သူ...ချန်ခဲ့လေသော
**************************************
အရင်လိုပဲ Cigarette တွေဟာ...
သူမရဲ့အဖော်ပြန်ဖြစ်လာခဲ့တယ်..
ဝေ ဘယ္သူကို ချစ်ခဲ့တာလဲလို့မေးရင် သူမအတွက်ဖြေစရာမရှိပါ..
ကို့ ကိုလား မောင့်ကိုလား.....
သူမ သေချာမသိပေမဲ့.....။
မောင်မရှိတော့တဲ့နောက်အထီးကျန်သွားသလို.....
မောင့်ကို ချစ်ကြည့်ဖို့ ကြိုးစားမိတဲ့အတွက် သူမ အပြစ်ခံနေရတာထင်ပါရဲ့...
ကိုဟာ...
သူမအပေါ် လွှမ်းမိူးနိုင်တဲ့သူပါ...
တကယ်လို့မဖြစ်မနေရွေးချယ်ရမယ်ဆိုရင်..
ကို ဟာ သူအမအတွက် သင့်တော်တယ်မဟုတ်လား...
" ဝေ''
နေသူရိန်လင်းအသံကြားတော့....
အကျင့်ပါနေတဲ့ လက်တွေဟာ ဆေးလိပ်ပြာခွက်ဆီသွားသည်..
" ဝေ "
သူမ လက္ကို လှမ်းဆွဲကာ.
"ကို ပြောပြီးပြီပဲ.....ဝေ့ရဲ့အရာရာကို ကိုယ်လက်ခံနိုင်မှ ပြန်လာခဲ့တာပါလို့ ဝေနှစ်သက်တဲ့ဆေးလိပ်တွေကို ကိုယ်ရှိရှိမရှိရှိ သောက်နိုင်ပါတယ်ဝေရယ်.. ကျန်းမာရေးထိခိုက်အောင်သာ မဖြစ်စေနဲ့နော် "
အရမ်းပြောင်းလဲ သြားတဲ့ သူဟာ...
ဟန်ဆောင်ခြင်းမဟုတ်တဲ့ အပြုံးချိူချိူတွေနဲ့အေးချမ်းနေပါရောလား...
သူနဲ့ဆိုရင်....
ရင်ခုန်သံတွေဟာ လုပ်ယူစရာမလိုအောင် အမြဲလတ်ဆတ်နေတာပါပဲ...
ဟုတ်တယ်....
သူမ..... သူ့ကို သာအချစ်ဆုံးဖြစ်ခဲ့တာပါ
နာကျင်စရာတွေ နှစ်နဲ့ချီပေးခဲ့လဲ....
မသိကျိူးကျွံပြု ရင်း...
သူ့ရင်ခွင်ထဲ က ရုန်းမထွက်ခဲ့တာ.....
" ကိုယ်..... မင်းရဲ့ မောင်ရှိနေတဲ့နေရာကို သိရပြီဝေ ကိုယ်လိုက်ပို့ပေးရမလား "
'' ထွက်ပြေး ပုန်းရှောင်သွားတဲ့လူကို က်မ ဘာအတွက် အသည်းအသန်းလိုက်တွေ့နေရမလဲ ကို ရယ် အထူးသဖြင့် ကျမအချစ်နဲ့မတန်တဲ့သူကို လိုက်တွေ့ပြီး ဘာတွေမျှော်လင့်သင့်သလဲ "
အေးစက်စက် မျက်ဝန်းတွေနဲ့....
တည်တည်ငြိမ်ငြိမ် ဖြစ်လွန်းတဲ့သူမဟာ...
ဆေးလိပ်တွေကို သောက်ရင်း ပြောသည်...
မှုတ်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေကြား...
လိမ်ညာခြင်းတွေမပါတာ...သူသိသည်
သူမဆီက ဆေးလိပ်တလိပ်ကို ယူရင်း...
သူသောက်ဖို့ဟန်ပြင်တော့...
အံ့သြတဲ့ မျက်ဝန်းစိမ်းတွေနဲ့ သူ့ကိုကြည့်သည်...
" အထီးကျန်တဲ့အခါ ဆေးလိပ်တွေဟာ အကောင်းဆုံးအဖော်ပဲ ဝေရဲ့ ''
ခြောက်ကပ်ကပ်အသံနဲ့ အက်တပ်တပ်ရယ်သံတွေ သူ့ဆီက ထွက်လာခဲ့ပေမဲ့......
သူမ... မရယ်ခဲ့ပါ
" ကို အဆင်ပြေရဲ့လား "
'' ကိုယ်ကြိုးစားနေပါတယ်ဝေ ဒါဟာ ကို့အပြစ်တွေအတွက် ဒဏ်ခတ်ခံနေရတာပဲကိုး..."
အနားမွာ သူမ ရှိနေပေမဲ့...
သူ့အပေါ်အေးစက်မှု့ဟာ ဆောင်းညတွေထက်ပိုတယ်..
" ဘယ်တုန်းက ဆေးလိပ်တွေသောက်တက်သွားတာလဲ "
'' ဝေ ကို ဆုံးရှုံးလိုက်ရတဲ့နေတည်းက "
သူမရဲ့ လက်နှစ်ဖက်ကို ဆန့်ကားလိုက်ကာ...
ကလေးတွေကို ပွေ့ဖက်ဖို့ ခေါ်သလို....
သူ.....သူမရဲ့ ရင်ခွင်ထဲ တိုးဝင်ရင်း
တကယ်ပဲ ကလေးတယောက်လို မျက်ရည်တွေ စိုစွတ်လာမိတယ်......
ဒါ.......သူ့ကို နှစ်သိမ့်ပေးနေတာတဲ့လား
မာနတွေ.. အောင်မြင်မှု့တွေနဲ့ The Shinning Sun ရဲ့ ဥက္ကဋ္ဌ နေသူရိန်လင်း မဟုတ်တော့ပဲ
ဒ်ီအတိုင်း.....
နှစ်သိမ့်မှု့လိုအပ်နေတဲ့ ကောင်လေးတယောက်အနေနဲ့ သူမရင်ခွင်ထဲမှာ ခိုဝင်နေမိတယ်.....
သူဘယ်လိုပဲ ကြိုးစားကြိုးစား.....
ဝေဟာ သူ့ဘဝထဲကို ချစ်သူအနေနဲ့ ပြန်မလာတော့ပါ....
ဒီလောက်အထိတောင်ချစ်နေခဲ့ရဲ့သားနဲ့.....
သူ့ကိုယ်သူ...မသိခဲ့တာ အချိန်တွေ နောက်ပြန်လှည့်လို့ရရင် သိပ်ကောင်းမယ်လို့ သူတွေးမိသေးရဲ့....
သူမဟာ သူ့ကို မိတ်ဆွေအနေနဲ့ လက်ခံပေးထားတာပဲ တော်ပါသေးတယ်လို့ တွေးရတာပါပဲ....
.........................
လေပြေလေးတွေ ခပ်အေးအေး တိုက်ခတ်နေတဲ့ ညနေခင်းမှာ..
စိတ်ကို Relax လုပ်ဖို့......
ထိုင်နေကြ Happy Paradise ဘက် ခြေဦးလှည့်ခဲ့တယ်....
သူမဝင်ဝင်လာခြင်း....
မာန် company ရဲ့ MD ဘုန်းမာန်ကိုတွေ့လိုက်တယ်ဆိုရင်ပဲ အလိုလို ရွေ့မိတဲ့ သူမ မျက်လုံးတွေကိုသာ ဖောက်ထုပ်ချင်မိရဲ့....
အသက်မပါတဲ့ အပြုံးတွေနဲ့....
အရင်ထက်နဲနဲ ပိန်သွားတာကလွဲရင်....
မောင်ဟာ အရင်လိုပါပဲ.....
သူမကို မြင်သွားတော့ စိုက်ကြည့်နေတဲ့ မောင့်ကို....
ဘာ အငွေ့အသက်မှမပါတဲ့ အပြုံးတွေနဲ့ သူမပြုံးပြလိုက်တော့...
ကြောင်အမ်းအမ်နဲ့ ငေးကြည့်နေသည်.....
ဖြတ်သွားဖြတ်လာ..
အသိတယောက်ကို နှုတ်ဆက်ပြုံး...ပြုံးပြသလို အပြုအမူကြောင့်ထင်ပါရဲ့
ကွက်ခနဲ ပျက်သွားတဲ့ မောင့်မျက်နှာမှာ ဝမ်းနည်းမှု့တွေ ကပ်ခိုနေသည်....
စွန့်ပစ်သွားတာ...မောင်ပဲလေ
ဝမ်းနည်းသွားတာလဲ မောင်ပဲလား...
ဘာစကားမှမဆို..ပုံမှန်အတိုင်း ဖြတ်လျှောက်သွားတဲ့ သူမဆီမှာ မောင့်အကြည့်တွေ ကပ်ပါလာတာ လှည့်ကြည့်စရာမလိုပဲ သိသည်..
ထိုင်နေကြ ခပ်မှောင်မှောင် နဲ့ ထောင့်အကျဆုံး ဝိုင်းကို ရွေးထိုင်လိုက်သည်....
ရန်ကုန်ကနေထွက်သွားကြပြီလို့ သူမ သိထားခဲ့တာ...
သူ...... ဒီကိုလာလည်တာလား..
ဟုတ်မှာပါလေ သူအချစ်ဆုံး သူငယ်ချင်းဆီလာတွေ့တာနေမှာပေါ့...
Cigarette တွေကို ထုတ်ကာ.....
ရှိုက်ဖွာရင်း ဟိုဟို ဒီဒီ အတွေးနယ်ချဲ့နေမိသည်..
ရေစက်တွေဟာ......
ဒီဘဝ ဒီအမျှပါပဲ မောင်........
.....
သူမနောက်ကို အပြေးလိုက်လာပုံရသည့် နေသူရိန်လင်းကို ကြည့်ရင်း...
သူမ ပြုံးလိုက်မိသည်.....
ရန်ကုန် အပြည်အပြည်ဆိုင်ရာ လေဆိပ်ထဲမှာ လူတွေ ထုံးစံအတိုင်း စည်ကားနေလေသည်.....
" ဝေ ရက်စက်တယ်ကွာ "
အမောတကောလိုက်လာပြီ...ပထမဆုံးပြောသည့်စကားက ရက်စက်တယ်တဲ့..
ရှင်တို့က်ု မမှီသေးပါဘူးကွယ်...
" ကိုယ့်ကို ဘာမှတောင်မပြောပါလား ဝေရာ ဘာလို့ ဒီလိုလုပ်ရတာလဲ "
'' မြန်မာပြည်ကနေ တိတ်တဆိတ်ပျောက်ကွယ်သွားမလို့ကို "
ရယ်ကျဲကျဲ နှင့် သူမပြောနေပေမဲ့...
နေသူရိန်လင်းမပြုံးနိုင်ပါ....
" ဘယ်လောက်ကြာအောင်နေမှာလဲ "
'' ဟိုဘက်ကရုံးခွဲတွေမှာဦးစီးရင်း..သင်ယူစရာတွေ များနေအုန်းမယ်ဆိုတော့ မပြောတက်သေးဘူး "
သူမအားလုံးကို ထားခဲ့ပြီး.....
အဝေးထွက်သွားချင်ခဲ့ယုံသာ....
သံယောဇဥ်တွေရဲ့ အဝေးကို ထွက်ပြေးဖို့ရွေးချယ်ခဲ့တာ...
သူမရဲ့အကောင်းဆူံးဆုံးဖြတ်ချက်လို့ထင်တယ်...
သူမ ဘဝအတွက် .....
လိုအပ်တဲ့ ပညာတွေသင်ရင်း....
သူစိမ်းတွေနဲ့ ဘာသာစကားမတူသူတွေကြား ရုန်းကန်ကြည့်ချင်သည်
စိန်ခေါ်မှု့အသစ်တွေကြားမှာ....
ဘဝကို ခိုင်မာအောင်တည်ဆောင်မည်....
အောင်မြင်တဲ့ သူ တယောက်အနေနဲ့..ဘဝကို အမြင့်ဆုံးပျံသန်းချင်တယ်ဒါကြောင့် အခွင့်အလန်းတွေရှိသည့်နေရာကို...
ခြေချဖို့ ကြိုးစားပြင်ဆင်သည်.....
အောင်မြင်မှု့တွေရဲ့ အနှောက်ယှက်ဖြစ်သည့် သံယောဇဥ် တွေကို ဖြတ်တောက်ပြစ်မည်....
သူမနောက်ကို အပြေးလွှားလိုက်လာရှာသည့် နေသူရိန်လင်းဟာ...
နောက်ဆုံးအချိန်ထိ စကားတွေပြောရင်း....
မှာတမ်းတွေချွေရင်း မမောနိုင်မပန်းနိုင်...
ပြန်တော့လာမယ် မဟုတ်လား......
ဒီမေးခွန်းကို အပြုံးတွေကြားက ခေါင်းညိမ့်ယုံသာ ညိမ့်ပြခဲ့သည်..
သူ့ကို ကျောခိုင်းလှည့်ထွက်သွားရင်း....
လှည့်မကြည့်မိဖို့ သူမ စိတ်ကိုထိန်းရသည်
ပြန်လာချင်လဲလာမည်...
ပြန်လာချင်မှလဲ ပြန်လာမည်ဆိုသည့် စကားကို မပြောဖြစ်ခဲ့ပါ....
ဘဝဆိုတာ ခရီးတခုပဲ မဟုတ်လား....
ပျော်ရာ အရပ်ဆီ ခရီးနှင်ရင်း...
ဒီနေရာကို နောက်တခေါက်ပြန်လာချင်လဲ လာမည်ပေါ့....
ကံကြမ္မာ အလှည့်အပြောင်းတွေဟာ...
ဘာဆိုဘာမှ ကြိုမမြင်နိုင်သလို.......
အကြောင်းအမျိူးမျိူးကြောင့် ပြောင်းလဲသွားနိုင်တာ ကျမတို့လူသားတွေပါပဲ ကိုရယ်...
ကံမကုန်ရင် ပြန်ဆုံကြတာပေါ့.........
လာချင်ရင်အနီးလေးပေမဲ့...
မလာချင်တော့တဲ့အခါ ဝေးသွားတက်ကြတာပဲမဟုတ်လား....
ကျမ ဘဝအတွက် ကျမရှိတယ်ဆိုတဲ့ အမှန်တရားတွေကို ကျမရှာဖွေတွေ့ရှိသွားတဲ့နောက်...
အရာရာကို ကျမ စွန့်ခွာနိုင်ဖို့ လွယ်ကူခဲ့တယ်
ဘယ်သူ့ကို အချစ်ဆုံးလဲ...
ဘယ်သူ့ကို တကယ်ချစ်ခဲ့သလဲလို့မေးရင်...
ကျမအတွက်အဖြေမရှိပါဘူး.....
သေချာတာတော့....
ကျမအချစ်နဲ့မတန်တဲ့ အမျိူးသားတွေကို...
ကျမစွန့်လွှတ်ခဲ့ယုံလေးပါပဲ.....
The End....
ချစ်ရသော သဲငယ်လေးတို့ဘဝမှာ ဆုံးဖြတ်ချက်တွေခိုင်မာပါစေ...
အချစ်ဟာ ဘဝတခုလုံးမဟုတ်တဲ့အကြောင်းရယ်.....
မမမြူခိုးဝေလွင်လို့ သန်မာကြစေဖို့ရယ်....
မိန်းကလေးတစ်ယောက်ဟာ..ကိုယ့်ကိုယ်ကို ပိုချစ်တက်စေဖို့ ......
My Body My choice
My Life My choice 😘😘😘😘😘
လိုအပ်ချက်တွေနဲ့ သာသာရဲ့ စာလေးတွေဖတ်ပေးကြသူတွေကို အထူးကျေးဇူးတင်ပါတယ်...
Cmt လေးတွေဟာ သာသာ အတွက် အားအင်လေးတွေပါပဲ...
အစစအရာရာ ဂရုစိုက်ပါ....
အပြင်သွားရင် ဂရုစိုက်ကြပါ....
Sawmstars
သူ..ချန်ခဲ့လေသော (Extra...1)
*****************************
" ကို "
အခေါ်ဝေါ်တွေအရင်အတိုင်း
မပြောင်းလဲသော်လည်းသူတို့နှစ်ဦးဆက်ဆံရေးဟာပြောင်းလဲသွားခဲ့လေပြီ...
မိတ်ဆွေလို သူငယ်ချင်းလို့ပတ်သတ်မှု့မျိူးနှင့်သာသူမအနားနေခွင့်ရလေသည်ဒီနှစ်တွေမှာသူ Cigarette တွေကိုစွဲလန်းလာခဲ့ပြီး...
အလုပ်တွေပြီးတိုင်း.....
သူမရှိသည့်နိုင်ငံဆီအပြေးလာရသည်...
ဆက်ဆံရေးတွေပြောင်းလဲသွားပေမဲ့အရင်အတိုင်းမင်းရှိရာအရပ်ဆီပြေးလာမိအောင်ပြုစားထားတုန်းပဲဝေ
ဒီနိုင်ငံရောက်တိုင်း....တမင်ညစ်ကာဝေရဲ့အိမ်မှာသာတည်းသည်မို့အခုဆိုရင်ဝေ့အိမ်လေးမှာသူ့အတွက်အခန်းတောင်ရှိနေခဲ့ပြီမဟုတ်လား...
" ဘယ်တုန်းကရောက်တာလဲ "
" လွန်ခဲ့တဲ့တစ်နာရီလောက်ကမှဝေ "
" ဒါဖြင့်လဲနားပါအုန်းလား ဆေးလိပ်တွေနာရီပိုင်းအတွင်းသောက်ထားတာလဲမနည်းပါလား "
" Singapore နဲ့ ရန်ကုန်ဆိုတာခရီးဝေးကြီးမဟုတ်ပဲကွာ "
ရယ်ကျဲကျဲနှင့်သူဟာဆက်ပြီး...
" မင်းမရှိတော့တဲ့နောက်မင်းစွဲလမ်းတဲ့ဆေးလိပ်တွေကို ကိုယ်မင်းအငွေ့သက်လိုစွဲလမ်းနေမိပြီ Sorry ကိုယ်လျှော့နိုင်ဖို့ကြိုးစားပါ့မယ် "
" ကို...အလုပ်တွေရော သေချာလုပ်နေရဲ့လား "
" အင်း...စိတ်ချပါ ကိုယ် Personal နဲ့ Professional ကိုခွဲထားနိုင်ပါတယ် "
" ok အဆင်မပြေတာရှိတဲ့အခါ ဝေ့ကိုပြောနိုင်တယ်နော် ကျမတို့ကအရင်းနှီးဆုံးမိတ်ဆွေတွေမဟုတ်လား "
သူမတမင်...မိတ်ဆွေဆိုသည့်စကားကိုထည့်ပြောတာမှန်းသူသိသည်မို့ အခန်းထဲဝင်ဖို့ပြင်နေသည့်သူမရှေ့ကနံရံကိုလက်ထောက်ကာ တားဆီးလိုက်ပြီး....
သူမ မျက်နှာရှေ့ငုံမိုးပြီးတမင်နီကပ်အောင်လုပ်ပစ်သည်
" မိတ်ဆွေထက်ပိုပြီးတော့ရော......"
" နောက်ထပ် ကျမအိမ်ကိုမိတ်ဆွေအဖြစ်လာမတည်းချင်တော့ဘူးထင်ပါရဲ့ "
သူ့နားတွေနားတိုးကပ်ပြီးပြောလာသည့်လေတိုးသံကလေးဟာသူ့ရင်တွေကိုအတိုင်းအဆမဲ့ ပြိုကျခုန်ပေါက်နေစေသည်...
အောင်နိုင်သူအပြုံး....
ခပ်ထေ့ထေ့အပြုံး.....
မြူခိုးဝေလွင်ဟာ...မြူခိုးဝေလွင်ပါပဲ
သူဘယ်တော့မှမနိုင်ပါ...
အခန်းထဲရောက်သည်အထိမျက်နှာပေါ်ကအပြုံးတွေပျောက်မသွားပါအချစ်ကိုကိုးကွယ်နေရမည့်အရွယ်မဟုတ်လို့ထင်ပါရဲ့ချစ်တာတွေမေတ္တာတွေကိုသိပ်အယုံအကြည်မရှိတော့သော်လည်း...
ဆယ်ကျော်သက်အရွယ်ကလိုခံစားချက်မျိူးကိုနဲ့တွေ့ရင်ပြန်ရတက်တာတခါတရံ...
သူနဲ့သူမဆက်ဆံရေးဟာမိတ်ဆွေအဆင့်သာပြန်အဖက်ဆယ်နိုင်ခဲ့သော်လည်မဖြစ်မနေလက်ထပ်ရမည်ဆိုလျှင်သူဟာသင်တော်သည့်အမျိူးသားမဟုတ်လား....
အချစ်ရေးကိုနှလုံးသားဖြင့်ဖန်တီးပြီး
အိမ်ထောင်ရေးကိုဦးနှောက်ဖြင့်တွက်ချက်ပြီးမှရွေးချယ်သင့်သည်မို့
စီးပွားရေးအရရော....နှလုံးသားရေးအရပါသင်တော်သည့်သူဖြစ်သည်မြန်မာပြည်ကသတင်းတွေသူမကြားပါသည်..နေသူရိန်လင်းဟာမိန်းမတွေနှင့်ပတ်သတ်လျှင်တင်းမာသောအပြူအမူတွေနှင့်ဆက်ဆံသလို
လိုသည်ထက်ပိုမရောတက်သူအဖြစ်ပြောင်းလဲသွားကြောင်းတွေကြားတိုင်းပြုံးမိသည်...
အရင်ထဲကသာဒီလိုနေခဲ့ရင်ကိုယ်တို့ဝေးသွားစရာတောင်မရှိဘူးမဟုတ်လား....
" ဝေသိလား...ကိုယ်မင်းကို ဘယ်တော့မှလက်မလျော့ဘူး "
အခန်းထဲဝင်ခါနီးသူမပါးကိုရွတ်ခနဲ့နမ်းသွားသေးသည်...
" Inn good luck နော် "
သူမမျက်နှာမှာပြုံးရိပ်တွေထင်သယောင်ယောင်ဖြစ်သွားသည်....ရင်နင့်အောင်ချစ်ခဲ့ရသူမဟုတ်လား
နာကျင်စရာဒဏ်ရာအချိူ့ကြောင့်သာ.....
ဒီZone ထဲ ပြန်မသွားချင်တော့ယုံလေးသာ
ချစ်တယ်ဆိုတာချစ်နေဖို့သာလိုတာပါ...
ပိုင်ဆိုင်ခြင်း..ရယူခြင်းဆိုတဲ့အတ္တတွေကင်းသည်....
ကို့ကိုချစ်သလို...မောင့်ကိုလဲချစ်ရတာပါပဲ
ပြန်လိုချင်သလားဆိုရင်တော့နောင်တကင်းကင်းသူမဖြေနိုင်သည်ဘယ်သူ့ကိုမှပြန်မလိုချင်ပါ...တစက်ကလေးမှအနားပြန်မပေါ်လာသည့်မောင့်ကိုတော့စိတ်ပျက်မှု့တွေပိုသည်ပေါ့
မောင်ဟာချစ်နေယုံသက်သက်သာကောင်းသည်ပျော့ညံ့လွန်းသည့်အမျိူးသားမို့....
ဒီတိုင်းလေးပဲ.......
ကို့ ကိုတွေ့တော့ မောင့်ကိုသတိရခြင်းများစွာနဲ့ဆေးလိပ်တွေသောက်နေမိသည်....
အရင်ကလိုအခြေနေဆို ကို ရှိနေတာမို့သူမဆင်ခြင်နေရအုန်းမည်မဟုတ်လား
သိပ်ကို Toxic ဖြစ်ခဲ့တဲ့အချစ်တွေပါပဲကွာ....
" ကိုယ့်ကိုတစ်လိပ်လောက် "
သူမ ကမ်းပေးတဲ့ဆေးလိပ်တွေကို သူလှမ်းယူကာ
" သူ့ကိုသတိရနေသေးလား "
"အင်း....တခါတလေပေါ့ "
" သူရလင်းနဲ့မေသူ ကွာရှင်းလိုက်ကြပြီ ဝေ"
" ကျမကြားပါတယ် "
" မေသူက သူရလင်းကိုစွန့်ခွာဖို့ရွေးချယ်လိုက်တာဆိုရင်ပိုမှန်ပါလိမ့်မယ် "
" သူ့အချစ်နဲ့မတန်တဲ့သူကိုထားခဲ့နိုင်ပြီပေါ့ "
" သူရလင်းလဲရူးမတက်ပါပဲ.... သူ့ကလေးကိုသူတာဝန်ယူဖို့မေသူကပြောသွားတယ် ရိုးကြည်ဖြူနဲ့လက်ထပ်လိုက်ပါတဲ့လေ......
ချစ်ရသူတွေချစ်နေကြရဲ့နဲ့အမှားတခုကြောင်....."
" သူရလင်းသာမေသူကိုတကယ်ချစ်ခဲ့ရင်အမှားတွေကိုကျူးလွန်မှာမဟုတ်ဘူး ကို...."
" ကို.... တောင်းပန်ပါတယ် ဝေ "
ကုန်စပြုနေသည့်ဆေးလိပ်တိုကိုထိုးချေပစ်လိုက်တော့ကိုဟာသောက်လက်စဆေးလိပ်ကိုရပ်တန့်ပစ်လိုက်သည်......
ထို့နောက်....သူမ ပခုံးတွေကိုဆွဲလှည့်ပြီး....
မျက်လုံးချင်းစုံကာ...
" ကို...တခုလောက်မေးချင်တယ် ဝေကို့ ကိုတကယ်ပဲမချစ်တော့ဘူးလား "
" မချစ်တော့ပါဘူးလို့ပြောရင်...ကျမလိမ်တာ ကိုဟာကျမအချစ်နဲ့မတန်လို့ကျောခိုင်းခဲ့ယုံလေးပါပဲ "
သူမကိုရင်ခွင်ထဲထည့်ကာ...
ခေါင်းကလေးကိုကလေးငယ်လိုပွတ်သတ်ပေးရင်....
" ဒီလောက်ဆို...ကိုယ်ကျေနပ်ပြီဝေ...မင်းအချစ်နဲ့ထိုက်တန်ဖို့ကိုယ်ကြိုးစားပါ့မယ် "
သူမလွမ်းနေခဲ့ရသည့် ဒီရင်ခွင်.....
တကယ်ဆိုစချစ်ခဲ့ရတာသူမပဲမဟုတ်လား....
သံယောဇဉ် တွေဟာသိပ်ကိုပူလောင်ပါတယ်
၇နှစ်လောက်ချည်နှောင်ခဲ့တဲ့ ကြိုးတွေဟာပေါ့ပေါ့ကလေးမှမဟုတ်ခဲ့တာ...
ဒိီရင်ခွင်ထဲမှာ မျက်ရည်ကျမိတာ.....
လွမ်းနေတဲ့ သူ့ကိုယ်သင်းရနံနဲ့ နွေးထွေးမှု့တွေ.....