သူ...ချန်ခဲ့လေသော
*********************************
နှုတ်ခမ်းရဲရဲကနေ...
မီးခိုးငွေ့တွေ မှုတ်ထုတ်ရင်း....
လက်ကြားထဲမှာ ဟန်ပါပါ ညှပ်ထားတဲ့ Cigarette ကို အကြောင်းမဲ့ငေးကြည့်နေမိသည်....
တဖြေးဖြေး တောက်လောင်နေလိုက်တာ....
စိတ်အချဥ်ပေါက်နေသည်မို့ ဆေးလိပ်တွေ သောက်နေမိပေမဲ့လည်း...
စိတ်မပါသလိုလို...
စိတ်အဆာမပြေသလိုလို.....
ပြာခွက်ထဲသို့.. ဦးတည်ကာ လက်ထဲက သောက်လက်စ ဆေးလိပ်ကို ထိုးချေပစ်လိုက်သည်..
သူမ တကယ်ပျော်နေရဲ့လား....
သံယောဇဥ်တွေကြောင့်...
နေသူရိန်လင်းကို ကပ်တွယ်ထားပေမဲ့ သူမ ပျော်နေရရဲ့လား...
ကျမပျော်ဖို့အတွက် ကျမ ဘာမဆို လုပ်မယ်လို့...
ကြွေးကြော်ထားပေမဲ့...
Toxic Relationship မှာ သူမ ရုန်းမထွက်သလို...
ပျော်လဲ ပျော်မနေခဲ့ပါဘူး....
"My Jewel ''
'' မင်းရောက်လာပြီလား "
'' အင်း "
လက်ထဲက အထုတ်အပိုးတွေ အပြည့်နှင့်..
'' ဘာတွေလဲ "
'' Mart ခနဝင်ခဲ့တာ Jewel အတွက် လိုမယ်ထင်တာတွေ "
သူ့ဘာသူ ပြောရင်း...အထုတ်အပိုးတွေနဲ့ မီးဖိုခန်းထဲ တန်းဝင်သွားသည်...
'' ကြိုက်တက်မယ် ထင်တာတွေ မှန်းဝယ်ခဲ့တာ "
ပြောလဲပြော လက်ကလဲ အလုပ်နှင့်မပြတ်..
ရေခဲသေတ္တာထဲ ဝယ်လာသည့် ပစ္စည်းတွေ နေရာတကျ ထည့်ပေးနေကာ...
နွားနို့ဘူးတွေမှစလို့...
သူမ ကြိုက်တက်သည့် အသီးအနှံအချိူ့ရယ်..
Yogurt ဘူးတွေရယ်...
Coffee ဘူးတွေရယ်...
သူမ သိပ်နှစ်သက်ပါသည်ဆိုသော Cigarette ဘူးတွေပင် ပါသေးသည်..
'' My Jewel ကြိုက်တဲ့ Cigarette အများကြီးတော့မသောက်နဲ့နော် နောက်ကျရင် E Cigarette ဝယ်ပေးအုန်းမယ် "
သူမဆီ Cigarette ဘူးတွေ လှမ်းပေးရင်...
အမေကြီးလို ပွစိပွစိနဲ့ မှာနေသေးသည်...
'' မင်းက ဒီလို အိမ်အတွက်စီမံခန့်ခွဲရတာကို သဘောကျတယ်ထင်တယ် "
'' အဟက်... အိမ်အလုပ်တွေ မီးဖိုးချောင်အလုပ်တွေလုပ်ရတာ သဘောကျတဲ့လူရယ်လို့ရှိပါ့မလား Jewel ရယ် ဒီလူက လုပ်ပေးချင်တဲ့ သူမို့လို့ပေါ့ ''
သူ့အပြောတွေကို သူမ ပြုံးလိုက်မိသည်..
သူ့အိမ်သူ့ယာလို မီးဖိုထဲဝင် စီမံခန့်ခွဲနေပုံက ချစ်ဖို့ကောင်းနေပြန်သည်..
နေသူရိန်လင်း ဆိုလျှင်...
သူမ အိမ် မီးဖိုထဲမပြောနှင့် ရေခဲသေတ္တာထဲပင် ငဲ့မကြည့်တက်ချေ...
ကွားခြားသည်က.... ကွာခြားသည်မဟုတ်လား..
တကယ်ဆို လိုက် တွက်ဆ တိုင်းတာမနေသင့်ပါလေ..
နေသူရိန်လင်းဟာ နေသူရိန်လင်း....
ရိုးထက်ဖြူဟာ ရိုးထက်ဖြူမဟုတ်လား...
သူမကို ကျောခိုင်းထားရင်း...
တကုပ်ကုပ်နှင့် ဘာတွေကှုပ်နေပြန်သည်မသိသော ထိုကောင်လေးရဲ့ ကျောပြင်တွေဟာ မှီတွယ်ချင်ဖွယ် ဖြစ်နေပြန်သည်..
'' မင်းနဲ့ ဆို....ကိုယ်တကယ်ပဲ ပျော်ရွှင့်ရပါ့မလား ရိုးထက် "
သူ့ ခါးတွေဘေးက နေ ရုပ်တရက်ထွက်လာသော လက်သွယ်သွယ်ကလေးတွေက ချိတ်တက် သိုင်းဖက်လာကာ..
နောက်ကနေ သူ့ကို သိုင်းဖက် မှ်ီတွယ်ရင်း...
သူမ ဆိုလိုက်သည်...
'' ဒီလူ မညာချင်ဘူး Jewel ...ပျော်ရွှင်ရအောင်တော့ ကြိုးစားကြတာပေါ့ "
သူမ ကို သူ့ရှေ့ ဆွဲလှည့်ကာ ရင်ခွင်ထဲသွင်းလိုက်သည်..
ခါတိုင်း ဒေါက်ဖိနပ်မြင့်မြင့်တွေနှင့်မို့ မသိသာပေမဲ့...
ဒေါက်ဖိနပ်မပါသည့်အခါ...
သူ့အရပ်ဟာ သူမထက် ခေါင်းတလုံးစာမက ရှည်လျှားသည်..
ပုံမှန်ဆို ပုသည့်အထဲမပါသည့် သူမပင်...
သူ့ကိုမော့ကြည့်နေရသည့်အထိပင်..
'' အနီးကပ်ကြည့်မှ မင်းက ပိုချောတာပဲ ဖြူဖြူပိန်ပိန်လေးနဲ့ မိန်းမချောချောနေတာပေမဲ့ ယောက်ျားဆန်တဲ့ အပြူအမူလေးတွေရှိနေတာကို တို့သဘောကျတယ် "
'' ကျွန်တော်တို့ ဆက်ဆံရေးက အခု ဘာအခြေနေလဲ "
'' တို့လဲ..မသိဘူး "
'' ဟားး...ဟားးးး "
နှစ်ယောက်သား မတိုင်ပင်ထားပဲ ပြိုင်တူရယ်မိလိုက်ကြတာ ပေါ့ပေါ့ပါးပါး...
'' ဘယ်လိူအခြေနေမှန်းမသိပေမဲ့ ဒီလူ ခင်ဗျားလေးကို ချစ်တာတော့ သိထားပေး "
'' တို့ကော မဖြစ်မနေ ပြန်ချစ်ပေးဖို့လိုသေးလား "
သူက သွားတွေပေါ်အောင်ရယ်ကာ...
သူမ ပါးလေးတွေကို ခပ်ဖွဖွကိုင်ရင်း..
'' လုပ်ယူပေးဖို့မလိုပါဘူးဗျာ Jewel ခံစားချက်အတိုင်းနေပါ ခံစားချက်နောက်လိုက်ပါ "
သူမ... သူ့လည်ပင်းတွေကို သိုင်းဖတ်လိုက်ကာ ခြေဖျားထောက်ရင်း သူ့နှုတ်ခမ်းတွေကို နမ်းလိုက်သည်...
သူ့ ရင်ခုန်သံတွေကို အတိုင်းသားကြားနေရကာ...
တကယ့်ကိုပဲ ဒီကောင်လေးဟာ အဖြူထည်လေး
သူ့ကို သူမ ဘက်က စနမ်းလိုက်တာပေမဲ့...
ဒီထက်ပိုပြီး သူ့ဘက်က စည်းကျော်မလာခဲ့ပါ..
အခွင့်အရေးမယူတက်ပုံကို တမင်ပြပေးသလား သူမ...မသိပေမဲ့
အရုပ်ကလေးတစ်ရုပ်လို သူမ ထားသလိုနေတက်တာကို သူမကျေနပ်ပြန်သေးကာ..
" မင်း ရည်းစားမထားဖူးဘူးမဟုတ်လား "
'' အင်း "
သူမ ပြုံးလိုက်မိသည်.....
'' အတွေ့အကြုံဆိုတာ ငယ်တုန်းရှာရတယ် ကောင်လေးရဲ့ "
'' အခုရှာနေတယ်လေ "
''ဟားးးးး ''
'' Jewel ဆီကရလေ့ရှိတဲ့ cigarette နံတွေကို ကျွန်တော်စွဲလန်းနေပြီထင်တယ် "
သူ့ဘာသူပြော...
သူဘာသူ ပြုံးလိုက်ကာ
'' ကျွန်တော်တို့ကျမှ ပြောင်းပြန်တွေ ဖြစ်နေသလိုပဲနော် "
'' ပြောင်းပြန်တွေ အတည့်တွေဆိုတာ မရှိပါဘူးကွာ "
'' ဒါဖြင့် နောက်ဆို ဘယ်သူ စနမ်းနမ်း အဆင်ပြေတယ်မဟုတ်လား "
ပြောလဲပြော သူမခါးသွယ်သွယ်လေးပေါ်မှ လက်တွေဟာ နောက်က စားပွဲပေါ်ထောက်ကာ...
သူမ မျက်နှာနား ငုံမိုးရင် ကပ်လာသည်....
'' ဘယ်လိုအနေအထားအခြေနေမျိူးတွေနဲ့ပဲစခဲ့စခဲ့ ကျွန်တော် ခင်ဗျားကို တန်ဖိုးထားမှာပါ "
စကားအဆူံးမှာ ကျရောက်လာတဲ့ အနမ်းတွေရယ်..
အနီးကပ်မှာ သူ့ဆီက ရတဲ့ ရေမွှေးနံ စူးရှရှလေးရယ်...
သူမ ရင်ခုန်သည်ဖြစ်စေ....
ရင်မခုန်သည်ဖြစ်စေ...
ဒီအခိုက်အတန့်ဟာ သူမအတွက် ပျော်ရွှင်ရပါသည်လေ...
အချိန်အတော်ကြာသည်အထိ..
အနမ်းတွေကို အသိလက်လွတ် ချွေချနေခဲ့ကာ
သူမ ဘက်က လိုလိုလားလား လက်ခံနေမိသည်...
သူမ ခေါင်းကလေးကို သူ့လက်တဖက်နှင့် ထိန်းကာ ကိုင်ထားရင်း
သူမ နှုတ်ခမ်းတွေကို အငမ်းမရ ဆွဲယူ နမ်းရှိုက်နေရင်းမှ..
အနမ်းတွေဟာ ကြမ်းရှလာသည်...
တက်မက်မှု့တွေနှင့် ခပ်ကြမ်းကြမ်းဖြစ်လာမှ
ရုတ်တရက် ရပ်တန့်ပြစ်လိုက်ကာ....
'' ဟာဗျာ ခင်ဗျားလေး လုပ်တာနဲ့ ဒီလူအခုထိ ချက်ပြုတ်တဲ့ဆီမရောက်သေးဘူး ချက်ကျွေးပါ့မယ်ကတိကို ဒီနေ့တည်မှဖြစ်မယ်နောက်ကျနေပြီ "
'' တို့လဲ ကူလုပ်ပေးမှာပေါ့ မချက်တက်ပေမဲ့ အနားကနေ ကူမယ်လေ "
'' နိုး မဖြစ်ဘူး ခင်ဗျားလေးဘေးမှာရှိရင် ဒီလူ ခင်ဗျားလေးဆီပဲစိတ်ရောက်နေမှာ "
သူမ နှုတ်ခမ်းတွေကို စူးစူးရဲရဲ စိုက်ကြည့်နေရင်း အကြည့်လွှဲလိုက်ကာ..
" သွား လုပ်စရာ ရှိတာတွေ လုပ်နေနော် လိမ္မာတယ် ဒီလူပြီးရင် ခေါ်လိုက်မယ် "
သူမကို အတင်းနှင်နေသည့် သူ့သိတ်အခြေနေကို သဘောပေါက်သည်မို့..
တမင် စ နောက်ချင်နေသေးကာ
'' မရဘူးကွာ မင်း အနားမှ ကပ်နေမှာပဲ တို့လဲ ကူလုပ်ပေးချင်တာပေါ့ "
'' လိမ္မာပါတယ် Jewel ရယ် နော် ကျွန်တော်စိတ်ဖြောင့်ဖြောင့်နဲ့ ချက်ပါရစေ ''
'' မရဘူး တို့လဲ ကူမယ်လို့ "
သူ့ လက်မောင်းလေးကို မှီတ်ရင် ခပ်ချွဲချွဲပြောလိူက်တော့...
ကိုင်ထားသည့် ပစ္စည်းတွေချထားလိုက်သည်..
" ဒါဖြင့် ဒီည ညစာကို တခြားဟာ ပြောင်းစားကြမလား "
သူမ နား မျက်နှာချင်းနီးကပ်စွာကပ်လာပြီး ညစ်ကျယ်ကျယ်အပြုံးတွေနဲ့ သူ့စကားကိုကြားပြီး
သူ့ရင်ခွင်ထဲက ပြေးထွက်ခဲ့ကာ..
" တို့ ရုပ်ရှင်ကြည့်ရင်းစောင့်နေမယ် ''
လှစ်ကနဲပြေးထွက်သွားသည့် သူမလေးကို ပြုံးကြည့်နေရင်း ရိုးထက်ဖြူ ခေါင်းခါလိုက်မိသည်...
လူဆိုးမလေး....
သူ... သူမရုံးဆင်းချိန်နီးမှ စျေးဝယ်ပြီး လာခဲ့သည်မို့ နာရီကို ကြည့်တော့...
၇ နာရီ ထိုးခါနီးပြီ...
ခပ်မြန်မြန်လှုပ်ရှားရင်း ချက်ပြုတ်ခြင်းကို အရှိန်တင်လိုက်သည်..
ဒီလို အချိန်လေးတွေ...
ဒီလို ပျော်ရွှင်ဖွယ်ရာလေးတွေနှင့်..
သူမ မျက်နှာပေါ်မှာ ဒီနေ့လို ကြည်လင်တဲ့ အပြုံးတွေကို ထာဝရ မြင်ချင် ရချင်သေးသော်လည်း..
တကယ်ဆို သူဟာ...
သူများရည်းစားကို စနိုက်ကြော်သည့် ကြာကူလီကောင်သာသာ..ပင်ဖြစ်သည်မဟုတ်လား..
ကို့အဆင်ကိုယ် သိဖို့ကောင်းပါတယ်
အခါခါသတိပေးရင်း..
အခါခါ သတ်ိလက်လွတ်ဖြစ်မိရင်းနှင့်ပင်....
ဒီအချိန်တွေကို ရပ်တန့်ပစ်ချင်သည်အထိ လောဘတက်မိသည်..