သူ...ချန်ခဲ့လေသော
*********************************
သိပ်ကိုပြတ်သားလွန်းလှပြီလို့ နေသူရိန်လင်း...
သူ့ကိုယ်သူ ယုံကြည်ထားခဲ့တာ.....
တကယ်တမ်း ကျောခိုင်းခဲ့ပြီးမှ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ကျိူးပျက်ကုန်တော့မယ်ထင်ပါရဲ့...
လွမ်းတယ် ဝေရယ်...
ရင်ထဲမှာ ဗလောင်ဆူနေခဲ့ကာ...
ဆုံးရှုံးရပြီဆိုတာသေချာနေမှ မျက်ရည်တွေမကြာခဏ ကျလာမိတဲ့အထိ လွမ်းတယ်..
နာကျင်ရတယ်....
ကပိုကယိုဖြစ်နေသည့်သူမကို နီးစပ်ရာအကျီတွေနဲ့ ဖုံးကွယ်ထွေးပွေ့ထားသည့်ရိုးထက်ဖြူ..
ဒီကောင်လေး... သူ့ကို ကြည့်တဲ့အကြည့်ဟာ
ဒါက ကျွန်တော့အပိုင် ပါဆိုသည့်မျက်လုံးမျိူး...
သဝန်မတိုခဲ့ဖူးပါပဲ...
အခုမှ သဝန်တိုစိတ်တွေတဖွားဖွား.....
မာနတွေကြောင့် တင်းခံထားပေမဲ့ ဖုန်းဆီကိုလက်တွေလှမ်းမိတာအခါခါ...
သူနဲ့သူမ ဇာတ်လမ်းကို...
ဘာကြောင့် သွေးအေးသွားသလဲ....
သူတခါမှမတွေးကြည့်ဖူး....
သူ ပြုပြင်ဖို့ ကြိုးစားခဲ့သည်....
သူမရဲ့အကျင့်စာရိုက်အချိူ့ဟာ..
တကယ်ဆို သူနဲ့ကြိုက်ပြီး အတော်ကြာမှရရှိလာတာဖြစ်သည်...
သူမ ကို ဆေးလိပ်တွေမသောက်ဖို့သာ တိုက်တွန်းခဲ့ပြီး ဘာကြောင့်ဆေးလိပ်တွေကို စွဲလမ်းနေခဲ့သလဲ..
အဖြေမရှာကြည့်မိ....
အထီးကျန်လို့ ဖြစ်လိမ့်မည်...
အဆိုးရွားဆုံး သူပစ်ထားခဲ့ ဂရုမစိုက်ခဲ့တုန်းကတောင် သူမဟာ သူ့ကိုလက်မလွှတ်တဲ့အထိ ချစ်ပေးခဲ့တာမဟုတ်လား..
ဒါဖြင့်အခုရော.....
၇နှစ်လောက် တွယ်တာထားခဲ့တာမဟုတ်လား တရက်တည်းနဲ့တော့ မပြတ်သားနိုင်လောက်သေးပါ...
သူ.... နဲနဲလေး ဖြေလျှော့လိုက်မည်....
ဖုန်းကို ယူကာ သူမဆီ စာပို့လိုက်သည်..
ကိုယ်တောင်းပန်ပါတယ် ဝေ
မကြာခင်..
သူမ reply တခုခု ပြန်လာလိမ့်မည်...
ကိုယ့်အတွေးနှင့်ကိုယ် ပြုံးလိုက်မိပေမဲ့...
ဒီအပြုံးတွေဟာ..
ရေရှည် မခံလိုက်ပါ....
အချိန်အတော်ကြာ စာပြန်ပို့မလာ.....
သူ ဖုန်းခေါ်လိုက်မိသည်...
တီ...ဝမ်းနည်းပါတယ်ရှင်
ဖုန်းဝင်သံကြားရပြီး ချက်ချင်းbusy...
black list ထည့်ခံထားရတာလား..
ပူလောင်ခြင်းဟာ ဒိန်းကနဲစောင့်တက်သည်
ထပ်ခါထပ်ခါခေါ်ပြီး..
မကြာခင် စက်ပိတ်ထားသည်ဟူသော အော်ပရေတာမှ အမျိူးသမီးရဲ့အသံနားထဲဝင်လာသည်..
ပြန်များဖွင့်လေမလား..။
စောင့်ကြည့်နေခဲ့သော်လည်း... ဖုန်းပြန်မခေါ်ခဲ့သလို စက်ပင်ပြန်ပွင့်မလာခဲ့..
အသိဉာဏ်တွေ ဦးနှောက်တွေဟာ အလုပ်မလုပ်တော့ပါ...
အပေါ်ဝတ်သည့် ကုတ်အကျီကို ဆွဲယူပြီး...
ပြေးထွက်ခဲ့တာ ဘယ်ဆီ ဦးတည်သလဲ မသိ..
ဝေ...ဝေ ဒီလိုမရက်စက်နိုင်ပါဘူး...
ဘာလို့ ဒီလောက်ပြတ်သားနေရတာလဲ...
ဟိုတွေး ဒီတွေးနှင့် ထွက်လာမိတာ..
သူမ company ရှေ့ရောက်မှ အသိဝင်သည်..ဝင်သွားသင့်သလား..အကြိမ်ကြိမ်စဥ်းစားရင်း..
ပူလောင်လိုက်တာ ဝေရယ်
....
တောင်းပန်ပါသည့်ဆိုသည့် message ဝင်လာသည်...
သူမ နှုတ်ခမ်းတွေကို မဲ့ပစ်လိုက်မိတာ....
ဘာလဲကို.. အရင်လို စာတကြောင်းပို့ယုံနဲ့ အမှီးကုပ်ပြီး ပြန်ရောက်လာမယ်ထင်နေတုန်းလား...
သူ့..နံပတ်ကို တမင် black list ထဲ ထည့်လိုက်သည်..
တကယ်ဆို တကူးတက black list ထည့်ရန်မလိုပါ သူနဲ့သူမဟာ သီးသန့် Sim card တခုနှင့် ဆက်သွယ်ကြတာဖြစ်ကာ ဒီနံပတ်ကို သူကလွဲပြီး ဘယ်သူမှမသိ..
ပြန်တွေးကြည့်ရင်....
ရင်နာစရာပါပဲ..နူဝဲ ကျိူးကန်းနေသူလဲမဟုတ်..
သူ့လောက်မချမ်းသာတာကလွဲရင်...
အားလုံးပြည့်စုံပြီးသာ...
သားရှင်တွေမျက်စိကျသည်. ထက်မြက်တဲ့မိန်းမ မဟုတ်လား..
လူကြားထဲ ထုတ်မပြရဲအောင်...
ဘာတွေဖြစ်နေလို့လဲ မုန်းလိုက်တာ...
ဒေါသ ထွက်လာသည့်အခါ..ဖုန်းပါ စက်ပိတ်ပြစ်လိုက်သည်
'' မမ The Shining Sun က ကိုနေသူရိန်လင်းတဲ့ "
''appointment ယူထားလား "
'' မယူထားပါဘူး မမ ''
''မယူထားရင်မတွေ့ဘူးလို့ပြောလိုက် "
'' ဟို...ဟိုလေ မမ နေသူရိန်လင်း ဆိုတာ The Shinning Sun ရဲ့ ဥက္ကဋ္ဌ... "
''သူ့ဘာသူ ဥက္ကဋ္ဌ မက လို့ ဥက္ကဋ္ဌ ဖေဖေပဲ ဖြစ်ဖြစ် ကျမ.. မအားဘူး "
သူမရဲ့ ခပ်ငေါက်ငေါက်အော်သံကြောင့်.....
Secretary ကောင်မလေး ခပ်ကုပ်ကုပ်နှင့် ပြန်ထွက်သွားသည်...
လာချော့တာမဟုတ်လား...ကိုနေသူရိန်လင်း ရဲ့..
The Shipping Sun ရဲ့ အရှိန်အဝါတွေသုံးပြီး ဖြဲချောက်ဖို့ လိုလို့လား...
ခပ်မဲ့မဲ့ မျက်နှာထားဟာ...
မောင့်ဆီက Vedio call ဝင်လာတာမို့ ပြုံးမိသွားသည်
အကြားအမြင်များ ရနေသလားမောင်....
" My Jewel အလုပ်ရှုပ်နေသလား "
'' မောင်ဘယ်ရောက်နေတာလဲ "
'' နေ့လည်စာ စားမလို့ ''
''မောင်နောက်ကျရန်ကော နှစ်နာရီတောင်ထိုးနေပြီ "
'' အလုပ်ရှုပ်နေလို့ပါ ခင်ဗျားကရော "
'' စားပြီးတာကြာပေါ့ မောင်ရယ် အချိန်ကိုလဲ ကြည့်အုန်း ဘာတွေ ဒီလောက်အလုပ်ရှုပ်နေလဲ ".
'' ကြိုးစားရမယ်လေ My jewel ကို ကျွေးမွေးဖို့ ပိုက်ဆံရှာမှဖြစ်မယ် "
'' မောင်.. စကားတွေ သိပ်တက်နေတယ်ရော "
'' ဒါပဲနော် ဒီလူ ရုံးဆင်းချိန်မှ လာကြိုမယ် "
'' ok see you "
ဖုန်းကျသွားသည်အထိ အပြုံးတွေကျန်ရသ်ခဲ့သည်..
ပျော်ရပါသည်.....
သူမ... ရိုးထက်ကြောင့်ပျော်ရတိုင်း..
နေသူရိန်လင်းကို သတိရသည်..
၇နှစ်တာ လုံးဖက်တွယ်ခဲ့သည့် သံယောဇဉ် တွေဆိုတော့လဲ......
သူ ပြန်သွားပြီလား...
အို ငါနဲ့ဆိုင်တာမှတ်လို့
နေသူရိန်လင်း အတော်ကို တုန်လှုပ်သွားမိသည်....သူမက သူ့ကိုတွေ့ဖို့ငြင်းလိုက်သည်တဲ့
သူ့ဂုဏ်သိက္ခာတွေအတွက် အမြဲထည့်တွေးပေးတက်ခဲ့သူ သူမမှဟုတ်ပါရဲ့လား...
ကားပါကင်မှာ သူမ ဆင်းလာမည့်အချိန်ကို စောင့်နေမိသည်အထိ..
သူ့ကို ငြင်းလွှတ်ခဲ့တာတောင် စ်ိတ်ကမနာနိုင်တော့ပါ
ဘယ်လိုပဲ ဖြစ်ဖြစ်...
သူမနဲ့ တွေ့ရအောင်ကြိုးစားမည်...
တောင်းပန်မည်......
သူမ ဆင်းလာတာကို သူလှမ်းတွေ့ပေမဲ့...
ပျော်ရွှင်နေသည့်မျက်နှာကလေးနှင့် တစုံတယောက်ဆီ ဦးတည်သွားနေသည်..
ရိုးထက်ဖြူ.......
မင်းတို့ မောင်နှမဟာ ငါ့ဘဝအတွက် တကယ်အရှုပ်တွေပါပဲလား....
သူပိုင်ဆိုင်ခဲ့တဲ့...သူမ လက်တွေကို ဆွဲရင်း တလောကလုံးကို အပိုင်ရထားတဲ့မျက်နှာနဲ့...
သူရော တချိန်က သူမ လက်ကိုဆွဲပြီး ထိုသို့ဂုဏ်ယူဖူးသလား....
မရှိခဲ့ဖူးပါလား...
သူမကို ပြန်ရဖို့ မျှော်လင့်လို့မှရပါသေးရဲ့လား....
တကယ်ဆို သူမကို သူ လွယ်လွယ်ရခဲ့တာဖြစ်သည် သူ့ကို သူမ သဘောကျမှန်းသိလို့ ...သူ ညစ်ခဲ့သမျှ ဝဋ်လည်ပြီလား..
ဒီကောင်မလေး ငါ့ကို သိပ်ချစ်ရှာတာ ဘာ်တော့မှ မထားခဲ့ဘူးဆိုသည့်သေချာနေသည့်စိတ်တွေနှင့်..
သူလစ်ဟင်းခဲ့တာ......
ကိုယ် ဝဋ်လည်ပြီထင်ပါရဲ့ဝေရေ...
ဆုံးရှုံးရတော့မယ်ဆိုမှ.....