book

Index 9

အပိုင်း(၉)

  • Author : Kyawal
  • Genres : Comedy, Drama, Action

ကချေသည်🌸

အင်အားအကြီးဆုံး..နိုင်ငံတော်တည်ထောင် အုပ်ချုပ်သည့် မင်းပြီးလျှင် မုန်းဘုရင်မှာ ဒုတိယအင်အားအကြီးဆုံး မင်းတစ်ပါးဖြစ်သည်။..
သူနှင့်အပြိုင် အင်အားကြီးနေပြီး ငြိုးရန်ရှိနေသည့် တိုင်းပြည်မှာ ဟွာထန်သာဖြစ်၏။
စစ်ပရိယာယ် ကြွယ်ဝခါ စစ်အင်အားကြီးမားသော မင်းတစ်ပါးဖြစ်သည့် မုန်းဘုရင်အား အခြားမဟာမိတ် တိုင်းပြည်များနှင့် သိမ်းပိုက်ထားသည့် တိုင်းပြည်များက ချစ်ကြည်ရေးအဖြစ် သူတို့၏သမီးတော်အား ဆက်သကြသည်။..
သို့သော် မုန်းဘုရင်မှာ တိုင်းပြည်ရေးရာကိစ္စရပ်နှင့် လက်စာချေးဖို့အတွက်သာ စိတ်ဝင်စားသူမို့ ဆက်သသည့် မင်းတို့၏ သမီးတော်များအား နန်းဆောင်ပေးခါ သည်အတိုင်း စံမြန်းထားစေသည်။…

••••••••••••
သစ်ရွက်ကြိုကြားမှ နေရာရောင်ခြည်နုလေးများ ဖြာဖြာကျနေခါ… ဤနေ့သည်ကား မုန်းဘုရင်မင်းမြတ်၏ ကြင်ရာတော်ရွေးပွဲနေ့ ဖြစ်လေသည်။….

အပေါ်စီးမှ ကြည့်ရှုလျှင် နန်းတော် အုတ်တံတိုင်း ပရဝန်အတွင်းတွင် လူများ အုပ်အုပ်ကျက်ကျက်ဖြင့် စည်းကားသိုက်မြိုက်လှစွာ…
လူအများ၏ တီးတိုးစကားသံများ နှင့် တရုန်းရုန်း ခြေခပ်သံတို့ကြောင့် ညံစီရှုပ်ထွေးနေခါ…
ဖိတ်ကြားထားခြင်းခံရသည့် ဧည့်သည်တော်များကလည်း အလျှိုလျှို ပွဲကိုတတ်ရောက်နေကြ၏။…(ဒီလူအုပ်တွေထဲမှာ အစ်ကိုတော်၁၊၂၊၃…၊ညီတော်၁၊၂၊၃…၊မိဖုရားကြီး/ငယ်တွေလဲပါပါတယ်နော် မင်မင်က စိတ်ကူးထဲက ဇာတ်ကောင်တွေကိုပဲ ဦးစားပေးဖော်ကျူးရေးနေလို့ နားလည်ပေးပါနော်)

ယခုကြင်ယာတော် ရွေးပွဲတွင် မုန်းဘုရင်မိဖုရားအဖြစ် မတင်မြောက်ပဲ ထားသည့် ချစ်ကြည်ရေးဆက်သခံ မင်းသမီး အချောအလှများအား ဖန်မိဖုရားခေါင်ကြီးမှ မိဖုရားအဖြစ် အရွေးချယ်ခံရန် ထည့်သွင်း စီစဉ်ထားလေသည်။…
ထိုအထဲတွင် မင်းသမီး ရုန်ဟွာလည်း ပါဝင်လေသည်။..
ထို့အပြင် သတင်းကြား၍ မိဖုရားအဖြစ် အရွေးချယ်ခံရန် လာရောက်ကြသည့် မင်းသမီးချောများလည်း ရှိနေသည်။…

အလှတကာ့ အလှဆုံးပြင်ဆင် ထားကြခါ ကြင်ယာတော် ရွေးပွဲသို့ တတ်ရောက် ကြသည့် ဘုရင့်မင်းသမီးတော်များနှင့် ၊စစ်သူကြီး၊မြို့စား၊နယ်စား ၊ မြင့်မြတ်သော မျိုးရိုးနွယ်ဝင်မှ ဆင်းသက်လာကြသူတို့၏ သမီးတော်များထဲမှ အထင်းဆုံး နှင့် အလှဆုံးဖြစ်နေသူလေးမှာ မင်းသမီး ရုန်ဟွာပင်…
မင်းသမီး ရုန်ဟွာမှာ (..)တိုင်းပြည် ဘုရင်၏ သမီးတော်ဖြစ်ပြီး ဆက်သခြင်းခံရသည့် မင်းသမီးတို့အထဲတွင် အလှဆုံးနှင့် အတော်ဆုံး မင်းသမီးဖြစ်သည်။..
ယခု ကြင်ယာတော်ရွေးပွဲတွင် သူမအား သေချာပေါက် အရွေးချယ်ခံရမည် ဆိုသည့် ယုံကြည်စိတ်ဖြင့် အောင်နိုင်သူသဖွယ် ပြုံးခါ ဝင့်ကြွားစွာဖြင့် တတ်ရောက်လေသည်။..

တစ်ဖက်တွင်…
ထိုပွဲအား မတတ်ချင်တတ်ချင်ဖြင့်
စိတ်ရှုပ်နေရခါ အတိုင်းမသိရင်ခုန် စိတ်လှုပ်ရှားနေသူက ချောင်အန်းပင်…

ကိုယ်လုံးပေါ် မှန်ပြင်ကျယ်အရှေ့တွင် မိန့်မိန့်ကြီး သူရပ်နေခါ…
ဘေးနှင့်အနောက်တွင် မောင်းမတော်နှစ်ဉီးမှ ပွဲအတွက် အင်္ကျီအား သေချာကျနစွာ ပြင်ဆင် ဝတ်ဆင်ပေးနေ၏။…

ထွေပြားနေသည့် အတွေးများအား ရပ်လိုက်ခါ
လေပူတစ်ချက် မှုတ်ထုတ်ရင်း
ဟူး…အဆင်ပြေပါ့မလား ငါအဆင်ပြေပါ့မလား …
ရင်တွေလည်း ခုန်လွန်းလို့ ပေါက်ကွဲထွက်တော့မယ်…

ထိုစဉ် ဝတ်ရုံအညိုရွှန်းရွှန်ဖြင့် အနက်ရှည်ခေါင်းစောင်းအား ဆောင်းထားသည့် ဘုရင့် အမှူးတော်ထမ်းမှ…
“အရှင်မင်းကြီး ခဏအကြာတွင် ပွဲစပါတော့မည်။ ပွဲအခန်းနား၏ ဦးစွာပထမအနေဖြင့် အရှင်မင်းကြီး မိန့်ခွန်းတော်ခြွေရန်အတွက်လည်း အချိန်နီးကပ်လို့ လာပြီဖြစ်ပါသည်။…
ထို့ကြောင့် နန်းဆောင်မှ ထွက်ခွါခါ အခန်းနားစီသို့ ကြွရောက်ပေးဖို့ ကျွန်တော်မျိုး လျှောက်တင်ခြင်းပါ အရှင်မင်းကြီး…”

ထိုအမှူတော်ထမ်း လျှောက်တင်ပြီးသည်နှင့် ချောင်အန်းအား မောင်းမတော်နှစ်ဦးမှ မိဖုရားခေါင်ကြီး ကိုယ်တိုင် စီစဉ်ပေးသည့် ရွှေချည်မျှင် ဝတ်ရုံတော်ကြီးအား ခြုံဝတ်ပေးလိုက်ကြသည်။..
ချောင်အန်းတစ်ယောက် ရင်ဘက်ကို ဖြေးဖြေးလေးဖိလိုက်ရင်း ….
စိတ်လှုပ်ရှားလွန်း၍ အေးစက်နေသည့် သူ၏လက်တို့အား ကျစ်ကျစ်ပါအောင် ဖိဆုတ်လိုက်ခါ..
“ကောင်းပြီ ငါကိုယ်တော် ကြွချီဖို့ အဆင်သင့်ပင်..”

ထိုအခါ အမှူတော်ထမ်းမှ ဦးခေါင်းညွှန့်ခါ အရိုအသေပေးလိုက်ပြီး…
“မှန်ပါမင်းကြီး….”

ချောင်အန်းတစ်ယောက် သူအစီစဉ်အတိုင်း ကြင်ယာတော်ရွေးပွဲ၏ ဦးစွာပထမ ဘုရင့်မိန့်ခွန်းတော်အား ဦးလေးကွန့်၏ အကူညီဖြင့် လျောရှူအောင်မြင်စွာ ပြီးမြောက်သွားသည်။…
သူ၏ မိန့်ခွန်းတော်ခြွေပြီးသည်ကို ဖန်မိဖုရားခေါင်းကြီးနှင့် မင်းသားကျူတို့မှာ ပြုံး၍ ကြည့်နေကြ၏။..
တတ်ရောက်လာကြသည့် ဧည့်ပရိတ်သက် အပေါင်းနှင့် အမှူထမ်းအပေါင်းမှာ ဦးခေါင်းညွှန့် ခါ လက်သီးဆုတ်ပုံစံ လက်နှစ်ဖက်အား ခေါက်ထပ်ခါ …
“မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ….မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ…”
ထိုသို့ ဘုရင်အား ကောင်းချီးပေးပြီး သည်နှင့်…
ဖန်မိဖုရားခေါင်ကြီးမှ ဒုတိယအနေဖြင့် ထက်၍ မိန့်ခွန်းခြွေလေသည်။…
မုန်းဘုရင်မင်းမြတ်နှင့် အသံတူပြု၍ ဖော့ကတ္တီပါသား အုပ်ထားသည့် ဘုရင်၏ ထိုင်ခုံတော်အနောက်တွင် စာရွက်ဖတ်ခါ အော်ပေးနေသည့် ဦးလေးကွန့်အား ချောင်အန်းမှအပ မည်သူမှ မသိချေ။…မည်သူမှလည်း သတိမပြု မိကြချေ။…
ဦးလေးကွန်၏ အသံတုမှာ ထိုသိုတမျှ ပီပြင် ကြည်လင်လှခြင်းပင်….
ထိုလူမှာ အသံတုပြု၍ ဘုရင့်အစား မိန့်ခွန်းခြွေစကားအား အားပြုခါ အော်ပြောရခြင်းကြောင့် လည်ချောင်းများပင် ခြောက်ခါ အသံပင် နာရသည်။…

🌸🌸🌸🌸

ပြတင်းပေါက်စီမှ နေရောင်ထိုးကျနေသည်ကြောင့် မုန်းဘုရင် လက်ဖြင့်ကာခါ နိုးထလာပြီး….
သူရောက်နေသည့် နေရာအား အကဲခက် ကြည့်လိုက်မိသည်။….
နွမ်းလျလျဖြင့် အိမ်လေးမှာ ကျဉ်းမြောင်းလှသည်။…
“ဒါကဘယ်နေရာလဲ …
ရွှတ် ..ရွှတ် …အား နံလိုက်တာ ဒါဘာအနံ့ကြီးလဲ…”

“အဟင်း…နိုးလာပြီလား ကောင်လေး အဲ့ဒါက (..)နဲ့(..)ကို ရောကြိတ်ပြီး ရလာတဲ့ ဆေးအရည်ရဲ့ အနံ့ပဲ…
အနံ့ဆိုးပေမယ့် ဆေးစွမ်းထက်တယ်…သူက ဒဏ်ရာကို အမြန် ကျက်စေဖို့ အကောင်းဆုံး ဆေးတစ်လက်ပဲ…”

အဘိုးကျိုင် သူ့ညည်းသံအား ကြားသွားပုံရ၏။..
ထို့ကြောင့်ဤသို့ အနံ့ထွက်ရသည့် ဆေးအကြောင်း ရှင်းပြနေခြင်း မဟုတ်ပါလား.’

ဝင်ပေါက်ဝလေးမှ အဘိုးကျိုင် မုန်းဘုရင်ထံ တရွေ့ရွေ့လျှောက်လာခါ
“ဒဏ်ရာသက်သာရဲ့လား ကောင်လေး”

“ဟုတ် ကျွန်တော် သက်သာပါတယ်..ဒါနဲ့ အဘိုးက..ဘယ်သူများလဲ”

မျက်မှောင်ကျုံ့ခါ လူကို မသင်္ကာသလို ခပ်ကြောင်ကြောင်ကြည့်၍ မေးလာသည့် မုန်းဘုရင်အား အဘိုးကျိုင် ကြည့်ခါ ပြုံးရယ်လိုက်ပြီး…
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်၏။

ထိုအခါမှ မုန်းဘုရင်နားလည်သွားပြီး ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်…
“အာ…ဒီလိုကိုး ကျွန်တော့်အကြည့်တွေ ရိုင်းသွားရင် တောင်းပန်ပါတယ် အဘိုး..”

“အဟင်း…ရပါတယ်ကွယ် ..”

“ဟို..ဒါနဲ့အဘိုး သူမ ..”

“ခလေးမ ရှောင်လုကတော့…မင်းရဲ့သွေးစွန်းနေတဲ့ အဝတ်အစားတွေ ယူပြီး တောင်ပေါ်ကရေကန် စီသွားတယ်ကွဲ့…”

သူ မမေးရသေးပဲ အဘိုးကျိုင်မှ ကြိုသိနေသည့်အလား အလိုက်သိစွာ ဖြေလိုက်ခြင်းကြောင့် သူအနည်းငယ်တော့ အထူးအဆန်းဖြစ်မိ၏။…
ထိုအခါမှ သူ ကိုယ့်ကိုကိုယ် ငုံ့ကြည့်မိရာ သူ့အား ဝတ်ပေးထားသည့် နွမ်းဖက်ဖက် ဝတ်စုံအားတွေ့လိုက်ရသည်။
သေချာသည်ကား ဤဝတ်စုံမှာ ယခုသူ့ရှေ့တွင် ရပ်နေသည့် အဘိုး၏ ဝတ်စုံပင်….

“ကောင်လေး မင်းအတွက် ခလေးမက ဆန်ပြုတ်ကြိုပေးခဲ့တယ်။…
မင်းနိုးလာရင် တိုက်ဖို့လဲ အဘိုးကို မှာသွားခဲ့တယ်။…
ကောင်လေး ဗိုက်ဆာပြီမလား သောက်တော့မလား အဘိုးသွားခပ်လိုက်မယ်လေ..”

ဟန်ပြင်လိုက်သည့် အဘိုးအား သူလက်ဟန့်တား လိုက်ပြီး..
“ဟို..နေပါစေ အဘိုး ကျွန်တော် မဆာပါဘူး..”

“ဟုတ်ရဲ့လားကွဲ့..မနေ့ကလည်း ကောင်လေးက အဖျားတတ်တော့ တော်တော်နဲ့ အစာမဝင်လို့ ခလေးမအတော် စိတ်ပူနေတာကွဲ့ …
အခုတော့ ခလေးမ စိတ်ချမ်းသာသွားအောင် ကောင်လေး အစာဝင်အောင် ဆန်ပြုတ်ကို သောက်စေချင်တယ်ကွယ်…”

ရှောင်လုသူ့အား စိတ်ပူသည် ဟူသည့် စကားကြောင့် သူပြုံးလိုက်ပြီး..
“ဟုတ်…ကျွန်တော် ဝင်အောင်သောက်မှာပါ…ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး အဘိုး…
ဒါနဲ့ သူမ သွားတဲ့ ရေကန်ကို ဘယ်လို လိုက် သွားရမလဲ…”

နေရာမေးနေသည့် မုန်းဘုရင်အား အဘိုးကျိုင် တည်နေရာအား ညွှန်ပြလိုက်၏။…
ချက်ချင်းဆိုသလို မုန်းဘုရင်ထခါ သူမစီ လိုက်သွားရန် ပြင်လိုက်စဉ်…
“ဟေ့ ..ကောင်လေး ဒဏ်ရာကြီးနဲ့ကို လိုက်သွား ဦးမလို့လား …
ဒီမှာတွင် ခလေးမ ပြန်အလာကို စောင့်ရောပေါ့..”

မေးနေသည့် အဘိုးကျိုင်အား မုန်းဘုရင်ပြုံးပြလိုက်ခါ…
“အဘိုးရဲ့ဆေးစွမ်းကောင်းတွေကြောင့် ဒဏ်ရာတွေက အတော်ကို သက်သာနေပါပြီ ကျွန်တော်…လိုက်သွား လိုက်ပါဦးမယ်…”

အဘိုးကျိုင်မှာလည်း ပြန်လည်ပြုံးပြလိုက်ခါ…
“အေးပါကွယ်…အေးပါ…ကောင်လေး သဘောရှိသလို ပါပဲကွယ်..”

အိမ်ထဲရှိ အဘိုးကျိုင်အား ကျောခိုင်းခါ တောင်ပေါ်ရှိ ရေကန်လေးစီသို့ သူဦးတည် ထွက်ခဲ့တော့သည်။….


🌸🌸

ရှောင်လုတစ်ယောက် မုန်းဘုရင်၏ သွေးစွန်းနေသည့် အဝတ်စားများအား လျှော်ဖွတ်ခါ
နေရောင်ထိုးကျနေသည့် ကျောက်တုံးကြီးပေါ်တွင် ရေညစ်ခါ လှန်းလိုက်သည်။…
ထို့နောက် ရေဆင်းချိုးရန် သူမ လက်ရှိဝတ်ထားသည့် အင်္ကျီ အပေါ်ဝတ်တစ်လွှာအား ချွတ်ချလိုက်တော့…
ဖြူဝင်းနေသည့် အသားရည်ကြည်တို့က ရင်ခုန်ဖွယ် အထင်းသားပေါ်လာ၏။
ထို့နောက် အတွင်းခံအဝတ်ပါး လေးအား ထက်ချွတ်ရန် ပြင်လိုက်စဉ်

“ဂျွတ်…ဂျောက်…ဂျလောက်..🍂🍁

သစ်ရွက်​ခြောက်နင်း သံကြောင့် သူမထိန့်လန့်စွာဖြင့် အနောက်သို့ လှည့်ကြည့်တော့ …
သူမအား နောက်ကျောပေးခါ လှည့်ထွက်ဖို့ ပြင်နေသည့် မုန်းဘုရင် ပင်….

“ဟင်!…”
ချက်ချင်းပဲ သူမ လက်နှစ်ဖက်ဖြင့် ကြက်ခြေခက် ယှက်ကာခါ…
ချွတ်ထားသည့် အပေါ်ဝတ်အား သူမ အမြန်ပြန်ကောက် ဝတ်လိုက်ပြီး..

“လူကြီးမင်း…ဒီကို ဘယ်လိုလုပ် ပြီး ရောက်လာတာလဲ…”

အနောက်မှ မေးလိုက်သည့် သူမကြောင့် လှမ်းနေသည့် ခြေလှမ်းများ ရပ်တန့်သွားရသည်။…

“လူကြီးမင်း…”

မေးနေခြင်းအား ပြန်မဖြေပဲရပ်နေသည့် မုန်းဘုရင်၏ ပုခုံးအား သူမ လှမ်းကိုင်လိုက်ခြင်းကြောင့်….
မုန်းဘုရင် တစ်ယောက် နှလုံးသား တစ်ခုလုံး ကျင်တတ်သွားရပြီး…
အနောက်သို့ ပြန်လှည့်ကြည့်လာသည်။…

လှည့်ကြည့်လာသည့် သူ၏ အကြည့်တို့မှာ အရိုင်းဆန်နေပြီး…
သူမ ခန္ဓာကိုယ်အား စားမတတ်ဝါးမတတ် ပေါက်ထွက်အောင် ကြည့်နေ၏။…
ထို့နောက် တဖြေးဖြေး အရှေ့သို့ တိုးလာခြင်းကြောင့် သူမခြေလှမ်းတို့က အနောက်သို့ ဆုတ်နေမိသည်။…
“လူ…လူကြီးမင်း…ဘာ ဘာ ဖြစ်လို့လဲ…ဘာဖြစ်လို့ အရှေ့ကို တိုးတိုးလာရတာလဲ…”

သူမမေးခွန်းတွေ ထုတ်နေမယ့် သူကတော့ ခွန်းတုံ့ပြန်မှု မရှိ..
ရှေ့ကိုသာ ဆက် တိုးစမြဲပင်….

ထို့ကြောင့်သူမမှာလည်း အနောက်သို့ တွန့်ဆုတ်ရင်း…
တဖြေးဖြေး ရေကန်ဘောင်နားသို့ ရောက်လာခဲ့၏။…
အနောက်သို့ သူမ လှည့်ကြည့်လိုက်တော့ လှမ်းစရာမရှိ ရေကန်သာ ရှိတော့သည်။…

“လူကြီးမင်း …ကျွန်မ အနောက်မှာ ရေကန်ပဲ ရှိတော့တယ် ..ကျေးဇူးပြုပြီး ရှေ့ဆက်တိုးမလာပါနဲ့တော့..”

သူမ ဒီလောက် ပြောနေပါလျက် မုန်းဘုရင်မှာ ရှေ့ဆက်တိုးလိုက်ခြင်းကြောင့်…
ယိုင်နဲ့ခါ နောက်ပြန် အနေထားဖြင့် ပြုတ်ကျမည့် အချိန်တွင် သူ၏ အင်္ကျီစအား လှမ်းဆွဲလိုက်ခြင်းကြောင့် …သူပါ သူမနှင့်အတူ ရေကန်ထဲ ဗလုံးဗထွေး ပြုတ်ကျသွားတော့သည်။…

“ဗွမ်းး….”

ရေပေါ်ပြန်ပေါ်လာတော့ ..
နှစ်ဦးသား တစ်ကိုယ်လုံး ရွှဲစိုခါ မျက်နှာကိုယ်စီ ရေများသပ်ချလိုက်ပြီး…
“အဟွတ်….ကျွန်မ ဒီလောက်ပြောနေတယ် သားနဲ့ လူကြီးမင်း..အွန့်…”

နှုတ်ခမ်းပေါ် နွေးကနဲ ကျလာသည့် အနမ်း ခံရသည့် ခံစားချက်ကြောင့်သူမရှိန်းကနဲ ဖြစ်သွားပြီး…
တွန်းထုတ်ပစ်လိုက်သည်။…

“လူကြီးမင်း…လူကြီးမင်းက ကျွန်မရဲ့ ကျေးဇူးရှင်ပါ … ဒီလိုမျိုးအပြုအမူ တွေက လုံးဝမသင့်တော်ပါဘူး …”

“အဟွန်း ဘာလို့ မသင့်တော်ရမှာလဲ…
မင်းရဲ့ ကျေးဇူးရှင်မလို့ ကျေးဇူးပြန်မဆပ်သင့်ဘူးလား…”

“လူကြီးမင်း…ကျေးဇူးဆပ်ရမယ် ဆိုရင်တောင် ကျွန်မ တခြားနည်းနဲ့ပဲ ကျေးဇူးဆပ်ပါရစေ။..ဒီလိုမျိုး..”
ဆက်မပြောပဲ အသံလေး သိမ်ဝင်ခါ တိတ်ဆိတ်သွားသည့် သူမအား မုန်းဘုရင်ကြည့်ခါ သဘောကျစွာ ပြုံးလိုက်ရင်း…

“အဟက်…တခြားနည်း တခြားနည်းလား…တခြားနည်း မရှိဘူး …
ငါ့မှာ အရာအားလုံး ပြည့်စုံပြီးသား…
ဒါပေမယ့် အခုလိုမင်းနဲ့ တွေ့ စုံမိချိန်ကစလို့ တစ်ခုတော့ မဖြစ်မနေ လိုအပ်လာတယ်…
အဲ့လိုအပ်ချက်က မင်းပဲ…
မင်းကို ငါပိုင်ဆိုင်ချင်တယ်…
ဟင့်အင်း…မဟုတ်သေးဘူး အဲ့ဒါမှားတယ် မင်းကို ငါပိုင်တယ်။…”

မုန်းဘုရင်၏ စကားကြောင့် သူမ နားမလည်နိုင်စွာ ထိန့်လန့်သွားပြီး…
“ဟင့်အင်း မဟုတ်ဘူး ကျွန်မကို ဘယ်သူမှ မပိုင်ဘူး ကျွန်မကို ကျွန်မပဲ ပိုင်တယ်။..
ကျွန်မကို ကူညီကယ်တင်ပေးခဲ့တဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။..
အဲ့အတွက်လည်း ကျွန်မ ကျေးဇူးပြန် ဆပ်မှာပါ။..”
ထိုသို့ပြောခါ ပြုတ်ကျနေသည့် ရေကန်ထဲမှ တတ်ရန် သူမပြင်လိုက်သည်။…

သူ့အားကျောခိုင်းခါ အပေါ်သို့ တတ်ရန် ပြင်နေသည့် သူမအား အနောက်မှ
ဇွတ်ထွေးဖက်လိုက်ရင်း…
ယဲ့ယဲ့လေးပေါ်နေသည့် ပုခုံးသားဖွေးဖွေးလေး နှင့် ကျော့ရှင်းသည့် လည်တိုင်ဖြူလေးအား နှာတံနဲ့နှုတ်ခမ်းတို့အား အသုံးပြု၍ နမ်းရှူံ့လိုက်ခြင်းကြောင့်..
“အို…လူကြီးမင်း..ဒီလိုမလုပ်ပါနဲ့ လွှတ်ပါ..”

“အဟင်း…မလွတ်ဘူး ဒါကဘယ်လဲ..မင်းကိုယ့်ကို ဒီလိုလွယ်လွယ်နဲ့ ရှောင်ပြေးလို့ ရမယ် ထင်နေတာလား…
မလွယ်ဘူးနော် …
.ကိုယ်မင်းသိအောင် တစ်ခု ပြောပြမယ်…ကိုယ့်လိုလူမျိူးက အကျိုးအမြတ်မရှိပဲ ဘာတစ်ခုမှ မပေးစပ်တတ်ဘူး..
မင်းကို အခုလို အသက်အန္တရာယ်ရှိတဲ့ ကြားက ကူညီခဲ့တယ် ဆိုတာ ကိုယ် မင်းကို သဘောကျလို့…
မင်းကို လိုချင်လို့…
မင်းကို ပိုင်ဆိုင်ချင်လို့ …
သူတို့လက်ထဲက ကိုယ်ဒီလို အရဲစွန့်ကယ်ထုတ်ခဲ့တာ”

ထိုစကားကြောင့် ရှောင်လု ကျက်သီးမွေးညင်းများ ဖြန်းကနဲ ထသွားရပြီး…
သူမ သူ့ကို ဖြူစင်စွာ ကူညီပေးခဲ့သည် အထင်နဲ့…
လေးစားချစ်ခင်မိခဲ့တာ …
အခုတော့ အခုတော့ သူက သူ့အကျိုးအမြတ်အတွက် သူမကို တမင်ကူညီပေးခဲ့သည်တဲ့လား…
သူမ ထင်ထားခဲ့တာနဲ့ သူက တတ်တတ်စင် လွဲမှားနေပါရောလား..
အထင်နဲ့အမြင် လွဲမှားသည့် အဖြစ်ကြောင့် သူမ ရင်နာမဆုံး ဖြစ်ခါမျက်ရည်များ စီးကျလာ၏။….
ထို့နောက် သိုင်းဖက်ထားသည့် သူ၏လက်တို့အား ဆွဲဖြုတ်ခါ…
အနောက်သို့ ပြန်လှည့် ကြည့်လိုက်ပြီး….
“ဒီမှာ လူကြီးမင်း..ကျွန်မက သက်ရှိလူသားတစ်ယောက်ပါ…
လက်ညိုးညွှန်ရာ စေခိုင်းဖို့ နဲ့ လိုရာသုံးပြီးလုပ်ချင်သလို လုပ်လို့ရတဲ့ သက်မဲ့အရုပ် မဟုတ်ပါဘူး…
နောက်ပြီး …လူကြီးမင်း..သေချာမှတ်ထားပါ … ကျွန်မကို ကျွန်မကလွဲရင် ဘယ်သူမှ ကျွန်မကို မပိုင်ဆိုင်ပါဘူး…”

မုန်းဘုရင် သဘောကျစွာဖြင့် ဒေါသရိပ်များ သန်းနေသည့် ရှောင်လု ပါးပြင်လေးအား ဖွဖွလေး ထိတို့လိုက်ရင်း…
“အဟင်း…ကိုယ့်အမြင်ကတော့ မင်းဟာ သက်ရှိအရုပ်ကလေး တစ်ရုပ်ပါပဲ…
မင်းက..လှလဲလှတယ် ကြင်နာတတ်တဲ့ နှလုံးသားလည်း ရှိတယ်။…
နောက်ပြီး မဆိုသလောက် မာနလေးလဲ ရှိနေပါ့လား…
အဟင်း..မထင်ထားခဲ့ဘူး..
တကယ်တမ်း မင်းသိလား ကိုယ်ကမင်းကို ဆောင်ကြာမြိုင်ကနေ ကယ်ထုတ်ပေးယုံတင် မဟုတ်ခဲ့ဘူး အပိုင်ပါဝယ်ခဲ့ပြီးပြီ..”

“ရှင်!…ဘယ် ဘယ်လို”

“အဟင်း အဲ့ကိစ္စ ထားလိုက်ပါလေ…
ဒါပေမယ့် သေချာတာက မင်းဟာ မင်းကိုယ်မင်း မပိုင်တော့ဘူးဆိုတာပဲ..
အဲ့တော့ မင်း နှစ်ခုတည်းက တစ်ခုကိုရွေးခြယ် ရမယ်…
ကိုယ့်ရဲ့ အပိုင်အနေနဲ့ ကိုယ့်နဲ့အတူ လိုက်ခဲ့မလား…
ဒါမှမဟုတ် ဆောင်ကြာမြိုင်က လူတွေ လာဖမ်းတာကို ခံရပြီး…
နေ့ရက်တိုင်းမှာ လူတကာရဲ့ စော်ကားခြင်းကို ခံမလား…
ရွေးပေါ့..အဲ့တော့ မနက်ဖြန်ကြရင် မင်းရဲ့ တိကျတဲ့ ရွေးချယ်မှုကို ကိုယ့်ကို ပြောပါ
နောက်ပြီး ကိုယ့်နာမည်က လူကြီးမင်းမဟုတ်ဘူး ..ကိုယ့်နာမည်က ကျန့်ဖိန့်ကျူး…မှတ်ထားပေါ့…
မင်းနာမည်ကိုတော့ ကိုယ်မမေးပဲတောင် အလွတ်ရနေပြီ။…”

ထိုသို့ပြောခါ အေးစက်စက်အပြုံးဖြင့် မုန်းဘုရင် ရေကန်ထဲမှ ထခါ အရင်တတ်သွားခဲ့ပေမယ့်
သူမကတော့ တွေဝေငေးငိုင်စွာဖြင့် ရေကန်ထဲမှာ ပင်…
အေးစက်စက်လေသံဖြင့် တည်ငြိမ်စွာ ပြောသွားသည့် သူ့စကားတို့ကြောင့် သူမ ကြောက်ရွံ့တုန်လှုပ်မိသည်။…
နှစ်ခုစလုံးက သူမအတွက် အမှန်ပင်အခက်တွေ့ စေသည်မို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ….
စိတ်ဓာတ်ကျခါ လမ်းပျောက်မိသည်။
ဘာတဲ့ ငါ့ကို ငါတောင် မပိုင်တော့ဘူးတဲ့လား…

🌸🌸🌸🌸

ဖျော်ဖြေမှုအစုံအလင်နှင့် အကအလှများ ပြီးစီးသွားတော့…
ချောင်အန်းတစ်ယောက် အခက်တွေ့ရပြီ…
မုန်းဘုရင်အစား နှစ်သက်သည့် ကြင်ယာတော် အား ရွေးချယ်ရန် အချိန်ကျလာခဲ့ပြီဖြစ်သည်။…
လည်ချောင်းထဲတွင် တစ်နေသည့် တံတွေးအား ခက်ခဲစွာ မျိုချရင်း…
ခြေဖျားလက်ဖျားများ အေးစက်လာသည်။..’

စာရွက်တမ်းရှည်ကြီးအား ကိုင်ထားသည့် ပုကွကွ အဝါရောင်ကနုတ်ဝတ်စုံနှင့် လူမှ ကျယ်လောင်စွာဖြင့် စော်အောလိုက်သည်က…
“ဤတစ်ခါသည်ကား မုန်းမင်းတရားခေါ် ရှင်ဘုရင် ကျန့်ဖိန့်ကျူးဟု နာမည်တွင်သည့် ဘုန်းကံကြီးမြတ်လှသည့် ရှင်ဘုရင်မင်းတရားကြီးမှ ပဒုမ္မာရွှေကြာအဆင်းတမျှ လှပလှသည့် ဖိဖုရားအဖြစ် အရွေးချယ်ခံ မင်းသမီးတော်များနှင့် စစ်သူကြီး၊မြို့စား၊နယ်စား ၊တော်ဝင်သွေး ဆက်ယှက်လျောသည့် သူတို့၏ သမီးကညာပျိုများထဲမှ မိဖုရားမြောက်တင်ရန် ရွေးချယ်တစ်လှည့်သာ ဖြစ်သည်။…
ထို့ကြောင့် မင်းတရားကြီး၏ မိဖုရားအဖြစ် အရွေးချယ်တော်ခံရန် အတွက် အရွေးချယ်ခံ ပုဒုမ္မာရွှေကြာအဆင်းကဲသို့ လှပလွန်းကြသည့် ကညာပျိုအမျိုးသမီးများမှာ နာမည်မှတ်တမ်းအလိုက် တစ်ဦးချင်းစီ ဘုရင်၏ ရှေ့တော်မောက်သို့ ကြွရောက်ပေးရမည် ဖြစ်ကြောင်း မေတ္တာရပ်ခံအပ်သည်။…”

“ဒုန်း..တဒုန်း..ဒုန်း..ဒုန်း ..ဒုန်း………..”
စကားဆုံးသည်နှင့် တော်ဝင်စည်တော်ကြီးအား တီးခက်ချလိုက်သည်။…
အလှတကာ့ အလှဆုံးပြင်ဆင်ခါ တော်ဝင်မင်းသမီးများနှင့် အမျိုးသမီးငယ်များ တစ်ဦးပြီး တစ်ဦး ရောက်လာသည့်အခါ ဘုရင်၏အစားထိုးခံ ချောင်အန်းမှာ တစ်ယောက်ပြီး တစ်ယောက် သေချာကြည့်၍ မကြိုက်နှစ်သက်သောကြောင့် လက်ခါပြလေသည်။….
မုန်းဘုရင် အစစ်မဟုတ်သည့် အတွက်ကြောင့် ဘုရင့်အစား သူ တစ်ဦးတစ်ယောက်မျှ မရွေးချယ်ဝင့်ပါ ။
ထို့ကြောင့် တတ်ရောက်လာသမျှ အမျိုးသမီး အပေါင်းတို့အား မနှစ်သက်ကြောင်း ငြင်းဆန်လာရသည်မှာ လည်ပင်းနှင့် လက်များပင် ညောင်းလို့လာသည်။….

“အဟမ်း..နောက်ဆုံး အနေဖြင့် အရွေးချယ် ခံမည့်သူမှာ (..)တိုင်းပြည်၏ မင်းသမီး ရုန်ဟွာသာဖြစ်ပါသည် အရှင်မင်းကြီး…”

ထိုအမျိုးသမီးအား ချောင်အန်းတစ်ယောက် ကြည့်၍ မှင်သက်သွားရသည်။..
“အား ပါးပါး လှလိုက်တဲ့ မိန်းကလေးပါလှလား…
ဖြူနုနေတဲ့ အသားရည်နဲ့ မျက်ခုံး၊မျက်လုံး ၊နှုတ်ခမ်း အို…ပြောရက်စရာမရှိအောင် အတော်လှလွန်းသူလေးပါ့လား..”

အချိန်အတန်ကြာသည်အထိ ငေးကြည့်နေခါ တုံ့ပြန်မှု မပြုသောကြောင့်
“အရှင်မင်းတရားကြီး (…) တိုင်းပြည်၏ မင်းသမီး ရုန်ဟွာအား ကြင်ယာတော် အဖြစ် တင်မြောက်မည်လား…”

မင်းသမီးရုန်ဟွာမှာ ခေါင်းငုံ့အရိုအသေ ပေးလျက်အနေထားမှ ချောင်အန်းအား မုန်းဘုရင်အထင်ဖြင့် မော်ဖူးခါ ပြုံးပြလိုက်၏။…
ထိုအခါမှ ချောင်အန်းတစ်ယောက် အသိစိတ်ပြန်ဝင်ခါ…
အားနာနာဖြင့် ခေါင်းခါရန်းကာ လက်ခါပြလိုက်သည်။…

သူ့စိတ်နဲ့ သူသာဆို မင်းသမီးရုန်ဟွာကို သဘောကျသည်..
သူမကိုသာ ရွေးချယ်ဖြစ်ဖို့ များသည်။…

သို့သော် ဤသည်ကား မုန်းဘုရင်၏ ကြင်ယာတော်ရွေးပွဲဖြစ်၏။..
မုန်းဘုရင်သည် မည်သည့် မိန်းကလေးကိုမှ စိတ်ဝင်စားခြင်း မရှိသူမှန်း သူအနီးကပ် သိသောကြောင့် တစ်ဦးမကျန် အကုန်ငြင်းထုတ်ခါ သူ့အစီစဉ်အတိုင်း မက်တပ်ထရပ်လိုက်ခါ…
မုန်းဘုရင်၏ စိတ်ဆန္ဒအား မှန်းစခါ သူရေးပေးထားသည့် စာအတိုင်း နောက်ခံ အသံတုဦးလေးကွန့်မှ အချိန်ကိုက် ဖတ်ပြနေခြင်းအား ချောင်အန်းတစ်ယောက် ဟန်လုပ်ခါ ပွဲကို အဆုံး သက်ပေးလိုက်၏။…

တစ်ဦးတစ်ယောက်မှ မရွေးချယ်ပဲ အဆုံးသက်ပစ်လိုက်သည့် မုန်းဘုရင်၏ ကြင်ယာတော်ရွေးပွဲအား တတ်ရောက်လာသည့် လူအများရင်မှာ မကျေမချမ်း ဟာတာတာ ဖြင့် ပြန်သွားကြရသည်။….
သို့သော်လည်း ချောင်အန်းမှာ မုန်းဘုရင်အစား အကြောင်းပြချက်ကောင်း ကောင်းကို ဖွဲ့နွှဲ့ ရေးခါ မိန့်လိုက်ခြင်းကြောင့် အချို့မှာလည်း နားလည်းပေးခါ အလျှိုလျှို ပြန်သွားကြသည်။
သို့သော် တစ်ယောက်သောသူ ရုန်ဟွာမှာတော့ …
ဟင့်…မကျေနပ်ဘူး လုံးဝမကျေနပ်ဘူး ငါဒီလောက် လှနေတာ မင်းကြီးက ငါ့အလှတွေမှာ မျောသွားပြီး ငါ့ကို ရွေးချယ်ရမှာလေ အခုတော့…အခုတော့ ဒါဘယ်လို ဖြစ်ရတာလဲ…

မကျေမချမ်းသည်ထက် သူမစိတ်ထင်ထားသည့်အတိုင်း ဖြစ်မလာသောကြောင့် အတော် စိတ်သောက ရောက်ခါ ဒေါသများဖြစ်နေ၏။…

🌸🌸🌸🌸

ပွဲ ပြီးသည်မို့ နန်းဆောင်သို့ ပြန်ကြွရန် ပြင်နေသည့် ချောင်အန်း၏ နံဘေးတွင် ဖန်မိဖုရားခေါင်ကြီး စိတ်မကြည်လင်စွာ လာရပ်ခြင်းကြောင့်…
ချောင်အန်းတစ်ယောက် တုန်လှုပ်သွားပြီး….
အရိုသေပေးခါ လှည့်ကြည့်မိသည်။..
ခြောက်ကပ်ကပ် လည်ချောင်းအတွင်းမှ တံတွေးတို့အား ခက်ခဲစွာမျိုချ လိုက်သည်။….
“သားတော်ဖိန့်…ဒီနေ့ပွဲမှာတော့ သားတော်စိတ်ကြိုက် ကြင်ယာတော်အား မရှာနိုင်သည်ကို မယ်တော် ဘာမျှအပစ် မဆိုလိုချေ။…
အကြောင်းပြချက်ကလည်း ကောင်းသည်မလား…
သားတော်၏ စိတ်အနေထားကိုလည်း မယ်တော်ကောင်းကောင်း သဘောပေါက်သည်ကြောင့် ဤလုပ်ရပ်အား ခွင့်လွတ်ထားသည်။…
သို့ပေမယ့် ၂နှစ်ပင်ပြည့်လို့မှ သားတော်ရည်ရွယ်ချက်နှင့် သားတော်စိတ်ကြိုက် ကြင်ယာတော်အား အကောင်ထည်ဖော် မရှာနိုင်သေးလျှင် မယ်တော်ပြောခဲ့သည့် စကားအတိုင်း
မယ်တော့်စိတ်ကြိုက် မင်းသမီး ရုန်ဟွာကိုသာ လက်ထက်၍ မိဖုရားတင်မြောက်ရမည်။….”

ထိုသို့ခပ်ပျက်ပျက်ပြောခါ အချွေရံများဖြင့် သူမ၏ နန်းဆောင်သို့သာ ခပ်သွက်သွက် ခြေလှမ်းကျဲဖြင့် ပြန်ကြွသွားတော့သည်။…

ထိုစဉ်…အနောက်ဘက်မှ လက်မောင်းအား ဖမ်းကိုင်ခြင်း ခံလိုက်ရသည်ကြောင့် …
တွန့်ကနဲ လန့်သွားခါ လှည့်ကြည့်မိသည်..
“ဟင်..”

“အဟင်း…မလန့်ပါနဲ့ အစ်ကိုတော် မင်းကြီးရဲ့ ညီတော်ပါ
အစ်ကိုတော်က ချေးများလိုက်တာ ဒီလောက်လှပတဲ့ အမျိုးသမီးတွေ များလှစွာကို တစ်ယောက်မှ သဘောမတွေ့ပဲ ငြင်းဆန်ပြစ်ရပ်တယ်။…
ညီတော်သာ အစ်ကိုတော့်နေရာမှာဆို နောက်ဆုံး ခစားတဲ့ မင်းသမီးရုန်ဟွာကို အတော် သဘောတွေ့လို့ ရွေးချယ်မိမှာ။ အတော်လည်း လှသည်မလား…
အဟင်း…ညီတော်က သည်အတိုင်း ပြောပြတာပါ..ပင်ပန်းလို့ ညီတော် နန်းဆောင်ပြန်နားတော့မယ် အစ်ကိုတော်”

ဘုရင့်အယောင်ဆောင် ချောင်အန်းအား မင်းသားကျူ အရိုအသေပေးခါ လစ်ကနဲ ယက်တောင်လေးအား ဖြန့်ခပ်လိုက်ရင်း ဘေးနားမှ ထွက်သွားတော့သည်။…

ချောင်အန်းကတော့ ဘာမျှ နားမလည်စွာ ကြည့်နေရင်း
နန်းဆောင်ပြန်နားဖို့တောင် မေ့သွားခါ ထိူနေရာတွင်သာ ရပ်ကျန်နေခဲ့တော့သည်။…

🌸🌸🌸🌸

“ဒီမှာ….ဒီရွာကို ဒဏ်ရာရထားတဲ့ ယောကျာ်းတစ်ယောက်နဲ့ အင်္ကျီပန်းဆီရောင်နဲ့ အရမ်းလှတဲ့ မိန်းကလေး ရောက်လာတာကို တွေ့မိသေးလား..”

နံဘေးမှ ဖြတ်သွားသည့် ရွာသားအား လက်လှမ်းဆွဲခါ လူထွားအန်ဖောင် မေးလိုက်ခြင်းပင်..

“ဟင့်အင်း …မတွေ့မိဘူး..”


မြင်းစီးခါ မရပ်မနား ခရီးဆက်ခဲ့ခြင်းကြောင့် သူတို့နှစ်ဦးမှာ ရွာသို့ နေ့လည်ပိုင်းလောက် ရောက်ချကြသည်။…
ရွာရောက်သည်နှင့် ဆာလောင်သောကြောင့် ရွာဝင်ပေါက်နားတွင် တွေ့သည့် စားသောက်ဆိုင်သေးလေးတွင် ဖြစ်သလိုဝင်စားခါ အနားယူလိုက်ပြီး ရှောင်လုနှင့် မုန်းဘုရင်အား တစ်အိမ်ဝင် တစ်အိမ်ထွက်…
ရွာထဲ တွေ့သမျှလူတိုင်းအား လိုက်လန်မေးနေမိသည်။…
ယခုဆို ညနေ နေပင်စောင်းလို့လာခဲ့သည်။..လိုက်လန်မေးနေပေမယ့် တစ်ဦးတစ်ယောက်မျှ မသိကြသလို မတွေ့ဟုသာပြောကြသည်။…

ထိုစဉ် စျေးဝယ်ထွက်လာသည့် ဒေါ်လေးခမ်အား သူတို့မြင်တော့ လှမ်းခေါ်လိုက်ခါ…
“ဟေး..ဟေး..အဒေါ်ကြီး..”

လှမ်းခေါ်သည့် ထိုလူနှစ်ယောက်အား ဒေါ်လေးခမ် မျက်မှောင်ကျုံ့ခါ ကြည့်လိုက်ရင်း….
အို ဘယ်လိုတုန်းဟဲ့ သူ့အသက်ရွယ်နဲ့ များ လူကို အဒေါ်ကြီးတဲ့…
ငါ့ရုပ်က သူအဒေါ်ကြီး ခေါ်ရလောက်အောင်ထိ အရွယ်လဲ မရင့်သေးပါဘူး….

ထိုလှမ်းခေါ်လိုက်သည့် လူထွားအန်ဖောင်မှာ သူတို့အား မျက်မှောင်ကျုံ့၍ ကြည့်နေသည့် ဒေါ်လေးခမ်အား…
“ဒီမှာ အဒေါ်ကြီး…ဒီရွာထဲ အင်္ကျီပန်းဆီရောင် နဲ့အရမ်းလှတဲ့ အမျိုးသမီးနဲ့ ဒဏ်ရာရထားတဲ့ အဝတ်အမဲနဲ့ လူ နှစ်ယောက် လာတာ မြင်မိသေးလား…”

လူကို အခြေအမြစ်မရှိ လာမေးနေသည့် ထိုလူနှစ်ယောက်အား ဒေါ်လေးခမ် နှာခေါင်း ရှုံ့ကာ ခေါင်းခါရန်းပြ လိုက်ပြီး….
“ဟင့်အင်း ..မမြင်မိဘူး…”

“မမြင်ဘူးလား ..ဟာ…💢တောက်…”

ရုတ်တရက် ကျယ်လောင်စွာ ခေါက်လိုက်သည့် တောက်ခေါက်သံကြောင့် ဒေါ်လေးခမ်မှာ လန့်ထွက်သွားရပြီး…
ရင်ဘက်လေးအား ဖိလိုက်ခါ…
“ရှင်တို့ မေးစရာ ဒါပဲမလား..ကျွန်မ ဝယ်စရာရှိသေးတယ် ဖယ် အရှေ့က…”

လေသံမာမာဖြင့် ပြောနေသည့် ဒေါ်လေးခမ်အား လူထွား အန်ဖောင်မှ မျက်မှောင်ကျုံ့ခါ စိုက်ကြည့် လိုက်ပြီး…
“နေဦး အဒေါ်ကြီး … ဒီရွာမှာ အငှါးတည်ခိုးဆောင်ဘယ်နား ရှိလဲ…”

ဒေါ်လေးခမ် စိတ်မရှည်စွာ ထိုလူနှစ်ယောက်အား ကြည့်လိုက်ရင်း…
“ဟိုး…မှာမြင်လား(..)စားသောက်ဆိုင် .. အဲ့ဆိုင်ရဲ့ ဘေးက အိမ်ကြီးက ရှင်တို့ ရှာနေတဲ့ အငှါးတည်ခိုဆောင်ပဲ…
ကဲရပြီမလား …ဖယ်တော့ အရှေ့က နောက်ကျနေပြီ..”

ထိုအခါမှ အန်ဖောင်နှင့်(..)တို့ အရှေ့မှ ပိတ်ရပ်နေခြင်းအား ဖယ်ပေးလိုက်ပြီး…
ထွက်သွားသည့် ဒေါ်လေးခမ်အား မျက်စိတစ်ဆုံး လိုက်ကြည့်မိရင်း
တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆုံမိကြသည်။…
“ဟေ့ကောင်…မင်းက ဘာလို့ လိုက်ကြည့်တာလဲ…”

လူထွားအန်ဖောင်၏ အမေးကြောင့် ညိုပိန်ပိန်နှင့်(..)မှာ ခေါင်းကုတ်ခါ ရယ်ပြလိုက်ရင်း…
“ဪ..ဟဲဟဲ…အဒေါ်ကြီးသာပြောတာ အရွယ်တင်ပြီး လုံးကြီးပေါက်လှနဲ့ အတော်လှလို့ပါ အစ်ကိုကြီး…”

“အောင်မာ မင်းက ရတဲ့အချိန်လေးတောင် လိုက်တဏှာရူး နေသေး..”

“ဖြောင်း..”

“အ့..”
ခေါင်းအား ရိုက်ခါပြောလိုက်သည့် လူထွားအန်ဖောင်အား …နာသွားသည့် ခေါင်းလေးအားပွတ်လိူက်ရင်း (…)ပြန်ကြည့်ခါ…
“ကျွန်တော့်သာ ပြောနေတာ အစ်ကိုကြီးကကော ဘာလို့ အဲ့အဒေါ်ကြီးကို မျက်စိတစ်ဆုံး လိုက်ကြည့်နေရတာလဲ”

ထိုအခါမှ လူထွားအန်ဖောင် သူ့ကိုယ်သူ သတိထားမိခါ မျက်နှာ ပျက်သွားပြီး…
“ငါလား အဟမ်း..ငါက ဒီအတိုင်း လှလို့ ကြည့်ယုံပါပဲ…”

“ဟမ်း..ဘာထူးလဲ အစ်ကိုကြီးလဲ ကျွန်တော့်လို တဏှာရူးပါပဲ…”

“ဘာကွ ဟေ့ကောင်…”

(..)၏ လည်ပင်းအင်္ကျီစ အား စောင့်ဆွဲခါ လက်သီးနှင့်ထိုးဖို့ ရွယ်လိုက်ခြင်းကြောင့်…
“အာ…အာ မ မလုပ်ပါနဲ့ အစ်ကိုကြီး ဟဲဟဲ ကျွန်တော်ကနောက်တာပါ ဒီည ဒီရွာမှာ နားပြီး သူတို့ကို ဆက်ရှာမှာမလား အစ်ကိုကြီး..”

စကားလမ်းကြောင်း လွှဲလိုက်ခြင်းကြောင့် လူထွားကြီးအန်ဖောင် ဆွဲထားသည့် အင်္ကျီ စအားလွှတ်လိုက်ခါ…
“အေး…ဟုတ်တယ်…သွား မင်းအရှေ့ကနေ…အဲ့ထဲဝင်ပြီး အခန်း၂ခန်းယူ လိုက်…”

“ဟုတ်ကဲ့ အစ်ကိုကြီး..”

ညိုပိန်ပိန်ဖြင့်(..)မှာ အငှါးတည်းခိုဆောင် ဘက်သို့ ခပ်သွက်သွက် ပြေးသွားခါ ဝင်သွားတော့သည်။…

လူထွားအန်ဖောင်ကတော့ ဟိုဝေ့သည်ဝေ့ဖြင့် ပက်ဝန်းကျင်အား ဝေ့ဝဲကြည့်ရင်း ဒေါ်လေးခမ်အား တွေ့လို့ တွေ့ညား လိုက်ရှာကြည့်နေ၏။…

ထိုလူမှာ ဒေါ်လေးခမ်အား မြင်မြင်ချင်း သဘောကျသွားပုံပေါ်သည်။..

လူကောင်ကြီးခါ ရက်စက်ကြမ်းတမ်းပေမယ့် သူလဲ နှလုံးသားရှိသည့် လူသားထဲက လူသားမျိုးနွယ်မို့ ချစ်ခွင့်တော့ရှိသည်မလား….

🌸🌸🌸🌸 အပိုင်း ၁၀ဆက်ရန်>>


rate now: