သူ....ချန်ခဲ့လေသော
**********************************
မောင်ဟာ...
သူရဲ့ Small business လေးကို အားစိုက်ရုန်းကန်ရင်း...
တခါတရံအလုပ်ရှုပ်နေတက်သည်....
သို့သော်.. နေသူရိန်လင်းနှင့်မတူသည်က
အလုပ်တွေပြီးသည်နှင့် သူမဆီအပြေးလာတက်သည်...
ဒါကြောင့်လဲ ပိုပို သဘောကျလာမိတာ မဆန်းဘူးမဟုတ်လား..
မောင်ဟာ ခုတလော အလုပ်တွေ ရှုပ်နေကာ...
မတွေ့ဖြစ်သည်မှာ....တပတ်နီးပါးရှိပြီဆိုပေမဲ့ အားသည့်အချိန်တိုင်း အပြေးအလွှား Vedio call ခေါ်သည်..
သူကိုယ်တိုင် စားချိန်မမှန်သော်လည်း...
သူမကို ဂရုတစိုက် ထမင်းစားချိန် သေချာမေးလေ့ရှိနေပြန်သည်..
ဝိုင်တခွက်ကို အရသာခံသောက်ရင်း.....
ပါးချိူင့်ကလေးတွေနဲ့ ကောင်လေးကို လွမ်းသည့်စိတ်အားဖြေဖျောက်နေသော်လည်းမရ..
တိုက်ဆိုင်စွာ.....
အိမ်ပြန်ရောက်ပြီ ချစ်တယ်
ဆိုသည့် message ကလေးကိုဖတ်ရင်း...
လွမ်းတယ်မောင် ဟု စာပြန်ထားလိုက်သည်..
အထီးမကျန်အောင် ထားပေးရှာပေမဲ့လဲ..
သူမ အတော်ကို တွယ်တာတက်နေပြီထင်သည်...
စိတ်ပြေလက်ပျောက်ထိုင်နေမိတာ....
ဘယ်လောက်ကြာသည်မသိ...
ဧည့်ခန်း...မှာ သူမ ကို သူ Hoodie ကြီးနဲ့ ပတ်ပြီး သဝန်တိုဖူးသည်..
" My Jewel "
ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့..
" မောင် "
ပြုံးနေသည့်မောင်ဟာ သူမဆီအလောတကြီးပြေးလာသည့်ပုံ....
ထိုင်နေသည့် သူမ နံဘေး ဝင်လာကာ ခပ်တင်းတင်းဖတ်ထားသည်..
" လွမ်းနေတယ်ဆိုလို့ပြေးလာခဲ့တာ ခင်ဗျားဆီက ဒီလိုစကားကြားရတာ ဒီလူရူးမတက်ပဲ "
လွမ်းနေခဲ့သည့် ရင်ခွင်......
ဘယ်လောက်တောင် နွေးထွေးပြီး သင်တောင့် သက်သာရှိလိုက်သလဲ...
ဝိုင်ရဲ့အရှိန် ရီဝေဝေ ကလေးမှာ...
လွမ်းနေရတဲ့ ပါးချိူင့်ကလေးဟာ ရင်ခုန်စရာအကောင်းသား..
သူ့မျက်နှာချောချောကို အလွမ်းပြေကြည့်နေရင်း..
ပါးနှစ်ဖက်ကို ကိုင်ကာ...
ရင်ခုန်မိနေတဲ့ နှုတ်ခမ်းလေးတွေဆီ ဖိကပ်နမ်းပစ်လိုက်သည်..
သူ့ဆီက ပြန်လည်တိုးဝင်လာသည့် အနမ်းကြမ်းကြမ်းတွေဟာ စိတ်လှုပ်ရှားဖွယ်အတိ..
တိုးဝင်လာသည့် လျှာဖျားလေးတွေကို အလိုက်သင့် ဆွဲယူလက်ခံရင်း...
သူမ ခါးပေါ်က သူ့လက်ကလေးတွေ ဟာ..
ညဝတ်အကျီအောက်ကနေတိုးဝင်လာခဲ့ကာ..
ညင်သာစွာ ရင်သားလုံးလုံးကလေးတွေကို
ထိတွေ့
ကစားသည်...
ထို့နောက် ရင်သားတွေပေါ်ကျရောက်လာသည့် နွေးထွေးသည့် နှုတ်ခမ်းတွေရဲ့အထိအတွေ့ရယ်..
ဆော့ကစားနေသည့် လျှာဖျားလေးတွေကြောင့် ငြီးသံသဲ့သဲ့ ထွက်ကျလာခဲ့သည့်အထိပင်..
ဆိုဖာ နံဘေးမှာ ပြန်ကျဲစွာ ကျနေသည့် အဝတ်စားတွေရယ်
အနမ်းကြမ်းကြမ်းတွေရယ်....
အထိအတွေ့ကြမ်းကြမ်းတွေရယ်....
သူမဆီကိုတိုးဝင်လာသည့် သူရဲ့ အရာမှန်သမျှကို မြတ်နိုးမိလာတာရယ်
ဆွဲဆောင်မှု့ပြည့်နေတဲ့ ပါးချိူင့်နဲ့ကောင်လေးရယ် ...
သူမရဲ့ ရင်ခုန်သံတွေဟာဒီကောင်လေးကြောင့်ဆိုတာ သေချာပြီလား...
ရင်ခုန်သံ ကြမ်းရှရှ တွေကြားစီးမျောရင်း..
အပေးယူမျှမျှ ဆက်ဆံရေးဟာ ပိုပို ကောင်းမွန်လာကာ..
အထိတွေ့တွေဟာ ကြာလေ ရုန်းထွက်ဖို့ခက်လေ...
" ပင်ပန်းသွားလား My Jewel "
သူ့ဆီတိုးဝင် ခပ်တင်းတင်းပွေ့ဖက်ထားမိကာ
'' ကျမ မောင်ရင်ခွင်ထဲမှာ ပျော်တယ် ''
သူ့ရင်ခွင်ထဲ မှေးစက်ရင်း..
'' မောင်မရှိတဲ့ ရက်တွေမှာ သူ ကျမဆီအကြိမ်ကြိမ်ဆက်သွယ်တယ်မောင် "
'' ဘယ်လိုစဥ်းစားထားလဲ "
'' ကျမ....မသိဘူး "
'' ခင်ဗျား နှလုံးသားရဲ့ အလိုအတိုင်းလိုက်ပါ ကျွန်တော် မတောင်းဆိုဝံ့ပါဘူး အချစ်ရယ် "
တကယ်ပဲ သူမတောငိးဆိုဝံ့ပါ...
တောင်းဆိုဖို့ ဘာအရည်အချင်းမှားရှိပါ့မလဲ..
တကယ်ဆိုသူဟာနေသူရိန်လင်းထက်တောင်ဆိုးဝါးမလားပဲ...
ရင်ခွင်ထဲက သူမကို ဖက်ထားရင်း...
သူတောင်မသတိမထားမိပဲ ကျဆင်းလာတဲ့ မျက်ရည်တွေကို..သူမ သတိထားမိသွားတယ်ထင်ပါရဲ့..
" မောင် "
ရင်ခွင်ထဲကနေ ရုန်းထွက် ထ ထိုင်သည်...
" ဘာကို မတောင်းဆိုရဲတာလဲမောင် "
'' ခင်ဗျား သိပ်ချစ်ခဲ့တဲ့ အမျိူးသား ၇ နှစ်တာ သံယောဇဥ် တွေချည်နှောင်ထားပြီး ဒီလူထက်အရာရာသာတဲ့ အမျိူးသားနဲ့ယှဥ်ပြီး မတောင်းဆိုရဲတာပါ ''
'' မောင်...ဘာလို့ပျော့ညံ့နေတာလဲ သာတယ်နာတယ်မရှ်ိဘူး မောင်ဟာ ကျမအတွက် သိပ်ချစ်ဖို့ကောင်းပြီး သိပ်ဆွဲဆောင်နိုင်တဲ့ကောင်လေးပါမောင်ရဲ့ ''
'' ဒီလူကို တကယ်ပဲ အဲ့သည်လိုတွေးလား "
သူ့နဖူးတွေကို အနမ်းပေးရင်း....
" ပျော့ညံ့နေတာ ကျမ မကြိုက်ဘူး မောင်ကသန်မာပြီး ကြံ့ခိုင်ရမယ် "
သူမ ဘက်က စကားလုံးတွေဟာ နားထဲမှာ သိပ်ကိုချိူမြိန်ပါတယ်..
ဒီလူရဲ့မဖြူစင်မှု့တွေဟာ...
သူမ မေတ္တာတရားတွေနဲ့ထိုက်တန်ရဲ့လား...
သူမကို ပွေ့ချီကာ ဒီတညတော့ပျော်ပါရစေလား...အမှန်တရားတွေကို..
သူအသိပေးဖို့ အားအင်တွေယူပါရစေ....
သေချာပြောရဲတာတခုဟာ..
သူမအပေါ်ပေးခဲ့တဲ့အချစ်တွေ ဂရုစိုက်မှု့တွေဟာ ရင်ထဲကလာတဲ့စစ်မှန်ခြင်းတွေပါ..
ဆက်တိုက်မြည်နေတဲ့ ဖုန်းကို သူမက လျှစ်လျူရှူထားသည်..
နေသူရိန်လင်းဟာ သူမထင်ထားသလို ဆိုးသည့်လူမဟုတ်ပါ...
တကယ်ဆို.....
ဇွတ်တိုးပြီး ပြောဆိုမရတာ သူ့ညီမလေးသာ...
Jewel နားနေရတာ တခါတလေ လိပ်ပြာမလုံချင်ပါ..
သူ့ကြောင့် မြည်နေတဲ့ဖုန်းကို လျှစ်လျူရှူ့ထားပေမဲ့သူမ မျက်လုံးတွေဟာ တချက်ချက် မြည်နေတဲ့ဖုန်းဆီ အကြည့်တွေရောက်သွားတက်သည်ဆိုတာ..
သူရိပ်မိပါသည်....
ဒါကြောင့်လဲ သူ မတောင်းဆိုဝံ့တာပါ......
ထားခဲ့ရင်နေခဲ့မဲ့ကောင်ပါ...
စိတ်ချ အချစ်ရေ...
မင်းဘက်က မစွန့်ပစ်သရွေ့ ကိုယ်ဘယ်တော့မှ ထွက်သွားမှာမဟုတ်ပါဘူး...
သူ့ရင်ခွင်ထဲမှာ ကလေးလေးလို အပူပင်ကင်းကင်း အိပ်မောကျသွားသည့် သူမကို သူသနားမိတယ်...
သူရော....
နေသူရိန်လင်းရောဟာ ကိုယ့်အတ္တကိုယ်အရောင်ဆိုးကြသူတွေကြီးပါပဲ...
သူမကတော့ သူတို့ကြားက နယ်ရုပ်ကလေးဖြစ်နေပြီလား..
တကယ်ဆို မေတ္တာတရားတွေပဲ လိုချင်ခဲ့တဲ့ ကောင်မလေးပါ...
ရက်စက်တဲ့ ကံကြမ္မာဟာ သူလိုကောင်နဲ့မှ ပေးတွေ့ရသလား...
" မောင် "
အိပ်ချင်မူးတူးအသံနှင့် သူမ နိုးလာသည်...
" ဘာဖြစ်လို့လဲ jewel နိုးလာတာလား "
'' မောင်ဘာတွေတွေးနေသလဲ ကျမ သိချင်လိုက်တာ "
'' ခင်ဗျားလေးအကြောင်းပေါ့ကွာ "
'' ဒီလောက်တောင်နာကျင်ရသလားဟင် "
ပြောလဲပြော မျက်ရည်တွေကို သုတ်ပေးလာမှ..
သူ့ကိုယ်သူ သတိထားမိသည်...
" sorry အချစ်ရယ် နောင်ဘယ်တော့မှ မပျော့ညံ့ဖို့ ကိုယ်ကတိပေးပါတယ် အိပ်တော့နော် ''
ပါးမို့မို့ကလေးကို နမ်းလိုက်ရင်း...
သူမ ကို ကလေးတယောက်လိုချော့သိမ့်ရင်း... သူပါ မျက်လုံးတွေမှိပ်အိပ်ဖို့ကြိုးစားရသည်...
ဒီလိုလေး တသက်လုံးနေခွင့်ရချင်မိတယ်...
မတန်မရာ ဒီလူသားဟာ...
လောဘတက်မိသေးသတဲ့ အချစ်ရယ်...