟ...သတိုးသာအတွက်တပါးအိမ်မှသတိုးသမီးကိုဆောင်ယူခြင်း( သမီးယူခြင်း)

ကြောင့်....ဆောင်ယူသူသတိုးသားရဲ့လက်ကအောက်မှထားကာ


ဝိဝါဟ....သတိုးသမီးကိုသတိုးသားအိမ်ပို့ခြင်း (သမီးပေးခြင်း) ဖြစ်သည်မို့....

သတိုးသမီးရဲ့လက်ကို အပေါ်မှာထားကာ...


စုလျားသဘက်ဖြင့်ရစ်ပတ်သည်....


ထိုအချိန်မှာ...သူမလက်ကိုနှုညံ့ကြင်နာစွာဆုပ်ကိုင်ထားကာမျက်ဝန်းတွေကသူမဆီ၌သာအမြဲလိုလိုရှိနေတက်သည်....

ဒီနေ့မှသူ့အပြုံးတွေကပိုပြီးတောက်ပနေလေသလား....


သူမ ခေတ်ဆန်ဆန်နေတက်သူဖြစ်သော်လည်း...အခုလိုရှေးအစဥ်အလာတွေနှင့်ပြည့်နှက်သည့်မြန်မာဆန်ဆန် မင်္ဂလာပွဲကိုသဘောကျသည်....

Pre wedding တွေကိုပုံစံမျိူးစုံဖြင့်ရိုက်ခဲ့ပြီးပြီမို့...


မင်္ဂလာပွဲကို အပင်ပန်းခံ ကာ...


အခုလိုကျင်းပဖြစ်ခဲ့တာကိုတော့ရွေးချယ်မှု့မှန်ကန်သည်ဟုတွေးမိသည်အထိကျေနပ်မိခဲ့သည်...


မင်္ဂလာပွဲမတိုင်ခင်ထဲက Low Profile နဲ့နေတက်သည်ဟုသတင်းကြီးသည်သူဟာ...

သူနဲ့သူမရဲ့ moment တွေကို Vedio တမျိူးဓာတ်ပုံတွေနဲ့တဖုံ...


အမျိူးမျိူးထုတ်ကြွားနေတော့တာမို့လဲ...


Social media တွင် Popular ဖြစ်လာခဲ့ကာ...


" ပင်ပန်းနေပြီလား...ဝေ "


" ပင်ပန်းပေမဲ့ဝေကျေနပ်တယ် ကို ...ဝေဘဝရဲ့အပျော်ဆုံးနေ့ထင်တယ် "


" ကျေးဇူးပါ ဝေ ရယ် "


" ဘာအတွက်လဲ "


" ကို့ ကိုဒုတိယအကြိမ်ရွေးချယ်ပေးခဲ့လို့ပါ"


" စိတ်ထဲမထားပါနဲ့.....ဝေ လုပ်သမျှဟာ ဝေပျော်ဖို့နဲ့ ဝေအတွက်ကြီးပဲမို့လို့ပါ "


အလှဆုံးအပြုံးတွေနဲ့ ဝေရဲ့စကားတွေဟာ...

သူ့အတွက်အချိူမြိန်ဆုံးပါ....နောက်ထပ်သူဘယ်တော့မှ...မှားယွင်းတဲ့ရွေးခြယ်မှု့တွေမလုပ်မိဖို့က သူတာဝန်မဟုတ်လား.....


ပွဲဟာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားမှ....သူမသက်ပြင်းချနိုင်ကာ

အရာရာကိုယ့်လက်ကိုယ်ခြေ ကိုယ်တိုင်လုပ်ရမှဆိုတဲ့ဝေအတွက်

ဒီပွဲပြီးမြောက်ရေးအတွက်တကယ်ကိုလူရောစိတ်ရောနှစ်လုပ်ရသည်မို့


ပင်ပန်းခြင်းတွေအခုမှဝင်ရောက်လာသည်


" မင်္ဂလာဦးညဆိုပေမဲ့...ကိုယ့်သတိုးသမီးလေးကို ပေးနားမှထင်တယ် "


ဝတ်စုံတွေတောင်မလဲနိုင်ပဲကုတင်ပေါ်မှာခြေပစ်လက်ပစ်လှဲအိပ်နေသည့်သူမကိုကြည့်ရင်းသူကဆိုသည်.....


" ကို....ဝေကိုထူပါအုန်း "


" ကိုယ်ကူမယ် "


အဝတ်စားလဲဖို့ ပစ္စည်း တွေကိုစိတ်မရှည်စွာဆွဲဖြုတ်နေသည့်သူမကိုသူက ကူညီသည်...

ဘယက်တွေလက်စွပ်တွေကို....စားပွဲပေါ်ပစ်တင်ရင်း


သူကူနေပုံကစိတ်ရှည်လေသည်.....


"ကို....သိနေခဲ့လား ရိုးကြည်ဖြူ သေဆုံးသွားပြီဆိုတာကို "


" ကို သိနေခဲ့ပါတယ် သူဆုံးပြီးတော့ ရိုးထက်ဖြူဟာ ကိုယ့်ကိုလာရှာခဲ့တယ် သူ့ညီမရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ စာလေးတွေလာပေးရင်းနဲ့မင်းလိပ်စာပါတောင်းသွားခဲ့တာ ရိုးကြည်ဖြူ ဟာလူတိုင်းဆီ ပို့ခိုင်းခဲ့ပုံပဲ..."


" ဒါဖြင့်ဝေ့ ဆီကိုယ်လွှတ်လိုက်တာပေါ့ ဝေ သူနဲ့ပြန်ဆက်သွားမှာမကြောက်ဘူးလား "


" သိပ်ကြောက်ခဲ့တာပေါ့ဝေရယ်....ဒါပေမဲ့ မင်းရဲ့ရွေးချယ်မှု့တိုင်းကို ကိုယ်လေးစားနေမှာပါ...အတ္တကင်းကင်းချစ်နိုင်သွားတဲ့အခါ ရယူခြင်းတွေကင်းလာတယ် မင်းရှိရှိမရှိရှိ မင်းသိသိမသိသိ ကို ချစ်နေဖို့အဓိကမို့မင်းပျော်ရင်ကိုယ်ပျော်တယ်...

မင်းခေါ်ရင်ကိုပြေးလာမယ်....

မင်းမလိုတော့တဲ့အခါကိုယ်အဝေးကလွမ်းမယ် ဒါပါပဲ "


" ကို......သိပ်ပင်ပန်းခဲ့မှာပဲနော် "


" ပင်ပန်းခဲ့သလောက်အခုဝေအနားကိုယ်ရှိရပြီပဲ....အခုကိုယ့်ထက်ဝေကပင်ပန်းနေမယ်ထင်တယ် ရပြီဝေ မိတ်ကပ်တွေဖျက်ပြီးရေအရင်ချိူးလိုက်နော်လန်းသွားအောင် "


စိတ်ရှည်ရှည်နဲ့ဖြုတ်ပေးထားတဲ့ပစ္စည်းတွေဟာစားပွဲပေါ်မှာပြန့်ကျဲလျှက်ရှိကာ....

သူဟာတခုချင်းကောက်သိမ်းနေပြန်သည်....


သူမရေချိူးခန်းထဲဝင်တော့ဘယ်အချိန်တည်းကဖြည့်ထားပေးလဲမသိသည့် Bath Tube ထဲကရေနှင့်ဆပ်ပြာမြှပ်တွေကြောင့်လဲကြည်နူးရပြန်တာပါပဲတဲ့လား......


အဲဒီနေ့ဟာ သူ့ရင်ခွင်ထဲနွေးထွေးစွာမှေးစက်ရင်း ဘဝအမောတွေပြေရတဲ့နေ့ထင်ပါရဲ့.....

ချစ်တက်သွားတဲ့အခါပိုပင်ပန်းရသော်လည်း....

ခွင့်လွှတ်တက်သွားတဲ့အခါ.....

အရာရာအေးချမ်းနေရတာပါပဲ....

ရင်သွေးလေးကိုမွေးဖွားရင်း.....အသက်ဆုံးသွားခဲ့တဲ့ရိုးကြည်ဖြူဆိုတဲ့ကောင်မလေးရော.....တနေရာရာမှာအေးချမ်းစွာအနားယူနေလေမလား......

မိခင်ကအသက်နဲ့ရင်းခဲ့တာတောင်အသက်မရှင်တဲ့ကလေးလေးရောအေးချမ်းစွာအနားယူနေပြီလား.....

ချစ်ရတဲ့အမွှာညီမကိုဆုံးရှုံးလိုက်ရတဲ့မောင်ရော......

တကယ်ပဲအပူပင်ကင်းနေရဲ့လား

..............................................................


ဘဝဟာ ထွေထွေထူးထူး ဖြတ်သန်းရတာမျိူးမဟုတ်ပါဘူး....


အရင်နိုးသူကမနက်စာပြင်မယ်.....


ကိုယ်အိပ်ယာထနောက်ကျတဲ့အခါ....

မနက်စာပြင်နေတဲ့သူ့ခါးလေးကိုနောက်ကဖက်ရင်းဆယ်ကျောက်သက်ကလေးမလေးလိုချွဲမယ်....


ဆေးလိပ်တွေတော့....

အရင်လိုမသောက်ဖြစ်တော့ဘူးပေါ့....


အထီးကျန်ခြင်းတွေရှိမနေတဲ့အခါ....


Cigarette တွေကိုအဖော်ပြုနေထိုင်ခြင်းတွေလဲရှိမလာတော့ဘူးပေါ့.....


တခါတရံကော်ဖီသောက်မယ်...

တခါတရံသူ့နှုတ်ခမ်းတွေကိုနမ်းမယ်.....


" သိပ်ချစ်တယ် ဝေ "


လို့သူပြောတဲ့အခါ...ကိုယ်ပြုံးပြီးနားထောင်မယ်....


ကိုယ်စီလုပ်ငန်းတွေထဲခေါင်းစိုက်ရင်းအချိန်မပေးနိုင်တဲ့အခါ...

နားလည်မှု့တွေနဲ့ဖြတ်သန်းမယ်.....


ဒီလိုပါပဲ....အမျိူးမျိူးဖွင့်ဆိုကြတဲ့အချစ်ရဲ့အဓိပ္ပါယ်တွေထဲမှာ....


ကျမဖွင့်ဆိုချင်တဲ့အချစ်ရဲ့အဓိပ္ပါယ်ဟာအတ္တကင်းကင်းချစ်တက်ဖို့ပါပဲ.....

သူ့ကိုဘာကြောင့်လက်ထပ်သလဲလို့မေးရင်..

သူဟာကျမအတွက်သင့်တော်တဲ့အမျိူးသားဖြစ်နေခဲ့လို့ပါလို့ဖြေမိမယ်ထင်တယ်....


အတ္တကင်းကင်းချစ်ခြင်းတွေကို....

နားလည်မှု့နဲ့သစ္စာတရားတွေဟာခိုင်မြဲစေတယ်.....


ကျမပျော်ဖို့ဘာမဆိုလုပ်မယ်.....

ကျမပျော်မယ်ထင်လို့နာကျင်ခဲ့ရတဲ့အတိတ်ဆီတဖန်ခုန်ဆင်းတယ်....

ကိုဟာကျမအချစ်နဲ့ထိုက်တန်တဲ့အမျိူးသားလားလို့မေးရင်.....


အင်း........


မထိုက်တန်ခဲ့ပေမဲ့လဲ....

ကျမကတော့အချစ်ခံဖို့ထိုက်တန်တယ်မဟုတ်ပါလား.....


ခွင့်လွှတ်တက်သွားတဲ့အခါ.....


မထိုက်တန်ဘူး ဆိုတာမရှိတော့သလိုပါပဲ......

မောင်ဟာလဲကျမကိုပျော်ရွှင်စေခဲ့ဖူးသူမို့ကျမအချစ်နဲ့ထိုက်တန်ခဲ့သလို....

ကိုဟာလဲ ကျမကိုပျော်ရွှင်အောင်ထားပေးနေသူမို့ကျမဆက်ချစ်သွားဖို့ထိုက်တန်ပါတယ်......


အတ္တကင်းလေ.....


စစ်မှန်တဲ့ပျော်ရွှင်မှု့တွေရလေပဲမဟုတ်လား.......


မြူခိုးဝေလွင်....


.......................The End.............................


ဘဝမှာအရေးကြီးဆုံးကပျော်ရွှင်ဖို့ပါပဲ.....

သူ...ချန်ခဲ့လေသော် လုံးဝcomplete သွားပါပြီ...မမမြူခိုးလိုအမှားကိုသိအမှန်ပြင်သူတွေကိုခွင့်လွှတ်တက်ကြပါစေနော်....

ရွေးချင်တဲ့သူထက်ရွေးသင့်တဲ့သူကိုရွေးသွားနိုင်ပါစေ...

ဆန္ဒ နဲ့ဘဝတွေထပ်တူကျဖို့ဆုတောင်းရင်းးး..


#Sawmstars

#18Jan2022


rate now: