book

Index 18

(အပိုင်း..၁၈)

သူ...ချန်ခဲ့လေသော

********************************


'' တို့.....သူ့ကို သိပ်ချစ်ခဲ့ပါတယ် "


ရီဝေဝေ မျက်ဝန်းတွေကြားကနေ...


အေးစက်စက်လေသံတွေနဲ့ ပထမဆုံး ခံစားချက်တွေ ပွင့်အန်လာသည်....


သူမ လက်လှမ်းလာသည် ဝီစကီတွေအပြည့်နှင့် ဖန်ခွက်ကို ရိုးထက် ဆွဲဖယ်ရင်း..


" များနေပြီ Jewel တော်တော့နော် "


နေသူရိန်လင်း ထွက်သွားပြီးကထဲက....


ဘယ်ကဆွဲထုတ်လာမှန်းမသိသည့် ဝီစကီပုလင်းကို ဘာစကားမှမပြောပဲထိုင်သောက်နေခဲ့တာ...


ဒါ ဒဏ်ရာတွေကုစားနည်းလား မ....


ဒီလူရင်တွေ နာလှပါတယ် 


'' တို့ကို မရွေးချယ်ခဲ့တဲ့ သူတစ်ယောက်အတွက် တို့ဘာလို့ခံစားနေရမလဲ...

မျက်ရည်ကျနေရမလဲ.... သိပ်မတန်ဘူးထင်တယ် "


မူးသွားရင်တော့...


ခံစားချက်တွေပွင့်အံထွက်လာပြီး..

ငိုချလိုက်မှာပါလို့ထင်ထားခဲ့တာမို့..


သူမ သောက်နေသမျှ သူ ထိုင်ကြည့်နေခဲ့တာပါ..


ငိုလိုက်ရင်တော့....


ထုထည်ကြီးမားနေတဲ့ ခံစားချက်တွေပေါ့သွားလောက်မယ်အထင်နဲ့ပေါ့..


ဒါပေမဲ့ အထင်နဲ့ အမြင် တက်တက်စင်အောင်လွဲသွားခဲ့သည်..


ငိုချကောင်းပါရဲ့လို့ ထင်ထားပေမဲ့.....


တခွက်ဝင်ပြီးတိုင်း....ပိုပို အေးစက်လာတဲ့ သူမ....


သူ....ဒီနေရာကနေ ပျောက်ကွယိသွားချင်လာသည်..


သူမကိုကြည့်ပြီး....


နာကျင်လာလို့ မျက်ရည်တွေ ပေါက်ကနဲကျလာမိသည်..


ဘယ်အချိန်ကထဲက ဒီလောက်အထိ သူမအပေါ် အခိုင်အမာ ရစ်ပတ်ပြီး...

ချစ်နေမိတာလဲ....


သူ.... မသိချင်တော့ပါ..


ရင်ထဲက တဆစ်ဆစ်နဲ့.... ပူလောင်လှပါတယ်


တကယ်ဆို ဒီအခြေနေဟာ....


သူပျော်သင့်တာထင်ပါရဲ့...


ဒါပေမဲ့ သူပျော်မနေပါဘူး....

ပျော်ရွှင်မှု့တွေကို မက်မောခဲ့တဲ့...


သူချစ်ရတဲ့ သူမ မှ ပျော်မနေခဲ်တာကိုး...


'' ကိုယ် မင်းကို အစားထိုးလိုက်ရင် တရားပါ့မလား "


ခံစားချက်မဲ့နေတဲ့မျက်နှာထားနဲ့ပြောနေပေမဲ့..

သူ့အတွက်တွေးပေးနေသေးတာလား....


" ကျွန်တော် ပြောဖူးပါတယ် Jewel ကို ချစ်တယ်လို့ ဒီလူ့အချစ်က ရယူလိုခြင်းကင်းတယ် Jewel.... ခင်ဗျားပျော်ရွှင်စေဖို့တခုပဲ ဒီလူမျှော်လင့်ခဲ့တာ မတရားဘူး တရားတယ် ရှိပါအုန်းမလား..

ခင်ဗျားလေးသာ ပျော်မယ်ဆိုရင်ပေါ့ "


ပထမဆုံးအကြိမ်...


သူမ ပါးတွေကို သူ စနမ်းလိုက်သည်...


လုပ်ပါ ဒီလူဟာ အဖြည့်ခံဖြစ်ဖို့ ဝန်မလေးဘူး ခင်ဗျားကြောင့်ချစ်တက်ခဲ့တာ...

ခင်ဗျားပျော်ရွှင်နေတာ မြင်ရရင် ကျွန်တော်ဘယ်တော့မှ နာကျင်မှာမဟုတ်ဘူး..


အစားထိုးခံရလဲ ဖြစ်တယ်.......


နဖူးလေးတွေကို နမ်းမိသည်...

သူမဘက်က တုံပြန်မှူ့မရှိရင် ရပ်တန့်ပစ်လိုက်မှာပါ....


" နောင်တမရကြေးနော် " တဲ့....


သူမ ဘက်က ထိုတခွန်းသာ ပြောပြီး...


သူမနံဘေးထိုင်နေသည့်..


သူ့ပေါင်ပေါ် ရွှေ့ထိုင်လိုက်ပြီး...ပခုံးနှစ်ဖက်ကို သိုင်းဖက်ရင်း နှုတ်ခမ်းတွေကို နမ်းပစ်သည်...


" မင်းက ချစ်ဖို့ကောင်းတဲ့ကောင်လေးပါ "


ဒါပေမဲ့ ခင်ဗျားရင်တော့မခုန်ဘူးမဟုတ်လားလို့ သူမမေးဖြစ်ခဲ့ပါ....


ခင်ဗျားရင်မခုန်ပေမဲ့.....


ဒီလူရင်ခုန်ရလွန်းလို့ ရူးတော့မှာပါပဲ...


ပြုစားရက်တဲ့ခင်ဗျားကို ဒီလူ ရူးလောက်အောင်ချစ်တယ်..


သူမ လည်တိုင် နုနုကို ဆွဲယူနမ်းရင်း...


အသားဖြူဖြူပေါ်က ခပ်ရဲရဲ အမှတ်အသားကလေး ကျန်ခဲ့တာကိုလဲ သူသဘောကျမိသည်..


ခင်ဗျားက ကျွန်တော့်အပိုင်ပါ


မသိစိတ်ကလောဘတက်မိသေးတယ်.....


ကျန်းမာသန်စွမ်းတဲ့ အမျိူးသားတယောက်အနေနဲ့ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှု့ဆန္ဒတွေဟာ ပြင်းတယ်...


ဒါပေမဲ့လေ ဒီလူ့အချစ်က ဖြူစင်ပါတယ် My Jewel...


ရိုးထက် စိတ်ဆန္ဒတွေ ကို ချိူးနှိမ် ထိန်းချူပ်ဖို့ ကြိုးစားရတာ ခက်ခဲလွန်းသည်....


" တို့...မင်းကို လိုချင်တယ် "


ဘယ်လောက်တောင် ပွင့်လင်းတဲ့ကောင်မလေးလဲ...


သူပြုံးလိုက်မိတယ်......


" Jewel နဲ့ ကျွန်တော်ဟာလေ အမြဲပြောင်းပြန်နော်...

တခြားသူတွေဆို ကောင်လေးဆီက စီးကရက်နံတွေကို ကောင်မလေးက စွဲလန်းတယ်...

ကျွန်တော်ကတော့ ခင်ဗျားစီက စီးကရက်နံတွေကို စွဲလန်းတယ်...

အခုလဲ ကျွန်တော်ပြောသင့်တဲ့ စကားတွေ စ ပြောနေပြန်ပြီ "


သူ..သဘောကျစွာပြောရင်း..


သူမနဖူး ပြေပြေလေးဆီ အနမ်းတပွင့်ချွေချလိုက်သည်..


" ယောက်ျားမို့ မိန်းမမို့ဆိုတာ မရှိဘူး baby "


'' ကျွန်တော်သိတာပေါ့..... ဒါပေမဲ့ Jewel အခု မူးနေတယ်လေ ဒီလူ အခွင့်ရေးမယူချင်ဘူး "


သူပခုံးတွေပေါ် မေးတင်မှီချလိုက်တဲ့သူမ.....


မူးနေပြိီဆိုတာ သူသိတယ်...


အသာပွေ့ချီရင်း...ကုတင်ပေါ် ဖြေးဖြေးချလိုက်သည်...


" အိပ်တော့နော် ဒီည ကျွန်တော် ခင်ဗျားနဲ့အတူရှိနေမှာပါ "


သူမ ခေါင်းညိမ့်ပြကာ....


သူ့လက်တွေကို ဆွဲထားသေးသည်...


မမူးပါဘူးလို့ ပြောနေပေမဲ့....


သူမ အတော်မူးနေပြီမှန်းသူသိသည်....


သူမ နံဘေး အသာဝင်လှဲရင်း ရင်ခွင်ထဲထည့်ထားကာ...

သူပါမှေးစက်လိုက်မိသည်...


ဒီလောက်တော့...အသားယူခွင့်ပြုမယ်မဟုတ်လား 


သူ့ရင်ခွင်ထဲ ခေါင်းတိုးရင်း...


မှေးစက် အိပ်ပျော်နေပြီထင်ပါရဲ့.....


မေတ္တာတွေခြုံ လုံပါစေ ချစ်ရသူ....

ခင်ဗျားရဲ့ ပူလောင်မှု့တွေ ဒီတညတော့ ဒီလူရင်ခွင်မှာ အေးချမ်းစွာ အပူပင်ကင်းကင်းမှေးစက်ပါ....


သိပ်ချစ်တယ်....


.........


ဘယ်လို ကုသိုလ်ထူးနဲ့ မွေးဖွားလာသလဲ....


ညက အရှိန်ကြောင့် ခေါင်းတွေ တဆစ်ဆစ်ကိုက်နေတာတောင် မေ့လျှော့ချင်သွားသည်


မျက်လူံး မျက်ခုံး....


တကယ်ကိုလှသည်....


အပူပင်ကင်းကင်း အိပ်မောကျနေသည့် ရိုးထက်ဖြူကို ကြည့်ရင်း...


မင်းဟာ တကယ်ကို လှတဲ့ အမျိူးသားလေးပဲ 


သူမ မျက်လုံးထဲ မိန်းကလေးတွေထက်လှပ တဲ့ မျက်နှာပိုင်ရှင်လေးကို ကြည့်မဝဖြစ်နေမိရဲ့...


နိုးလာတော့ သူရင်ခွင်ထဲမှာ ဖြစ်ကာ....


ဒီမနက်ခင်းဟာ အလှအပတွေကြည့်ရင်းဖြတ်သန်းနေရပါလားလို့ ပြုံးမိသေးတယ်..


" ဘာတွေ ဒီလောက်ကြည့်နေလဲ "


မျက်လုံး တွေ မှိတ်ထားရင်း သူ့အသံထွက်လာတာမို့ လန့်သွားပေမဲ့....


'' မင်းကသိပ်လှလို့ "


'' ဟာဗျာ ချောရင် ချောတယ်ပေါ့ ဘယ်လိုကြီးလဲ လှတာ "


'' ဟုတ်တယ် လှတာ... မိန်းကလေးတွေလှသလို လှတာမျိူး ချစ်ဖိူ့ကောင်းတာမျိူး "


မှိတ်ထားတဲ့မျက်လုံးတွေ ပွင့်လာပြီး သူမဘက်လှည့်ကြည့်သည်...


" မိန်းမဆန်ဆန်လှနေပေမဲ့ ယောက်ျားပီသတာတွေရော မြင်ချင်သေးလား.....

လှပလွန်းတဲ့ ခင်ဗျားလေးကို တညလုံးရင်ခွင်ထဲထည့်ထားပြီး ဘယ်လိုတွေထိန်းချူပ်ထားရတယ်မှတ်လဲ "


သူမ သဘောကျစွာ ဟက်ဟက်ပက်ပက်ရယ်သည်... ညတုန်းကလို အခြေနေမျိူးမဟုတ်တော့သည်မို့...


သူအတော် စိတ်ချမ်းသာမိရဲ့....


'' ပြွတ် "


သူ့ပါးတွေကို တချက်နမ်းပြီး...


" ညက လိမ်မာတဲ့အတွက် "


လုပ်ချင်ရာလုပ်....ပြောချင်ရာပြောပြီး.


ရေချိူးခန်းထဲပြေးဝင်သွားပြန်သည်...


ရူးအောင်ပဲ ပြုစားနေတော့မှာလား....


မနက်ခင်းလေးမှာ...

အပြုံးတွေ ချစ်ခြင်းတွေ အပြင်...

အနမ်းတွေနဲ့ပါ စတင်ခွင့်ရတဲ့အတွက်...


တရက်တည်းပဲဆိုရင်တောင် ကျေးဇူးတင်ပါတယ် My Jewel....


rate now: