သူ..ချန်ခဲ့လေသော
*******************************
" တို့တောင်းပန်ပါတယ် "
တိတ်ဆိတ်နေတဲ့ Breakfast ဝိုင်းလေးကို....
သူမရဲ့တောင်းပန်သံတွေနဲ့ စတင်လိုက်တာမို့...
သောက်လက်စ ကော်ဖီခွက်ကိုချကာ...
မျက်လုံးတွေကမော့ကြည့်လိုက်မိသည်...
'' ဘာအတွက်လဲ Jewel "
" အစာထိုးဖို့ ပြောခဲ့မိလို့ မခံစားဖူးပေမဲ့လေ...တစုံတယောက်ရဲ့အစားထိုးခံရတဲ့ အခြေနေဟာသိပ်နာကျင်ရတာ တို့သိတယ် "
တိတ်ဆိတ်နေသည့် မနက်စာ ဝိုင်းကလေးဟာ...
ပကတိ ပြန်လည်တိတ်ဆိတ်သွားသည်...
ရိုးထက်ဖြူဟာ....
ဝမ်းနည်းသွားသလား....
ဘာဖြစ်သွားသလဲ.. သူမ ခန့်မှန်းမရေသာမျက်ဝန်းတွေနှင့်..
ချထားသည့် ကော်ဖီခွက်ကို ငေးကြည့်နေလေတော့သည်..
စားသောက်ခြင်းကို အဆုံးသတ်ကာ....
မနေ့က သောက်ထားသည်မို့ ခေါင်းတွေတဆစ်ဆစ်ကိုက်နေတာကြောင့်..
ခေါင်းကိုက်ပျောက်ဆေးသောက်လိုက်သည်..
ခပ်ငိုက်ငိုက်သူဟာ....
ဆေးသောက်တာကို မြင်သည့်အခါ....
" ညက အရှိန်ကြောင့်ထင်တယ် ခေါင်ူအတော်ကိုက်နေသလား "
ပြောလဲပြော....
သူမနဖူးတွေဆီ လက်တွေရောက်လာပြီးမှ ပြန်ရုတ်သွားပြန်သည်...
ကော်ဖီလက်ကျန်ကို ငုံသောက်ကာ...
ပူလောင်ခြင်းနှင့် တပ်မက်ခြင်းတချိူ့ကိုပါ ကော်ဖီတွေနှင့်အတူ မျှောချပစ်လိုက်သည်.
" တို့မင်းကို......."
သူမရဲ့တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သည့်...
နောက်ထပ်စကားသံကြောင့် တစုံတခုမျှော်လင့်ချက်သန်းလာသည့် မျက်ဝန်းလေးတွေက ထပ်မံမော့ကြည့်လာသည်...
သူ့ကို...
သူမနောက်ထပ် မနာကျင်စေချင်ပါ...
'' ချစ်လာဖို့ ကြိုးစားပါ့မယ် အစားထိုးဖို့မဟုတ်ပဲ.... ချစ်လာဖို့ ကြိုးစားကြည့်မယ် "
ဖျော့တော့တော့နှုတ်ခမ်းအစုံနှင့်......
အားမရှိဟန်နှင့်ပြုံးသည်...
သူ...ဘာတွေ တွေးနေသလဲ သူမ တကယ်မသိပါ...
မခန့်မှန်းတက်ပါ....
သူမ Cigarette ဘူးဆီ လက်လှမ်းလိုက်ပေမဲ့..
ဆေးလိပ်တွေကို မသောက်ဖြစ်ခဲ့ပါ...
" မသောက်တော့ဘူးလား "
'' အထီးကျန်လာတိုင်း ဆေးလိပ်တွေဆီ လက်လှမ်းမဲ့အစား မင်းဆီ တလှမ်းတိုးကြည့်မယ် တို့ကို အထီးကျန်အောင်တော့မလုပ်ဘူးမလား "
ထိုစကားကြားမှ.....
အရင်လို ကြည်လင် ချိူသာသည့် အပြုံးတွေသူ့နှုတ်ခမ်းမှာ ပြန်လည်ထွက်ပေါ်လာတော့သည်...
'' ကျွန်တော့အပေါ် အဲ့သည့်လောက်မကောင်းပြပါနဲ့ Jewel... ကျွန်တော်ဟာ ခင်ဗျားနဲ့ မတန်ပါဘူး လောဘတွေတက်လာမိမှာ ဒီလူကြောက်တယ် "
သူဟာ...ခံစားချက်နဲ့လူသားဆိုတာကို...
သူမမေ့ပစ်ထားလို့မရပါဘူး...
လူတယောက်ကို အသုံးချပြီး ဆော့ကစားရအောင် မယုတ်မာချင်ဘူးကွယ်..
နေသူရိန်လင်းနဲ့ သူမဟာ...
ဘယ်လိုမှ ဆုံစည်းဖို့မဖြစ်နိုင်တော့တဲ့.....
မျည်းပြိုင်တွေလို လူနှစ်ယောက်ဖြစ်သွားခဲ့ပါပြီ...
မဖြစ်နိုင်တော့တဲ့လူကို မျှော်လင့်နေပြီး.....
ဘာတွေ ဒဏ်ရာပေးရအုန်းမလဲ...
" လောဘတက်လဲ ဖြစ်တယ်ဆိုရင်ရော...
ကျမ ယုံချင်မိတယ် ရှင်နဲ့ဆို ပျော်ရွှင်ရမယ်လို့...
ကျမ ပျော်ရွှင်ဖို့အတွက်... ကျမ ဘာမဆိုလုပ်မှာ ဒါကြောင့် ရှင့်ကို လက်လွှတ်ဖို့ အစီစဥ်မရှိတော့ဘူး..."
'' တကယ်ပဲ လောဘတက်လို့ရသလား "
'' မောင် "
သူမရှေ့မှာ....
အပြစ်လုပ်ထားတဲ့ကျောင်းသားကလေးလို
ကုပ်ကုပ်ကလေးဖြစ်နေတဲ့ သူ့ကို.....
သူမ ရင်ထဲက တိတ်တဆိတ်ခေါ်ခဲ့ဖူးတဲ့ နာမ်စားလေးခေါ်လိုက်တော့ ဆုရတဲ့ကလေးလို ကြည့်လာတဲ့မျက်ဝန်းတွေဟာ..
ခုနက ပုံနှင့်ဘာမှမဆိုင်တော့.....
သူပျော်သွားပြီထင်ပါရဲ့....
သူပျော်ပါစေလေ.....
" မောင် ဟုတ်လား....နောက်တခေါက်လောက်ခေါ်ကြည့်ပါလား "
'' မောင် "
''ဗျာ "
ရယ်သံတွေဟာ တိတ်ဆိတ်ခြင်းတွေကို....
ကျော်ဖြတ်သွားတော့ ဒီရပ်ဝန်းလေးဟာ အသက်ဝင်လာခဲ့သည်...
သူမ ခန္ဓာကိုယ်ကို.. သူ့ပေါင်ပေါ်ထိုင်စေတာမို့...ဘောင်းဘီပေါင်တိုကလေး ဝတ်ထားသည့်သူမဟာ..
ပေါ့ပါးသွက်လက်စွာ...
သူ့ပေါင်ပေါ်မှာ ခွထိုင်လိုက်သည်.......
သူမ ခါးလေးကို တင်းနေအောင်ဖက်ထားမိတော့...ထုံးစံမပြတ် သူမကပဲအရင် သူ့နှုတ်ခမ်းတွေကို ဦးအောင်နမ်းသည်..
အနမ်းတွေကြားနစ်မောရင်း.....
ဖြတ်ခနဲ သတိရမတဲ့လူတယောက်...
ကျမက အတ္တကြီးတယ်ထင်ပါရဲ့ ကို.....
အစားမထိုးဘူးလို့ပြောနေခဲ့ပေမဲ့ ကျမ အစားထိုးနေမိပြီထင်တယ်...
ဒါပေမဲ့... ကျမတောင်းပန်ပါစေကို.
ဒီတခါတော့ ကျမရင်တွေခုန်နေမိပြီထင်တယ်...
ညကတညလုံး စောင့်ထိန်လာခဲ့ပြီးပြီ...
တိုးဝင်လာတဲ့....
သူမရဲ့လျှာဖျားလေးတွေကို တွယ်နှောင်ဆွဲယူရင်း..
နူးညံ့တဲ့ သူမရဲ့နှုတ်ခမ်းဖျားလေးတွေရဲ့အထိအတွေဟာ နောက်ထပ်စောင့်ထိန်းဖို့မဖြစ်နိုင်တော့အောင်...
ညို့ယူနိုင်သည်.....
သူ့အပေါ်ခွထိုင်ထားသည့် သူမရဲ့ ပေါင်တံ ကျစ်ကျစ် သွယ်သွယ်လေးတွေကို..
သူ့လက်ချောင်းလေးတွေနှင့်ထိတွေ့ပွတ်သတ်ရင်း...
နှုတ်ခမ်းဖျားတွေက တဆင့်...
လည်တိုင်တွေဆီ ဆင်းသက်သည်...
လှုပ်ရှားမှု့တွေ လျှော့ချလိုက်ပြီး...
သူမဘက်က တုန့်ပြန်မှု့ကို စောင့်ကြည့်ရသေးရဲ့...
အခုမှ ချစ်ဖို့ ကြိုးစားကြည့်မယ်ဆိုတဲ့ စကား ကြားရယုံရှိသေးတယ်မဟုတ်လား...
သို့သော်......
သူမဘက်က ငြင်းဆန်မှု့မရှိသည့်အပြင်....
ရပ်တန့်သွားသည့် သူ့လက်တွေကို..
သူမရင်သား ပေါ် ဆွဲတင်ပေးသည်....
ခပ်ပါးပါး အကျီကလေးအပေါ်ကနေ လုံးဝန်းနေသည့် ရင်သားတွေကို ဆော့ကစားရင်း..
အကျီအောက်က လက်လျှိူကာ...
bra ချိတ်တွေ ချွတ်ကာ နံဘေးမှာပုံရက်ကျလာသည်...
ပူနွေးသည့် အထိအတွေ့တွေ သူမ ရင်ဘက်ပေါ်ကျရောက်လာသလို...သူမဆီမှ ခပ်သဲ့သဲ့ ညီးသံအချိူ့ဟာ..
ရှေ့ဆက်ဖို့ ခွန်အားတွေဖြစ်စေကာ....
အရှိန်တချိူ့မြှင့်တင်လိုက်စေသည်....
သူမရဲ့ အထိအတွေ့မှာ...
သူလုံးဝပျော်ဝင်နေပြီဖြစ်ကာ သေချာသည်လုံးဝရုန်းမထွက်နိုင်တော့ပါ....
အရူးအမူးချစ်ခဲ့ရသည့်....မိန်းကလေးနှင့်အတူဆိုသည့်စိတ်က ရမ္မာက်အခိုးတွေ ရိုက်ခတ်စေသလို..
ပျော်ရွှင်စိတ်ပါ ဝင်ရောက်လာသည်......
သူမလေးကို ပွေ့ချီရင်း အိပ်ယာတွေဆီ ခြေဦးလှည့်ခဲ့သည်
စိတ်ဆန္ဒတွေ ပြီးမြောက်သွားသည့်အခါ....
ခေါင်းကိုက်ပျောက်ဆေးအရှိန်တွေရောပြွန်နေလို့ထင်ပါရဲ့...
အိပ်မောကျနေတဲ့ သူမကို....
နီးနားက သူ့အကျီလေး ရအောင်စွတ်ပေးကာ..
ရင်ခွင်ထဲတယုတယထွေးပွေ့ထားမိသည်..
သူ....ဘယ်လိုနောက်ဆုပ်ရတော့မလဲ....
ရှေ့ဆက်တိုးဖို့သာ စဥ်းစားတော့မည်...
တကယ်လို့များ သူ့အပြစ်တွေကို သူမသိရင်မုန်းသွားမလား...
ခွင့်လွှတ်နိုင်ပါ့မလား....
အတွေးပေါင်စုံနဲ့...
တချက်တချက်တွေးမိသေးသည်....
သူမ အမုန်းတွေကိုများ သူခံရရင်ရူးများသွားမလားပင်မသိ...
တကယ်ပဲ...
စိတ်ခံစားချက်တွေ အမျိူးမျိူး ဝင်ရောက်လာအောင် သူမပဲတက်နိုင်တယ်..
အခုချိန်မှာတော့ သူမလက်ကို ဖမ်းဆုပ်ပြီး...
လောဘတက်ဖို့သာရှိပါတော့တယ်....
ပိုင်ဆိုင်ချင်လာပြီမို့..
ဒီလောဘတွေ အတောမသတ်ချင်တော့ပါ..
သူမကိုယ်တိုင်လောဘတက်ခွင့်ရှိသဘ်ဟုပြောခဲ့တာမဟုတ်လား...
ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားတော့မည်...
ခင်ဗျားကို အပိုင်ရမှဖြစ်မယ်....
အိပ်ပျော်နေသည့် သူမနဖူးလေးတွေကို ခပ်ဖွဖွနမ်းပြီး ခပ်တင်းတင်းဖက်ထားလိုက်သည်.........
တနေ့နေ့ သူ့အပြစ်တွေကိုသိခဲ့ရင်...
ကျေးဇူးပြုပြီး ဒီလူကို မမုန်းလိုက်ပါနဲ့လား My Jewel...