book

Index 20

(အပိုင်း...၂၀)

သူ..ချန်ခဲ့လေသော

*******************************


သူမ အိပ်ပျော်နေတုန်း.....


အသာယာထကာ နိုးလာရင်တခုခု ဆာနေမည်စိုးတာမို့ တခုခု ချက်ပြုတ်ပေးဖို့ စဥ်းစားမိသည်...


သူမ ဘာကြိုက်လောက်မလဲလို့...


စဥ်းစားကြည့်တော့ သူမသိပါ....


အများကြီးကြိုးစားရအုန်းမည်..


သူ ညက လာတာဟာ....သူမဆီ ထုံးစံအတိုင်း သတိရလို့သူဝယ်ပေးခဲ့တာတွေ ကုန်လောက်ပြီမို့...


စျေးဝယ်ပြီးလာပို့တာ ဖြစ်သည်.....


ခေါင်းကိုက်နေတာမို့ ဘာလေးများအာသီသရှိမလဲ....


အလွယ်တကူ ကြက်ပေါင်းစွပ်ပြုပ် လုပ်ဖို့စဥ်းစားမိလိုက်သည်...

မီးဖိုထဲ ဟိုဒီရှုပ်ပြီး....


သူ ချက်ပြုတ်ပြီးသည် အထိ....


သူမနိုးမလာသေး...


အဝတ်အစားအပိုပါမလာသည်မို့..


သူမ အိမ်နှင့်မလှမ်းမကမ်းက Mall ကို အမြန်ပြေးရသည်..

အနည်းငယ်ဝေးသည့် သူ့အိမ်ထိပြန်မနေချင်တော့ပါ... အိပ်ယာကနိုးလာလျှင် သူ့ကိုရှာနေလိမ့်မလား...


မနိုးခင်...ရေအမြန်ချိူးကာ ဝယ်လာသည့် Short pants နှင့် T.shirt တထည်... ဆွဲယူဝတ်လိုက်ပြီး..


ဘာရည်ရွယ်ချက်နဲ့များ အဝတ်အစားအသစ်တွေ ၃ စုံလောက် ဝယ်ခဲ့မိသလဲ...


သူ့ကိုသူ ပြုံးလိုက်မိရဲ့.........


ဧည့်ခန်းဆီ ခနထွက်လာကာ အနည်းငယ်ရှုပ်ပွနေသည့် ဧည့်ခန်းကို ရှင်းသည်..


ခုံပေါ် ပစ်တင်ထားသည့်...


ညက သူဝတ်လာသည့် Hoodie ခပ်ပွပွ ကို လက်ကအကိုင်..


သူ့လက်မောင်းတွေပေါ် လာမှီသည့် သူမ..


" နိုးလာပြီလား My Jewel "


'' မောင်.. ... ကျမ အိပ်ပေါ်သွားတာ အတော်ကြာသွားလား "


ချွဲချွဲနွဲ့နွဲ့ ဒီအသံလေးမှာ...


ဒီလူ အရည်ပျော်ရပါပြီ... လက်ထဲက အကျီလေး ဘေးချရင်း..


သူ ဘာလုပ်ဖို့ပါလိမ့်လို့ ပြန်စဥ်းစားရသည်အထိ..


သူမတယောက်သာ မြင်တော့သည်......


" သက်သာရဲ့လား "


'' အင်း "


သူမ နားထင်ကလေးတွေကို ခပ်ဖွဖွနှိပ်ပေးရင်း သူမေးလိုက်သည်...


'' My Jewel ကွာ....ကိုယ်ဝတ်ပေးထားတဲ့ အတိုင်းပဲ ဧည့်ခန်းထိ ထွက်လာရလား "


သူ့ တီရှပ် နှင့် သူဝတ်ပေးထားသည့်အတိုင်းထွက်လာကာ...


တီရှပ်က သူမနှင့် တင်ပါးဖုံးယုံသာ...


'' မောင်ကလဲ... တိုရန်ကောကွယ် အိမ်ထဲမှာပဲဟာ ဆူအုန်းမလို့လား မောင်ပဲရှိတာကိုး ''


'' အမလေးဗျာ....

ခင်ဗျားလေးသိပ်အပြောကောင်း ဒိီလူက မဆူရက်ပါဘူး "


ပါးကလေးတွေကို အသည်းယားစွာ ဆွဲလိုက်မိပေမဲ့ နာကျင်သွားမှာလဲ စိုးရသည်..

သူမနှင့်အတော်လေးပွနေသည့် တီရှပ်ဟာ..

လက်တဖက်က လျောလျောကျနေသည်...


Sexy bone လေးတွေဟာ ရင်ခုန်ချင်စရာ..


သူ..စိတ်မထိန်းနိုင်စွာ ခပ်ဖွဖွ ကိုက်လိုက်မိသည်...


'' အာ့ "


''နာသွားလား Sorry "


သူမရယ် ရယ်မောရင်း သူ့ကို ပြန်လိုက်ကိုက်သည်...

သူတို့နှစ်ဦးသား အတူရယ်မောရင်း..


ခုနကိုက်လိုက်သည်နေရာလေးကို ခပ်ဖွဖွ ပြန်နမ်းရင်း....


'' ဝေ ''


ရုတ်တရက်နားထဲ တိုးဝင်လာသည့် နေသူရိန်လင်းအသံကြောင့်...


ကပိုကယိုဖြစ်နေသည့် သူမကို..


ခုနက သူချထားသည့် Hoddie နှင့်ချက်ချင်းလွှမ်းကာပတ်ပေးလိုက်သည့် ရိုးထက်ဖြူ..

ကာကွယ်လိုစိတ်အပြည့်နဲ့..

လှုပ်ရှား မှု့မြန်ဆန်လွန်းသည့် ရိုးထက်ဖြူကို..မော့ကြည့်ရင်း သွားတွေပေါ်သည်အထိ ပြုံးနေသည့် ဝေ..


ရုတ်တရက်မြင်ကွင်းကြောင့်...


မှင်သက်နေသည့် နေသူရိန်လင်း..


'' ဝေ ဒါမင်း...မင်းတို့ "


'' ကို....နေသူရိန်လင်း "


အကျင့်ဖြစ်နေသည့် နာမ်စားကို ခေါ်လိုက်ပြီးမှ နောက်က ဆက်ကာ နာမည်ပါထည့်ခေါ်ရသည်...


ကို လို့ခေါ်ရင် မောင်များ စိတ်ဆိုးသွားလေမလားပေါ့


တွေးလိုက်ပြီး...ရယ်ချင်လာသည်..


ရိုးထက်ဖြူဟာ နေသူရိန်လင်းကို ခပ်စူးစူးစိုက်ကြည့်နေပြီး..

နေသူရိန်လင်းကတော့ အံ့သြနေဟန်ရှိသည်..


" ကိုယ်တကယ်မထင်ထားဘူး ဝေ "


'' ဘာကိုမထင်ထားတာလဲ... ကျမ အပြတ်ပြောလိုက်ပြီးသားထင်တယ် ဒီတံခါးကိုဖြတ်ပြီး ပြန်ဝင်လာစရာမလိုဘူးလို့..

နောက်ဆို ကျမအိမ်ကို လာတဲ့အခါ အခုလိုဇွတ်ဝင်မလာပါနဲ့ "


'' ကိုယ်ဘယ်လိုဆိုတာ သိသိရက်နဲ့ မင်းမို့လို..."


သိသိသာသာ ဆုပ်ထားတဲ့ လက်သီး....

တင်းကနဲဖြစ်နေသည့်မေးရိုး...


သူမတို့တွဲခဲ့တဲ့နှစ်တွေအတွင်းမှာ...


ဒေါသထွက် ခံပြင်းနေသည့် နေသူရိန်လင်းရဲ့ပုံကို..


သူမ ပထမဆုံးအကြိမ်မြင်ဖူးချင်သာ...


ချာကနဲလှည့်ထွက်သွားတာ...

ဘယ်လိုမျိူး ပြတ်သားတဲ့ ဆုံးဖြတ်ချင်တွေ ချသွားလိုက်မလဲ...


တချက်တောင်ပြန်လှည့်မကြည့်တော့....


နေသူရိန်လင်းပဲဟာ....

သူဟာ ဘယ်သူအပေါ်မဆို ပြတ်သားပြီးသားပါ..


ဘာမှမျှော်လင့်စရာမကျန်အောင်...


အပြီးတိုင်ပြတ်တောက်သွားတဲ့ သံယောဇဥ်တွေ....


ခံစားချက်တွေကို ထိန်းကာ..

ရိုးထက်ရင်ခွင်ထဲမှီရင်....


" နောက်ဆို လူစိမ်းတွေအခုလို စွပ်ဝင်မလာနိုင်အောင် တံခါးသော့တွေပြင်ပေးပါ မောင် "


နေသူရိန်လင်းကြားအောင်...

တမင်ခပ်ကျယ်ကျယ်ပြောလိုက်သည်...


သူကြားမှာပါ....


" အဆင်ပြေနေရဲ့လား Jewel ''


'' ဘာကိုလဲမောင် "


'' တင်းခံထားစရာမလိုဘူး ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ငိုချင်လာရင် ငိုလို့ရပါတယ် ဒီလူ့ရင်ခွင်ရှိတယ် "


သူမ.... ရိုးထက်ရဲ့မျက်နှာချောချောကို စိုက်ကြည့်သည်...


နှားခေါင်းချွန်ချွန်ကလေးကို ဆွဲလိုက်ကာ...


သူ့ရင်ခွင်ထဲ တိုးဝင်ပြီး မကျဥ်းမကျယ်ရင်အုပ်တွေကို မျက်နှာအပ်ကာ နှုတ်ခမ်းတွေနှင့်ထိတွေ့ နမ်းလိုက်သည်..


''ဟောဒီရင်ခွင်တွေဟာကျမအတွက် အဖိုးတန်တဲ့ရပ်ဝန်းလေးပါ..မဆိုင်တော့တဲ့ တခြားလူကြောင့်ခိုဝင်ငိုဖို့မဟုတ်ဘူးမောင်''


'' ခင်ဗျားလေးဟာ လူကို သိပ်ချွေတာပဲ "


'' မောင်ဟာလဲ လူကို သိပ်ရင်ခုန်အောင်လုပ်တာပဲ "


'' ခေါင်းကိုက်တာ သက်သာပြီလား "


'' ဗိုက်ဆာနေပြီ "


''ok ဒီလူ စားစရာတွေပြန်နွေးပေးမယ်နော် my Jewel က လန်းသွားအောင်ရေချိူးလိုက် "


'' Yes Sir ''


တကယ်ကို သူမဟာ...


သူမြင်ဖူးခဲ့ဖူးသည့် မြူခိုးဝေလွင်နှင့် လုံးဝကွဲပြားသွားခဲ့သည်..


တကယ်ပဲ ကျွန်တော့ကြောင့် ပြောင်းလဲသွားတာလား..


ရေချိူးခန်းထဲ ဝင်သွားပြီးအတော်ကြာသည့်အထိ ထွက်မလာ...


မနက်ကလဲ ရေချိူးပြီးသားမဟုတ်လား...


လန်းသွားအောင် သာ ချိူးခိုင်းရတာ ဖျားမလားစိတ်ပူရသည်..

'' ဒေါက်ဒေါက်  Jewel မပြီးသေးဘူးလား ဖျားမယ်နော် "


အထဲမှ ပြန်ထူးသံမကြားရ.....


" Jewel Jewel "


သူ..အပြင်ကနေ အကြိမ်ကြိမ်ခေါ်သော်လည်း ပြန်ထူးသံမကြား..


ဟာကွာ...


ရေချိူးခိုင်းမိတာကို နောင်တရချင်လာသည်..


တံခါးကို ဆွဲဖွင့်ကြည့်တော့ အထဲက သော့ခတ်မထား 

သူအမြန်ပြေးဝင်တော့...


Bath Tube ထဲတွင် သတိမေ့နေသလား..


အိပ်ပျော်နေသလားမသိ...


မျက်လုံးတွေပိတ် ခေါင်ငိုက်စိုက်ကျနေသည့်


သူမ......


စိုးရိမ်ရေအမှတ်က အမြင်ဆုံးဆီ မြင့်တက်ကာ...


ဘုရား...ဘုရား...


သူမ ဘာမှမဖြစ်ပါစေနဲ့.....


rate now: