book

Index 26

(အပိုင်း...၂၆)

သူ..ချန်ခဲ့လေသော 

********************************


" ဝေ "


ပကတိ ချောမောတဲ့ နေသူရိန်လင်း


'' မောင်က ကျမ ကိုထားသွားပြီ ''


ပြိုကျလုဆဲဆဲ သူမ ခန္ဓာကိုယ် ကို သူ့ရင်ခွင်ထဲ နေသားတကျဖြစ်နေသည်..


'' ရှင်ကလဲ ကျမ ကို မရွေးချယ်ခဲ့ဘူး "


'' ကိုယ် မင်းကို တခါမှ မရွေးချယ်တာမျိူးမလုပ်ခဲ့ပါဘူး ဝေရယ်.."


သူတို့နှစ်ဦးကြား....

တိတ်ဆိတ်သွားခဲ့ကာ....

ခနကြာတော့... သူ့ရင်ခွင်ထဲက သူမ ဆီက ငိုသံတွေ ထွက်လာခဲ့သည်...


''မင်းရဲ့မောင်ကို ထွက်သွားအောင် ကိုယ်လုပ်ခဲ့တာပါ ဝေ ''


မယုံနိုင်သည့် မျက်ဝန်းတွေနဲ့ သူမ မော့ကြည့်သည်....


'' ကိုယ်စီစဥ်နေတဲ့ မင်္ဂလာပွဲကို ရပ်တန့်လိုက်ပြီဝေ ကိုယ်ဆက်မလုပ်တော့ဘူး ကိုယ်နဲ့မဆိုင်တာတွေကို ဝင်ပါရင်း ကိုယ် ချစ်တဲ့သူကို အဆုံးရှုံးမခံနိုင်တော့ဘူးဝေ "


ဝေဟာ..သိပ်ကို သန်မာတဲ့ အမျိူးသမီးလို့...


သူထင်ခဲ့မိတာ သိပ်ကိုမှားတယ်

အေးဆေးပါပဲ ဂရုမစိုက်လဲရတယ်လို့ သူထင်ခဲ့မိတာ သိပ်ကိုမှားတယ်...

အရာရာ ခွင့်လွှတ်ပေးမှာပဲလို့ထင်ခဲ့မိတာ သိပ်ကိုမှားတယ်...


သူမဟာလဲ လူသားတစျဦးပဲ...


ခံစားတက်တယ်...နာကျင်တက်တယ်

ချစ်ခြင်းမေတ္တာတွေလိုအပ်တယ်...


ဝေအခုလို ငိုနေတာမျိူး သူ မမြင်ခဲ့ဖူးပါ


အခုမှ နောင်တရလာသည်...


နောင်တတွေ မနှောင်းသေးဖို့ဆုတောင်းရမည်..


" ကိုယ့်ကို ခွင့်လွှတ်ပါဝေ ကိုယ်တို့အသစ်က ပြန်စ ကြမယ်လေ နောက်ဆုံးအခွင့်အရေးပေးမယ်မဟုတ်လား "


'' မောင့်ကို ဘာလုပ်လိုက်တာလဲ "


သူမဆီက ထွက်လာတဲ့ စကားကြောင့် ရင်ထဲနင့်ခနဲ ဖြစ်သွားသော်လဲ...သူကျေနပ်ပါသည်

အရာရာ သူစခဲ့တာမဟုတ်လား....

၇ နှစ်လုံးသူပေးခဲ့တဲ့ ဒဏ်ရာတွေဟာ အခုထက်ပို နာကျင်လောက်မည်ထင်သည်...


" ရိုးကြည်ဖြူ ကိစ္စ ကိုယ်ဆက်တာဝန်မယူနိုင်ကြောင်းနဲ့ စီစဥ်နေတဲ့ မင်္ဂလာပွဲ ဆက်မစီစဥ်နိုင်ကြောင်းရယ် ကိုယ့်ညီမကိုယ်တာဝန်ယူပေးဖို့ပဲ ကိုယ်ပြောခဲ့တာပါ ဒါကြောင့် သူ့ညီမ သူခေါ်ပြီး ကိုယ်တို့နဲ့ အဝေးဆုံးကို သူထွက်သွားတယ်ထင်တယ် "


''သူ....ရှင်နဲ့သူရလင်းအကြောင်းတွေ အကုန်သိနေတာလား "


သူ့ဆီက...ဘာမှထပ်မထွက်လာတော့ပါ


ဒါကြောင့် များ သူမကိုထားခဲ့ရက်လေသလား...တကယ်ဆို ကြီးမားတဲ့ ကိစ္စမဟုတ်ပါပဲ...

တကယ်ပဲ မချစ်ခဲ့တာလား.....


''မေမေဟာမေမေ....ရိုးကြည်ဖြူ ဟာ ရိုးကြည်ဖြူပါ ဆိုတာကို ကိုယ်ခွဲမြင်ခဲ့သင့်တာ "


'' အခုမှနောင်တရနေလို့ မထူးပါဘူး "


သူမ မျက်ရည်တွေကို သုတ်ပစ်သည်...


" ရှင်တို့နှစ်ယောက်လုံးဟာ ကျမအချစ်နဲ့ မထိုက်တန်ဘူး "


တကယ်ဆို ဒီကောင်လေးကို ထွက်သွားဖို့ သူတခွန်းမှ မပြောခဲ့ပါ..


တကယ်ပဲ ဝေပြောသလို....


သူတို့ဟာ...သူမ အချစ်နဲ့ မထိုက်တန်ခဲ့ပါဘူး

သူတို့လုပ်ချင်ရာသူတို့ အတ္တကြီးကြီးလုပ်ခဲ့ကြတာ အဆုံးထိပဲ မဟုတ်လား

ဝေဟာ..သူ့ကို ကျောခိုင်းလို့ ထွက်ခွာသွားခဲ့သည်..


သူ...ရိုးထက်ဖြူအကြောင်းကြားကြားခြင်းသူမဆီအပြေးလာခဲ့တာဖြစ်သော်လည်း..


တကယ်ပဲ...နှောင်းသွားခဲ့ပြီလား


ဒါတွေအားလုံးသူ့အပြစ်တွေသာ....

ရိုးထက်ဖြူကို ရှောင်နေခဲ့သည့် သူမကို ရိုးထက်ဖြူအနား မရောက်ရောက်အောင် တွန်းပို့သလိုဖြစ်ခဲ့တာ...

၇ နှစ်တာ သူမရဲ့ပေးဆပ်မှု့ကိုမမြင်ပဲ

ကိုယ့်ခြံထဲကကြက်ဆိုသည့် အပိုင်တွက်ခဲ့တာတွေ..


သူမကို အရှိအတိုင်းလက်မခံနိုင်ပဲ ပြုပြင်ဖို့ကြိုးစားခဲ့တာတွေ ဘာမဟုတ်တာနဲ့ တွေးဝေနေမိပြီး..

မဆိုင်တဲ့သူမှ လက်ထက်ဖို့တွေးလိုက်မိတဲ့..


ကိုယ့်ကို ကိုယ်သာ ပါးတွေနားတွေ ရိုက်သင့်သည်...


ဝေကတော့ ဒီ ငမိုက်သားကို လက်ဖျားနဲ့တောင်မထိခဲ့ပါ


.......


ဒီရက်တွေဟာ...သူမအတွက်ငရဲပါပဲ...


နာကျင်မှု့တွေကြား အလုပ်တွေဖိလုပ်သည်...

ဘယ်သူ့အပေါ်မှာ အာဃာတတွေ မထားမိဖို့ကြိုးစားသည်...


တကယ်တော့ လူတယောက်ကို...


ချစ်တာဟာလဲ သံယောဇဉ် မုန်းတာဟာလဲ သံယောဇဉ် မဟုတ်လား..

သူမ ဘယ်သူ့ ဘယ်သူ့အပေါ်မှ သံယောဇဥ် မတွယ်ချင်တော့ပါ..

ပူလောင်တာတွေ ဒီဘဝ ဒီအမျှပါပဲ...


အရာရာနှလုံးသားထက်..


ဦးနှောက်ကို ပိုအလုပ်လုပ်သည်...


သူမ ဘဝမှာ မှီတွယ်ရာ ယောက်ျားတယောက် မဖြစ်မနေ ရှိနေဖို့မှမလိုအပ်ပဲလေ...


"နေကောင်းတယ်မဟုတ်လား ဝေ "


'' ကို "


'' ခရီးကပြန်ရောက်ရောက်ခြင်း ဝေဆီဝင်ခဲ့တာ "


'' အဆင်ပြေတယ်မဟုတ်လား "


''အင်း ရုံးဆင်းခါနီးပြီလား "


'' အခုပဲ ပြန်တော့မလို့ "


'' ကိုယ့်ကို ပြန်ပို့ပေးမလား "


''ok လေ "


သူမဟာ.. နှုတ်ကျိူးခဲ့တဲ့ အခေါ်ဝေါ်အတိုင်း ကို လို့ခေါ်တက်ပေမဲ့...

အရင်လို အခြေနေမဟုတ်ကြတော့ပါ...


သူ့ဘက်က သူမကို ပြန်လိုက်နေတယ်ဆိုပေမဲ့ သူမကတော့ မိတ်ဆွေအဆင့်သာထားသည် ချစ်ခြင်းမုန်းခြင်း ကင်းစွာ ဖြင့် အေးစက်နေတော့သည်...


သူမအတွက်..... ဘာမဆို ပေးဆပ်ဖို့အသင့်ပါပဲ

သူမ အချစ်ကို ပြန်ရဖို့....

ဘယ်တော့မှ လက်မလျှော့ပါ 


'' ကိုယ်မောင်းမယ် "


'' အဆင်ပြေလို့လား အခုမှ လေယာဥ်ပေါ်ကဆင်းတာမဟုတ်လား ပင်ပန်းနေမှာပေါ့ "


'' ကိုယ် ပင်ပန်းလဲ ဖြစ်တယ် ဝေ့ကိုတော့မပင်ပန်းစေချင်ပါဘူး ကိုယ်က ဝေ့ကို ချစ်နေတဲ့ကောင်ပါ ''


'' အဟား....မဆိုင်တာတွေ ဆွဲပြောနေတယ် ရှင် ရိုတက်ဖို့ အများကြီးသင်ယူရအုန်းမယ် "


သူမဟာ ကားသော့လှမ်းပေးရင်း...


ပေါ့ပေါ့ပါးပါး ပြုံးသည် ဒီအပြုံးမှာ နာကျင်ခြင်းတွေ တချက်တချက်ပါဝငိနေတာ သူမြင်နေရသည်မို့ စိတ်ကျေနပ်ရသေးသည်...


လုံးလုံးခံစားချက်မဲ့နေတာမျိူး မဟုတ်သေးဘူးပဲ...


ကားပေါ်ရောက်ရောက်ခြင်း..


ချိူချိူ အီအီအနံမျိူး သူ...ရလိုက်သည်


'' ဘာစားတာလဲ ဝေ မွှေးလိုက်တာ "


'' ဟင်....ဘာမှမစားပါဘူး "


'' ချောကလပ်နံလိုလို တမျိူးလေးပဲ ချိူချိူအီအီနဲ့ စားချင်စရာအနံမျိူးလေး "


သူမဟာ...နှုတ်ခမ်းနီဘူးကို ကိုင်ပြရင်း


" ခုန နှုတ်ခမ်းနီထုတ်ဆိုးလိုက်တာ ဒီကအနံများလား "


'' ပြ..နမ်းကြည့်မယ် "


နှုတ်ခမ်းနီကို လှမ်းပေးသည့် လက်ကို....

ဆွဲကာ သူမ မျက်နှာနားကပ်လိုက်ကာ...

ရုတ်တရက်နီးကပ်သွားသည်မို့...


သူမ... လန့်သလိုလိုနှင့် ပြူးကြည့်နေစဥ်...


လွမ်းနေခဲ့သည့် နှုတ်ခမ်းချိူချိူကလေးတွေကို ထိတွေ့ နမ်းမိသည်...

သူ ယစ်မူးနေသည့် ဒ်ီအနမ်းတွေကို...


သူမ ဘက်က မတုန့်ပြန်ပေမဲ့....

မငြင်းဆန်ပါ..


နီးကပ်နေစဥ်မှာ...


သူရင်တွေ အထိန်းကွပ်မဲ့ ခုန်နေခဲ့သလို..

သူမဆီက ရင်ခုန်သံတွေကိုပါ သူကြားလိုက်ရသည်မို့ ပျော်ရွင်မိတာ အခါခါပါပဲ..


" စားကောင်းသားပဲ ဒီတံဆိပ်မှတ်ထားရမယ် နောက်ဆို ဝေ့ကို မကြာမကြာဝယ်ပေးရမယ် "


ဆယ်ကျော်သက်ကလေးမလေးလို့...


မျက်နှာတွေရဲလို့နေသည်....သူမဟာ အမြဲတမ်းသူ့ကို ရင်ခုန်အောင်လုပ်နိုင်ပါတယ်


" ဝေ့ကို ကိုယ်သိပ်ချစ်တယ်ဝေ....ဝေ့အချစ်တွေနဲ့ တန်တဲ့သူဖြစ်ဖို့ ကိုယ်ကြိုးစားပါမယ် "


''အင်း....ကို အများကြီး ကြိုးစားဖို့လိုသေးတယ် အဟွန့် "


ခေါင်းစဥ်တခုခုတပ်ပြီး...

သူမ ကို ပိုင်ဆိုင်မနေပေမဲ့ အခုလို အနားမှာ ရှိနေခွင့်ရယုံနဲ့ သူကျေနပ်သည်..


"ရှင်အများကြီး ပြောင်းလဲသွားတယ် "


ထိုသို့ မှတ်ချက်ပြုရင်း...

သူမ အပြင်ကိုသာငေးနေသည်....


မင်းရဲ့ မောင့်ကိုများ သတိရသွားလေသလားဝေ လို့ သူမမေးရဲပါ...


သူအတ္တတွေ..


မာနတွေဟာ........ သူမအပေါ်ဆို လုံးဝ ကင်းမဲ့အောင်အထိပြောင်းလဲခဲ့တာ..


သူသာလျှင်အသိဆုံးပါ....


မင်းကြောင့် အများကြီး ပြောင်းလဲသွားခဲ့တာပါ....


မင်းကို အဆုံးရှုံးမခံနိုင်လို့......

မင်းကို ဆူံးရှုံးရမှာကြောက်လို့...


rate now: