book

Index 7

(အပိုင်း ၇)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸

မှောင်စပျိုးချိန်သို့ နီးကပ်လာပြီမို့ တဖြေးဖြေး အုံမှိုင်းလို့လာသည်။
အုံမှိုင်းလာပေမယ့် မြင်ကွင်းတို့အား သေချာ ပျက်သားစွာ မြင်နေရသေးသည်။….
တဖြေးဖြေးပြေးလာလိုက်တာ မောဟိုက်လို့ပင်လာသည်။…
သို့သော် အနောက်မှ လူအုပ်အမဲရိပ်ကြီးမှာ ယခုထိပင် တရိပ်ရိပ်လိုက်လာနေစဲပင်

“အ့…အား…”

ခွေကနဲဒူးထောက်ကျသွားသည့် သူမကြောင့် မုန်းဘုရင်မှာ ဆက်မပြေးပဲ ရပ်ဆိုင်းလိုက်သည်။…
“ဘာဖြစ်တာလဲမင်း…”

“အ့…ခြေ..ခြေထောက် ..”

ထစ်ထစ်ငေါ့ငေါ့ ပြောနေသည့် စကားကြောင့် နာနေသည့် သူမခြေထောက်အား သူအသာလေး ဆွဲယူကြည့်လိုက်၏။…
ခြေဗလာဖြင့် သူဆွဲခေါ်ရာနောက်သို့ ကောက်ကောက်ပါအောင် ပြေးလိုက်လာရခြင်းကြောင့် သူမ၏ခြေထောက် ဖြူဖြူဉလေးမှာ သွေးခြေများပင် ဉနေသည်။..
ထိုခြေထောက်လေး၏ အောက်ခြေဖဝါးတွင် ဆူးတစ်ချောင်း စိုက်ဝင်နေခြင်းကြောင့် သွေးစများ စီးကျနေ၏…
နစ်စိုက်နေသည့် ထိုဆူးအား သူ ဆွဲနုတ်ဖယ်ရှားလိုက်ခြင်းကြောင့်
နာကြင်စွာ အော်သည်းသံ ထွက်မည့်…
သူမပါးစပ်လေးအား သူ အမြန်လက်ခုံဖြင့် အုပ်ပိတ်လိုက်ပြီး…

လေးကိုင်းသဏ္ဌာန်ရှိ နှုတ်ခမ်းနားတွင် လက်ညိုးလေး ဖိကပ်ပြခါ..
သူမအား အသံမထွက်ဖို့ ခေါင်းရမ်းပြလိုက်သည်။…
“ရှူး….”

“အွန်း အွန့်…အွန်း..”

တရိပ်ရိပ်ဖြင့် နီးကပ်လာပြီ ဖြစ်တဲ့လူအုပ်ကြီးအား သူ တစ်ချက်လှန်းကြည့်လိုက်သည်…

သူမလေးမှာလည်း ခြေဗလာတွင် ဆူးစိုက်ထားခြင်းကြောင့် ဆက်လက်၍ ပြေးနိုင်တော့မည်မဟုတ်ပါ ….
ထို့ကြောင့်နောက်ကျော ဓားအိမ်ထဲမှ ပြောင်လက်ဝင်းမနေပဲ သွေးများစွန်းထင်နေသည့် စေးကပ်ကပ် ဓားအား သူဆွဲထုတ်ခါ…
ထိုလူအုပ်ကြီးအား ရင်ဆိုင်ဖို့ သူဆုံးဖြတ်လိုက်သည်။…

ထို့ကြောင့် မြေပြင်တွင် ထိုင်နေသည့် သူမဘက်သို့ လှည့်ခါ
“မင်း ဟိုးမှာမြင်နေရတဲ့ သစ်ပင်ကြီးကို တွေ့လား …အေး…အဲ့သစ်ပင်ကြီးစီ ကြိုးစားပြီး ရောက်အောင်သွား ပြီးရင် အဲ့သစ်ပင် အကွယ်ကနေ ငါ့ကိုစောင့်နေ…တကယ်လို့ ငါတစ်ခုခုဖြစ်ပြီး မင်းစီ ပြန်မလာနိုင်ခဲ့ရင်
ငါ့ကို ထားခဲ့ပြီး သူတို့လက်က မင်းလွတ်အောင် ကြိုးစားပြီးပြေးတော့…ငါ့ကို စောင့်မနေနဲ့တော့ ကြားလား…
ငါပြောတာ…”

မုန်းဘုရင်ပြောလာသည့် စကားကြောင့် သူမ မျက်လုံးများ ပြူးကျယ်ခါ ထိန့်လန့်သွားပြီး…
“မဖြစ်ဘူး ဟင့်အင်း…လူကြီးမင်း ..လူကြီးမင်း အဲ့လိုမလုပ်ပါနဲ့ …
ဒီလောက်များတဲ့သူတို့ လူအုပ်ကြီးကို လူကြီးမင်းတစ်ယောက်ထဲ ဘယ်လိုလုပ်ပြီး နိုင်မှာလဲ …
ဟင့်အင်း..ကျွန်မတို့ ခုဏကလိုပဲ ပြေးနိုင်သမျှတော့ အဝေးကို အတူထွက်ပြေးကြရအောင်နော်..လူကြီးမင်း…
အင်အား မမျှတပါဘူး
ကျေးဇူးပြုပြီး ဒီလိုကြီး တစ်ယောက်ထဲ ရင်ဆိုင်ဖို့ မလုပ်ပါနဲ့ …”

မျက်ရည်ကြည်လေးများ ဆို့တတ်ခါ ညိုးလျစွာပြောနေသည့် သူမမျက်နှာအား မုန်းဘုရင် တစ်ချက်စိုက်ကြည့်လိုက်ပြီး…
“မင်းပြောသလိုသာ ငါတို့ ဆက်ပြေးနေမယ် ဆိုရင် မင်းရဲ့ ဆူးစိုက်ထားတဲ့ ဒဏ်ရာကြောင့် မင်းလဲကြာကြာပြေးနိုင်မှာ မဟုတ်ဘူး…
သူတို့လဲ ငါတို့နှစ်ယောက်ကို လွယ်လွယ်နဲ့ မိသွားလိမ့်မယ် …
ငါတို့နှစ်ယောက်စလုံး လွတ်ရင်လွတ်
တကယ်လို့ ငါမလွတ်ခဲ့ရင်တောင် သေချာပေါက် မင်းကတော့ လွတ်ကို လွတ်ရမယ်…ဘာလဲ ..မင်းကသူတို့စီ ပြန်ပါသွားချင်လို့လား…”

ထိန့်လန့်သွားသော မျက်လုံးဝိုင်းလေးဖြင့် သူ့အား သူမ ကြည့်ခါခေါင်းလေး အတွင်တွင်ရန်းခါ ပြလိုက်သည်။…

“ဒါဆို ငါပြောတာကို လက်ခံပါ ..
အမြန်သွားတော့ ..သူတို့ တဖြည်းဖြည်း နီးလာနေပြီ..သွားတော့ …”

ဇွတ်သွားဖို့ တိုက်တွန်းနေသည့် သူ့ကြောင့် နာနေသည့် ခြေထောက်လေး ထော့နင်းထော့နင်းဖြင့် သူညွှန်ပြသည့် သစ်ပင်ကြီးအကွယ်တွင် နေရာယူလိုက်သည်။…

ခဏအကြာတွင် ခြေသံတို့ တဘုန်းဘုန်းဖြင့် အုပ်စုတောင့်သည့် လူအုပ်မဲကြီး ရောက်ချလာသည်။…
“ဟေး…မင်း ဟိုမိန်းကလေးကို ဘယ်မှာ ဖွက်လိုက်တာလဲ ငါတို့ကို ပြောစမ်း …”

မုန်းဘုရင် နှုတ်ခမ်းတစ်ဖက်အား မဲ့ပြုံးလိုက်ခါ…
“မပြောဘူး ဆိုရင်ကော ခင်ဗျတို့က ကျုပ်ကို ဘာလုပ် ချင်လဲ…”

ထိုလူအုပ်မဲကြီးထဲမှာ အထွားဆုံး လူသန်ကြီးမှ…
“မပြောဘူး ဆိုရင်တော့ ကဲ…အားလုံးပဲ ဒီကောင့်ကို သခင်မကြီး မှာလိုက်သလို…လည်ဖျတ်ယုံတင်မကဘူး ခေါင်းပါဖျတ်သတ် ပစ်ကွာ…
အားလုံးပဲ အဲ့ကောင်ကို တိုက်ခိုက်ကြ …ရား….”

“ရား……(လူအုပ်ကြီး၏ အော်သံ)”

ဒုတ်/ဓား/တင်းဘုတ် ကိုယ်စီ လေပေါ်မြောက်ခါ အမဲလိုက်သည့် ကျားသဖွယ် လာနေသည့်…
လူထု အယောက်၃၀ကျော်မျှ ရှိသည်ထင်ရသည့် လူထုမဲကြီး အား မုန်းဘုရင် တစ်ယောက်ထဲ အသက်ကုန် တိုက်ခိုက်တော့သည်။….
တကယ်တမ်း သိုင်းပညာကို တစ်ဖက်ကမ်းခက် ကျွမ်းကျင်လှသည့် သူ့အတွက် အင်အားကြီး ရန်သူပေါင်း ၁၀၀၀ကိုတောင် တစ်ယောက်တည်း အနိုင်တိုက်နိုင်သည့် လက်ရုံးရည် အပြည့်အဝရှိသူ ဖြစ်သည်။…
သို့သော် ဤတစ်ခါ သူတိုက်ခိုက်ရသည်က မလွယ်လှ…
အဘယ်ကြောင့် ဆိုသော် ခါးစပ်တွင် ဓားထိထားခြင်းကြောင့်ပင်…
ဓားမြောက်ခါ ဟိူရှောင် သည်ရှောင် လုပ်သည့်အခါတိုင်း ဓားထိထားသည့် ဒဏ်ရာမှာ ဟခါ သွေးများ စီးစီးကျလာသည်။…
သို့ပေမယ့် သူအားတင်း၍ ပြန်လည်ခုခံတိုက်ခိုက်လိုက်တာ…
ယခုဆို အထွားကြိုင်းဆုံး လူသန်ကြီး တစ်ယောက်သာ ..
ကျန်ရှိလေတော့သည်။…

တဖြေးဖြေး မုန်းဘုရင်မှာ အမြင်တွေ ဝေဝါးခါ မူးဝေလာသည်…
ခါးစပ်ရှိ ဒဏ်ရာမှာ သူ၏ တိုက်ခိူက် လှုပ်ရှားမှုတို့ကြောင့် ထပ်၍ထပ်၍ ပြဲဟခါ သွေးများ ပိုပိုလို့ စိမ့်ထွက်လာသည်။..’
ထိုလူသန်ကြီးမှာ ခါးစပ်နားမှ စီးကျနေသည့် မုန်းဘုရင်၏ ဒဏ်ရာအား သတိထားမိသွားပုံ ရသည်။…
သံဆူးတင်းဘုတ်ကြီးအား ဝေ့ရန်းခါ မုန်းဘုရင်ထံ ဇွတ်အတင်းပြေးလာခြင်းကြောင့်….
ထိုတင်းဘုတ်ကြီး သူ့အား မထိမိစေရန် မုန်းဘုရင်ဓားဖြင့် ပြန်လည်တိုက်ခိုက် ရှောင်ဖယ် နေ၏။ …
ထိုစဉ် ဒဏ်ရာ ရှိနေသည့် မုန်းဘုရင်၏ ခါးစပ်အား အလစ်တွင် ညာခြေထောက်ဖြင့် ၃ချက်မက ပိတ်ကန် ခံလိုက်ရ၏…
“အားးးးစ်…”
ကန်ချက်ကြောင့် အသဲခိုက်မတတ် နာကြင်သွားပြီး ဒဏ်ရာမှ သွေးများပိုပို စိမ့်ထွက်ခါ ဒဏ်ရာမှာလည်း အတော်ပြဲ ထွက်သွားသည်။…
သို့သော် မုန်းဘုရင် ထိုနာကြင်မှုဒဏ်အား အံကြိတ်ခါတင်းခံရင်း အညံ့မခံပဲ လူသန်ကြီးအား ဆက်လက် ခုခံတိုက်ခိုက်သည်။…

ဒဏ်ရာရနေသည့် ခါးစပ်အား ထပ်၍ ကန်ရန် ရွယ်လာသည့် ခြေထောက်အား
မုန်းဘုရင် ပါးနပ်စွာ ရှောင်လိုက်ရင်း…
တဖြေးဖြေးထိုလူသန်ကြီးမှ သူ့အား သစ်ပင် ပင်စည်ဖြင့် တွန်းတိုက်ဖို့ လုပ်နေခြင်းကြောင့်…
သူလှပစွာ ထိုသစ်ပင် ပင်စည်တို့အား ခြေထောက်ဖြင့် ကန်ခါ တတ်ရင်း လူသန်ကြီးဦးခေါင်းအား နောက်ပြန် ခြေသိုင်း ကျွေးလိုက်သည်။…
တဘုန်းဘုန်းဖြင့် မျက်နှာတွေအား ပိတ်ပိတ်ကန်လိုက်ခြင်းကြောင့် လူသန်ကြီးမှ မူးဝေသွားသည်။…
ထိုသို့ မူးဝေနေသည့် လူသန်ကြီး၏ ခါးစပ်အား မုန်းဘုရင် ဓားဖြင့် ပိုင်းလိုက်ခြင်းကြောင့် လူသန်ကြီး၏
ခြောက်အက်အက် အသံကွဲကြီးမှာ တောနက်ထဲတွင် မြည်ဟိန်းသွားခါ နားနေသည့် ကျေးငှက်များပင် ပြန်တတ်သွားကြသည်။…
“အားးးးး….”

သန်မာထွားကြိုင်းသည့် ထို လူသန်ကြီးအတွက် မုန်းဘုရင်ထိုးလိုက်သည့် ဓားဒဏ်ရာမှာ မွှန်းယုံမျှသာ ဖြစ်သွား၏။…
သူ့အားနာကြင်အောင် လုပ်လိုက်သည့် မုန်းဘုရင်အား စားမတတ်ဝါးမတတ် မျက်ထောင့်နီကြီးဖြင့် ကြည့်ခါ တင်းဘုတ်ကြီးအား တဝှီးဝှီးရန်းရင်း အပြေးနှင်ခါ မုန်းဘုရင်ထံသို့ ရောက်လာသည်။….

ရန်းနေသည့် တင်းဘုတ်ကြီးအား လူသန်ကြီးမှာ သူ၏အားကြီးဖြင့် တစ်ဖိုင်းဖိုင်း လာရိုက်ခြင်းကြောင့်
မုန်းဘုရင် ဓားဖြင့်ကာလိုက်တာ ဓားတောင် ပဲ့ကျိုးထွက်သွားသည်။…
ကျိုးထွက်သွားသည့် ဓားကြောင့် မုန်းဘုရင် မျက်ခုံးပင့်ခါ မျက်လုံးကျယ်သွားပြီး…
ထက်၍ ရိုက်ချလာသည့် တင်းဘုတ်ကြီးအား သူအလျင်မြန် ရှောင်လိုက်ရသည်။…

သည်လိုသာ အချိန်ဆွဲတိုက်ခိုက်နေလျှင် မုန်းဘုရင်မှာ သူရထားသည့် ဒဏ်ရာကြောင့် ထိုလူသန်ကြီး တိုက်ခိုက်နေသည်ကို ဒဏ်ခံနိုင်တော့မည် မဟုတ်ပါ..
ထို့ကြောင့် သူအမြန်နိုင်စေမည့် နည်းအား ထုတ်သုံးလိုက်ရသည်။…
မြေပြင်အား သူမသိမသာ တစ်ချက်စမ်းကြည့်တော့ ဖုန်မှုန့်များ ရောထွေးနေသည့် သစ်ရွက်ခြောက်တို့ ရှိနေလေသည်။..
ထို့ကြောင့် ထိုသစ်ရွက်ခြောက်တို့အား လက်တစ်ဆုတ်စာ ဖိဆုတ်ယူခါ…
လူသန်ကြီး၏ မျက်နှာတည့်တည့်အား ပစ်ပေါက်လိုက်သည်။….
ပစ်ပေါက်လိုက်သည့် သစ်ရွက်များကြားမှ ဖုန်များ မျက်လုံးထဲဝင်ခါ လူသန်ကြီးမှာ လူးလူးလဲလဲ ဝူးဝူးဝဲဝဲဖြစ်သွားပြီး …
မမြင်မကန်းဖြင့် တင်းဘုတ်ကြီးကိုင်ခါ လျှောက်ထုကုန်၏။…
ထိုသို့ဖြစ်နေသည့် လူသန်ကြီးအား မုန်းဘုရင် သူတိုက်ခိုက်လို့ လှဲကျ အသက်ပျောက်နေသည့် သေလူလက်ထဲမှ ဓားကို ဆွဲယူခါ…
လူသန်ကြီး၏ လည်ပင်းတည့်တည့်ကို ပိုင်းချပစ်လိုက်တော့သည်။…

ထိုအခါမှ လူသန်ကြီးမှာ ပန်းထွက်နေသည့် သွေးများနှင့် အပြိုင် မြေပြင်ပေါ်သို့ တွန့်ခါလှဲကျကာ နိဂုန်းချုပ်သွားခဲ့သည်။…

ထိုလူသန်ကြီး နိဂုန်းချုပ်သွားသည်နှင့် မုန်းဘုရင်မှာ တင်းခံထားသည့် စိတ်တို့အား လျော့ချလိုက်ခြင်းကြောင့် …
မြင်ကွင်းတို့ မှုန်ဝါးရီဝေခါ တရိပ်ရိပ်ဖြင့် မူးဝေလာပြီး သူလည်း မြေပြင်ပေါ်သို့ လှဲကျသွားတော့သည်။…

ထိုသို့ လှဲကျသွားသည့် မုန်းဘုရင်အနားသို့ သစ်ပင်အကွယ်တစ်ခုမှ ရှောင်လု ထော့နင်းထော့နင်းဖြင့် သွက်သွက်လေး လျှောက်လာလိုက်သည်။…
အနားသို့ ရောက်တော့ ဒဏ်ရာရထားသည့် သူ့အား ကြည့်ခါ သူမ မျက်ရည်များ ကျလာသည်။…
“ဘယ်လိုလူကြီးပါလိမ့် ဒီလောက်များတဲ့ လူအုပ်ကြီးကို ဒဏ်ရာ ရထားပါလျက်နဲ့ သူတစ်ယောက်ထဲ အပင်ပန်းခံပြီး နိုင်အောင်တိုက်တယ်….
ရှင်အခု ပင်ပန်းသွားပြီမလား
အင်းပေါ့…ရှင်ဘယ်လောက်များ ပင်ပန်းလိမ့်မလဲ…”

သတိလစ်လှဲကျနေသည့် မုန်းဘုရင်မျက်နှာရှိ ပေနေသော သွေးစတို့အား သူမလက်ခုံလေးဖြင့် ပွတ်သက်သုတ်ပေးလိုက်ရင်း ချောမွှတ်သည့် ပါးပြင်လေးအား ကိုင်ထားမိသည်။..
“ကျေးဇူးတင်ပါတယ် ကျွန်မကို ဒုက္ခခံပြီး အခုလို လွတ်မြောက်အောင် အသက်နဲ့ရင်းပြီး ကူညီပေးခဲ့လို့ ကျွန်မတကယ် ကျေးဇူးတင်ပါတယ်
ကျွန်မရှင့်အပေါ် ပထမကျေးဇူးကြွေးတောင် ကျေအောင်မဆပ်ရသေးဘူး အခုနောက်ထက် ကြီးကြီးမားမား ကျေးဇူးကြွေးကြီးပါ ထပ်တင်သွားပြန်ပြီ။…”

သတိလစ်လှဲကျ ​မေ့မျောနေသည့် မုန်းဘုရင် လက်ကလေးအား သူမ ဖိဆုတ်ထားရင်း…ပါးပြင်လေးရှိ ပေကျံနေသည့် အရာတို့အား ဖွဖွလေး ထိတို့ဖယ်ရှားပေးနေ၏။…

🌸🌸🌸🌸

[ကျွေ့ဟွာ ဆောင်ကြာမြိုင်]

အမှောင်ထုတို့ အတိဖုံးလွှမ်းချိန်မို့ မှောင်မိုက်ခြင်းတို့ ကင်းဝေးရန် အခန်းတိုင်းတွင် မီးအိမ်များ ထွန်းညှိထားလေသည်။…
ထိုအခန်းများထဲမှ အကျယ်ဆုံးဖြစ်သလို အခမ်းနားဆုံးဟု ဆိုနိုင်သည့် အခန်းထဲတွင်…
“ဟင့် ….ဒင်းတို့ နှစ်ယောက်ကို သေချာပေါက် ငါ့လူတွေ အမိဖမ်းနိုင်မှာပါ…
မိလို့ကတော့ ငါ့ကို အာခံတဲ့ ရှောင်လု ညီးကို မှတ်လောက်သားလောက်အောင် ကျာပွတ်နဲ့ ကျောစုတ်အောင် ရိုက်ဆုံးမရမယ်….”

ထိုစဉ်ဆွဲတံခါးအား ထွားကျိူင်းသည့် လူသန်တစ်ယောက် ဆွဲဖွင့်လာခါ …
“ကျွေ့သခင်မကြီး အသိပေးစရာ ရှိလို့ပါ ဟို မျက်နှာဖုံးအမဲနဲ့ လူရဲ့ မြင်းကို တွေ့ထားပါတယ်။..”

ထိုလူ့စကားကြောင့် သူမမျက်ထောင့်နီကြီးဖြင့် ပြန်ကြည့်ခါ လေသံခပ်မာမာဖြင့်….
💢မြင်းကို တွေ့တာပဲ လူကိုဖမ်းမိတာမှ မဟုတ်တာ ငါက ဘာလုပ်ရမှာလဲ…
ဘာမဟုတ်တဲ့ဟာတွေ ငါ့လာပြီး အသိမပေးစမ်းနဲ့ ထွက်သွားစမ်း…”

လေသံမာမာပြောလာသည့် မိန်းမကြီးကြောင့် ထိုလူမှာ မျက်နှာပျက်သွားရပြီး သေချာပြော ပြမိသည့် အကြောင်းက
“ဟို မဟုတ်ပါဘူး သခင်မကြီး ကျွန်တော့်စကား မဆုံးသေးပါဘူး အဲ့ မြင်းနဲ့အတူ ရွှေအပြည့်ထည့်ထားတဲ့ အိတ်၅အိတ်ကိုပါ တွေ့ခဲ့ရလို့ပါ။….”

ထိုလူ၏ စကားကြောင့် မိန်းမကြီးမှာ မျက်ခုံးပင်ခါ မျက်လုံးကျယ်သွားပြီး…
“ဘာရယ်…ရွှေအိတ်၅အိတ်တောင် ဟုတ်လား …”

“ဟုတ်ပါတယ် သခင်မကြီး …”

ထိုမိန်းမကြီးမှာ ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး…
သဘောကျသည့် ဟန်ဖြင့်…
“ဒီကို သယ်ခဲ့စမ်း ..”



“ဟုတ်ကဲ့ သခင်မကြီး..”
ထိုလူကြီးမှာ အမိန့်နာခံခါ အခန်းထဲမှ ခြေလှမ်းကျဲ ကြီးဖြင့် ထွက်သွားတော့သည်။…

*********
အိတ်အပြည့်ထည့်ထားသော ရွှေတုံးတွေထဲမှ တစ်ခုအားကောက်ယူခါ ကိုက်ကြည့်လိုက်သည်။….
ထိုမိန်းမကြီးမှာ မျက်ခုံးကြီးပင့်ခါ အံ့ဩသွားပြီး..
“ဝါး…အစစ်တွေပဲ…ကြည့်ရတာ ဒီနေ့သူဒီကို လာခဲ့တာက အစောပိုင်းထဲက ကောင်မလေးကို ငါ့စီက ပြန်ဝယ်ဖို့ ဆုံးဖြတ်ပြီးမှ လာခဲ့တာထင်တယ်….
အဟွန်း ဟား ဟား ဟား
ငါမရောင်းလဲ သူက တန်ရာတန်ကြေးထားခဲ့ပြီး ကောင်မလေးကို ငါ့စီကခိုးပြေးသွားတယ်ဆိုတဲ့ သဘောလား…ဟားဟားဟား ဒီကောင် ငလည်ပဲ
သဘောကျ တယ် သဘောကျတယ် အဲ့လူလိုမျိုးကို ငါအတော် သဘောကျသွားပြီ …”

ထိုမိန်းမကြီးမှာ သူ၏ နောက်ကျောဘက်ရှိ ရပ်နေသည့် လူထွားကြီး နှစ်ယောက်အား…
“ဟိတ်.. သူတို့ အနောက်ကို နောက်ထက် လူလိုက်သွားဖို့ ပြောလိုက် … အဲ့နှစ်ယောက်ကို ဖမ်းမိရင် ကောင်လေးကို မသတ်ဖို့နဲ့ …
ဒီကို အပါခေါ်ခဲ့ဖို့ သွားသတင်းပို့ချေ။ ခုချိန်ဆို သူတို့ အတော်တောင် အဝေးရောက်နေလောက်ပြီ နင်တို့ မြင်းနဲ့လိုက်သွားကြ ကြားလား…”

လူထွားနှစ်ယောက်မှာ ဦးခေါင်းညွှန့် အရိုအသေပေးခါ…
“ဟုတ်ကဲ့ ကြားပါတယ် သခင်မကြီး..”

ထိုမိန်းမကြီးက ညစ်ကျယ်စွာပြုံးခါ မျက်စောင်း တစ်ချက် ဝေ့ထိုးလိုက်ပြီး…
“သွားကြတော့..”
အမိန့်အား နာခံကာ ထိုလူကြီးနှစ်ယောက်မှာ အခန်းထဲမှ လှည့်ထွက်သွားကြတော့သည်။…

အဟွန်း…ကောင်မလေးကို ငါဝယ်တုန်းက ရွှေ၅အိတ်စာတောင် မရှိခဲ့ဘူး …
ကြည့်ရတာ ဒီကောင်လေးက သခိုး/ဓားပြလား …
သည်လိုလဲ ငါမထင်ပြန်ဘူး…
သူဝတ်ထားတဲ့ မျက်နှာဖုံးကြားက ရုပ်ရည်နဲ့ အပြောအဆို ၊အမူအရာတွေ ဒါတွေကို ငါအကဲခက်တတ်ပါတယ်။…
မျိုးရိုးမြင့် လူဂုဏ်ထန်အသိုင်းအဝိုင်းကြီးကပဲ ဖြစ်မယ်…
ဝတ်ထားတဲ့ ဝတ်စုံကလဲ စျေးကြီးပါဘိဆိူတဲ့ အရာကိုမှ သူနဲ့လိုက်ဖက်စွာ ဝတ်ထားတယ်။…
အိုး…အရေးကြီးတာ တစ်ခုက…
ငါဒီမှာနေလာတာ နှစ်ဆယ်ချီနေပြီ
သူ့လို ပုံစံမျိုး ဒီဒေသမှာ ငါ တစ်ခါမှ မတွေ့ဖူးပါဘူး….
သေချာတာက သူက ဒီဒေသရဲ့ နယ်ခံမဟုတ်ဘူးဆိုတာပဲ …
နပေါဦး…
ထွက်ပြေးတာကလည်း ဟွမ်ကုံတိုင်းပြည် နယ်နိမိတ်ဘက်ကို မကြောက်မလန့်နဲ့ ပြေးရဲတာဆိုတော့ …
အဟင်း…ဟုတ်မှလွဲကော…
ဟွမ်ကုံ တိုင်းပြည်ဘက်က လူများလား
ငါတို့ ဟွာထန်တိုင်းပြည်ကို ကျူးကျော်လာတာပေါ့လေ…
အဟင်း…မိရင်တော့ ကျူးကျော်သူကို ဟွာထန်တိုင်းပြည်ရဲ့ ဘုရင်ကြီးစီမှာ သွားလျှောက်တင်ပြီး
ဆုတော်လာဘ်တော်တွေ ရယူ ရမယ်
အဟွန်း ဟား ဟားဟား
ကောင်မလေးကိုလည်း ငါပြန်ရမယ်၊ဒီရွှေ၅အိတ်ကိုလည်း ငါပိုင်မယ်၊ဘုရင်ကြီး ချီးမြင့်တဲ့ ဆုတော် လာဘ်တော်တွေလည်း ငါရမယ်…ဟား ဟား ဟား
ကောင်းလိုက်တာ ဒီလောက်ကောင်းတဲ့ အစီစဉ် ဘယ်မှာရှိသေးတုန်း…ဟား ဟား ဟား…”

ထိန်လင်းနေသည့် အခန်းကျယ်ကြီး၏ နံရံတွင် အရိပ်ကျနေသော လူရိပ်မဲကြီးမှာ ပခုံးတလှုပ်လှုပ်ဖြင့် သဘောကျစွာ ရယ်မောနေလေသည်။…

🌸🌸🌸🌸🌸

ဒဏ်ရာကြောင့် မေ့မျောနေသည့် မုန်းဘုရင်၏ တောင့်တင်းသည့် ခန္ဓာကိုယ်အား ဖြေးဖြေးချင်း တရွေ့ရွေ့ဖြင့် သူမ တွဲထူခါ ခရီးဆက်နေလေသည်။….
ခြေထောက်မှာ ဆူးစိုက်ထားသည့် ဒဏ်ကြောင့် သူမခြေတွေ တဆစ်ဆစ်နာကြင်နေပေမယ့်…
ယခုသူမပုခုံးမှာ တွဲထူပေးထားတဲ့ သူရဲ့နာကြင်မှု ဒဏ်ရာကိုတော့ မမှီနိုင်ပေ။…
ညဉ့်ဦးယံအချိန်သို့ ရောက်နေသော်လည်း သူမတို့ မနားပဲခရီးဆက်နေရသည်။…

အခန့်မသင့် အနောက်မှ လူထက်လိုက်လာလျှင် ပြေးလမ်းမရှိ မိသွားနိုင်တာကြောင့် မနားပဲ ခရီးဆက်ခဲ့ရခြင်းပင်။…
သူကလည်း ဒဏ်ရာရထားသည် မလား…
သည်တော့ နောက်ထက် လိုက်လာမည့် သူတို့အား ထက်၍ ခုခံနိုင်တော့မည် မဟုတ်ပါ…
သူလဲ ပင်ပန်းနေရောပေါ့ ..
ကျွန်မကို သူ အပြည့်အဝ ကာကွယ်မှုပေးခဲ့သလို ..
ယခုသူမကလည်း သူ့ဒဏ်ရာတွေ သက်သာစေဖို့ အဘွားစီမှ အနည်းငယ် တတ်ထားသည့် တရုတ်တိုင်းရင်းဆေးကု နည်းနဲ့ ပြန်ပြီး ကျေးဇူးပြုရမည်။..
ထို့ကြောင့် လုံခြုံစိတ်ချပြီး သေချာ အနားယူလို့ရမည့် နေရာတစ်ခုအား သူမရှာဖွေရမည်။…

အမှောင်ကျနေသည့် ဤတောအုပ်က တဖြေးဖြေးနက်သတဲ့ နက်လာခါ သူမ မမြင်မစမ်း ခရီးဆက်နေရသည်။…
သို့သော် ..အရှေ့တွင်တော့ အလင်းရောင် မှိန်ပြပြလေး တလှုပ်လှုပ်ဖြစ်နေသည်ကို သူမအမှောင်ထဲမှ လှမ်းမြင်နေရသည်။…
အလင်းရောင်မြင်တော့ သူမအားတတ်သွားပြီး…
မုန်းဘုရင်၏ ခန္ဓာကိုယ်အား သေချာလေးတွဲထူခါ ထိုမြင်ရသည့် အလင်းရောင်လေးစီသို့ အားတင်းလျှောက်သွားခဲ့သည်။….
တဖြေးဖြေး ထိုအလင်းရောင်လေးဖြင့် နီးကပ်လာပြီး အရှင်းသားမြင်လိုက်ရသည်က …
ထိန်ထိန်သာနေသည့် လရောင်က ချောင်းရေကြည်တွင် အရိပ်ကျနေခြင်းကြောင့် တလှုပ်လှုပ်ဖြစ်ခါ
အဖြူဝါရောင် အလင်းကွက်လေး ဖြစ်နေခြင်းပင်…

ထိုစဉ် သားကောင်ဟိန်းသံအား ဆူးဝါးစွာ ကြားလိုက်ရခြင်းကြောင့် သူမ ထိန့်လန့်ခါ အနောက်သို့ တဖြေးဖြေးဆုတ်သွားခဲ့သည်။…
မှောင်နေသည့်အရာကြောင့် နာနေသည့် ခြေထောက်မှာ ကျောက်တုန်းအား မမြင်ပဲ နင်းမိခါ ခြေချော်လှဲကျ သွားသည်။…
သစ်တုန်းနှင့်ခေါင်းစောင့်မိ လိုက်တာကြောင့် အတော်ပင်နာခါ သူမမူးဝေသွားသည်။…
မေ့မျောနေသည့် မုန်းဘုရင်မှာလည်း လှဲကျသွားသည့် သူမကိုယ်ပေါ်လေးမှ ထပ်လှဲကျခါ သတိလစ် မေ့မျောနေစဲ ပင်…
သစ်တုန်းနှင့် စောင့်မိသည်က အရှိန် ပြင်း၍လားမသိ
သူမလည်း နာကြင် မူးဝေခါ ခဏခေါင်းပြန် ထောင်လာပြီးခါမှ သတိလစ်သွားတော့သည်။…..

အမှောင်ယံညတို့ ကြီးစိုးခါ ချောင်းရေစီးသံ တညံညံနှင့် ရွှေရောင် ပိုးစုန်းကြူးလေးများမှာလည်း မှိတ်တုတ်တုတ် ထွန်းလင်းခါ ထွက်လာနေကြသည်။…
ထိုချစ်သူမဟုတ်သည့် အရင်းနှီးဆုံး လူသားနှစ်ယောက်အတွက် ဤနေရာလေးက လုံခြုံလောက်ပေမည်။…
ဤတောနက်သည်ကား ကျားရဲပေါသည်ကြောင့် လူသူအရောက်အပေါက် နည်းလှသည်…..။
နယ်နမိတ် နှစ်ခုအကြား ဆက်သွယ် စရာအရေးကြီး ကိစ္စရှိမှသာလျှင် တချို့ချို့ သော လူများသာ ဤတောတွင် ကူးလူးသွားလာကြသည်။…

တောကျွမ်းသည့်လူနှင့် သူမတို့နောက်သို့ လိုက်လာမည့် သူကလွဲရင် မည်သူမျှ ဤနေရာသို့ လွယ်လွယ် မလာနိုင်ချေ။…

🌸🌸🌸🌸

“တလုတ်..တလုတ်..ဟဲ့မြင်း..ဟ့💨”(မြင်းခွါသံ..🤧)

မနက်မိုးအလင်းတွင် ဆောင်ကြာမြိုင် သခင်မကြီး လွတ်လိုက်သည့် လူတချိူ့ မြင်းကိုယ်စီဖြင့် မုန်းဘုရင်တိုက်ခိုက်ခဲ့သည့် နေရာသို့ ရောက်လာကြသည်။….
“အစ်ကိုကြီး..အစ်ကိုကြီး…ဒီမှာ ကျွန်တော်တို့ မနေ့ညက လွှတ်လိုက်တဲ့ လူတွေ မှန်သမျှ အကုန် အသတ် ခံထားရတယ်။…”

ထိုလှမ်းပြောသူ၏ စကားကြောင့် လူထွားအန်ဖောင် ခေါင်းတစ်ပိုင်းကြီးခါ ဒေါပွသွားသည်။…
💢ဘာကွ … “

အစ်ကိုကြီးခေါ်ခံရသည့် ထိုလူမှာ အသံကြားရာ နေရာသို့ အမြန်သွားခါ မြင်းပေါ်မှ ဆင်းကြည့်လိုက်သည်။…
သစ်ပင်ထောင့်ခြေ တစ်ခုရှိ သွေးအိုင်ထဲတွင် သူနှင့် ညီကိုရင်းပမာ ချစ်ခင်စွာအတူ နေခဲ့သည့် လူသန်ကြီးအားတွေ့လိုက်ရသည်။….

ရင်ထဲ ဒိန်းကနဲဆိုသလို နှလုံးကို ဆွဲညစ်ခံလိုက်ရသည့်အလား နာကြင်အောင့်မြတ်သွားရ၏။…
ဟင်! 💢အစ်ကိုကြီးဒို …
💢အစ်ကိုကြီးဒို ….

ပြေးသွားခါ လှဲကျအသက်မဲ့နေသည့် လူသန်ကြီးဒိုအား မနိုင်မနင်းပွေ့ထူခါ ဖက်ငိုလိုက်ရင်း…
ဟီး ဟီး..အစ်ကိုကြီးဒို …အစ်ကိုကြီးဒို ဒါဘယ်လို ဖြစ်ရတာလဲ ဘယ်သူက အစ်ကိူကြီးဒိုကို ဒီလိုဖြစ်အောင်လုပ်ရတာလဲ…ဟီး ဟီး…
အစ်ကိုကြီး…..
အတန်ကြာ ပွေ့ဖက်ငိုနေရင်းမှ တစ်စုံတစ်ခုအား သတိရသွားဟန် မျက်ထောင့်နီရဲကြီးဖြင့်…
“ကျွန်တော်သိပြီ အစ်ကိုကြီးဒို ..အစ်ကိုကြီးဒိုကို ဒီလိုဖြစ်အောင် လုပ်တာ ဟိုမျက်နှာဖုံးအမဲနဲ့ကောင် မလား ….တောက်💢

ပြောရင်းအံကို တင်းတင်းစေ့စွာကြိတ်လိုက်ရင်း…
တကျွတ်ကျွတ်မြည်အောင် လက်သီးကို မာန်အပြည့်ဖြင့် ကျစ်ကျစ်ပါအောင် ဆုတ်လိုက်တော့သည်။..
💢တောက်..ဒင်းကို ငါရအောင် အမိဖမ်းပြီး ငါ့အစ်ကိုကြီးဒိုအစား လက်စားပြန်ချေပစ်မယ်….”

တရှူးရှူးဖြင့် လေပူများ မှုတ်ထုတ်ခါ အနောက်ဘက်ရှိ သူ၏လူတို့အား လည်ပြန်ကြည့်ခါ…
ခက်ထန်တင်းမာစွာ မျက်မှောင်ကျုံ့ထားရင်း..
“အားလုံးပဲနားထောင်ကြ…အခုငါတို့လာတဲ့ ၅ယောက်ထဲကတစ်ယောက် သခင်မကြီးကျွေ့စီ အခုမြင်နေရတဲ့ ဖြစ်ပျက်ထားတဲ့ အကြောင်းရာကို အမြန်သတင်းသွားပို့ချေ။….
ကျန်လေး၃ယောက်က ငါနဲ့အတူ အဲ့ထွက်ပြေးသွားတဲ့ နှစ်ယောက်ကို မရရအောင် အမိဖမ်းမယ်…ကြားကြလား…”

“ဟုတ်ကဲ့..အစ်ကိုကြီး..”(လူ၄ယောက်၏ နာခံသံ)

ချက်ချင်းပဲ ထိုလူ၅ယောက်ထဲမှ တစ်ယောက်မှာ မြင်းပေါ်သို့ တတ်ခါ သတင်းပြန်ပို့ရန် ထွက်သွားတော့သည်။
“ဟ့….ဟ့..ဟ့မြင်းသွားစမ်း..တလုတ်…တလုတ် တလုတ်💨”(မြင်းစီးသံ)

🌸🌸🌸🌸

“ကျွီ..ကျွီ..ကျလိ..”
ကျေးငှက်သံ တကျွီကျွီကြောင့် မျက်လုံးလေးအား လက်ခုံဖြင့် ပွတ်ခါ ရှောင်လု ညည်းလိုက်ရင်း..
“အွန်း.’ဟင့်…ဟွန်!.”
လူးလွန့်ခါ နိုးထလာတော့ ခန္ဓာကိုယ်မှာ တစ်ခုခုပိနေသလို လေးလံနေတာကြောင့် ကြည့်လိုက်တော့ ယခုချိန်အထိ သတိပြန်လည်ပုံ မရသေးသော မုန်းဘုရင်အား တွေ့လိုက်ရသည်။…

တစ်ညလုံးဖိခါ အိပ်ခံထားရသည့် ဒဏ်ကြောင့် ကျောများအောင်လာသည်။..
ထို့ကြောင့် ကိုယ်ပေါ်ပိနေသည့် သူ့အား တွန်းထုတ်လိုက်ရာ..
မတော်တဆ သူ၏ဒဏ်ရာအား သွားဖိမိခြင်းကြောင့် …
“အာ့..အားးး…”

“ဟင် …ဟို ဟို ကျွန်မ တောင်းပန်ပါတယ် လူကြီးမင်း သတိရနေပြီလား…”
သူမအမေးအားမဖြေပဲ မုန်းဘုရင်မှာ ပြန် ငြိမ်ကျသွားသည်။…
မုန်းဘုရင်မှာ ဒဏ်ရာအရှိန်ကြောင့် သတိလည်တစ်ချက် မလည်တစ်ချက်ဖြစ်နေခြင်းသာ…
ဟင်! ပြန်လည်မဖြေပါ့လား …
အေးပေါ့ ဒဏ်ရာရထားပြီး တိုက်ခိုက်ထားရတော့လည်း အားမရှိတော့ဘူးလေ စကားတစ်ခွန်းပြောဖို့ဆို အတော်ပင်ပန်းတာပေါ့…”

ကိုယ်ပေါ်ပိနေသည့် သူ့အား သူမအသာလေးဖယ်ခါ သက်တောင့်သက်သာ ဖြစ်အောင် နေရာချမှီထားခဲ့၏။…
ချောင်းအနားရှိ ကျောက်ချောလုံးလေးများအား နင်းခါ တသွင်သွင် စီးဆင်းနေသည့် ချောင်းရေကြည်တွင် ခြေလက်သန့်စင်ရန် ရှောင်လုပြင်လိုက်သည်။…

လက်ခုံလေးဖြင့် ချောင်းရေကြည်အေးလေးအား ခပ်ခါ မျက်နှာပေါ်တင်လိုက်တော့ လန်းဆန်းသွားရသည်။…
“ဟား…ကောင်းလိုက်တာ လန်းဆန်းသွားတာပဲ…”
လက်ခုံလေးဖြင့် ရေခပ်သောက်လိုက်ပြီး…
ရေသီးရေပေါက်လေးများ ဆင်ထွက်အောင် သူမ ခြေလက်သန့်ဆင်လိုက်သည်။..
ထို့နောက် ထိုင်နေသည့် ချောင်းစပ်မှ ..ဒဏ်ရာကြောင့် လူးလွန့် ညည်းတွားနေသည့် မုန်းဘုရင်အား စိတ်မကောင်းစွာ လှမ်းကြည့်မိသည်။…
ထို့နောက် တကိုယ်လုံး သွေးညှိနံ့တွေ ထွက်နေသည့် သူ့အား ကိုယ်လက်သန့်ဆင် ရေပက်တိုက်ပေးရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။…

******

မနိုင်မနင်းဖြင့် ချောင်းစပ်နားရှိ ကျောက်ချောပြားကြီးပေါ်တွင် မုန်းဘုရင်အား သက်တောင့် သက်သာဖြစ်အောင် လှဲချလိုက်၏။…
ဖုံးအုပ်ထားသည့် မျက်နှာဖုံးအား ဖယ်လိုက်တော့ ခန့်ညားဖြူဖွေးပြီး ရှင်းသန့်သည့် မျက်နှာချောချောလေး ပေါ်လွှင်လာသည်။…

ထိုမျက်နှာလေးအား..သန့်စင်ပေးရန် သူမ၏ အင်္ကျီစတွင် ချိတ်ထားသည့် ပန်းနုရောင် လက်ကိုင်ပုဝါလေးအား ဖြုတ်ခါ ရေစွတ်လိုက်သည်။…
ဖန့်နေအောင် ရေညစ်၍ သူ၏မျက်နှာအား ဖွဖွလေးဖြေးညင်းစွာ သန့်စင်ပေးလိုက်သည်။…
ထို့နောက် မုန်းဘုရင်၏ ခန္ဓာကိုယ်မှ သွေးများအား သန့်ရှင်းပေးရန်
အပေါ်ပိုင်း အင်္ကျီအား မဝင့်မရဲဖြင့် ရှက်ရွံ့စွာ ချွတ်လိုက်ရာ တောင့်တင်းသည့် ကြွက်သားအစုံတို့မှာ အထင်းသားပေါ်လာသည်။

တပြိုင်နက်တည်းမှာပင် အခြား ဓားဒဏ်ရာ များနှင့် ခါးစပ်နားရှိ ပြဲဟနေသော ဓားဒဏ်ရာနက်ကြီးအား မြင်လိုက်ရသည်။…
အင့်ကနဲ ရင်ထဲနင့်သွားခါ သူမအသံမထွက်မိအောင် ပါးစပ်အား လက်ခုံဖြင့် ပိတ်အုပ်လိုက်ရင်း…
မျက်ရည်လေးများ ဝဲတတ်လာသည်။..
အိုး..ရှင်ရယ် ကြည့်ပါဦး ဒဏ်ရာက မနည်းမနောပါ့လား …
ရှင်ဘယ်လောက်တောင် နာကြင်ဝေဒနာ ခံစားရလိမ့်မလဲနော်…

ထိုစဉ် ခေါင်းလေးဟိုရန်း သည်ရန်းဖြင့် ဖြူချောက်နေသည့် နှုတ်ခမ်းလေးအား ဟခါ…
နှုတ်ဖျားမှ..”ရေ…ရေ ရေ..ဆ ဆာတယ်..”

ရေဆာသည်ဟု ညည်းလာသည့် သူ့အသံကြောင့် သူမ ချောင်းရေကြည်အေးလေးအား လက်ခုံဖြင့်အမြန်ခပ် တိုက်လိုက်သည်။…
“ဖူးး💦..အဟွတ် အဟွတ် အာ့..”

ရေများသီးခါ ထွေးထုတ်လိုက်ပြီး.. ညစ်ထုတ်ခါ ချောင်းဟန့်လိုက် ခြင်းကြောင့် သူ၏ခါးစပ်ရှိ ပြဲဟနေသည့် ဒဏ်ရာမှ သွေးများ စီးကျလာသည်။…

“ဟင်!…ဖြေးဖြေး လူကြီးမင်း…”
ဟယ်..ဒဏ်ရာက သွေးတွေ စီးကျနေတယ်…ဟင်..ဒါဆို ဒီလိုနည်းနဲ့ ရေဆက်တိုက်လို့ မဖြစ်တော့ဘူး…

ဤသို့ ရေဆက်တိုက်လျှင် ရေသီးမည်စိုး သောကြောင့် ..သူမ ခတ္တတွေဝေသွားရသည်။…
ခဏကြာတော့ လက်ခုံထဲရှိ ရေတို့အား ငုံ့သောက်ခါ ငုံလိုက်ပြီး…
ဖြူဖက်ခြောက်ကပ် နေသည့် သူ၏ နှုတ်ခမ်းလေးအား တေ့ခါ ဖြေးဖြေးချင်း ရေဝင်အောင်တိုက်လိုက်သည်။..
ပါးစပ်ချင်းတေ့ခါ ဖြေးဖြေးချင်း ရေချပေးနေသည့် သူမစီမှ ရေတို့အား သူဆာလောင်မွှတ်သိပ်စွာ တလှုပ်လှုပ်ဖြင့် မျိုချနေလေသည်။…
၃ကြိမ်လောက် သူမ ရေဝင်အောင် တိုက်လိုက်တော့…
ညည်းသံမထွက်တော့ပဲ သူငြိမ်ကျသွားသည်။…

ထိုအခါမှ သူမ လက်ကိုင်ပုဝါလေးအား ရေထပ်စွတ်ခါ …
ခါးစပ်နားရှိ ထွက်နေသည့် သွေးများအား သုတ်ပေးခါ ဒဏ်ရာပေါ်တွင် စေးကပ်နေသည့် သွေးများအား အသာလေး ဖယ်ရှားသန့်စင်ပေးလိုက်သည်။…
တချက်တချက် ဒဏ်ရာအားဖိမိလျှင် မုန်းဘုရင် ခမျှာ လွန်းလွန့်ခါ နာကြင်လွန်း၍ သည်းသံထွက်မိသည်။….

ဒဏ်ရာအား ရေဆေးပြီး ရေပက်တိုက်ပေးခါ အင်္ကျီအား သေချာပြန် ဝတ်ပေးလိုက်၏။…
ထို့နောက် သူမ အနားယူ ပြီးသည်မို့ ခရီးဆက်ရန် ပြင်လိုက်တော့သည်။…

🌸🌸🌸🌸

“ဟ့…ဟ…ဟဲ့မြင်း…တလုပ် တလုတ်💨..”
ဖုန်တထောင်းထောင်းထခါ မြင်းကိုယ်စီ စီးနင်းလာကြသော လူ၄ယောက်ပင်…

“အစ်ကိုကြီး ချောင်းဘက် သွားတဲ့လမ်းမှာ ခြေရာနဲ့သွေးစက်တွေ တွေ့ပါတယ်။..”

လူထွားအန်ဖောင် ကျေနပ်စွာ ပြုံးလိုက်ပြီး…
“ဟုတ်လား အဲ့ဒါ ဟိုနှစ်ယောက် ခြေရာပဲဖြစ်မယ်..အဟွန်း…နောက်ပြီ ဟိုငနဲလည်း ဒဏ်ရာ အကြီးအကျယ် ရထားပုံပဲ…သူတို့ ဝေးဝေး သွားနိုင်မှာ မဟုတ်သေးဘူး…ငါတို့ အမှီ လိုက်ကြစို့…”

“ဟုတ်ကဲ့..အစ်ကိုကြီး..”

ဟ့…ဟဲ့မြင်း..”

ဖုန်လုံး ထောင်းထောင်းထခါ မြင်းကိုယ်စီဖြင့် ချောင်းရှိရာ လမ်းအတိုင်း သူတို့ လိုက်သွားကြတော့သည်။…

🌸🌸🌸🌸အပိုင်း ၈ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)





rate now: