book

Index 21

(အပိုင်း....၂၁)

သူ...ချန်ခဲ့လေသော 

*********************************


My Jewel ဘာမှမဖြစ်ရဘူးနော် ဒီလူရူးလိမ့်မယ်..


သူမရှိရာ bathtube ဆီ အပြေးသွားရင်...

အနားအရောက်..


ပိတ်ထားသည့်မျက်လုံးတွေ ချက်ချင်းဆိုသလိုပွင့်လာကာ

ရုတ်တရက်မို့ ကြောင်သွားသည့်သူ့လက်ကို လှမ်းဆွဲသည် အားမပါသော်လည်း 

Bathtube ထဲသို့ သူပါ ပြုတ်သည်....


'' ခိခိ ''


အားရပါးရ... စိတ်ကျေနပ်စွာ ရယ်နေသော်လည်း သူမရယ်နိုင်ပါ..


သူမ တကယ် ဘာမှ မဖြစ်ကြောင်း သေချာအောင် စစ်ဆေးပြီးမှ သက်ပြင်းချနိုင်တော့သည်..

ဆွဲဖက်လိုက်ကာ...


''တော်ပါသေးရဲ့ My Jewel ရယ် "


'' မောင်...ရင်တွေခုန်နေတယ် "


''ရင်တုန်သွားတာပါ... ခုနက သတိလစ်နေတဲ့ ခင်ဗျားကို မြင်ပြီး လန့်သွားတာ ''.


'' သတ်မလစ်ပါဘူး ဒီက တမင်စတာ "


'' နောက်ဒါမျိူး မစပါနဲ့ အချစ်ရယ် ဒီလူ ရူးသွားလိမ့်မယ်''


တကယ်ကို သူ့စိုးရိမ်မှု့တွေ အတိုင်းသားမြင်လိုက်ရသည်မို့

သူမ ​သနားသွားမိသည်...


" မောင် ကျမကို.. အဲ့သလောက်ပဲချစ်ရသလား "


'' အဲ့ထက်ပိုပြီးချစ်တာ ကျွန်တော့ရင်ထဲ ပြလို့ရရင်ပြချင်တယ်သိရဲ့လား ဒီလူရင်မှာ ဘယ်လောက်တောင် ပူသွားသလဲ "


'' မောင် "


ဒီတခါတော့...


သူမ မေးဖျားလေးကို လက်ဖြင့် ကိုင်ကာ ခေါင်းကို မော့ယူလိုက်ပြီး...


နူးညံတဲ့ နှုတ်ခမ်းလေးတွေကို ဆွဲယူနမ်းကာ.....Shampoo ရနံချိူချိူကလေးတွေရယ်..


နှုတ်ခမ်းချိူချိူကလေးတွေရယ်....


မျက်လုံးကလေးတွေ မှိတ်ကာ အနမ်းတွေကို ခံယူနေတဲ့ ယစ်မူးစေသည့်အထိ ညှိူ့အားပြင်းသည့် အမျိူးသမီးရယ်..


သူ့ဘဝဟာ...


အခုကျတော့လဲ ချိူမြိန်နေရောပါပဲလား....


သူမနှုတ်ခမ်းတွေရဲ့ဆွဲဆောင်အားဟာ...


ပင်လယ်ထဲက ဆားငန်ရေတွေလို ဘယ်တော့မှ ငတ်မပြေ...


သူမကို အပြောင်းလဲမြန်သည်ထင်လဲထင်နိုင်ပါတယ်

ရင်ထဲမှာ နှစ်ပေါင်း များစွာစုလာတဲ့ ဒဏ်ရာတွေဟာ အခုမှပေါက်ထွက်လာတယ်ထင်ပါရဲ့...


သူမဟာ အချစ်ဟောင်းကို သတိမရတော့သည့်အထိ ဒီကောင်လေးနဲ့ဆို ပျော်ရွှင်ရပါတယ်


အတိုင်းသားကြာနေရတဲ့ ရင်ခုန်သံတွေကြားပျော်မွေ့ပါတယ်


'' နွေးထားတဲ့စားစရာတွေအေးကုန်တော့မယ် ပြီးတော့ ခင်ဗျားလေး ကြာနေပြီ Jewel တက်တော့နော် "


အေးမြတဲ့ရေပန်းအောင်မှာ ခပ်မြန်မြန်ရေးဆေးရင်း...


ရေချိူးခြင်းကို အတူတူ အဆုံးသတ်သည်...

ရေစိုသွားသည့် အဝတ်တွေကို ချွတ်ကာ


" တော်တော်ဆိုးတဲ့ကောင်မလေး ဒီလူ အဝတ်တွေစိုကုန်ပြီ "


Bathrobe လေးဝတ်ပေးထားပြီး သူမ ကိုယ်လေးကိုချီကာ ဘေစင်နံရံ စင်ပေါ်တွင်ထိုင်ခိုင်းထားသည့်အတိုင်း ငြိမ်ငြိမ်ကလေးထိုင်ရင်း သူ့အပြောကို အားရပါးရရယ်သည်..


မကျဥ်းမကျယ်ရင်အုပ်တွေနဲ့....


ကျစ်လစ်သည့် ခန္ဓာကိုယ်ရှိသည့် ကောင်လေးဟာ..သေးသေးသွယ်သွယ်လေးလို့ထင်ရပေမဲ့ ခပ်တောင့်တောင့် body ကိုပိုင်ဆိုင်ထားသည်..


အပေါ်ပိုင်း ဗလာကျင်းဖြစ်နေသည့် ခန္ဓာကိုယ်ဟာ သူမမျက်လုံးထဲ ကြည့်ကောင်းနေပြန်ရဲ့...

ရေစိုအဝတ်စားတွေချွတ် Bathrobe ကို ဝတ်ဆင်ပြီးသည့်အခါ..


ရေစိုနေသည့် သူမဆံပင်တွေကို သဘက်ဖြူဖြူလေးနှင့် တယုတယသေချာအောင်သုတ်ပေးပြန်သည်...

ဒီလို အခြေနေ ဂရုစိုက်မှု့မျိူး....


ကလေးတစ်ယောက်ကို ပြုစုသလို ပြုစုနေတာမျိူး...


နေသူရိန်လင်းအပါအဝင်.....


ဘယ်သူ့ဆီကမှ သူမ.. မရခဲ့ဖူးပါ....


"အရမ်းဂရုမစိုက်ပါနဲ့ နောက်ဆို မောင်မရှိတဲ့ရက်တွေ ကျမ တစ်ယောက်ထဲ ဘာမှမလုပ်တက်ပဲနေမယ် "


ဒီလိုပြောတော့ ရေချိူးပြီးကာစ အေးစက်နေတဲ့သူမပါးမို့မို့ကလေးတွေကို အနမ်းတွေနဲ့နွေးထွေးစေကာ...


'' မောင်တက်နိုင်သလောက်အချိန်ရသလောက် ဂရုစိုက်မှာပေါ့ My jewel ရဲ့ တယောက်ထဲနေရတဲ့အချိန်ဆိုတာ မရှိသလောက်ဖြစ်စေရမယ် နော် "


ပြောလဲပြော ရေစစ်သလောက်ဖြစ်နေသည့် ဆံပင်တွေကို... Dryer မပူမအေးဖြင့် သတိထားကာ ​မှုတ်ပေးနေပြန်သည်...


ဒီဂရုစိုက်မှု့တွေကို မကြိုက်တဲ့ မိန်းကလေးရှိပါ့မလားကွယ် သူမထက် ၃နှစ်လောက်ငယ်ပေမဲ့လဲ သူမအပေါ် ပြုမူ ပြောဆိုပုံဟာ တဖြေးဖြေးခြင်း ပိုပို ရင့်ကျက်လာကာ


သူက လူကြီးတစ်ယောက်လိုပင်............


'' မောင် ''


'' ဗျာ "


သူမဆံပင် မတိုမရှည်တွေနှင့် အလုပ်ရှုပ်နေသည့်ကြားထည့် ပြန်ထူးသည့်ပုံက ချစ်စဖွယ်..


'' ဒီတညတော့ မပြန်ပါနဲ့အုန်းလား "


''သခင်မလေး သဘောတော်အတိုင်းပါခင်ဗျာ "


ခပ်ပြုံးပြုံးဆိုလာတော့ သူမ ရယ်ရသေးသည် 


''မောင်...ကျမ ဆီ ပြောင်းလာနေလိုက်ပါလား "


သူမစကားကြားတော့....


ဖြောင့်တန်းနေသည့် သူ့မျက်ခုံးတွေ မြင့်တက်သွားကာ..


'' ဒီလူ့သဘောအတိုင်းဆို နေချင်တာပေါ့ အချစ်ရယ် ဒါပေမဲ့ မသင့်တော်ဘူးလေ စိတ်ချပါ အချိန်ရတာနဲ့ ခင်ဗျားလေးဆီမှာပဲ ရှိနေမှာ "


'' ဘာကိုမသင့်တော်တာလဲမောင် "


'' ပြောင်းလာသင့်တဲ့ အချိန်ကျပြီဆိုရင် မောင်ပြောင်းလာပါမယ် ''


''ဘယ်တော့လဲ ''


'' ဒီလူကို ချစ်ပါတယ် လို့ ခင်ဗျားလေးပြောတဲ့နေ့ ''


အဖြေကို ကျေနပ်သွားသည့်မျက်နှာထားနှင့် သူမကို မြတ်နိုးစွာကြည့်မိသည်..


" ပြီးတော့ မှာချင်တယ် My jewel တခြားလူတစ်ယောက်အပေါ် သိပ်ပြီး စိတ်မနှစ်ပါနဲ့နော် အဲ့ဒီလူက ခင်ဗျားထင်သလို မကောင်းတဲ့အခါ နာကျင်ရတာခင်ဗျားပဲ ဖြစ်လိမ့်မယ်..ဒီလူသိတာပေါ့ လူတွေဟာ ခင်ဗျားလေးကို သန်မာတယ်ထင်နေကြတာ စိတ်အတွင်းမှာ ခင်ဗျားဟာသိပ်ကို ထိရှလွယ်တဲ့မိန်းကလေးပါ "


သူမကိုယ်တိုင်တောင် သတိမထားမိခဲ့ပါ....


တကယ်ပဲ သူမဟာ တွယ်တာတက်သလား..

တကယ်ပဲထိရှလွယ်ခဲ့သလား....


ဘာပဲ ဖြစ်ဖြစ် သူမအတွက် အရာရာတွေးပေးသည့် ဒီကောင်လေးကြောင့် သူမကျေနပ်မိသည်..


ခါတိုင်း ငြီးငွေဖွယ်ကောင်းသည့် တနင်္ဂနွေနေ့ ဟာ..ဒီတခါတော့ အချိန်ကုန်တာ မြန်လိုက်တာလို့ တွေးမိသည့်အထိ...


ကြည်နူးရသည်...


ပျော်ရွှင်ရသည်....


ဒီအချိန်လေးတွေကို မကုန်စေချင်ဘူး...

ဘဝမှာ ပထမဆုံးပျော်ရွှင်ရသည့် တနင်္ဂနွေ.


တစ်ယောက်နေကြတာခြင်းအတူတူ....


သူမဟာတော်ယုံချက်ပြုတ်မစားတက်ပါ...

မချက်တက်တာမဟုတ်ကိုယ်ကြိုက်တာလေးချက်စားနိုင်အောင်..

သင်တန်းပင် ရသည့်အချိန်မှာပြေးတက်ဖူးသည်ကို နေသူရိန်လင်းပင်မသိပါ...


သို့သော်ထူးထွေ ချက်ပြုတ်မစားတာမို့...


သူတနေကုန် ချက်ပြုတ်ကျွေးသည့် အိမ်ချက်လက်ရာတွေကို နှစ်ခြိုက်သည်...


" မောင် "


ကုတင်ပေါ်မှာ မျက်လုံးတွေမှိတ်ထားသည့် သူ့ကို ခေါ်ကြည့်တော့ မနိုး...


ညစာ စားပြီးထဲက ခုန နားအုန်းမည်ဆိုပြီး အိပ်ပျော်နေသည်ထင်ပါရဲ့..


ဖြောင့်စင်းနေသည့် နှာတံလေးရယ်...

နီထွေးနေသည့်နှုတ်ခမ်းရယ်...

သူ့မျက်နှာလေးဟာ ဘယ်အချိန်ကြည့်ကြည့်မရိုးသွားအောင်...


သူမ သဘောကျသည်.....


မျက်တောင်ရှည်ရှည်ကလေးတွေကို လက်နဲ့ထိတွေလိုက်တော့ 


'' ခင်ဗျားလေး သိရဲ့လား ခင်ဗျားလေးကြောင့် ဒီလူရင်ခုန်လွန်းလို့ ညက တညလုံယအိပ်မပျော်ဘူး "


မျက်လူံးတွေမှိတ်ထားရင်း သူက ဆိုလာတော့ သူမ သနားသွားမိသည်...


"Sorry မောင်... ကျမ မနှောက်ယှက်တော့ဘူး အိပ်တော့နော် "


" ခင်ဗျားလေးဟာ လူကို သိပ်နှိပ်စက်တယ် ညက ရင်ခွင်ထဲမှာရှိနေတုန်းကလဲ ရင်ခုန်ရလို့ အိပ်မပျော်ဘူး...

အခုကျတော့လဲ ရင်ခွင်ထဲ မှာ ခင်ဗျားလေးမရှိလို့ ဘယ်လိုမှအိပ်မရတော့ဘူး..

ဒါတောင် တရက်ပဲရှိသေးတယ်ကွာ ကျွန်တော်တော့အကျင့်ပျက်နေပြီ "


ထ ထွက်သွားဖို့ ပြင်နေရင်းမှ သူ့စကားကြောင့် နှုတ်ခမ်းတွေကွေးသွားသည့်အထိ အပြုံးတွေ တွယ်ကပ်လာသည်...


မျက်လုံးတွေကို မဖွင့်ပဲ.....


သူမ လက်ကနေဆွဲကာ....


သူ့ရင်ခွင်ထဲပုံကျလာသည့် သူမကို ဖက်ကာ ပြန်လည်ငြိမ်သက်သွားပြန်သည်..


သူ့လက်မောင်းကလေးခေါင်းအုံးကာ..

သူရင်ခွင်ထဲ အိပ်စက်ရတာဟာ..


နွေးထွေးသည်...

သက်တောင့်သက်သာ ရှိလှသည်မို့...


ဘယ်လို လုပ်ကြမလဲ...

အကျင့်ပျက်နေတာ မောင်တယောက်ထဲမဟုတ်လောက်ဘူးထင်တယ်


rate now: