book

Index 25

(အပိုင်း...၂၅)

သူ...ချန်ခဲ့လေသော

*********************************


တီ...တီ


ဖုန်းဝင်နေပေမဲ့.... တော်ရုံနှင့်မကိုင်


တတိယမြောက် ဖုန်းဝင်သံကျလုကျခင်မှ

လေးတိလေးကန် အသံနှင့် မောင်ဟာ ဖုန်းပြန်ထူးသည်..


" မောင်နေကောင်းရဲ့လား "


'' ကောင်းပါတယ် အမ "


'' ကျမ မောင့်တိုက်ခန်းရှေ့မှာ...."


''ကျွန်တော် အိမ်မှာမရှိဘူး အမ တောင်းပန်ပါတယ် "


မောင်အိမ်မှာရှိနေတာ...သူမ သိသည်...

ဆက်တိုးရမလား..


နောက်ဆုပ်ရမလား...


မတွေ့ချင်လို့ရှောင်နေသူကို...

သူမ အတင်းတွယ်ကပ်မနေချင်ပါ....

တဖက်ကို သူမက ငြင်းတယ်...

နောက်တဖက်က သူမကိုငြင်းတယ်


မောင့်ကို သိစေချင်တယ်...

ကျမနဲ့ ကို လမ်းခွဲခဲ့တာ မောင်တို့နဲ့မသတ်ဆိုင်ဘူးဆိုတဲ့အကြောင်း...


သူမ ထိုနေရာမှ လှည့်ထွက်ခဲ့သည်....

နောက်တကြိမ်...


ဒီတိုက်ခန်းရှေ့ ခြေမချတော့...လို့ ဆုံးဖြတ်လိုက်သည်..

ဝေးသွားတာလဲ ကောင်းပါတယ်လေ....


................................


သူရလင်း..အကူညီတောင်းလို့ သူ ရိုးကြည်ဖြူ ကို မကြာမကြာသွားကြည့်ပေးခဲ့ရသည်...

ဒါဟာလဲ ဝေဟာ နားလည်မှု့ရှိသည့် မိန်းကလေးမှန်း သူ သိနေခဲ့လို့ပါ..


သူနဲ့ သူရလင်းဟာ ခပ်ဆင်ဆင်ပုံစံရှိသည့်အပြင် လူမမှား မှားအောင် တမင်အလုပ်ခံခဲ့ရတာမို့...

သူရလင်းနဲ့သူ့ကိုမှားပြီး....


ရိုးကြည်ဖြူနဲ့ သတင်း ခပ်သဲ့သဲ့ထွက်လာသည့်နေ့ကဘဝမှာ ပထမဆုံးအကြိမ်...

ဝေ ဟာ သူ့ကို လာရှာခဲ့သည်....

မေသူအကြောင်း ရိုးကြည်ဖြူမသိအောင်

ရိုးကြည်ဖြူအကြောင်း မေသူ  မသိအောင် ဝိုင်းဖုံးကြသည့် လုပ်ရက်ကို သူမ မထောက်ခံ သဘောမတူခဲ့ပါ...


သူ့ကို အကြိမ်ကြိမ် တားခဲ့သည်......


သို့သော်...

မေသူနှင့် ဝေ ကိုလူမှားပြီး ရိုးကြည်ဖြူလာရှာသည့်နေ့က ဝေ ဘာမှမပြောခဲ့ပါ...


တကယ်ဆို.. ...


နေသူရိန်လင်းနှင့် သူရလင်းတို့ရှုပ်သမျှ ဇာတ်လမ်း အစ အဆုံး သူမ သိသည်...

ဒါကြောင့်မို့ နေသူရိန်လင်းကို သူမ လက်ခံနေခဲ့တာ ဖြစ်ကာ...


အခြေနေတွေဟာ တဖြေးဖြေးအဆိုးဘက်ရောက်ခဲ့တာ.


သူရလင်းနှင့် မေသူ လက်ထပ်ပြီးနောက်ပိုင်းမှ....ရိုးကြည်ဖြူမှာ ကိုယ်ဝန်ရှိနေမှန်း အားလုံး သိခဲ့ကြသည်...

ရိုးကြည်ဖြူ ဟာ...


သူမ မှာ ကိုယ်ဝန်ရှိနေမှန်း သိသည့်နောက်မှ သူရလင်းဟာ မေသူနဲ့ လက်ထပ်ပြီးသားမှန်းသိသွားခဲ့တာမို့...

အရာရာဟာ ရှုပ်ထွေးခဲ့သည်....


မေသူ မသိအောင် သူရလင်းက ဖုံးသည်....


နေသူရိန်လင်းဟာ အကိုပီပီ သူ့ညီအတွက် အကုန် ကူသည်...

ဒါဟာ... မေသူ့အတွက် မတရားဘူးဟု သူမထင်သည်..

မေသူနေရာ ကျမဆိုရင်ရော ကို တို့ ဒီလိုပဲရက်စက်ကြမှာလားလို့ အကြိမ်ကြိမ်မေးမိရင်း..

အကြိမ်ကြိမ် ကတောက်ကဆဖြစ်ခဲ့ရသည်...


ထို့ကြောင့် ရိုးထက်ဖြူကို သူမရှောင်ခဲ့တာဖြစ်သည်...အရှူပ်တခုနဲ့တင်လုံလောက်ပြီမဟုတ်လား....

သူရလင်းဟာ...

တာဝန်မယူနိုင်ပါလို့ ခေါင်းရှောင်ထွကိသွားပေမဲ့.... ပြသာနာကို အဆုံးမသတ်နိုင်တာ နေသူရိန်လင်းဖြစ်သည်....

ရိုးကြည်ဖြူ ရဲ့ အဖြစ်ဟာ....


သူ့မေမေနှင့်တူသည်ဆိုသည်ကနေ အစပြုကာ... တာဝန်ယူမှု့ပြင်းထန်လာသည်...


ဗိုက်ထဲကကလေးဟာ....

နောက်ထပ် နေသူရိန်လင်းတယောက်ဖြစ်နိုင်သည်တဲ့လေ....


''ကိုယ့်မေမေ ကိုယ့်ကို ကိုယ်ဝန်ရှိတုန်းက ကို့အဖေအရင်း...ဟာ ကိုယ်ဝန်ဖြုတ်ချခိုင်းခဲ့တယ် သူဟာ အိမ်ထောင်သည်ဖြစ်နေလို့ပေါ့..ဒါပေမဲ့ ကို့အဖေအရင်းရဲ့ ညီ အခုလက်ရှိ ကို့ဖေဖေဟာ အရာရာသူခေါင်းခံရင်း ကို့မေမေနဲ့လက်ထပ်ခဲ့တယ်...နောက်တော့ မေမေနဲ့ ကွာရှင်းပြီး ကိုယ့်ကို သားအရင်းလို ပြုစုပေးခဲ့တယ် မေမေဟာ ကိုယ်ကောင်းဖို့အတွက် ကိုယ့်ကို စွန့်လွှတ်ခဲ့တာ ကိုယ်အခုထိ ရှာမတွေ့တော့ဘူး...

နောက်တော့ မွေးစားအဖေဟာ သူ့ချစ်သူနဲ့လက်ထပ်တယ် သူရလင်းကိုမွေးခဲ့တယ်..

သူရလင်းတို့မိသားစုအပေါ် ကိုယ်အကြွေးရှိတယ် ဝေ... ဝေလဲ သူရလင်းမေမေလို နားလည်ပေးရင်ကောင်းမယ် "


ဘဝမှာ မှတ်မှတ်ရရ သူ့မိသားစုအကြောင်း ရင်ဖွင့်သည့်နေက သူပြောခဲ့တာတွေပါ....

သူမ အာ့လောက်အထိ နားလည်မပေးနိုင်ခဲ့ပါဘူး....


သူဟာဘာကြောင့် နောက်ထပ် နေသူရိလင်းတယောက်ဖန်တီးဖို့ကြိုးစားနေသလဲ..

သူမ နားမလည်းဘူး...


အဖေကို ဦးလေး ခေါ်...

ဦးလေးကို အဖေခေါ်ပြီး...


နာကျင်မှု့တွေ ရင်ထဲ သိမ်းနေထိုင်ရတဲ့အထြစ်မျိူး သူကြုံဖူးခဲ့ ပြီးသားမဟုတ်ပါလား..


သူ့မိခင်နှင့် အဖြစ်ချင်းတူသည်ဆိုတဲ့ အကြောင်းပြချက်နှင့်....

ရိုးကြည်ဖြူ ကို သူမထင်ပို ဂရုစိုက်ပေးခဲ့တယ်...

သူမ မငြိုငြင်ခဲ့ပါဘူး.....


သူ မအားလို့.....

သူ့အစား ထိုကလေးမဆီ သွားသည့်နေ့က...


သူ့ကို ပိုချစ်မိကြောင်း...

သူမ မျက်လုံးတွေကို တည့်တည့်ကြည့်ရင်း ရဲရဲတင်းတင်း ဝန်ခံခဲ့သည်...


ဘယ်လောက်ပဲ သဘောထားကြီးပါစေ...


ပေါ်တင် စနိုက်ကြော်မည့် စကားနားထောင်ဖို့အထိ သဘောထားမကြီးနိုင်ပါ...

နေသူရိန်လင်း ကိုယ်တိုင်ကလဲ...

သူမထက် ထိုကောင်မလေးကို ရွေးချယ် အချိနိပေးခဲ့တာ...


သူမကိူ ထားခဲ့ပြီး ထိုမိန်းကလေးဆီ ပြေးပြေးသွားခဲ့တာ...

ကြာလာတော့ ရင်မှာ အသေးအမွှား စုစည်းထားသည့် ဒဏ်ရာရယ်....

အရွေးချယ်မခံရပါလားဆိုသည့် စိတ်တွေရယ် ထုထည်ကြီးမားလာကာ ပွင့်အန်ထွက်ကုန်တာဖြစ်သည်...


စိတ်တွေ ညစ်နေရတဲ့အခိုက်အတန့်မှာ...

တိုက်ဆိုင်စွာ...


အနားရောက်လာသည့် မောင့်ကို.....


သူမ ပစ်တွယ်ခဲ့တာဖြစ်သည်.....


မောင် ဒ်ိီကိစ္စတွေကို အစအဆုံး သိနေနိုင်မလားတောင်မပြောတက်ပါ...

သူမနှင်​့နေသူရိန်လင်း ကွဲခဲ့ကြတာ...


ရိုးကြည်ဖြူ ကြောင့်လဲမဟုတ်.....


ရိုးထက်ဖြူကြောင့်လဲမဟုတ်ပါ.....


၇ နှစ်တာ....

သိမ်းထားခဲ့တဲ့ အသေးမွှား ပြသာနာလေးတွေကနေ...


တဖြေးဖြေးထုထည်ကြီးကာ ပေါက်ထွက်လာတာဖြစ်သည်...


ဒါကြောင့် သူမ နောက်ထပ်တကြိမ် ထပ်နာကျင်ရမည့် ရင်ခွင်ဆီပြန်မသွားချင်တာဖြစ်သည်...

ကို နဲ့ မောင့် မှာ သူမ မောင့်ကို ရွေးချယ်လိုက်ဖို့ စဥ်းစားထားပြီးသားပါ..


နေသူရိန်လင်းဟာ ခေါင်းမာစွာပင်.....


ရိုးကြည်ဖြူ နှင့် မင်္ဂလာပွဲ အကျဥ်းချူံလုပ်ဖို့ စီစဥ်နေပြီဖြစ်သည်...

သူမ... အာ့လောက်ထိ သဘောထားမကြီးနိုင်ပါ...


အိမ်ထောင်တခုကို အလွယ်တကူပြု...

အလွယ်တကူပြိုလဲ တာမျိူး မဖြစ်စေချင်ပါ..


ရိုးကြည်ဖြူ ဗိုက်ထဲက ကလေးဟာ...


ဒုတိယနေသူရိန်လင်းဖြစ်နိုင်သလို....


လူမှန်းမသိခင်ကထဲက အမေနဲ့အဖေကွဲ...

ရှိနေသည့် ဖခင်ဆီက လုံလောက်သည့် မေတ္တာမရခဲ့သလို...

မေတ္တာငတ် အချစ်မခံရသည့်...စိတ်ဒဏ်ရာမျိူးစုံနှင့်...


သူမလို ဒုတိယ မြူခိုးဝေလွင် လဲ ဖြစ်နိုင်သည်မဟုတ်လား...


အချစ်ကို....


မောင်နဲ့မှ ရရှိဖူးတာပါ...


မောင်နဲ့မှ အချစ်ခံရဖူးတာပါ.....


ကျမ ဘက်ကမစွန့်လွတ်သရွေ့...

ဘယ်တော့မှမထားခဲ့ဖူးလို့ပြောခဲ့သည့်မောင်...


အခုတော့ ကျမကို ထားခဲ့ပြန်ပြီ...


တကယ်ပဲ ကျမဟာ အချစ်ခံဖို့ မထိုက်တန်ခဲ့လို့လား မောင်..


rate now: