book

Index 24

(အပိုင်း...၂၄ )

သူ...ချန်ခဲ့လေသော

*********************************


ခြံရှေ့မှာ...


နှင်းဆီ ရဲရဲတွေကိုင်ရင်း...ရပ်စောင့်နေပုံရသည့် နေသူရိန်လင်းကို တွေ့လိုက်ရသောကြောင့် အံ့သြမိသလို..


စိုးရိမ်မိလာသည်.....


သူ့ မာနနှင့်ဆို ဒါဟာ အတော်လျှော့ထားတာဖြစ်ကာ..


သူစောင့်နေတာ... ဘယ်လောက်တောင်ကြာပြီလဲ ဒီနေ့ဟာ မောင်အနားမှာရှိမနေသည်မို့ bar သွား အေးဆေးထိုင်ပြီးမှ ပြန်လာခဲ့တာဖြစ်သည်..

တကယ်တမ်း သူ့ကို ဒီလိုပုံစံမြင်လိုက်ရတော့


သံယောဇဥ် တွေဟာ ရင်ကို လာထိတယ်...


" ကို ဒီမှာ ဘာရပ်လုပ်နေတာလဲ "


ဖြူဖျော့ဖျော့အပြုံးတွေနဲ့ သူ့ကို မြင်တော့ သူမ စိတ်မကောင်း..


" ဝေ ကိုစောင့်နေတာလေ "


'' ဘယ်သူက ဒီမှာစောင့်ခိုင်းနေလို့လဲ "


'' ဒီမှာမှ မစောင့်ရင် ဝေကမှတွေ့ခွင့်မပေးတာ "


မျက်ကွင်းတွေညိုကာ..

လူက အနည်းငယ်ပိန်သွားသယောင်ရှိသည်..

ပန်းစည်းလှမ်းပေးသည့်လက်ကိုအထိမှာ..

အို...ဘုရားရေ..


မသိစိတ်ကအလိုလို သူ့နဖူးတွေစမ်းမိကာ.


" ဖျားနေတာလား "


'' ဘာမှမဖြစ်ပါဘူး ဝေ "


သူမ ဒီထက်ပိုပြီး ရက်စက်တဲ့ နှလုံးသားမရှိလိုပါ..


" အိမ်ထဲ ဝင် "


ယိုင်နဲနဲ အနေအထားနဲ့ သူ့ကို...

မနေနိုင်သည့် သူမကပဲ တွဲကူပေးရပြန်သည်..


" ရှင်က...ကျမအပေါ်ဆို အမြဲ ဒီလိုပဲ သံယောဇဥ်တွေနဲ့ ချူပ်နှောင်တယ် နားလည်ပေးတက်တဲ့ နှလုံးသားကို အနိုင်ကျင့်တယ် "


'' ကိုယ်တောင်းပန်ပါတယ် ဝေ "


သူ့ကို တွဲကူရင်း အိမ်ထဲအရောက်...


မီးရောင်ပြပြနှင့် ဧည့်ခန်းထဲတွင်ထိုင်နေသည့် လူတယောက် မီးတွေအလင်းမှာ ပေါ်လာခဲ့သည်.....


''မောင် "


သူမ တွဲထားသည့်သူကို....


ဘာမှမဖြစ်သလို အပြုံးနှင့်မောင်ဟာ ပြေးလာကူတွဲပေးရှာသည်..


မောင်ရင်ထဲမှာ တိမ်တွေပြို..မိုးတွေရွာသလို ဖြစ်နေခဲ့တာကို...

သူမ မြင်နိုင်နေတော့ ခက်သားပဲ.....


အားနာသလို တောင်းပန်သလို အကြည့်တွေနဲ့ သူမ ကို...


'' ကျွန်တော်...... အမ စားဖို့ လိုအပ်တာတွေ လာပို့ပေးတာပါ "


မောင်နဲ့ရှိနေပြီးထဲက....

မီးဖိုချောင်အတွက် သူမ တွေးစရာ မလိုတော့တာ...

ယနေ့အထိဖြစ်သည်...


အလုပ်ရှုပ်နေလဲ....


သူမအတွက် စားစရာတွေ အချိန်ပေး လာပို့ပေးတက်သလို တခါတလေ ရသည့်အချိန်မှာ အပြေးလာထည့်ပေးသွားတက်သည်..

ခုံပေါ်..နေသူရိန်လင်းကို ချပေးပြီး..


" အကိုက ဖျားနေပုံပဲ ကျွန်တော်ဆရာဝန်ခေါ်ပေးရမလား "


'' မောင် "


'' ကိုယ်တောင်ပန်းပါတယ် ညီလေး "


သူရိန်လင်း ဘာကို တောင်းပန်ချင်သလဲ...

သူမ မသိပါ...


တကယ်ဆို ဒီအခြေနေမှာ မောင်ဟာ လက်ရှိတွဲနေသူဖြစ်ပြီး..

သူ..ဟာ လမ်းခွဲဖို့ရွေးချယ်ပြီးသာ လူမဟုတ်လား

မောင့်လက်မောင်းတွေကို ဆုပ်ကိုင်ရင်း...


" ကျမတောင်းပန်ပါတယ် မောင် သူဖျားနေလို့ ကျမ.....''


'' ဖျားနေတဲ့သူကို လက်လွတ်စပါယ် ဘယ်ထားခဲ့ရက်မလဲ ကျွန်တော်ဆိုလဲ ဒီလိုပဲနေမှာပါ...  "


'' မောင်ကျမ ကို စိတ်ဆိုးချင်ဆိုးပါ "


'' မဆိုးပါဘူး ဒီလူမှာ ဒီလို အခွင့်မရှိပါဘူး အမရယ် အမတို့ချစ်သူနှစ်ဦး ဆွေးနွေးဖို့လိုတာတွေ ဆွေးနွေးကြပါ ကျွန်တောိ...ကျွန်တော့ကို ခွင့်ပြုအုန်းနော် ဖုန်းဆက်လိုက်မယ် အမ ".


'' မောင်...မောင် "


သူမကို တချက်လှည့်မကြည့်ပဲ...

မောင်ဟာ ရှောင်ထွက်သွားသည်.....


'' မောင်တဲ့လား ဝေရယ် "


''ရှင့်ရဲ့ ညီမလေးလောက်တော့ ဘယ်ကဗျာဆန်ပါမလဲ "


'' သူနဲ့ ကိုယ် ဘယ်လိုအခြေနေလဲ မင်းသိပါတယ် ဝေ ရယ် "


သူမ စကားတွေ အများကြီး မပြောချင်ပါ...


တိတ်ဆိတ်ခြင်းနှင့် နှုတ်ဆိတ်နေလိုက်သည်......


''ကို့အတွက် အခွင့်အရေးမပေးနိုင်ဘူးလားဝေ "


'' ကျမ အချိန် ၇ နှစ်ပေးခဲ့ပြီးပါပြီ မလုံလောက်ဘူးလား ဒါဟာ လုံလောက်တဲ့အချိန်ပါ "


'' ကိုယ် သိပ်ကိုမှားသွားတယ် "


'' အားလုံး လွန်ပြီးပြီ နောင်တဆိုတာနောင်မှ ရတက်ကြတာကြီးပါပဲ ကျမ နားချင်ပြီ...

ရှင် Taxi နဲ့ ပြန်လိုက်ပါ...နောက်နေ့မှ ကားကိုလူလွှတ်ပြီးယူခိုင်းလိုက် ဒါ ကျမလုပ်ပေးနိုင်တဲ့ နောက်ဆုံးအကူညီပဲ ကို.... "


သူမ App ကနေ Taxi ခေါ်ပေးလိုက်ကာ..

ခပ်ငိုက်ငိုက်ထိုင်နေသည့် သူ့ကို ကျောခိုင်းပစ်လိုက်သည်..

မှားသွားတယ်လို့ပြောနေပေမဲ့.....


ရှင်နောင်တမရသလို....

နောက်ဆုတ်ဖို့လဲ မစဥ်းစားဘူး မဟုတ်လား..


ကျမ ကျတဲ့မျက်ရည်တွေကို ကျမကလွဲရင်...ဘယ်သူ မြင်နိုင်ပါ့မလဲ...

ကျမရဲ့ပျော်ရွှင်မှု့တွေဟာ...

ဘယ်တော့မှ ကြာရှည် မခံပါဘူး.....


မောင်ဟာ ကျမ ကို ကျောခိုင်းသွားတယ်..

ကိုဟာ ကျမကို မရွေးချယ်ခဲ့ဘူး....

ကျမတို့တွေဟာ ဘယ်တုန်းကမှ မတွေ့ဆုံသင့်ဘူး.....


...............


သူ..ဘယ်နေရာက စမှားခဲ့တာလဲ.....


သူရလင်းကို မတားခဲ့မိတာက စ မှားခဲ့တာလား...


တကယ်တမ်း ရိုးကြည်ဖြူ ဆိုတာ....


သူရလင်းရဲ့ ချစ်သူပါ....


သူမကို မပေးဖြစ်ခဲ့သည့် အိမ်ကို သူ့ချစ်သူကို ပေးချင်လို့ဟုဆိုကာတောင်းလာတုန်းက..


သူချစ်သူဆိုတာ...


သူနဲ့ လက်ထပ်မည့် သူ့ဇနီးလောင်း မေသူလို့ထင်ခဲ့မိတည်းက သူစမှားခဲ့တာ...

မေသူဟာ...ပြည့်စုံပြီးသား မိန်းကလေးမို့ ဝေလို့ပဲ ဒါမျိူးတွေကို လက်ခံမည်မဟုတ်ဆိုတာကို..

သူမေ့ချင်ယောင်ဆောင်နေခဲ့တာ..


သူရလင်းနှင့်သူဟာ...

ညီအကိုတော်စပ်သလို အချစ်ရေးဟာလဲ အနေအထားတူညီသည်...

ဆေးလိပ်မသောက်တာရယ်..

အရက်နံမခံနိုင်တာရယ်ကလွဲရင်..

မေသူနဲ့ ဝေဟာ...

တော်တော်များများတူညီသည်...


ဒါကြောင့်မို့....


သူရလင်းဟာ မကြာမကြာ သူ့ဆီရင်ဖွင့်တက်ကာ..


မေသူနဲ့ အကြီးအကျယ်ရန်ဖြစ်သည့်အခေါက်က....

ရိုးကြည်ဖြူနှင့် အရွဲတိုက်ကာ ပတ်သတ်သည်...


မေသူ ရိပ်မိသည့်အခါ.....


မေသူကို သေလောက်အောင်ချစ်သည့် သူရလင်းဟာ... အဆုံးရှုံးမခံနိုင်ဟုဆိုကာ..


Official တွဲ ပြထားတာမရှိသည့် သူ့ကိုလွှဲချသည်..

ဟို မပြတ် ဒီမပြတ်နှင့် ခြေရှုပ်နေတည်းက..


သူတားခဲ့ဖို့ကောင်းသည်..။


ရိုးကြည်ဖြူ ကို သွားကြည့်ပေးဖို့ မကြာခဏ အကူညီတောင်တည်းက ဒီကောင်သူ့အရှုပ်တွေကို...

သူ့ဆီလွှဲချနေပြီးမှန်း ရိပ်မိလိုက်ဖို့ကောင်းသည်...


မယုံမကြည်ဖြစ်လာသည့်...

မေသူဟာ ရုတ်တရက် လက်ထပ်ဖို့ ထ စီစဥ်သည်...


တိုက်ဆိုင်မှု့တွေ ဆက်တိုက်ဖြစ်စေတာက..


မေသူဟာ ရိုးထက်ဖြူရဲ့ သူငယ်ချင်းဖြစ်နေပြန်သည် မေသူအဖေဟာ ဝေအဖေရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်သေးတာဟာ...


အရှုပ်ထွေးဆုံး အခြေနေထိ ရောက်ခဲ့ပြန်သည်..


သူနဲ့ ဝေအကြောင်း...

သူရလင်းတယောက်ပဲ ကောင်းကောင်းသိတာဖြစ်သလို...


ဝေဟာလဲ သူ အသိုင်းဝိုင်း ဆို သူရလင်းနဲ့ပဲသိသည်......


မေသူဟာ...


သူနဲ့ ဝေ အကြောင်း တစွန်းတဆ ကြားတာရှိသည်..

ဒါကြောင့် ဟိုတလောက Wedding dinner မှာ..

သူဝေကို မသိချင်ယောင်ဆောင်ခဲ့ရတာ....


ဝေအနားကို ရိုးထက်ဖြူ ရောက်သွားစေဖို့....


ခင်ဗျားရဲ့ဝေ ရောက်နေပြီလေ လို့ အနားကပ်လာပြောသည့် ထိုကောင်လေးကို တမင် တကာ..


ကိုယ် သူ့အနားမသွားရင်တောင်...

သူက ဘယ်သူ့ကိုမှ ကိုယ်လို အနားကပ်ခံမှာ မဟုတ်ဘူး ချာတိတ်ရ လို့ သူတမင်ပြောပြစ်ခဲ့ကာ...


မခံနိုင်သည် ထိုကောင်လေးဟာ...


သူမ အနား ရောက်သွားခဲ့သည်....


ထိုည က သူမပြန်သွားတော့...


ဘယ်နှယ့်လဲ ကိုမပြောဘူးလား ချာတိတ်လို့ အောင်နိုင်သူ အပြုံးနှင့်...


ခနဲပြစ်ခဲ့သေးသည်.......


သူ..

လုံးဝထင်မထားခဲ့တာ....


ဝေဟာ နောက်ပိုင်း ဒီကောင်လေးအပေါ် မျက်စိကျလာမည်....


သဘောကျလာလိမ့်မည်..ဟုပင်...


ကိုယ် ဘယ်လိုလုပ်ရမလဲ ဝေ......


ငဲ့စရာထောက်စရာ မျက်နှာတွေကြောင့်...


တကယ်ပဲ မင်းကို လက်လွှတ်ရတော့မလား....


rate now: