book

Index 8

(အပိုင်း ၈)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸

ချောင်အန်းတစ်ယောက် ယခုချိန်ထိ ပြန်ရောက်မလာသေးသော မုန်းဘုရင်ကြောင့် အတော်ရင်တုန်ခါ သောကများနေရသည်။…
မုန်းဘုရင် ခရီးလွန်သည့် နေ့ကစလို့ နေ့ရက်တိုင်းမှာ မလုံမလဲဖြင့် သူဖြတ်သန်းနေရသည်။..
အကြောင်းမှာ ဘယ်အချိန်များ အယောင်ဆောင်ဘဝ လူမိမလဲဆိုသည့် စိတ်ကြောင့်ပင်….
ဘုရင့်အပါးအမြဲ ခစားသည့် မူးမတ် ၊သေဏာပတိတို့ တိုင်းပြည်ရေးရာ ကိစ္စရပ်များအား လာရောက် ဆွေးနွေးလျှောက်တင်ပါလျှင် ချောင်အန်းတစ်ယောက် တည်ငြိမ်စွာ ဖြေရှင်းနိုင်၍ မတုန်လှုပ်ပါ…။
သို့သော် သူ အထူးသဖြင့် ထိန့်လန့်ကြောက်ရွံ့ရသည်က မင်းသားကျူနှင့် ဖန်မိဖုရားခေါင်ကြီးကိုပင်….
ထိုသူနှစ်ဦးမှာ မုန်းဘုရင်၏ သွေးရင်း သားရင်းများ ဖြစ်ခါ တစ်ချက်မှ အမှားခံလို့ မရသည့် သူနှစ်ဦးမို့ …
ထိုသူနှစ်ဦးနှင့် တွေ့ရမည်ကို ပိုကြောက်၍ ထိန့်လန့်ခါ ရင်တုန်သည်။…

ယခု အဲ့ထက်ဆိုးဝါးသည့် အရာက …
မနက်ဖြန်ဆို ကြင်ရာတော်ရွေးပွဲကြီး ကျင်းပတော့မည်…
ယခုချိန်ထိ ကာယကံရှင် မင်းကြီးမှာ နန်းတော်သို့ ပြန်ရောက်လာခြင်း မရှိချေ…
ခရီးလွန်နေသည့် မင်းကြီးမှာ ခါတိုင်းလို နန်းတော်အနီး မြို့ရွာတွင်မဟုတ်…
ဟွာထန်တိုင်းပြည် အခြေအနေအား စုံစမ်းရန်အတွက် ဝေးလန်သည့် နေရာဒေသအား အဖော်မပါ တစ်ဦးတည်း ခရီးနှင်သွားခြင်းပင်….။

ချောင်းအန်းတစ်ယောက် နန်းဆောင်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ခါ ခေါင်းပူနေ၏။
ထိုစဉ်အကြံကောင်း တစ်ခုရသွားပုံပေါ်သည်။…
လမ်းလျှောက်နေခြင်းအား ရပ်လိုက်ပြီး….
မင်းကြီးပြန်မလာသည့် အဆုံး မနက်ဖြန် ပွဲအတွက် အဆင်ပြေအောင် စီစဉ်ရန် အကြံဉာဏ်အား အကောင်ထည်ဖော်ရန်….
“အဟွန်း …ဟုတ်သားပဲ ငါဦးလေးကွန့်ကို သွားရှာပြီး အကူအညီတောင်းရမယ်”…

ချက်ချင်းပဲ နန်းဆောင်အပြင်သို့ မည်သူမျှ သတိမထားမိအောင် ထွက်ရန် သူ ပြင်ဆင်လိုက်တော့သည်။….

🌸🌸🌸🌸

“ဟ့..ဟ့ တလုတ်…တလုတ် ..တလုတ်💨..ဟည်းးးးး🐴

ချောင်းစပ်နားသို့ ရောက်တော့ သူတို့ အကုန် ဒွီဟဖြစ်ကုန်ကြ၏…
အကြောင်းမှာ မြေပြင်ဟာ ခြေရာမကျန်သည့် ကျောက်ခဲလုံးများ ဖြစ်နေခြင်းကြောင့်ပင်….
💢တောက်!…ဒီလို ကျောက်တုံးတွေ ဆိုမှတော့ ငါတို့ ဘယ်လို ဆက်ပြီး ခြေရာခံလို့ ရမှာလဲ …ရှီး..”

ထိုစဉ် မြောက်ဘက်နားမှ အသံတစ်ခု..
“အစ်ကိုကြီး…အစ်ကိုကြီး..ဒီမှာ ပစ္စည်းတစ်ခုတွေ့ထားတယ်…”

ယူပြလာသည့် ပစ္စည်းအား ကြည့်လိုက်တော့ ရွှေမှုန်တချို့ ယေးယေးလေး ကပ်နေသည့် အမဲရောင် မျက်နှာဖုံးပင်…
လူထွားအန်ဖောင် ညစ်ကျယ်ကျယ် ပြုံးလိုက်ခါ …
“ဟားး..ဒီပစ္စည်းက ဟိုငနဲတပ်တဲ့ မျက်နှာဖုံးမပဲ…
အဟွန်း … သေချာတာပေါ့..”

“ဟေး…ဒါကို ဘယ်ကတွေ့ ခဲ့တာလဲ..”

“အဲ့ဒါ ချောင်းစပ်နားက ဟိုကျောက်ပြား ပေါ်ကပါ အစ်ကိုကြီး…”

လှမ်းမေးလိုက်သည့် လူထွားအန်ဖောင်အား ချောင်းကမ်းစပ်တွင် ခြေဆေးနေသည့် ခပ်ပိန်ပိန်အသားညိုညိုနှင့် လူမှ ပြန်ဖြေလိုက်သည်။…

ညွှန်ပြသည့်နေရာအား လူထွားကြီးအန်ဖောင် စူးစမ်းအကဲခက်ရန် အမြန်လျှောက်သွားလိုက်သည်။….
ထိုကျောက်ပြားကြီး ပေါ်တွင် သွေးကွက်အနည်းငယ် စွန်းထင်းနေသည်အား တွေ့လိုက်ရခြင်းကြောင့် …
သူမျက်မှောင်ကျုံ့ခါ ညစ်ကျယ်ကျယ် အပြုံးအား ထက်၍ပြုံးလိုက်ပြန်သည်…
“အဟွန်း…ဒဏ်ရာအတော် ရထားပုံပဲ..
ဒီမှာလည်း ခဏအနားယူ သွားပုံပေါ်တယ်။..
သေချာတာက သူတို့ ဝေးဝေးမပြေးနိုင်ပါဘူး
မကြာခင် ကျိန်းသေပေါက် ငါတို့အဖွဲ့ သူတို့နှစ်ယောက်ကို ဖမ်းမိတော့မှာပါ
အဟွန်း..ဟား ဟား ဟား…”

ရယ်မောလိုက်ရင်းမှ ကျောနောက်ဘက်တွင် တလှုပ်လှုပ်ဖြင့် ဟိုရှာသည်ရှာ /ဟိုလျှောက် သည်လျှောက် လုပ်နေသည့် လူ၃ယောက်အား…
“ကဲ ငါတို့ လူခွဲရှာမှ ရတော့မယ် …
(..)/(…) မင်းတို့ နှစ်ယောက်က ချောင်းတစ်လျှောက် လမ်းအတိုင်း လိုက်ရှာကြ…
ချောင်းကရေတိမ်တော့ ငါနဲ့ဟန်ခုက ဒီချောင်း တစ်ဖက်ကမ်း ကူးပြီး သွားရှာမယ်။…
ဘယ်လိုလဲ သဘောတူကြလား …”

“ဟုတ်တူပါတယ် အစ်ကိုကြီး…”

“ကောင်းပြီ..သေချာရှာကြ….ကြားလား”..

သံပြိုင်အနေထားဖြင့်..
“ဟုတ်ကဲ့ အစ်ကိုကြီး”

“သွားစို့…”

မြင်းကိုယ်စီ စီးနင်းလာသည့် လူ၄ယောက်မှာ နှစ်ယောက်တစ်တွဲဖြင့် လမ်းကိုယ်စီ ခွဲထွက်သွားကြတော့သည်။….

🌸🌸🌸🌸

နှုတ်ခမ်းများ ဖြူခါ တစ်ကိုယ်လုံး မီးကြီးခဲပမာ အဖျားတတ်လာသည့် မုန်းဘုရင်ကြောင့် …

“လူကြီးမင်း…လူကြီးမင်း သတိထားပါဦး…လူကြီးမင်း…”
ဟင်…ငါဘယ်လိုလုပ်ရမလဲ…
သူအဖျားတွေ အရမ်းတတ်နေပြီ…
ငါဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ…”

“အ့…”
ဆူးကိုင်းတစ်ခုဖြင့် သူမခြေထောက်အား ခြစ်မိသွားခြင်းပင်….

ထိုအဖြစ်ကြောင့် သူမ တစ်စုံတစ်ခုအား သတိရသွားတယ်….

•••••••
“အ့…”

“ဘာဖြစ်တာလဲ ရှောင်လု…”

အနောက်သို့ လှည့်ကြည့်ခါ မေးလာသည့် အဘွားကျန့်အား…
“ဟို…ဒီဆူးပင်က ဆူးကိုင်းနဲ့ ခြစ်မိသွားလို့ ပါ ..”

“ဪ …သေချာလေး ကြည့်သွားမှပေါ့ ရှောင်လုရယ်…
လာ..လာ..အဘွားတို့ ရွာကို ပြန်ဖို့ အချိန်တော်နောက်ကျနေပြီမို့ အစ်ကိုကျိုင်စီမှာ ဒီတစ်ညတော့ ဝင်နားမှ ရမယ်…”

အဘွားကျန့် စကားကြောင့် သူမနားမလည်သလို အူတူတူဖြစ်သွားရ၏။..
“အစ်ကိုကျိုင်….အဲ့ဒါ ဘယ်သူတုန်းအဘွား…”

အဘွားကျန့်မှာ အသံလေးထွက်အောင် ရယ်လိုက်ပြီး..
“အဟင်း..သူက အဘွားရဲ့ အစ်ကိုအရင်းလေ.. အရမ်းတော်တဲ့ ဆေးသမားတော် တစ်ယောက်ပေါ့..အခုတော့ သူ အကြောင်း အမျိုးမျိုးကြောင့် သည်တောနက်ရဲ့ ဘယ်သူမှ သတိမထားမိတဲ့ တောင်ခြေရင်းမှာ တစ်ယောက်တည်း နေနေတာပေါ့…”

အကြောင်းအမျိုးမျိုး ဆိုသည့် စကားကို သူမစိတ်ဝင်စားသည်။…
ဘာအကြောင်းကြောင့်များ ဒီလိုတောနက်ထဲမှာ တစ်ဦးတည်း သီးခြားနေနေသလဲ ဆိုတာ သူမ သိချင်မိသည်။..
ထို့ကြောင့်….
“အကြောင်းအမျိုးမျိုးဆိုတာ ဘာအကြောင်းကြောင့်လဲ အဘွား ..
သိခွင့်ရမယ်ဆို ရှောင်လု သိချင်ပါတယ်။..”

အရှေ့မှ ဦးဆောင်သွားနေသည့် အဘွားကျန့်မှာ ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်….
“အင်း….သိချင်တော့လဲ ပြောပြရမှာပေါ့ကွယ်…

•••••••••
မိုးတွေသည်းကြီးမဲကြီး ရွာခါ လျှပ်စီးများ တစ်လပ်လပ်ထနေသည့် မှောင်မိုက်သည့် ညတစ်ညတွင်….

“သမားတော်ကျိုင် …သမားတော်ကျိုင်…ကယ်ပါဦး…ကယ်ပါဦး ကျုပ် သားလေးကို …”

ကလေးအား ပွေ့ချီခါ ရောက်လာသည့် ရွာမျက်နှာဖုံး သူဌေးကြီး(..)ကြောင့် သမားတော်ကျိုင် အပြေးအလွှား သွားခါ တံခါးဖွင့်ပေးလိုက်သည်။
“သမားတော်ကျိုင်…ကယ်ပါဦး ကျုပ် သားလေးကို…”

မိုးရေများ ရွှဲစိုခါ စိုးရိမ်မှုအပြည့် အကူအညီတောင်းနေသည့် မျက်လုံးများဖြင့် ကြည့်နေသည့် သူဌေးကြီး(..)ကြောင့် ပွေ့ချီထားသည့် ကလေးအား သမားတော်ကျိုင် ကြည့်လိုက်တော့…
ကလေး၏ နှုတ်ခမ်းများမှာ ခရမ်းရောင်သန်းခါ အသားရည်မှာ မဲပြာရောင် သန်းနေ၏…။
ထို့အဖြစ်ကြောင့် အဘိုးကျိုင် မျက်မှောင်ကျုံ့ခါ ဖြင့်
“ကလေးက ဘာဖြစ်လာတာလဲ “

သမားတော်ကျိုင်၏ အမေးကြောင့် သူဌေးကြီး(..)မှ တုန်ရီ အက်ကွဲသော ငိုသံဖြင့်…
“အကောင်ကိုက်ခံရတာပါ သမားတော်ကျိုင်…”

“အကောင်ကိုက်ခံရတယ် …”

“ဟုတ်ပါတယ် သမားတော်ကျိုင် ..”

နားမလည်သလို ကြည့်လိုက်ရင်း…ထိုအခါမှ သမားတော်ကျိုင် ကလေး၏ လက်ကောက်ဝတ်တွင် တစ်ခုခုအကိုက် ခံထားရသည့်နယ် အဆိပ်တတ်ခါ ထင်းနေသည့် နီညိုရောင် အကွက်အား တွေ့လိုက်ရသည်။…
ကလေး၏ လက်ကောက်ဝတ်အား အမြန် ဆွဲယူခါ သေချာကြည့်လိုက်တော့ …
အဆိပ်ပြင်းလှသည့် ရှားပါး(..)ပင့်ကူနက် အကိုက်ခံထားရခြင်းပင်…

“လုပ်ပါဦး သမားတော်ကျိုင် သားလေးကို ကယ်ပါဦး …သူအဆိပ်တွေ အရမ်းတတ်နေပြီ..ဟီး…ဟီး”

အေးစက်နေသည့် ကလေး၏ လက်ကောက်ဝတ်အား သမားတော်ကျိုင် ကိုင်ခါ သွေးခုန်နှုန်းနှင့် အခြေနေအား စမ်းသပ်ကြည့်လိုက်၏။…
အခြေအနေက လုံးဝ မကောင်း လှ။..
ပင့်ကူအဆိပ်ဖြေနိုင်သည့် ဆေးပစ္စည်းမှာလည်း သူတို့ဒေသတွင် လုံးဝမရနိုင်သည့် ပစ္စည်းဖြစ်နေသောကြောင့်…

သမားတော်ကျိုင် စိတ်မကောင်းစွာဖြင့် ခေါင်းခါရန်းရင်း…
“ဒီအဆိပ်ကို ဖြေဖို့အတွက် (…. )ရှိမှ ဖြစ်မှာ အဲ့အရာက ရှာရခက်ပြီး ဒီဘက်နယ်မြေ ဒေသမှာ လုံးဝမရှိဘူး …
ဒါ..ဒါကြောင့် ကျွန်တော် သူဌေးမင်းသားလေးကို မကယ်ပေးနိုင်တာ စိတ်မကောင်းပါဘူးဗျာ..”

မကယ်ပေးနိုင် ဆိုသည့် စကားကြောင့် သူဌေးကြီးမှာ ချက်ချင်းဆိုသလို ဒေါသအရိပ်တို့ ထင်းခါ မျက်ရည်များ စီးကျနေသည့် စူးရှခက်ထန်သည့် မျက်ထောင့်နီရဲကြီးဖြင့်..
“ဘာဗျ..ခင်ဗျက အရမ်းတော်တဲ့ ဆေးသမားတော် ဖြစ်နေပြီးတောင် ကျုပ်သား အသက်ကို မကယ်ပေးနိုင်ဘူး ဟုတ်လား…”

“ကျွန်တော်တကယ် စိတ်မကောင်းပါဘူး သူဌေးမင်း…
အဆိပ်ဖြေနိုင်တဲ့ ဆေးပစ္စည်းဟာလဲ ကျွန်တော့်စီမှာ ရှိမနေပါဘူး …
ဒီအဆိပ်ကို (…)ကလွဲရင် အခြားဆေးပစ္စည်းနဲ့ အစားထိုးသုံး မရတဲ့အတွက်…ကျွန်တော့်မှာ ရွေးချယ်စရာ မရှိပဲ လက်လျော့လိုက်ရခြင်းပါ… ”

“အဲ့လို မလုပ်ပါနဲ့ …လက်မလျော့လိုက် ပါနဲ့ သမားတော်ကျိုင် …သမားတော်ကျိုင်က ဒီရွာမှာ အတော်ဆုံး ဆေးသမားတော်ပဲလေ ဒါကြောင့် ကျေးဇူးပြုပြီး ကျုပ်သား အသက်ကို မရ ရအောင် ကယ်တင်ပေးပါ…
အဲ့အတွက်လည်း သမားတော်ကျိုင် မနစ်နာစေရပါဘူး ကျုပ်သားလေးသာ အသက်ရှင်မယ်ဆို ကျုပ်ရှိသမျှ စည်းစိမ် အကုန်ပုံပေးပါ့မယ်…
ကျေးဇူးပြုပြီး …ကျေးဇူးပြုပြီး..ကျုပ်သားလေး အသက်ကို မရရအောင် ကယ်တင်ပေးပါ…ဟီး..ဟီး”

သမားတော်ကျိုင်တစ်ယောက် စိတ်မကောင်းစွာဖြင့် မျက်လွှာချခါ ခေါင်းခါရန်းလိုက်ပြီး…
“မဖြစ်နိုင်လို့ပါ သူ​ဌေးမင်း…
ကျွန်တော်တကယ် စိတ်မကောင်းပါဘူး…”

သမားတော်ကျိုင် ကျောခိုင်းခါ လှည့်ထွက်သွားချိန်တွင်…
“အဟွတ်…အဟွတ်..ဟင့်..”

ချောင်းဆိုးသည် နှင့်အတူ ပါလာသည့် ကလေး၏ပါးစပ်မှ ညိုပုတ်ပုတ် သွေးရောင်တို့ကြောင့် သူဌေးကြီးမှာ မျက်လုံးများ ပြူးကျယ်သွားပြီး…
“ဟင်..သား..သားလေး ချောင်းဆိုးတာကို ပါးစပ်ထဲက ဘာလို့ ဒီလိုသွေးတွေ ပါနေရတာလဲ ..သမားတော်ကျိုင်..သားလေးကို ကယ်ပါဦး ကျုပ် ရှိခိုးပြီး တောင်းပန်ပါတယ်…ကျုပ်သားလေး အသက်ကို ကယ်တင်ပေးပါ ကယ်တင်ပေးပါ ဟီး ဟီး..ကျုပ်တောင်းဆိုပါတယ် ..သမားတော်ကျိုင်…”

သမားတော်ကျိုင် အနောက်သို့ ပြန်လှည့်ကြည့်ခါ…
“ကျုပ်ပြောပြီးပြီပဲ ကျုပ်လဲ တကယ်ကို ဘာမှမတတ်နိုင်လို့ပါ သူဌေးမင်း..”

ထိုငိုနေသည့် သူဌေးကြီးအား..
ပွေ့ချီထားသည့် ကလေးလေးမှာ လည်ပင်းအား ကျစ်နေအောင် ထွေးဖက်လိုက်ပြီး…
“သားသား ချမ်းတယ်ဖေဖေ…နောက်ပြီး သားသားအရမ်း ပင်ပန်းနေလို့ အိပ်တော့မယ်…”

ထိုစကားကြောင့် သူဌေးကြီးမျက်လုံးများ ပိုပြူးကျယ်ခါ ကလေး၏ စကားအား လက်မခံပဲ ငြင်းဆန်လိုက်သည်။..
“ဟင့်အင်း..သား …သားမအိပ်ရဘူး…
သားအိပ်လို့မဖြစ်ဘူး ..သား သားလေး မအိပ်ရဘူးနော်…ဒီတစ်ခါတော့ ဖေဖေစကားကို နားထောင်ပါကွာ သားလေးရယ်…မအိပ်ရဘူးနော်..”

မျက်လုံးလေးများ မှေးစင်းကျနေသည့် ကလေးငယ် ပါးလေးအား ဖွဖွလေး ဖိညစ်ခါ လှုပ်ရင်း မအိပ်ဖို့ ဇွတ်တားနေသည့် သူဌေးကြီးအား သမားတော်ကျိုင် ကြည့်ခါ စိတ်မကောင်းလှပေ။..
သို့သော် ဤကလေးငယ် အသက်အား ကယ်တင်ရန် သူ့တွင်လည်း နည်းလမ်းမရှိသောကြောင့် မဖြစ်မနေ လက်လျော့ လိုက်ရခြင်းပင်….



သူဌေးကြီးမှာ ကလေးငယ်အား ဇွတ်လှုပ်နိုးခါ မအိပ်ဖို့တားနေပေမယ့်
ကလေးငယ်မှာ နောက်ဆုံးအနေဖြင့်..
“ဖေဖေ သားသားကို အိပ်ခွင့်ပြုပါ သားသား အရမ်းပင်ပန်းနေပြီ..”

ထိုသို့ပြောခါ ကလေးငယ်မှာ သူ့အားထွေးဖက်ထားသည့် လက်ကလေးများ အားလျော့ခါ ပြေကျသွားတော့သည်။..
တစ်ချိန်တည်းမှာပင် လျှပ်တစ်ဝင်းဝင်းဖြင့် မိုးခြိမ်းချခါ မိုးများ ပိုမိုသည်းထန်လာတော့သည်။…
“သားးး…သားးလေးးး…”
ရင်ကွဲမတတ် ခံစားရပြီး အက်ကွဲစွာ သား..ဟု ခေါ်လိုက်ရင်း…
အသက်မဲ့ အိပ်ပျော်သွားသည့် ကလေးငယ်အား တင်းစွာထွေးဖက်ရင်း.. ယူကျုံးမရစွာ သူဌေးကြီး အော်ငိုနေတော့သည်။…
“သား…သားလေး ဖေဖေသားလေး…ဖေဖေကို ခွဲမသွားရဘူးလေ…ဖေဖေသားလေးကို အရမ်းချစ်တာလေ..ဖေဖေအလုပ်သမားတွေနဲ့ အတူ တောထဲသစ်ခုတ် သွားတိုင်း သားလေးလည်း လှည်းပေါ် အတူပါလာနေကြလေ…
အခု..အခု ဖေဖေမှာ အဲ့သားလေးမရှိတော့ဘူးပေါ့…ဟီး..ဟီး..သားး ..သားလေး..ဖေဖေနှလုံးသားလေး.”
ကလေးငယ်၏ မျက်နှာလေးအား နမ်းရှုံ့ခါ ငိုနေရင်းမှ ဒူးထောက်ချလိုက်သည့် သူဌေးကြီးအား သမားတော်ကျိုင် မကြည့်ရပ်တော့သည်ကြောင့်…

“သူဌေးမင်း..ကလေးအတွက် ကျုပ်လည်း တကယ် စိတ်မကောင်းပါဘူး..”

“ဖယ်စမ်း ခင်ဗျလက်တွေ…”
ပုခုံးအား လာကိုင်သည့် သမားတော်ကျိူင် လက်အား ပုတ်ထုတ်ချ လိုက်ခါ…
“အခုမှ ကျုပ်ကိုလာပြီး ဘာမှလာပြောမနေနဲ့…ကျုပ်သား အခုလိုသေရတာ ခင်ဗျကြောင့်..ဆေးကုမပေးပဲ ပစ်ထားတဲ့ ခင်ဗျကြီးကြောင့် သေရတာ..
အဟင်း..အသုံးမကျတဲ့ ဆေးသမားတော် ..သုံးစားလို့မရတဲ့ ဆေးသမားတော် ခင်ဗျလို ဆေးသမားတော် ကျုပ်တို့ ရွာမှာ ရှိနေလည်း အလကားပဲ…
လူ့အသက်တစ်ချောင်းတောင် ဒီလောက်ငိုယိုပြီး ကယ်တင်ပေးဖို့ ပြောနေတာတောင် အကြင်နာတရားမရှိ ဉပေက္ခာပြုခဲ့တယ်…
ခင်ဗျကြောင့် ကျုပ်သား အခုလို မသေသင့်ပဲ သေရတာ…ခင်ဗျကို ကျုပ်လုံးဝ မကျေဘူး..
ခင်ဗျကြီး ဒီရွာမှာ ရှိမနေအောင် ကျုပ်လုပ်ပြမယ်…
ခင်ဗျလုပ်ရပ်အတွက် ခင်ဗျကောင်းကောင်းကြီး နောင်တရစေရမယ်..”

ထိုသို့ပြောခါ အချိန်မှီ မကယ်လိုက်နိုင်သောကြောင့် အေးစက်တောင့်တင်းခါ အသက်မဲ့သွားသည့် ကလေးငယ်အား ငိုယိုစွာ ထွေးပိုက်ရင်း မိုးရွာနေသည့် ကြားမှ သူဌေးကြီး(..)ထွက်သွားခဲ့တော့သည်။….

မနက်ရောက်တော့ တစ်ရွာလုံးနီးပါး ရှိသည့် လူထုကြီးမှာ သမားတော်ကျိုင်အိမ်ရှေ့တွင် ရွာမှ ထွက်သွားပေးဖို့ ဆန္ဒထုတ်ဖော် နေကြသည်။…
ထိုအဖြစ်အား သမားတော်ကျိုင် ကြည့်ခါ သိလိုက်ရသည်က ဤသို့ ဖြစ်အောင် မနေ့ညက သူဌေးကြီးမှ ရွာသားများနှင့် သူ့အား မဟုတ်မမှန် စကားများဖြင့် ဂုန်းတိုက်လိုက်ခြင်းပင်…
ထွက်မသွားပဲ နေနေခဲ့သည့် သမားတော်ကျိုင်အား ရွာသားများမှ တစ်နေ့တစ်ခြား ပိုပိုဆိုးခါ သောင်းကျန်းလာသည်။…
အဆုံးထိ ထွက်မသွားပဲ ရှိနေသည့် သမားတော်ကျိုင်အိမ်အား ရွာသားများမှ မီးဝိုင်း လျှို့လိုက်ကြသည်။…
ထိုအခါမှ စ၍ သူဌေးကြီး ဂုန်းတိုက်စကားအား ယုံကြည်သည့် ရွာသားများအား သမားတော်ကျိုင် အတော်မုန်းတီးခါ စိတ်နာသွားပြီး….
ရွာသားတွေ/လူတွေနဲ့ အတော်ဝေးလန် ခေါင်းပါးရာ ဤတောထဲ၌ တစ်ဦးထဲ သီးသန့်နေထိုင် နေခြင်းပင်….

••••••••••

အတွေးနှင့်အတူ သူမ အားတတ်သွားပြီး အဘိုးကျိုင်ရှိရာ တဲလေးသို့ အဖျားတတ်နေသည့် မုန်းဘုရင်အား တွဲထူခါ ရောက်လာခဲ့သည်။…

“အဘိုးကျိုင်….အဘိုးကျိုင်…သမီးကို ကူညီပါဦး..”

ယိုင်နဲ့ခါ ခြေလှမ်းခပ်နုတ်နုတ်ဖြင့် လာနေသည့် ရှောင်လုတို့အား အဘိုးကျိုင် မျက်စိမှုန်နေခြင်းကြောင့် မည်သူ မည်ဝါမှန်း သဲသဲကွဲကွဲ မမြင်ရခြင်းကြောင့်…

“ဟေ့…ဘယ်သူတွေတုန်း..”

“သမီးပါ…အဘွားကျန့်ရဲ့ မြေးရှောင်လုပါ အဘိုး …”

ထိုအခါမှ သတိရသွားခါ …
“ဪ..ရှောင်လု..ဟုတ်ပြီ ဟုတ်ပြီ သိပြီ..ခလေးမ ဒါနဲ့ ဘာကိစ္စလဲကွဲ့ သည်လောက် ဝေးလန်ခေါင်းပါးတဲ့ နေရာကို…”

တဖြေးဖြေးနီးကပ်လာခါမှ မြင်လိုက်ရသည်က တစ်ဦးတည်း လာခြင်းမဟုတ်ပဲ..နှစ်ဦးဖြစ်နေသောကြောင့်…
“ဒါနဲ့ ဒီသူငယ်ကကော..ဘယ်သူတုန်း”
ပြောရင်း..ထိုင်နေရာမှ ထလာခါ ရှောင်လုအနားသို့ လျှောက်လာလေသည်။…

“ဟို…အဘိုး ဒီလူကြီးမင်းကို ကယ်ပေးပါ သူက ရှောင်လုရဲ့ ကျေးဇူးရှင်ပါ သူ ရှောင်လုကို ကယ်ရင်း အခုလိုဒဏ်ရာ အကြီးအကျယ်ရသွား ရတာပါ။
ကူညီပါဦး အဘိုးရယ်…”

“ဟေ…ဟုတ်သလား..အဲ့ဒါဆို လာလာ ဒီမှာ သူ့ကို လှဲချလိုက်…”

အဘိုးကျိုင်မှ လှဲချရန် ပုတ်ပြနေသည့် ကွတ်ပစ်ပေါ်အား ရှောင်လု တွဲထူထားသည့် မုန်းဘုရင်အား မဆိုင်းမတွလေးလှဲချပေးလိုက်သည်။…
“ဖြေးဖြေး ဖြေးဖြေး ရှောင်လု…”

အချိန်အကြာကြီး တွဲထူလျှောက်လာရခြင်းကြောင့် သူမ ပုခုံးများမှာလည်း ပူထူခါ ထုံကျင်နေ၏။…
ထို့ကြောင့် ဒဏ်ရာနှင့် မုန်းဘုရင်အား လှဲချပေးရာတွင် မညင်သာ ဖြစ်နေခြင်းကြောင့် အဘိုးကျိုင်မှ သတိပေးလိုက်ခြင်းပင်….

အဘိုးကျိုင်မှ ဒဏ်ရာရထားသည့် မုန်းဘုရင်အား နဖူးပြင်သို့ တစ်ချက်စမ်း၏…။
ထို့နောက် လက်ကောက်ဝတ်အား သွေးခုန်နှုန်း တစ်ချက်စမ်းကြည့်လိုက်ပြန်၏။…
ထို့နောက် ရှောင်လုဘက်သို့ လှည့်ကြည့်ခါ…
“ဒဏ်ရာ ရထားတယ်ဆို ဘယ်နေရာ မှာလဲ…”

ပုခုံးနှစ်ဖက်အား ဖိခါ အညောင်းဖြေနေသည့် ရှောင်လု
အမေးအား တုံ့ဆိုင်းမနေပဲ ပြန်ဖြေလိုက်သည်။…
“ရင်ဘက်နဲ့…ခါးစပ်နားမှာပါ အဘိုး..”

ထိုအခါမှ အဘိုးကျိုင်မှ မုန်းဘုရင်ဝတ်ထားသည့် အင်္ကျီအား ဗြုတ်ကနဲ ဆွဲလှန်ကြည့်လိုက်တော့…
ဓားဒဏ်ရာများ ပြဲဟခါ…
အဆိုးဆုံးကတော့ ခါးစပ်နားရှိ ဓားဒဏ်ရာပင်…
ပြဲဟခါ ပြည်များပင်တည်နေ၏။….

အဘိုးကျိုင် မျက်မှောင်ကျုံ့ကာ ခေါင်းရန်းလိုက်ပြီး…
“ရှောင်လု … အထဲက မီးဖိုပေါ်မှာ အသင့်တည်ပြီးသား ရေနွေးဖြူရှိတယ် အဲ့ဒါကို ရေအေးနဲ့ နွေးနေအောင် ရော ပြီးရင် လက်ဆေးဖို့ တစ်ခွက်နဲ့ အနာသန့်စင်ဖို့ တစ်ခွက် နှစ်ခွက် ယူလာခဲ့ပေး နောက်ပြီး အဝတ်သန့်သန့် တစ်ခုလည်း ယူခဲ့ဦး..”

“ဟုတ်ကဲ့..အဘိုး..”

*********
“ရပါပြီ အဘိုး…”

“အေး…နောက်ပြီး ရော့…ဒီဓားနဲ့ အပ်ကို အပူပေးပြီး ပိုးသတ်လိုက်…”

ကမ်းပေးသည့် ဓားသေးနှင့် အပ်အား ယူခါ သူမ အဘိုးခိုင်းသည့် အတိုင်း လုပ်နေစဉ်…
အဘိုးမှာ မုန်းဘုရင်၏ ဒဏ်ရာတို့အား
သူမယူလာပေးသည့် ရေနွေးဖြင့် ဆေးကျော သန့်စင်နေ၏။…

“ရပါပြီ …အဘိုး..”

“အေး..ဟုတ်ပြီ…ဒဏ်ရာ ချုပ်ဖို့အတွက် အပ်မှာ ဟော့ဒီ မြင်းမြီးမွေး တပ်ထားပေး..”(ထိုခေတ်ခါက ယခုခေတ်ကဲ့သို့ ဒဏ်ရာချုပ်ရန် ခေတ်မှီကြိုးများ မရှိ၍ မြင်းမြီးမွေးဖြင့် ဒဏ်ရာချုပ်သည်ဟု လေ့လာတွေ့ရှိရပါသည်။)

အဘိုးကျိုင် လက်အား ရေနွေးဖြင့် ဆေးကြောသန့်စင်ခါ အပူပေးထားသည့် ဓားအား ကိုင်လိုက်ပြီး တည်နေသည့် ပြည်တို့အား ဓားထိပ်ဖြင့် ဖောက်ထုတ်ခါ ညစ်ချလိုက်ခြင်းကြောင့်…..
“အ့ အားးးးး….”
သေမတတ်နာကြင်ခြင်းကြောင့် မုန်းဘုရင်ခမျှ တောထဲတွင် ပဲ့တင်ထက်အောင် ညည်းသံ ထွက်မိ၏။…

“ဟင်!…လူကြီးမင်း …လူကြီးမင်း ဒဏ်ရာအတွက် ခဏပဲ သည်းခံလိူက်နော် ခဏပါပဲ…”

အဘိုးကျိုင်မှ ထက်၍ပြည်များ ညစ်ချလိုက်ခြင်းကြောင့်…
“အားးးးးး…”

“လူကြီးမင်း…”

နာကြင်လွန်း၍ အော်ညည်းနေသည့် မုန်းဘုရင်အား သူမ ကြည့်ခါ သနားဂရုဏာ သက်လွန်း၍ ငိုချင်လာသည်။…

“ကဲပြီးပြီ…ဒီ သွေးပြည်တွေကို သန့်ရှင်းလိုက် ..ပြီးရင် ရော့ ဒီထောင်းထားတဲ့ ဆေးရည်ကို ဒဏ်ရာထဲ စိမ့်ဝင်အောင် လိမ်းပေးလိုက်…အဲ့ဒါ ပြီးတာနဲ့ ဒဏ်ရာကိုချုပ်မယ်…”

“ဟုတ်ကဲ့ အဘိုး…”

“အင်း ..ဒဏ်ရာချုပ်တာ မြင်ရဖို့ အဘိုး မှန်ဘီလူး သွားယူလိုက်ဦးမယ် ကွဲ့…အသက်ကြီးတော့ မျက်လုံးက မှုန်ပြီလေ ကွယ်…အဲ့ဒါကြောင့်မို့ပါ..
ကဲကဲ လုပ်လုပ် သန့်စင်ပြီး ဆေးထည့်ပေးလိုက်..”

“ဟုတ်..”
ဆေးသမားတော် ဖြစ်သည့် အဘိုးပြောသည့်အတိုင်း သူမ တသွေမတိန်း လိုက်လုပ်ပေးခါ တဖြေးဖြေး အချိန်ကုန်လွန်လာခဲ့သည်။…

🌸🌸🌸🌸

“တလုတ်..တလုတ်..💨ဟည်းးး..🐴

တစ်မြောက်မြောက်ဖြင့် စီးလာသော မြင်းအား လမ်းနှစ်ခွ အရောက်တွင် မြင်းအားရပ်လိုက်သည်..
“ဟည်းးး🐴…”

ပိန်ပိန်ညိုညို လူငယ်မှ အနောက်မှ ကပ်ပါလာသည့် လူထွားအန်ဖောင်အား….
“အစ်ကိုကြီး ရှေ့မှာ ခြေရာမတွေ့တော့ဘူး…
နောက်ပြီး လမ်းနှစ်ခွဖြစ်နေတာကြောင့် ဘယ်လိုလုပ်ရမလဲ…”

အရှေ့မှ မေးလာသည့် လူအား စူးရဲစွာ တစ်ချက်ကြည့်ခါ လမ်းနှစ်သွယ်အား မျက်မှောင်ကျုံ့ခါ အကဲခက်လိုက်ပြီး..
“အင်း…ဘယ်ဘက်က လမ်းအတိုင်း တည့်တည့် သွားမယ်ဆို ခရီးအတော်ဆက်ပြီးတာနဲ့ ဟွမ်ကန်ကျေးရွာကို တမ်းရောက်မယ်..
ညာဘက်က လမ်းကတော့ တောင်ပေါ်တတ်တဲ့ လမ်းမလို့..
သူတို့သွားဖို့ မဖြစ်နိုင်လောက်ဘူး ဘယ်ဘက်က လမ်းအတိုင်း လိုက်ကြစို့ ..သူတို့လည်း အခုချိန်လောက်ဆို ခရီးတစ်ဝက်လောက် ရောက်နေလောက်ပြီ..ငါတို့အမှီလိုက်ပြီး ဖမ်းမှဖြစ်မယ် သူတို့ ရွာကိုရောက်သွားရင် လူအများနဲ့ ရောပြီး ရှာဖို့မလွယ်တော့ဘူး ကဲ..အမြန်လိုက်ကြစို့…”

ထိုပိန်ပိန်ညိုညိုနှင့် လူငယ်မှ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ခါ…
“ဟုတ်ကဲ့ အစ်ကိုကြီး..’

“ဟည်းးး🐴 ဟ့…ဟဲ့မြင်း တလုတ်..တလုတ်..💨..”

ပြောပြောဆိုဆိုဖြင့် ထိုလူနှစ်ယောက်မှာ ရွာဘက်သွားသည့် လမ်းအတိုင်း လိုက်သွားကြတော့သည်။…
ထိုလူနှစ်ယောက်မှာ တကယ်တမ်း လမ်း၃သွယ် ရှိနေခြင်းအား သတိပြုမိပုံ မရချေ။…
ရှောင်လုတို့ ကွေ့ဝင်သွားသည့် လမ်းလေးမှာကျဉ်းမြောင်းခါ လမ်းရှိလို့ရှိမှန်းမသိသာချေ။…
အဘယ့်ကြောင့်ဆိုသော် မြက်ပင်ရှည်များ ဖုံးလွှမ်းနေခြင်းကြောင့်ပင်…

🌸🌸🌸🌸

ဒဏ်ရာချုပ်ခါ ပတ်တီးဆီးပြီးသည်မို့ အနာရှိန်ဖြင့် ဖျားနေသည့် မုန်းဘုရင်အား အိမ်ထဲရှိ အဘိုး၏ အိပ်ယာတွင် ရွေ့ထားလိုက်သည်။…
ဒဏ်ရာရထားသည့် မုန်းဘုရင် နံဘေးတွင် ဝင်ထိုင်နေသည့် သူမအား…
“ကြည့်ရတာ …ခလေးမက ဒီသူငယ်အပေါ် အတော်သံယောဇဉ် တွယ်ပုံရတယ်နော်။…”

“ရှင်!..အဘိုး..”
ရုတ်တရပ် အနောက်မှ ရောက်လာခါ ပြောလာသည့် အဘိုးစကားကြောင့်
သူမ မျက်ရည်များ အမြန်ပွတ်သုတ်ခါ အံ့ဩသွား၏။…

“ဟုတ်တယ် ခလေးမရဲ့ အဘိုးကြည့်နေတာကြာပြီ ခလေးမက ဒီသူငယ် မျက်နှာကို စိုက်ကြည့်ပြီး မျက်ရည်တွေကျနေတယ်။…
နောက်ပြီး အဘိုးပက်တီး ဆီးပေးကတည်းက ဆုတ်ကိုင်ထားတဲ့ သူ့ရဲ့လက် အခုချိန်ထိကို ခလေးမ မလွှတ်ပဲ ထက်ကိုင်ထားတုန်းပဲ…
ခလေးမ..ရှောင်လု မင်းအသက်ကိုကယ်ပေးခဲ့တဲ့ ကျေးဇူးရှင် ဒီသူငယ်လေးအပေါ် ချစ်မိနေတာလား ခလေးမ…”

လွတ်ကနဲ ပြောထွက်လာသည့် အဘိုးကျိုင် စကားကြောင့် သူမဘာပြောရမှန်းမသိ ကြောင်အသွားပြီး…
ကိုင်ထားသည့် မုန်းဘုရင်၏ လက်ကလေးအား လွှတ်ချလိုက်သည်။…

“အာ…မ မဟုတ်ပါဘူး မချစ်ပါဘူး အဘိုးရဲ့ ကျေးဇူးရှင်မလို တစ်ခုခုဖြစ်သွားမှာ စိတ်ပူယုံပါ..”

အဘိုးကျိုင် ပြုံးလိုက်ပြီး မေးစေ့မှ မုတ်ဆိတ်ရှည်အား သပ်လိုက်ခါ…
“အဟွန်း..အဘိုးလည်း ငယ်ရာကနေ အသက်ကြီးလာတာပါကွဲ့ …
အချစ်ကိုလည်း ခံစားခဲ့ဖူးသလို
လူငယ်တွေကြားက ဖြစ်တည်နေတဲ့ အချစ်ဆိုတဲ့ အရာကို အဘိုးကောင်းကောင်းကြီး အကဲခက်တတ်ပါတယ်…။
ခလေးမ ဒီသူငယ်ကို သေချာပေါက် ချစ်နေပါတယ်။…
အဘိုးကို မညာပါနဲ့ အဘိုးအကဲခက်ပြီး ပြောတိုင်း မှားတယ်ဆိုတာ မရှိခဲ့သေးဘူး…
တကယ်လို့ ခလေးမက နှလုံးသားကဖြစ်တည်နေမှုကို ညာပြီး မချစ်ဘူးလို့ ငြင်းရင်တော့ ဒီတစ်ခါ အဘိုး အကဲခက်တာ မှားသွားပြီပေါ့…”

“ဟို…ဟို …အဲ့ဒါကအဘိုး..”

“ကဲ..ကဲ … ခလေးမလည်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေကြောင့် စိတ်ပင်ပန်း လူပင်ပန်းရှိ နေရောပေါ့…အနားယူလိုက်ပါဦး…”

ရှောင်လုပြောမည့် စကားအား အဘိုးကျိုင်ကြိုသိတာကြောင့် စကားဖျတ်ကာ လမ်းကြောင်းလွှဲလိုက် ခြင်းပင်။…
“ဪ…ပြောဖို့မေ့တော့မလို့ကွဲ့…
အဘိုး အိမ်က တစ်ယောက်တည်းနေတာဆိုတော့ ကျဉ်းတယ်လေ ..
ဒီတော့..ခလေးမ သိတဲ့ အတိုင်းပဲ…
အိပ်စရာနေရာက မယ်မယ်ရရ သိပ်မရှိဘူးကွဲ့..
အဲ့တော့ ဒီသူငယ်လေး နံဘေးမှာ ကျောတစ်ခင်းစာ လွတ်ပါတယ် သူ့အနားပဲ ကပ်အိပ်လိုက်နော်…
ဒီလိုပြောရလို့လည်း ခလေးမကို အဘိုး အတော် အားနာမိပါတယ်ကွယ်”

“အို …အားနာစရာမလိုပါဘူး အဘိုးရဲ့ ရပါတယ် ရှောင်လုဘာမှ မဖြစ်ပါဘူး
တကယ်တမ်းက ရှောင်လုကသာ အဘိုးကို အားနာရမှာပါ
သူ့ဒဏ်ရာ အခြေအနေနဲ့ အဖျားကိုစောင့်ကြည့်ရင်း…
ကျောတစ်ခင်းစာ လွတ်တဲ့ သူ့အနားမှာပဲ ရှောင်လု အိပ်လိုက်ပါ့မယ်…”

“အေးပါ ခလေးမရယ် အဆင်ပြေတယ်ဆိုလဲ ပြီးတာပါပဲ ..အဘိုးကတော့ တောထဲ နေနေကြမလို့ တောကောင် မကြောက်တာကြောင့် ကွတ်ပစ်မှာ ထွက်အိတ်လိုက်မယ်နော်။
ကဲ ကဲ ခလေးမလဲ နားတော့ ..”


“ဟုတ်ကဲ့ အဘိုး..”

ထွက်သွားရန် ပြင်လိုက်ပြီးခါမှ ပြန်လှည့်လာခါ…
“ဪ…ခလေးမ “

“ရှင်…အဘိုး.“ဒီသူငယ် ရုပ်ရည်ဟာ အင်မတန်ချောမော ခန့်ညားလွန်းတယ် …
သိပ်လှလွန်းသူ ခလေးမနဲ့လဲ နေနဲ့လ ရွှေနဲ့မြလို အရမ်းလိုက်ဖက် လွန်းပါပေတယ်ကွယ်…အဟင်း..”

ထိုစကားကြောင့် ရှောင်လုမျက်နှာလေး နီရဲတတ်သွားခါ ရှက်သွားရပြီး…
“အို…မဟုတ်တာ အဘိုးရယ်..”

“ဟုတ်ပါတယ် ခလေးမရယ် သေချာစဉ်းစားကြည့်ပါ အဘိုးပြောတာ သေချာတယ်ဆိုတာ…ကဲကဲ နားတော့နားတော့ အဘိုးလဲ နားတော့မယ်”

“ဟုတ်ကဲ့ …အဘိုး”

ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် ထွက်သွားသည့် အဘိုးကျိုင်၏ ကျောပြင်လေးအား သူမစိုက်ကြည့်ရင်း…
အဖျားကြောင့် အိပ်မောကျနေသည့် မုန်းဘုရင်အား ပြန်လှည့်ကြည့် မိလိုက်သည်။…
“ဟင်!…”
ဖြူဖက်ဖက် အားမရှိသည့် သူ့မျက်နှာတွင် မျက်နှာဖုံးမပါမှန်း သူမ အခုမှ သတိထားမိတော့သည်…
ထိုအခါမှ သူမ သေချာ ပြန်စဉ်းစားကြည့်မိသည်..’
ချောင်းစပ်နားတွင် သူ့အား ကိုယ်လက်သန့်စင်ပေးရင်း မျက်နှာဖုံးအား ချွတ်ပေးခဲ့တာ ပြန်တပ်ပေးဖို့ မေ့နေခဲ့ခြင်းပင်..
ထို့ကြောင့် ချွတ်ထားခဲ့သည့် နေရာတွင်သာ မျက်နှာဖုံးကျန်နေ ခဲ့တော့သည်။
ဟူး..ကျန်ခဲ့ပြီ ဆိုမှတော့ ဘယ်တတ်နိုင်ပါ့မလဲ …

ပင့်သက်ရှည်ကြီး ချခါ သူ့မျက်နှာအား သူမ မေးလေးထောက်ခါ စိုက်ကြည့်လိုက်ပြီး…
အဟင်း…ကျွန်မက ရှင့်ကို ချစ်မိနေတာတဲ့လား …
သေချာလို့လား အဲ့ဒါက
ကျွန်မကိုယ် ကျွန်မတောင် သေချာမသိဘူး …
ဒါပေမယ့်… အဘိုးပြောသလိုလည်း ဟုတ်ရင်လဲ ဟုတ်နေမှာပါလေ…
အချစ်က ဆန်းကျယ်တယ်မလား…

🌸🌸🌸🌸

💢ဘာ.! …ငါပထမဆုံး သူတို့ အနောက်လိုက်ဖို့ လွှတ်လိုက်တဲ့ ငါ့လူတွေမှန်သမျှ မျက်နှာဖုံးနဲ့ကောင် လက်ချက်ကြောင့် အကုန်သေကုန်ကြပြီ ဟုတ်လား…”

“ဟုတ်ပါတယ် သခင်မကြီး”

“ဒုန်း🗯…”
စားပွဲအား ခပ်ပြင်းပြင်း ထုချလိုက်ခါ..
💢တောက်..ဒါလုံးဝမဖြစ်နိုင်တာ..ငါ့လူတွေ မညံ့မှန်း ငါသိတယ်..
သူကဘာလဲ သေချာတာက ဒီလောက်တော်နေရင် သူက သာမာန်လူ မဖြစ်နိုင်ဘူး…
သူ့မှာ လျှို့ဝှက်ချက် ရှိရမယ်…
အဲ့လျှို့ဝှက်ချက်ကို ငါရအောင် ဖော်ထုတ်ရမယ်…”

“ဟုတ်ကဲ့ သခင်မကြီး အခု ကျွန်တော်တို့ ဘာဆက်လုပ်ရပါမလဲ…”

“အခု သူတို့နှစ်ယောက်ကို အန်ဖောင်တို့ ၄ယောက် လိုက်နေကြတာမလား…ဒါဆို…နောက်ထက် သူတို့အနောက်လိုက်ဖို့ နဲ့ မျက်နှာဖုံးနဲ့တစ်ယောက် အကြောင်း စုံစမ်းဖို့ ထက်ပြီး လူလွှတ်လိုက်…”

“ဟုတ်ကဲ့ …သခင်မကြီး..ကျွန်တော့်ကို ခွင့်ပြုပါဦး..”

“ကောင်းပြီ…”

စက္ကူထူဆွဲတံခါးအား ဖွင့်ခါ ထွက်သွားသည့် လူ၏ နောက်ကျောပြင်အား ကြည့်ရင်း…
သေသွားသော သူမ၏ လက်သပ်မွေးထားခဲ့သည့် အားအကိုးရဆုံး လူသန်ကြီးအား နမျောတသဖြစ်ခါ စိတ်မကောင်းဖြစ်ရ၏။…

🌸🌸🌸🌸

အမှောင်ထုကြီး ကြီးစိုးချိန် ညဉ့်ဦးယံအချိန်…
တကွက်ကွက် ဖားအော်သံတို့နဲ့ တစီစီ ပုဇင်းရင်ကွဲ အသံတို့ဖြင့် ညံစီနေပေမယ့်….
ရှောင်လုကတော့ အတော်ပင်ပန်းထားသည်မို့ မုန်းဘုရင်၏ နံဘေးတွင် တစ်ချိုးတည်း ကွေးကွေးလေး အိပ်ပျော်နေသည်။…

ညဉ့်ဦးယံရောက်လာလေလေ ၊လေပြေအေးလေးများ တိုက်ခက်ခါ ချမ်းစိမ့်စိမ့်ရှိလာသည်။..
“အဟင်း….ဟင်း…ဟင်း ချမ်းတယ်..ချမ်းတယ်”

ကျောပြင်နားသို့ ထိကပ်လာခါ တစက်စက်တုန်ရီနေသည့် မုန်းဘုရင်၏ ညည်းသံကြောင့် ရှောင်လုနိုးလာခဲ့သည်။…
တလှုပ်လှုပ်ဖြင့် ညည်းသံ ထွက်နေသည့် မုန်းဘုရင်ဘက်သို့ လှည့်ကြည့်တော့ ..
သူမအနား အတင်းတိုးကပ်ခါ ချမ်းတုန်နေ၏…
“ဟင်..! လူကြီးမင်း..လူကြီးမင်း ချမ်းနေတာလား..ရော့ရော့ ရှောင်လုစောင် ခြုံပေးမယ်နော်…”

ခြေရင်းတွင် ခေါက်ထားသည့် စောင်လေး မုန်းဘုရင်အား ဖြန့်ခါ ခြုံပေးလိုက်ပြီး…
ခိုက်ခိုက်တုန်နေသည့် မုန်းဘုရင်အား သူမ ကြည့်ခါ ဂရုဏာ သက်မိသည်။..

ထို့ကြောင့် နဖူးပေါ်ပြိုကျနေသည့် ဆံနွယ်မျှင်တို့အား လက်ကလေးဖြင့် အသာလေး သပ်ချပေးရင်း…
ချောမွေ့နေသည့် ပါးပြင်လေးအား ကိုင်ထားမိသည်။…
ရှင်အတော် ပင်ပန်းနေမှာပဲနော်…
ကျွန်မတောင်းပန်ပါတယ် ..
ရှင့်ကို ဒီလို ဖြစ်စေရတဲ့ အဓိက တရားခံက ကျွန်မပါ..
ကျွန်မကြောင့်သာ မဟုတ်ရင် ရှင်…
အို!….အမေ့…!

ကိုင်ထားသည့် သူမလက်ကလေးအား စောင့်ဆွဲခြင်းခံလိုက်ရပြီး…
အိကနဲ သူ့ကိုယ်ပေါ် ပြိုကျသွား၏။…
ရင်ဘက်ပြင်ကျယ်ပေါ် မျက်နှာလေး အပ်လျက် ပြိုကျသွားခါ သူမနဖူးလေးအား သူ့နှုတ်ခမ်းဖြင့် နမ်းမိသလို ဖြစ်သွားရ၏။..

ဟင်!…
သူမရင်ထဲ ရှိန်းကနဲဖြစ်ခါ ရင်အစုံမှာ ပေါက်ကွဲမတတ် နှလုံးခုန်နှုန်းတို့ မြန်ဆန်ခါ ကြမ်းတမ်းနေသည်။…
သူ..သူ..သူယောင်ပြီး ငါ့လက်ကို ဆွဲချမိတာဖြစ်မယ်…
ငါအခုလို သူ့အပေါ် ပိနေတာက သူဒဏ်ရာတွေကို နာကြင်စေကုန် ဦးမယ်..
အမလေး …အမြန် ပြန်ထမှပဲ…

“ဟင်း…ဟင်း..ကိုယ်ချမ်းတယ်..”
“အို!…လူကြီးမင်း”
ညည်းသံနှင့်အတူ ထရန်ပြင်နေသည့် သူမ ကိုယ်လေးအား သိမ်းဖက်ထွေးပွေ့ခါ ရင်ခွင်ထဲ ထည့်ထားလိုက်၏။…

ရင်ပြင်ကျယ်ကြီးနှင့် ဖိကပ်ခါ ထွေးပွေ့ဖက်ထားခြင်း ခံလိုက်ရသည်ကြောင့် သူမမွှတ်သိပ်ခါ နေရခက်သည်။…
ထို့ကြောင့် သူ၏ ရင်ခွင်ကျယ်ထဲမှ ခေါင်းလေးမော့ကြည့်ခါ…
နှစ်ကိုယ် ကြားယုံမျှ အသံတိုးလေးဖြင့်…
“လူကြီးမင်း…လူကြီးမင်း..လွတ်ပါဦး ဒီမှာ ကျွန်မ အသက်ရှူလို့ မဝတော့ဘူး …”

သူမ ထိုသို့ပြောလိုက်ပေမယ့် သူကတော့ မလွတ်ပဲ တင်းနေအောင် ထွေးဖက်ထားစမြဲပင်…
“လူကြီးမင်း..လွတ်ပါ”
လက်ကလေးဖြင့် တွန်းထုတ်ခါ သူမ ရုန်းထွက်လိုက်စဉ်မှာပဲ…
“အဟင်း..ဟင်း..ကိုယ်..ချမ်းတယ်…ကိုယ်ချမ်းလို့ပါ..”

ထိုသို့ပြောခါ ရုန်းနေသည့် သူမပုခုံးလေးအား ပင့်ခါ ထွေးဖက်ထားလိုက်သည်။..
ထွေးဖက်ထားသည့် သူ့အား ရှောင်လု ရင်ခွင်ထဲမှ နားမလည်နိုင်စွာ မော့ကြည့်နေ၏….။
ထိုသို့မော့ကြည့်နေသည့် သူမမျက်နှာအနားသို့ သူ့မျက်နှာမှာ တဖြေးဖြေး နီးကပ် ငုံ့ကျလာသည်။…
မျက်လုံးအစုံကို မှိတ်လျက် ဖြောင့်စင်းနေသည့် နှာတံနှင့် လေးကိုင်းသဏ္ဌန် မထူမပါးနှုတ်ခမ်းတို့က တစ်စုံတစ်ခုကို ရှာဖွေနေသလိုပင်….

တရွေ့ရွေ့ဖြင့် သူမမျက်နှာစီသို့ နီးကပ်ခါ သူမနှာတံလေးနှင့် သူ၏နှာတံတို့အား ညင်သာစွာပွတ်တိုက်မိရင်း…
မထူးမပါး လေးကိုင်းသဏ္ဌာန် နှုတ်ခမ်းတို့က ဖူးအိလုံးကြွနေသည့် သူမနှုတ်ခမ်းထိပ်လေးအား လာထိနေသည်။…
ထို့နောက် ထိယုံ မဟုတ်တော့ပဲ သူမ နှုတ်ခမ်းလေးအား တသိမ့်သိမ့်ဖြင့် နမ်းရှုံ့နေ၏…။

သူ၏ လုပ်ရပ်ကြောင့်သူမ နားမလည်နိုင်စွာဖြင့် …
နောက်သို့ တွန့်ဆုတ်ခါ ရင်ဘက်အား လက်ဖြင့်ထောက်ခါ ဖိတားလိုက်သည်။…
“လူကြီးမင်း…လူကြီးမင်း သတိပြန်ရနေပြီမလား…အရမ်းချမ်းနေတယ်ဆိုရင် ကျွန်မ နောက်ထက် စောင်တွေ သွားယူပေးပါ့မယ်…
ကျွန်မကို လွှတ်ပါနော်..”

“မလိုဘူး …မင်းကို ဒီလိုဖက်ထားရရင်ပဲ ငါနွေးထွေးနေပါပြီ…
ကျေးဇူးပြုပြီး မရုန်းပါနဲ့ ဒီတိုင်းလေးပဲ နေပေးပါ…”

ပြောရင်း လူကိူ သိမ့်ကနဲ ပွေ့ဖက်ခါ သူငြိမ်ကျသွားတော့သည်။…
သူ့အတွက် ဒီလို ထွေးဖက်ထားခြင်းက တကယ်ပဲ နွေးထွေးစေသည်လား မသိပေမယ့်…
သူမအတွက်တော့ သူသည်လို ထွေးဖက်ထားသည်က တကယ်ပင်နွေးထွေးလွန်းသည်။…
ထို့ကြောင့် သူမမှာလည်း သူ၏ရင်ခွင်ကျယ်ထဲတွင် အလိုက်သင့်လေးနေပေးရင်း အိပ်မောကျ သွားလေတော့သည်။…

🌸🌸🌸🌸အပိုင်း(၉)ဆက်ရန်>>


rate now: