သူ....ချန်ခဲ့လေသော
*********************************
" ဝေ "
သူမဟာ သိပ်ကို strong ဖြစ်လွန်းတာမို့...
ထိန်းချူပ်ဖို့ခက်တာ...
သူသိသည်....
အကြိမ်ကြိမ်.....
ထိန်းချူပ်ဖို့ကြိုးစားဖူးကာ မရသည့်အဆုံး..
လက်လွှတ်ဖို့ရွေးချယ်လိုက်တာဖြစ်သည်..
သို့သော် သူမနေနိုင်ပါ....
မလွှဲသာတဲ့အခြေနေတွေကြောင့် ရိုးကြည်ဖြူ နံဘေး စောင့်ရှောက်ပေးနေရပေမဲ့ စိတ်က ဝေဆီသာပြေးလာမိတာအကြိမ်ကြိမ်
အခုလဲ....
သူမ ဆီ ရိုးထက်ဖြူ ဝင်ထွက်နေသည့် သတင်းတွေ ကြားပြီးတည်းက...
သူဘယ်လိုမှနေမရ.....
သူမဆီအသည်းသန်ပြေးလာမိရဲ့....
အချိန်တန်တော့ ဒီချည်တိုင်ကိုပဲ ပြန်ရောက်လာရပြန်သတဲ့...
စီးပွားရေးမှာပြတ်သားသလောက်...
တခြားသူတွေနဲ့ ပြတ်သားသလောက်..
သူမကို လုံးဝမပြတ်သားနိုင်ပါ.........
သူ့ကိုမြင်တော့ .....
ကြည်လင်နေသည့်အပြုံးတွေနဲ့ ပြုံးပြသည်..
ဝေဟာ ထိုသို့သော အမျိူးသမီးရယ်ပါ....
တခါတလေတော့လဲ အားကျမိသည်...
သူမပျော်ရာကို သူမ လုပ်သည်မဟုတ်လား..
သူ့ကို မြင်တော့...
ရင်ခုန်သံတွေဟာ ထိန်းမရခဲ့....
လွမ်းနေခဲ့တာပါကိုရယ်
သူ့ရင်ခွင်ထဲ ပြေးဝင်မိတယ်....
သူ့ကိုယ်သင်းရနံနဲ့ ခပ်ကျယ်ကျယ် ရင်အုပ်တွေ ကို လွမ်းနေခဲ့တာပါ...
သူမ.... သူ့ကို မပြတ်သားနိုင်သည့် အဓိက အကြောင်းရင်ဟာ..
ဒါပါပဲ...
သူမ.... သူ့ကို သိပ်ချစ်လွန်းလို့
သူမသိသည်...
သူလည်းပဲ သူမကို လွမ်းနေခဲ့လောက်မည်မဟုတ်လား...
ဖြစ်တည်မှု့ ကိုလက်မခံနိုင်သည့်..
Toxic RS ကို လက်မလွှတ်ဖြစ်သည့်အကြောင်းဟာ..
သူ့ကို သူမ... မခွဲနိုင်ယုံလေးပါပဲ..
'' အခုတလောဘာတွေလုပ်နေသလဲဝေရယ် "
'' ဒီတိုင်းလေးပဲ ခဏလောက်နေပါရစေကို "
သူမ စကားတခွန်းမှာ သူ့ဘက်က နောက်ထပ်ဘာစကားမှ ထွက်မလာတော့ပါ...
သိပ်ချစ်ကြပါရက်နဲ့....
ဘာတွေကများ အတားအဆီးဖြစ်ခဲ့လေသလဲ..
သူမ နှုတ်ခမ်းတွေကို သူ စတင်နမ်းရှိုက်လာတယ်..
ဒီအနမ်းတွေဟာ သိပ်ကို နူးညံလွန်းလို့....
ရင်ခုန်ဖို့သိပ်ကောင်းတယ်...
သူရဲ့ အနမ်းတွေကြားမှာ...
ပျော်ဝင်နေရတာကို သဘောကျမိတယ်....
အနမ်းတွေခြွေချ ဆွဲယူ နမ်းရှိုက်ရင်း...
တိုးဝင်လာတဲ့ အကြင်နာတွေ....
မျက်လုံးတွေမှေးစင်း ခံယူနေမိသည်...
လွမ်းခဲ့သမျှ ပြေရတာပါပဲ.....
" ဝေ ကိုယ့်ကို လွမ်းနေခဲ့ရဲ့လား "
'' အင်းလွမ်းတယ် ....ကို "
သူရင်ခွင်ကျယ်တွေထဲ သူမ ကို ထည့်သွင်း ဖက်ထားမိသည်...
ပြန်လည်ဖက်တွယ်လာသည့်...
သူမ ရဲ့တုန့်ပြန်မှု့တွေကြောင့် သူကျေနပ်သလိုရှိရဲ့...
'' ကိုယ်လဲ လွမ်းတယ်ဝေ...... ကိုယ် ဝေ့ကို ချစ်တယ် ဒါကြောင့် လိမ်လိမ်မာမာနေပေးပါလား ဝေရယ် "
'' ကို..."
သူ့ရင်ခွင်ထဲကနေ ခပ်စွာစွာအသံလေးထွက်လာကာ...ရုန်းထွက်ဖို့ပြင်သည်...
သူအလွတ်မပေးပဲ ခပ်တင်းတင်းတိုးဖတ်ထားလိုက်ကာ..
" ကိုယ့်နေရာမှာ အစားထိုးဖို့လူရနေပြီလားဝေ ...ကို သိသားပဲ ဝေ သူ့ကို မချစ်ပါဘူး ဒါကြောင့်ရှေ့မတိုးဖို့ကိုယ်တောင်းပန်ပါရစေ "
သူ့ကို တွန်းထုတ်ပြီး
'' ဒါဖြင့် ကို ကရော ဟိုအမျိူးသမီးလေးနဲ့ ကင်းအောင်နေနိုင်ခဲ့သလား "
'' ကျွတ်.. ကိုယ်နဲ့ သူ့အခြေနေကို မင်းသိပါတယ်ဝေရာ "
'' အဟွန်း...သိတယ်လေ ကျမနဲ့ ယှဥ်မရွေးနိုင်သေးတဲ့ မပြတ်မသား အခြေနေကို ကျမ ကရော သဘောကျတယ်ထင်သလား ကို ''
" မဟုတ်ဘူး..ကိုယ် သူနဲ့ ဝေကို...."
အဆက်မပြတ်ထမြည်လာတဲ့ ဖုန်းသံကြောင့်...
သူပြောလက်စ စကားတွေရပ်ကာ ဖုန်းကိုထုတ်ကိုင်လိုက်သည်..
'' ဘယ်လို...ကောင်မလေးအခြေနေဘယ်လိုရှိသလဲ "
''......''
'' ဟုတ်ပြီ ကိုယ်အခုလာခဲ့မယ် "
မေးစရာမလိုအောင်...
ပျက်ယွင်းနေသည့်မျက်နှာကို ကြည့်ရင်း....
ရိုးကြည်ဖြူ ဆီက ဖုန်းဆိုတာ..
သူ့မျက်ဝန်း တွေထဲကနေ သူမ ဖတ်မိသည်..
" ဟိုအမျိူးသမီးလေး မဟုတ်လား "
''Sorry ဝေ ကိုယ်သွားမှရတော့မယ် "
သူမကို.... ရိုးကြည်ဖြူ ကြောင့်...
သူ ထားသွားဖို့ လုပ်တာ ဘယ်နှစ်ကြိမ်ရှိပြီလဲ
လှည့်ထွက်သွားသည့် သူ့ကို သူမ ဒေါသထွက်မိသည်..
'' ကိုနေသူရိန်လင်း "
ဒေါသ သံတွေ ရောစွတ်နေသည့် သူမ အော်ခေါ်သံကြောင့်
ပြာပြာသလဲ လှည့်ကြည့်သည်....
'' ကျမ ယှဥ်အရွေးခံရမဲ့ အနေအထားမဟုတ်ဘူးထင်တယ် ဒါပေမဲ့ ကျမ နောက်ဆုံးအကြိမ်မေးမယ် မြူခိုးဝေလွင်လား ဟိုမိန်ူကလေးလား "
'' ကျစ်.... ကလေးမဆန်ပါနဲ့ဝေရာ "
''ရှင် ဒီနေရာမှာ နောက်ဆုံးရွေးချယ်ရမဲ့ အချိန်ပဲ ကို... ရွေးပါ နောင်တတော့မရစေနဲ့ "
'' ကိုယ်တောင်းပန်ပါတယ် ဝေရယ်... ဟိုကလေးမ ကိုယ့်ကို လိုအပ်နေတယ် ကိုယ်တောင်းပန်ပါတယ်နော် ဝေကအမြဲသဘောထားကြီးတယ်မဟုတ်လား "
သူအလောတကြီး ကားသော့ကိုကောက်ကိုင်သည်..
သူ့ရွေးချယ်မှု့ဟာ...
ဟိုအမျိူးသမီးလေးတဲ့လား....
" ရှင့်ကို ကျမ ပြောတယ်နော် နောက်ဆုံးလို့ "
တီ.... ဂျောက်
တံခါးပွင့်သံနှင့်အတူ တိုက်ဆိုင်စွာ ဝင်ရောက်လာခဲ့သည်..
ရိုးထက်ဖြူ...
သူရော သူမရော အကြည့်တွေက တံခါးဝဆီရောက်သွားကာ..
အခြေနေကို သဘောပေါက်သည့် ရိုးထက်ဖြူက..
" ကျွန်တော် အချိန်မှားရောက်လာသလား "
'' တောက်... မင်းသိလား တကယ်ဆို မင်းရောက်နေသင့်တာက....တောက် "
ပြောမရသည့် အချိူ့စကားလုံးတွေ မြိုချလိုက်သည့် နေသူရိန်လင်း....
ရိုးထက်ဖြူကို ကြည့်ရင်း မေးစေ့တွေက တင်းနေသည်
" ကျွန်တော် ကို ခွင့်ပြုအုန်း "
နေသူရိန်လင်း ဘာကိုဆိုလိုချင်သလဲ...
သူ...နားမလည်ပေမဲ့...
အခုချိန် ဒီနေရာဟာ သူရှိနေရမည့် နေရာမဟုတ်မှန်း...နားလည်သည်မို့
လှည့်ထွက်သွားဖို့ စဥ်းစားလိုက်သည်....
" နေဦး... ရိုးထက် "
လှမ်းတားလိုက်တာ... သူမ ဖြစ်ကာ
သူမကပဲ ဆက်ပြီး နေသူရိန်လင်း ဆီ တည့်တည့်ကြည့်ကာ...
" ကျမ ရှင်တို့ကို ရွေးချယ်ခွင့်ပေးမယ် ကျမအနားမှာ ရှိနေပေးပါ ...
တကယ်လို့ ရှိနေမပေးနိုင်ရင် ဒီကနေ တံခါးကိုဖြတ်ပြီး ထွက်သွားနိုင်ပါတယ် ထွက်သွားပြီးရင် နောင်ဘယ်တော့မှ ခြေမချပါနဲ့ ..
ကျမအနားကျန်ခဲ့သူ...
ကျမကို ရွေးချယ်သူကိုပဲ ကျမရွေးမယ် "
'' ဝေ ကိုယ်တောင်းပန်ပြီးပြီလေ အခြေနေကို မင်းသိရဲ့သားနဲ့ ...မင်းကွာ "
'' ကို သာ စိတ်ရှိရင် ကို့ အစား သူ့သွားလို့ဖြစ်တယ်ကို... သူသွားလို့ရတဲ့နေရာပါ "
'' မဖြစ်လို့ပေါ့ ကို ပြန်လာခဲ့မယ် ဝေ "
တချက်ကလေးမှ ပြန်လှည့်မကြည့်....
ပြေးထွက်သွားသည့် သူ့ကျောပြင်ကို နာနာ ကျဥ်းကျဥ်း ကြည့်ရင်း.
မျက်ရည်တွေလဲ ကျမလာဖြစ်ခဲ့ပါ....
'' တင်းမခံထားပါနဲ့ မ.... ငိုချင်လာရင် ငိုချလိုက်ပါ "
ရိုးထက်ဖြူက သူမ ပခုံးတွေကို အသာပုတ်ရင်း နှစ်သိမ့်သည်...
သူ့စကားတွေဟာ နှစ်သိမ့်မှု့ ဖြစ်ရဲ့လား....
သူမ... မသိပါ..
တင်းခံထားသည့်မျက်ရည်တွေကို....
ကိုယ့်ကိုကျောခိုင်းသွားသည့်အမျိူးသားအတွက် သူမ မကျချင်....
မကျမိဖို့သာ ဆုံးဖြတ်လိုက်သည်......
" ဘာတွေဖြစ်ကြသလဲ သေချာမသိပေမဲ့ ကျွန်တော်တို့ မောင်နှမကြောင့် မ တို့ အက်ကြောင်းတွေထင် ရန်တွေဖြစ်ကြရတဲ့အတွက် တောင်းပန်ပါတယ် "
'' အရင်လို jewel လို့ပဲခေါ်ပါ ရိုးထက် "
'' ကျွန်တော်....."
'' မင်းတို့ကြောင့် မဟုတ်ဘူးလို့ ငြင်းလို့မရပေမဲ့ တို့တွေကြားက အက်ကြောင်းတွေဟာ အရင်ကထဲက ရှိခဲ့တာပါ.. လာလေ ဝင်ခဲ့ "
တည်ငြိမ်လွန်းသည့် သူမ ကိုကြည့်ရင်း...
ရိုးထက် အံသြမိသည်....
ရင်ထဲမှာ နာကျင်မှု့ထုထည် ကြီးမားနေပေမဲ့..
ဘယ်လိုများသည်းခံနိုင်ရသလဲ...
တင်းခံထားသည့်မျက်ရည်တွေရယ်..
တည်ငြိမ်လွန်းတဲ့အပြုအမူကြောင့်..
သူမကို ပိုစိတ်ပူမိသည်....
အဲဒီအစား အော်ငိုလိုက်ပါတော့လား...
ဒီလူအပေါ်ဖြစ်ဖြစ် အပြစ်ပုံချပြီး ဒေါသဖြေလိုက်ပါတော့လား....
ဒီလို ပုံမြင်ရတာ...
သူပိုရင်နာရတယ်....
တကယ်ကို မဆုံသင့်တဲ့ရေစက်တွေလား......
သူ့ ဒီစကားပြောရင် သူမ ကြိုက်လောက်မည်မထင်ပါ....
ကြားလဲ ကြားချင်မည်မထင်....
ဘယ်သူမှ လဲ သူ့လိုတွေးမိမည်မထင်ပါ...
အဲ့ဒါက.....
သူမဟာ သိပ်သနားဖို့ကောင်းတယ်.....
ဘယ်သူမှမသိနိုင်တဲ့ နာကျင်မှု့တွေ သူမြင်မိတာမို့....
ဟုတ်သည်.....
သူမကို သူ သိပ်သနားမိသည်....
သူတို့လေးယောက်မှာ သနားစရာအကောင်းဆုံးဟာ..
သိပ်သန်မာလွန်းသည်ဟု ထင်ကြသည့် သူမပင်