ကချေသည်🌸
ဘာမျှ မမြင်ရလောက်အောင် အမှောင်အတိဖုံးလွှမ်းနေသည့် နေရာတစ်ခုတွင် ရှောင်လုတစ်ယောက် မမြင်မကန်း စမ်းတဝါးဝါးဖြင့် တစ်ကိုယ်တည်း လမ်းပျောက်နေ၏။....
ဟင်! ဒါဘယ်နေရာကြီးလဲ မှောင်မဲပြီး ဘာမှကို မမြင်ရတော့ဘူး ...
ထိုစဉ်ဖျတ်ကနဲဆိုသလို အလင်းတစ်ခုပေါ်လာခါ တရွေ့ရွေ့လာနေသော အရိပ်တစ်ခုအား သူမတွေ့လိုက်ရသည်။...
ထိုအရိပ်မှာ သူမစီသို့ တရွေ့ရွေ့ဖြင့် နီးကပ်လာပြီး..
အနားသို့ နီးကပ်စွာရောက်လာတော့ ထိုသူမှာ သူမချစ်လှစွာသော အဘွားကျန့်ပင်...
“အဘွား..”
မြင်လိုက်ရသည့် သူမအဘွားအား ပြေးဖတ်ထွေး ပွေ့ခါ ငိုချလိုက်ရင်း....
“အဘွား..အဘွားဟီး..ဟီး အဘွား သမီးအဘွားကို အရမ်းလွမ်းတယ် ...
သတိလဲ ရတယ်..”
ငိုယိုနေသည့် သူမအား အေးစက်စက်လက်တို့ဖြင့် ပြန်လည်ထွေးဖက် လာသူက အဘွားကျန့်သာ...
“အဘွားလည်း မြေးကို လွမ်းနေပါတယ်ကွယ်..”
အဘွားကျန့် ရင်ခွင်ထဲတွင် တိုးဝင်ခါ ဖတ်ထားရင်းမှ
“အဘွား ... ရှောင်လုဒီမှောင်မဲ နေတဲ့နေရာကြီးမှာ မနေချင်ဘူး ...
ဒီအမှောင်ကြီးကို ရှောင်လု ကြောက်တယ် ...
ရှောင်လုကို ဒီကနေ ခေါ်ထုတ်သွားပေးပါနော် အဘွား...
ရှောင်လု ကြောက်လွန်းလို့ပါ..”
ရင်ခွင်ထဲ တိုးမှီနေသည့် သူမဦးခေါင်းလေးအား အဘွားကျန့် ပွတ်သပ်ပေးရင်း...
“မကြာခင် မြေးလေး ဒီနေရာကနေ လွှတ်မြောက်တော့မှာပါ ...”
“တကယ်လား အဘွား...”
ရင်ခွင်ထဲမှ ရုန်းထွက်ခွါကာ သူမမော့ကြည့်လိုက်တော့...
အဘွားကျန့်မျက်နှာမှာ သွေးမရှိသလို ဖြူစုတ်နေပြီး
ဖြူဖက်ဖက်နှူတ်ခမ်းတို့ က သူမအား ပြုံးပြရင်း...
“တကယ်ပေါ့ မြေးရယ်..”
“ဟင်...အဘွားနေမကောင်းဘူးလား ဘာဖြစ်လို့ မျက်နှာက သွေးမရှိသလို ဖြူဖက်နေရတာလဲ ...”
မေးခွန်းထုတ်နေသည့် သူမအား အဘွားကျန့် ပြုံးလိုက်ရင်း အေးစက်စက်လက်တို့က သူမလက်အား ဖိဆုတ်ခါ ...’
“ရှောင်လု မြေးလေး ...မြေးကို အဘွား လာနှုတ်ဆက်တာ ...”
“ဟင်!ဘယ် ဘယ်လို အဘွား.အဘွားကဘယ် သွားမလို့လဲ..”
“အအေးချမ်းဆုံး နေရာတစ်ခုကိုပေါ့ မြေးရယ်....
ဟော ...အသံကြားလား မြေးလေး..”
မျက်ခုံးလေးပင့်ခါ နားဆွင့်ပြလိုက်ပြီး သူမအား ပြောနေသည့်အဘွားအား သူမဘာမျှ နားမလည်နိုင်တော့ပါ..
“အဘွား သွားရတော့မယ် ရှောင်လု ...နုတ်ဆက်တယ်နော် မြေးလေး”
တဖြည်းဖြည်း သူမစီမှ ရွေ့ခါ ဝေးသွားသည့် အဘွားကျန့်အား
“ဟင့်အင်း...အဘွား မသွားပါနဲ့ သမီးကို ဒီမှာတစ်ယောက်ထဲ မထားခဲ့ပါ...”
သူမ အော်ခေါ်နေပေမယ့် အလင်းရောင်တို့မှာ တဖြေးဖြေးမှေး မှိန်လာပြီး အဘွားကျန့်မှာ လည်း တဖြေးဖြေးသူမနှင့် ဝေးကွာနေသည်။..
“အဘွား ...အဘွား..မသွားပါနဲ့ ကျေးဇူးပြူပြီး သမီးကို မထားခဲ့ပါနဲ့ အဘွား အဘွား..”
အော်ခေါ်နေသည့် အသံလေးအဆုံးမှာ အမှောင်ရိပ်များက အဘွားကျန့်အား တဖြေးဖြေးဝါးမျိုခါ ပျောက်ကွယ်သွားတော့သည်။..
သူမအမှောင်ထု ပက်ချာလည်အား ခြောက်ချားစွာ ဖြင့် ကြည့်ရင်း ..
ဟင့်အင်း ...သမီးကိူ ဒီမှာ မထားခဲ့ပါနဲ့အဘွား ...
အဘွား..သမီးစီကို ပြန်လာခဲ့ပါ..
မထားခဲ့ပါနဲ့....အဘှား..အဘှားးးးးးး
“အားး..အဘွား..🗯.”
အထိန့်တလန့် ဖြင့် သူမနိုးထလာခါ
ထလာသည့်အချိန်မှာ ဝေလီဝေလင်း မနက်အစောပိုင်းလောက်ပင်...
ပင့်သက်တစ်ချက်ချလိုက်ရင်း....
အိပ်မက်ဟုပင် စိတ်ဖြေတွေးခါ နံဘေးအား ကြည့်လိုက်တော့ ...
ဗလာနတ္ထိ သူမရှိတော့ချေ။...
သူ ..သူဆိုတာ သူမကို ကူညီခဲ့ဖူးပြီး ရင်ခုန်အောင်လုပ်တဲ့ မျက်နှာဖုံးအမဲနဲ့ ခန့်ညား ချောမောတဲ့ မျက်နှာပိုင်ရှင် လူကြီးမင်းပေါ့...
ဟင်!..သူ..သူဘယ်ရောက် သွားတာလဲ
ငါ့ကိုထားခဲ့ပြီး သူပြန်သွားခဲ့တာလား...
ညကသူမအတွေးတွင် သူ့စိတ်ကြိုက်လိုက်ပြီးလျှင် မနက်ရောက်လျှင် ဤနေရာမှ ကယ်ထုတ်ပေးရန် အကူညီတောင်းမည်ဟု တွေးထားခဲ့သည်။..
ယခုမိုးလင်းတော့ သူမနံဘေးတွင် သူဟာ အလျင်းချက်ချင်း မရှိတော့ချေ...။
ကိုယ့်ကိုကိုယ်ပြန် ကြည့်လိုက်တော့ အဝတ်ဗလာဖြစ်နေသည့် သူမကိုယ်လေးအား သူ လုံခြုံအောင် ကတ္တီပါစောင်လေး ပက်ပေးခဲ့ပုံပေါ်သည်။....
ဟနေသည့် ရင်ဘက်လေး မပေါ်အောင် ဖိဖုံးလိုက်ရင်း ...
ရှင် ကျွန်မကို ဘာမပြော ညာမပြောနဲ့ ထားသွားခဲ့တယ်နော်...
အဟင့် ဟင့်..ကျွန်မ ကရှင့်စီကနေ အားကိုးတကြီး အကူညီလိုလို့ပါ ...
ဘာလို့ ဒီလို ထားရစ်ခဲ့ရတာလဲ ...
သူမတွေးရင်း ဝမ်းနည်းလာခါ အားကိုးရာမဲ့သလို ခံစားလာရသည်။...
သည်လူမှမကူညီလျှင် သူ့အားကူညီမည့်သူ မရှိတော့ချေ။...
တွေးကြည့်ရင်း ကြောက်စရာ ကောင်းလာသည် ဤလို လူတကာနဲ့ စက်စုတ်စွာ နေရမည့် ဘဝတွင် သူမတသက်လုံးနေရတော့မည်လား....
ပင့်သက်ရှိုက်ခါ သူမငိုချမိတော့သည်။...
ဘယ်လိုလုပ်ရပါ့မလဲ ဤသည်လို ဘဝမျိုးရောက်လိမ့်မည်ဟု သူမဘဝမှာ လားလားမျှမတွေးခဲ့ဖူးချေ။...
ဆိုးဝါးရက်စက်လွန်းသည့် ကံကြမ္မာကိုသာ သူမအပစ်ပုံချမိသည်။...
ရက်စက်လိုက်တာ ကံတရားရယ်
ကျွန်မဘဝကို ရက်ရက်စက်စက်ကို ချိုးဖဲ့ပစ်ဖို့ ကြောက်မက်စရာ လောဘသားတွေ လက်ထဲကို ထိုးကျွေးရက်တယ်။...
🌸🌸🌸🌸
တုံ့ဆိုင်းဆိုင်း ခြေလှမ်းတို့ဖြင့် ဖူးခိုက် အဘွားကျန့်၏ အိမ်ဘက်သို့ ဦးတည်လာခဲ့သည်။...
မနက်စောစောက တောထဲသွားခါ မမရှောင်လုကို တွေ့နိုးဆိုပြီး ..
ရှာခဲ့တာ လူရိပ်လူခြေမျှတောင် မတွေ့ခဲ့...
ထို့ကြောင့် သူအတန်ကြာကြာ ရှာခဲ့ပြီးခါမှ ရွာဘက်သို့ ပြန်လာခဲ့ခြင်းပင်...
“အဘွားကျန့်ရေ ...အဘွားကျန့် ကျွန်တော် ဖူးခိုက်လာတယ် ဗျို့....”
အိမ်ပေါက်ဝတောင် မရောက်သေး အသံကုန် အဘွားကျန့် နာမည်အား ဟစ်ခါ ခေါ်လိုက်ရင်း...
တရှပ်ရှပ်ဖြင့် အိမ်ထဲသို့ ဝင်ခဲ့တော့သည် ...
အိမ်ထဲတွင် မရှိလျှင် ခါတိုင်းလို အနောက်ဘက် ဆေးမြစ်ဆေးရွက်တို့ အခြောက်ခံရာနေရာတွင် ရှိမည်ဟု တွေးခါ အနောက်ဘက်အပေါက်သို့ သူ့ ခြေလှမ်းတို့ ဦးတည်ခဲ့သည်။...
ရောက်သွားပြီး ဘေးဘီဝဲရာအား သူအကဲခက်ကြည့်ပြန်တော့ အဘွားကျန့်အား မတွေ့ရ...
ဟင်...အဘွားကျန်က ဘယ်တွေသွားနေပါလိမ့်
ဒီမှာလည်း ရှိမနေဘူး
ဒါမှမဟုတ် မမရှောင်လုကိုများ ရွာထဲသွားပြန် ရှာနေတာများလား...
ဒါဖြစ်နိုင်တယ် ...
ဖူးခိုက်ခေါင်း တငြိမ့်ငြိမ့်ဖြင့်တွေးရင်း...အိမ်ထဲသို့ ပြန်ဝင်အလာ ဘာရယ်မဟုတ် ..မီးဖိုချောင်ခန်း ဘက်သို့ လှည့်ကြည့် မိလိုက်သည်။...
“ဟင်!!...”
ဖူးခိုက်တစ်ယောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးအစုံ ပြူးကျယ်သွားခါ ..
လှဲကျနေသော အဘွားကျန့်စီသို့ အမြန်ပြေးသွားလိုက်သည်။...
အေးစက်တောင့်တင်းနေသည့် အဘွားကျန့် ခန္ဓာကိုယ်အား ဖူးခိုက်ပွေ့ထူမခါ
ကြည့်လိုက်တော့ နှုတ်ခမ်းထောင့်တွင် ခြောက်ကပ်ကပ်သွေးစများ ပေကျံနေသည်။...
ခန္ဓာကိုယ်မှာလည်း ပျော့ခွေမနေပဲ အေးစက် တောင့်တင်းနေသည်ကြောင့် အဘွားကျန့် အသက်မဲ့တာ အချိန်အတော်ကြာလောက်ပြီ ဖြစ်သည်။...
“အဘွားကျန့်....အဘွားကျန့် ..
ဟာ..ဒါဘယ်လို ဖြစ်တာလဲ ...
မနေ့ကမှ အဘွားကျန့် အကောင်းကြီး ရှိနေသေးတာ...
အခုက ဘယ်လိုဖြစ်ရတာလဲ...”
မေးခွန်းတွေထုတ်ရင်း သူ၏ အကြည့်တို့မှာ အဘွားကျန့်၏ လည်ပင်းစီသို့..
“ဟင်!...ဒါ ဒါ...”
မြင်လိုက်ရသည်က လည်ပင်းတွင် ညိုပုတ်ပုတ် ကြိုးကွင်း ရာကြီးပင်...
ဖူးခိုက်တစ်ယောက် ပို၍ထိန့်လန့် သွားခါ မျက်လုံးများနီတွက်ခါ မျက်ရည်တွေ ဝေ့တတ်လာပြီး..
“ဒါဒါ မဖြစ်နိုင်တာ..
အဘွားကျန့်က ကိုယ့်ကိုကိုယ် သတ်သေမဲ့ လူစားမျိုးမဟုတ်ဘူး ..
ဒီတစ်ထပ်အိမ်တဲလေးထဲမှာ ဘယ်မှာထုတ်တန်း ခိုင်ခိုင်ရှိလို့လဲ..”
ပြောရင်း အဘွားကျန့် လက်တို့အား သူ ကြည့်လိုက်ပြန်တော့ ..
ဖုန်များလူးခါ ပွန်းပဲ့၍သွေးစသွေးနများဖြင့်...
မသေခင် တစ်ခုခုကို အတင်း ကုတ်ခြစ်ကုတ်ဖဲ့ ခဲ့ပုံပင်....
“ဟင်!..ဒါ...ဒါက အဘွားကျန့်ကို ကြိုးနဲ့ ညစ်သတ်ခဲ့လို့များ ကုတ်ခြစ်ရုန်းထားခဲ့တာလား...
ဒါ ဒါဆို အဘွားကျန့်က အသတ်ခံရတာပေါ့ ဟုတ်တယ် အဘွားကျန့် အသတ်ခံ လိုက်ရတာပဲ..
ဘယ်သူလဲ ဘယ်သူက အဘွားကျန့်ကို သတ်ရဲရတာလဲ...
အမယ်အို တစ်ယောက်ကို ဒီလို ရက်စက်စွာ လုပ်ရပ်တာက အတော်ကို လူမဆန် ယုတ်မာတဲ့ လူပဲ....”
ပြောရင်း အံကို စေ့စေ့ကြိတ်ခါ
ဒေါသအခိုးတို့ အထောင်းထောင်း ထွက်ရင်း ဖူးခိုက် တစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် စုတ်ထားမိသည်။...
တစ်ဖက်မှာလည်း သေဆုံးသွားပြီ ဖြစ်တဲ့ အဘွားကျန့်အား ကြည့်ခါ ဖူးခိုက် ရင်နာမဆုံးငိုမိသည်။..
ငယ်ကတည်းက ကိုယ့်ကို မြေးအရင်းတစ်ယောက်လို ချစ်ခင်ပြီး ..
ဆုံးမစရာတွေ ရှိလျှင် အမြဲ လိမ္မာပါးနပ်စွာ နားဝင်အောင် ဆုံးမပေးတတ်တဲ့
အဘွား...
အခုတော့ သူ၏မျက်စိရှေ့မှာ ရက်စက်စွာအသတ်ခံလိုက်ရလို့ ...
သူ၏လက်ထဲတွင် အသတ်မဲ့သည့် ခန္ဓာကိုယ်ရုပ်အလောင်းသာ ကျန်ရှိနေတော့သည်။...
“အားးးးး....မဟုတ်ဘူး မဟုတ်ဘူး...
အဘွားမသေရဘူး အဘွား မမရှောင်လုနဲ့ ကျွန်တော့်ကို မထားခဲ့ရဘူးလေ..ဟီး...ဟီး..ဘယ်သူလဲ အဘွားကို ဒီလို သတ်သွားခဲ့တာ ဘယ်သူလဲ ကျွန်တော် လိုက်ပြန်ရှာသတ်မယ် အဘွားအတွက် ကောင်းကောင်းလက်စားချေမယ်...ဟီး...ဟီး..အဘွား....”
အသက်ပျောက်နေသည့် အဘွားကျန့်၏ ခန္ဓာကိုယ်အား ပွေ့ဖက်ထားရင်း
ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။...
အချိန်အတန်ကြာတော့ ကျနေသည့် မျက်ရည်တွေကို ပွတ်သုတ်ခါ..
အဘွားကျန့်၏ အသက်မဲ့နေသည့် ခန္ဓာကိုယ်အား လှဲကျနေသည့် နေရာတွင် ပြန်ထားပြီး...
ရွာသူကြီးမင်းအား...
အဘွားကျန့် အသတ်ခံရသည့် အကြောင်းကြားရန် ပြင်လိုက်တော့သည်။...
🌸🌸🌸🌸
သည်နေ့ဟာဆိုရင် ကြင်ယာတော်ရွေးပွဲ ကျင်းပရန် ၁ရက်သာ လိုတော့သည့် နေ့ဖြစ်သည်...။
ထို့ကြောင့် မုန်းဘုရင်မှာ ခရီးလွန်နေသည်များကို ရပ်တန့်၍ ...
နန်းတော်သို့ အချိန်မှီပြန်ရန် အကြောင်းဖန်လာပြီ ဖြစ်သည်။...
မပြန်မှီ သူ၏အတွေးထဲ စဉ်းစားမိသည်က မနေ့ညက သူနှင့်အတူနေခဲ့သည့် သူမလေးအကြောင်းကိုပင်....
•••••••••••••••
••••••
ဗြုန်းကနဲ့ မျက်လုံးလေးပွင့်ခါ နိုးလာတော့...
သူ့အား နောက်ကျောပေးခါ ငြိမ်ငြိမ်လေး အိပ်စက်နေသည့် သူမအား မြင် လိုက်ရသည်။...
ဖြူဖွေးဝင်းမွှတ်နေသည့် သူမ၏ ကျောပြင်ပြောင်လေးအား သူအဝေးမှ လှမ်း၍ ထိတို့ ပွက်သပ်လိုက်တော့ ....
အသားရည်မှာ ချောစင်းခါ အိစက်နူးညံ့၏။...
ထို့ကြောင့် သူ နှုတ်ခမ်းကွေးခါ ပြုံးလိုက်ရင်း...
သူမ၏ ကျောပြင်အနားသို့ တိုးကပ်လာခဲ့သည်။...
အနီးသို့ရောက်တော့ ဖြောင့်စင်းနေသည့် ပီတုန်းရောင် ဆံကေသာတို့ ရှုပ်ထွေးနေခြင်းကြောင့် သူမ၏ဆံနွယ်ရှည်တို့အား တစ်ဖက်တည်းသို့ ဖွဖွလေးသပ်ခါ ပို့လိုက်ရင်း...
ဖြူရှင်းနေသည့် ဂုတ်သားလေးနှင့် ဝင်းမွှတ်အိဖန့်နေသည့် ကျောပြင်လေးအား သူ၏မထူးမပါး နှုတ်ခမ်းလေးဖြင့် ဖိကပ်ခါ တယုတယ နမ်းရှိုက်လိုက်သည်။...
ပြီးနောက် နားသယ်စရှိ ဆံနွယ်လေးအား နားပေါ်တင်သပ်ခါ သူထပ်၍ နမ်းလိုက်တာကြောင့် သူမကိုယ်လေး လူးလွန့်တွန့်ခါကာ သူ၏ဘက်သို့ မျက်နှာမူခါ လှည့်အိပ်လာသည်။...
သူထက်၍ပြုံးလိုက်ပြီး...
သူမ၏ နှုတ်ခမ်းဖူးလုံးလုံးလေးအား ဖိနမ်းလိုက်ပြန်သည်။...
တစက်မှ မနိုးပဲ အိပ်မောကျနေသည့် သူမမျက်နှာလေးမှာ အတော်လှခါ ချစ်စရာကောင်းသည်။..
ထို့ကြောင့် သူမမျက်နှာလေးအား တစ်ခဏမျှ ငေးစိုက်ကြည့်ခါ ရင်ခုန်မိပြန်သည်။...
ပြီးနောက် ညကချွတ်ထားသည့် ဝတ်စုံတို့အား သူအမြန်ပြန်ဝတ်ခါ..
ထထွက်ရန် ပြင်လိုက်သည်။..
မထွက်ခင် သူမအား ပြန်လှည့်ကြည့်မိသည်။...
လျောကျနေသည့် ကတ္တီပါစောင်ကြောင့် ကြွရွသည့်အပေါ်ပိုင်း ရင်ဘက်ဖောင်းလေးအား အရှင်း မြင်နေရသည်။..
ထို့ကြောင့် သူမကိုယ်လေးအား ပွေ့ထူခါ ကတ္တီပါစောင်လေးဖြင့် လုံခြုံအောင် ဖုံးဖိ ပက်ပေးခါ ထထွက်ခဲ့လိုက်သည်။...
ရင်ခုန်သည် သူမအား သူတကယ်ရင်ခုန်သည်။...
သူမရဲ့ ကိုယ်သင်းရနံ့လေးအား သူစွဲလန်းသည်။...
ချိုမြိန်တဲ့ သူမနှုတ်ခမ်းကို သူသဘောကျသည်။..
သူမရဲ့ မခို့တရို့ မဝင့်မရဲ့ အကြည့်လေးတွေက သူ့ရင်ကို ကလိကလိဖြစ်စေသည်။...
သေချာ သိလိုက်ရသည်က တခြား ဘယ်အမျိုးသမီးတွေနဲ့မှ မတူပဲ သူမက သူ့အား စိတ်မထိန်းနိုင်အောင် စွဲဆောင်နိုင်သည့် တစ်ဦးတည်းသော အမျိုးသမီးဆိုတာပင်....
•••••••••
ပြန်တွေးကြည့်ရင်း သူပြုံးလိုက်ပြီး...
အဟင်း..မင်းက ကိုယ့်အတွက် တကယ်ထူးခြားတယ် နှစ်တွေကြာအောင် ထိန်းချုပ်ထားခဲ့တဲ့ ကိုယ့်ရဲ့ သမာဓိကို အချိန်ခဏလေးအတွင်းမှာ မင်းက ရိုက်ချိုးခဲ့နိုင်တယ်...
နောက်ပြီး မင်းက အခြွေမခံရသေးတဲ့ ပန်းလေးတစ်ပွင့်ထင်တယ်....
အဟင်း...ကိုယ်က မင်းကို ပထမဆုံး ခြွေခွင့်ရသူပေါ့...
ဒီလိုဆိုမင်းက ကိုယ့်အတွက်ပဲ ဖြစ်ရမယ်...
ပြုံးနေရင်းမှ အလိုမကျသလို သူမျက်မှောင်ကြီးကျုံ့သွားပြီး...
သူမဟာ အရောင်းစားခံထားရသူ ဖြစ်ခါ ယခု သူမဟာ ဆောင်ကြာမြိုင်၏ အခိုင်းဘက်တော် ဖြစ်နေမှန်း သူအခုမှ သတိရမိတော့သည်။...
မဖြစ်ဘူး သူမဟာ ငါ့အတွက်...
ငါသူမကို ပိုင်ဆိုင်တယ်...
ငါကလွဲပြီး သူမကို မည်သူမှ ထိပိုင်ခွင့် မရှိဘူး...
ခွင့်လဲမပြုနိုင်ဘူး ...
ကြင်ယာတော်ရွေးပွဲအတွက် ငါအချိန်မှီ ပြန်မရောက်လဲ ဘာမှမဖြစ်ပါဘူး နန်းတော်မှာ ချောင်အန်းရှိနေတာပဲလေ...
🌸🌸🌸🌸
[ဟွမ်ကုံနန်းတော်]
ခမ်းနားသည့် ဘုရင့်နန်းဆောင်တော်တွင် ချောင်အန်းတစ်ယောက် အရှေ့လျှောက်လိုက် အနောက် လျှောက်လိုက်ဖြင့်...
ပျာရာခက်ခါ တွေးပူနေသည်။..
စိတ်ထဲမှလည်း...
“မုန်းမင်းတရားကြီး ဒီနေ့အချိန်မှီ ပြန်လာမှ ဖြစ်မယ်...
သဘက်ခါဆို ကြင်ယာတော် ရွေးပွဲက စတော့မယ်...
မင်းကြီးတစ်ယောက် ဘယ်တွေများ ခရီးလွန်နေပါလိမ့်...
ငါ ပွဲနေ့အထိတော့ တောင့်ခံဟန်ဆောင်ထားနိုင်မယ် မထင်ဘူး ...
ငါ့အသံနဲ့ မင်းကြီးအသံက လုံးဝ ကွာခြားတယ်။..
မင်းကြီး၏အသံဟာ ကြည်လင်ပျက်သား ရှင်းလင်းတယ်။...
မင်းကြီးနဲ့ ငါက သဏ္ဌာန်သာတူမယ် အသံတော့ကွဲပြားတယ်...
မင်းကြီး အဲ့နေ့အချိန်မှီ ပြန်ရောက်မလာ ခဲ့ရင် ပွဲနေ့မှာ ငါက မင်းကြီးအစား မိန့်ခွန်းပြောရမှာ ငါ့အသံနဲ့သာဆို အယောင်ဆောင်မှန်း ဘူးပေါ်သလို ပေါ်ကုန်တော့မှာပဲ...
မဖြစ်ဘူး မင်းကြီး အမြန်ဆုံး ပြန်ရောက်လာပါစေ....”
“🗯ဖန်မိဖုရားခေါင်ကြီး...ကြွချီလာပါပြီ မင်းတရားကြီး....”
ထိုအသံကြောင့် ချောင်အန်းခေါင်း တစ်ပိုင်းကြီးသွားပြီး...
တုန်လှုပ်သွားသည်။...
ဟာ ...မင်း မင်းကြီးရဲ့ မယ်တော် ကြွလာပြီ ဘာကိစ္စလဲ မသိဘူး
ငါ .. ငါ ဘယ်လိုလုပ်ရမလဲ...
ထိုစဉ် မိဖုရားခေါင်ကြီးဖန် ဝင်လာ၍.
"သားတော် ဖိန့်...မယ်တော် ပွဲနေ့အတွက် သားတော်ဝတ်ရန် ဤ အထူး မှာထားသည့် အပေါ်ရုံ ဝတ်စုံအား ရပြီဖြစ်လို့ လာပေးခြင်းသာ ကဲ..သားတော် ဝတ်ကြည့်စမ်းပါဦးလား...''
မိဖုရားခေါင်ကြီးမှာ မုန်းဘုရင်အဖြစ်ရှိနေသည့် ချောင်အန်းအား လက်ရှိ ဝတ်ထားသော အပေါ်ရုံအင်္ကျီအား မောင်းမတော်များအား ချွတ်စေခါ ...
သူမ၏ လက်ထဲရှိ ရွှေချည်မျှင်ဖြင့် ပြုလုပ်ထားသော အပေါ်ရုံအင်္ကျီအား ဝတ်ဆင်ပေးလိုက်လေသည်။....
ချောင်းအန်းမှာ အင်းမလုပ် အဲမလုပ်ဖြင့် တောင့်တောင့်ကြီးရပ်ခါ
ချွေးစေးများ ပြန်နေ၏။...
"အယ်...ခန့်ညားလိုက်ပါဘိ သားတော်ဖိန့်ရယ်....ဘယ်လိုလဲ သားတော် ဤဝတ်စုံအား သဘောတွေ့ပါရဲ့လား..”
ချောင်အန်းဦးခေါင်းအား အသာငြိမ့်ပြခါ...
ရင်ထဲတွင် အလိမ်ပေါ်မည်စိုး၍ တုန်လှုပ်နေ၏....
ရွှေရောင်မျက်နှာဖုံးကြားမှ ချွေးများစီးကျနေသည့် ချောင်အန်းကြောင့်...
မိဖုရားခေါင်ကြီးမှာ မျက်မှောင်ကျုံ့သွားပြီး...
“သားတော် နေမကောင်းဘူးလားကွယ်...ချွေးတွေ အများ စီးကျနေတယ်...ပူအိုက်လျှင်လဲ ဤမျက်နှာဖုံးအား တစ်ခဏမျှ ချွတ်ထားလိုက်ပါလား...
အဟင်း...မယ်တော်လည်း သားတော်ဖိန့်ရဲ့ မျက်နှာဖုံးအကွယ်က ခန့်ညားတဲ့ မျက်နှာတော်ကို မမြင်ရတာ အတော်ကြာပြီ ဖြစ်တယ်
ဒါကြောင့် မယ်တော် သားတော်ရဲ့ မျက်နှာတော်အား အလွမ်းပြေ ရှူတော်မူဦးမယ်ကွယ်။...နော်...
လာ ...မယ်တော် ကိုယ်တိုင် ဤရွှေရောင်မျက်နှာဖုံးကို ချွတ်ပေးပါရစေ...”
မိဖုရားခေါင်ကြီး၏ ထိုစကားကြောင့် ချောင်အန်း အတော်လန့်ဖြန့်သွားပြီး...
ဤကိစ္စအား ငြင်းရန် အသံထွက်ပါလျှင်လည်း မိဖုရားခေါင်ကြီး၏ သင်္ကာမကင်းဖြစ်မှုကို ပိုခံရမည်ဖြစ်သည်။..
သွားပြီ..သွားပြီ ဒီတစ်ခါတော့
သေချာပေါက် ငါဟာအယောင်ဆောင်မှန်း မိဖုရားခေါင်ကြီးမိပြီ...
မိဖုရားခေါင်ကြီး၏ လက်တို့မှာ တဖြေးဖြေး သူဝတ်ထားသော ရွှေရောင်မျက်နှာဖုံးစီသို့ ကမ်းလာနေတာကြောင့်...
ချောင်အန်းမျက်လုံးအား စေ့စေ့မှိတ်ခါ ဘုရားသာတမိသည်။ ...
မျက်နှာဖုံးအား ချွတ်ပြီးခါ ခပ်ဟဟအနေထားတွင် ဆွဲခွါဖို့ လုပ်လိုက်စဉ်...
“တောင်းပန်ပါတယ် ဖန်မိဘုရားခေါင်ကြီး...မင်းသမီးရုန်ဟွာ မိဖုရားခေါင်ကြီးအား တွေ့လိုသောကြောင့် နန်းဆောင်တွင် စောင့်မျှော်နေသည်မှာ ကြာပြီဖြစ်သောကြောင့် ...
ဤသို့ အလျင်လာရောက် ကျွန်တော်မျိုး လျှောက်တင်ပေးခြင်းပါ...”
“အော...ငါ ဝတ်စုံ ချုပ်ဖို့ စိတ်ကြိုက် ပိုးဖဲပိတ်စတွေ ကိုယ်တော်တိုင် သွားကြည့်စဉ်ကတည်းက မင်းသမီးရောက်နေတာ ထင်တယ်...ကောင်းပြီ ငါနန်းဆောင် ပြန်ကြွမယ်”
ထိုစကားကြောင့် မိဖုရားခေါင်ကြီးမှာ ချွတ်ဖို့လုပ်နေသည့် ရွှေရောင် မျက်နှာဖုံးအား ပြန်တပ်ပေးလိုက်ခါ...
“အဟင်း...မင်းသမီး ရုန်ဟွာ မယ်တော့်ကို တွေ့ဖို့စောင့် မျှော်နေတာကြောင့် သားတော် ပူအိုက်လျှင်လဲ
ဟွမ်ကုံ ရေကြည်အိုင်မှာ ရေချိုးဆင်းပါလေ...
ကဲ...မယ်တော် နန်းဆောင်သို့ ပြန်ကြွဦး မယ်...”
ချောင်အန်း မိဖုရားခေါင်ကြီးအား ဦးခေါင်းညွှန့်ခါ အရိုအသေပေး လိုက်သည်။...
ထိုအခါမှ ချောင်အန်းတစ်ယောက် အသက်ရှူချောင်ခါ ပင့်သက်ရှည်ကြီး ချမိတော့သည်။....
ဟူး...တော်သေးသည်...
သူခိုးလူမိဖို့ လက်တစ်ကမ်းသာအလို ပဲ...
🌸🌸🌸🌸
ဟင်းလင်းပြင် အခန်းကျယ်ကြီး ထဲတွင် မိန်းမပျိုများ အလှပြင်ဆင်ရန် ခုံကိုစီချပေးထားခါ အလှပြင်ပစ္စည်းတို့ အစုံအလင်ဖြင့်...
ဤဆောင်ကြာမြိုင်တွင် လုပ်သက်ကြာပြီဖြစ်သော အမျိုးသမီးတို့မှာ အောက်ခံရင်ပျက် အင်္ကျီအပါးလေးဝတ်ခါ တစ်ဦးကို တစ်ဦး အပြန်အလှန် အလှပြင်ပေးရင်း တခစ်ခစ်ရယ်မောနေကြသည်။...
တချို့ အမျိုးသမီးများမှာ မိန်းမတွေကြည် ရှိနေသောကြောင့် အဝတ်ဗလာချွတ်ခါ လက်လွတ်စပယ် အင်္ကျီလဲနေကြသည်။..
တချို့မှာလည်း အမျိုးသမီး အောက်ခံအင်္ကျီပါးလေးဖြင့် မိန်းမချင်းချင်း တစ်ဦးကိုတစ်ဦး နှုတ်ခမ်းချင်းတေ့ နမ်းခါ ရမ္မက်ထနေကြသည်။...(Lgbt ထင်ပါသည်)
အသစ်ရောက်လာသည့် ရှောင်လုတို့ဤ၁၀ဦးသာ မှိုင်းထိုင်း ထွေငေးခါ အရာရာကို စိတ််မပါစွာ ဖျတ်သန်းနေကြရသည်။....
ရှောင်လု ထိုအဖြစ်တို့အား ခေါင်းလေးဖီးနေရင်းမှ လိုက်ကြည့်ခါ...
ဤသို့ မရိုးအောင် အမျိုးမျိုး အဖုံဖုံ ဖြစ်ပျက်နေသည့် ဆောင်ကြာမြိုင်ကြီးတွင် သူမ တစ်စက္ကန့်မျှတောင် လုံးဝမနေချင်တော့ပါ...
ထိုစဉ် သူမနံဘေးမှ ၈ကွက်စိတ်ကြား စက္ကူထူ ဆွဲတံခါးမှာ ဗြုန်းကနဲ ပွင့်လာခါ...
“ရှောင်လု ကျွေ့သခင်မကြီးခေါ်နေတယ်...အခုချက်ချင်း လိုက်ခဲ့”
“ရှင်...ဟုတ်..ဟုတ်ကဲ့ ..”
လာခေါ်သော အမျိုးသမီးအနောက်သို့ ရှောင်လု ကောက်ကနဲ ထလိုက်သွားတော့သည်။...
🌸🌸🌸🌸
ဝင်သွားခိုင်းသည့် အခန်းထဲသို့ စက္ကူထူ ကွက်စိတ်ကြား ဆွဲတံခါးအား ဖွင့်ခါ ရှောင်လုဝင်သွားတော့..
အခန်းကျယ်ထဲရှိ စားပွဲပုကြီး ပေါ်တွင် သစ်သီးမျိုးစုံ တင်ထားခါ စားဖွယ် အစုံအလင်လည်း ရှိနေသည်။..
ထိုစားပွဲနံဘေးတွင်တော့ မိန့်မိန့်ကြီးထိုင်နေသော ဆောင်ကြာမြိုင်၏ အရှင် ကျွေ့သခင်မကြီးအား ရှောင်လု တွေ့ရသည်။...
ထို့ကြောင့် ရှောင်လု မဝင့်မရဲ အသံလေးဖြင့်
“ဟို...ကျွန် ..ကျွန်မရောက်ပါပြီ..”
ထိုမိန်းမကြီးမှာ ပြုံးလိုက်ပြီး..
ထိုင်ဖို့နေရာအား ညွှန်ပြလိုက်သည်။..
“အဟင်း...ရောက်ပြီလား လာ ဒီမှာထိုင်...”
တုန်ရီကြောက်လန့်သော ခြေလှမ်းတို့ဖြင့် ရှောင်လု ထိုမိန်းမကြီး ညွှန်ပြသော နေရာ၌ဝင်ထိုင်လိုက်သည်။...
“မင်းမှာ မိဘတွေရှိလား..”
သူမခေါင်းလေး ရန်းပြခါ
“မရှိပါဘူး...ကျွန်မကအဘွားနဲ့ နေတာပါ...”
ရှောင်လုစကားကြောင့် ထိုမိန်းမကြီးက မျက်ခုံးပင့်လိုက်ခါ
“အွန်...ဒါဆို မင်းမှာ ချစ်သူရှိလား...”
သူမထက်၍ ခေါင်းခါရန်းလိူက်ပြီး..
“မရှိပါဘူး...”
ထိုမိန်းမကြီးမှာ ထက်၍ မျက်ခုံးပင့်လိုက်ပြီး...
“အဟင်း..ဒါဆို မင်းက မိဘမဲ့ တစ်ကောင်ကြွက် ဘယ်သူနဲ့မှ အထိအတွေ့မရှိဖူးသေးတဲ့ အပျိုပေါက်လေးပေါ့...အဟင်း...အတွေ့အကြုံ မရှိသေးဘူးပဲ...”
ထိုမိန်းမကြီးစကားကြောင့် သူမပြန်တွေးမိသည်က သူမကချစ်သူ မရှိပေမယ်...မနေ့ညက လူကြီးမင်း (မုန်းဘုရင်) နှင့်တော့ ပထမဆုံး အကြိမ် အတူနေခဲ့မိသည်။...
ထိုအဖြစ်နဲ့ ခံစားချက်ကြီး သူမ ပြန်တွေးကြည့်လျှင် ထိန့်လန့်မိသည်။...
“အဲ့တော့ မင်း...ငါ့စီမှာ အလုပ် ကောင်းကောင်းလုပ်နိုင်ဖို့အတွက် အတွေ့အကြုံရှိဖို့လိုတယ် ဒီတော့...မင်းအမြဲတမ်း ဆာလောင်တောင်းတပြီး ဆောင်ကြာမြိုင်ရဲ့ဖောက်သည်တွေ ပိုမိုတိုးပွါးအောင် အပြုအစုကောင်းဖို့ ငါက မင်းကိုသင်ပေးမယ်....
မင်းက ငါ့အတွက်ရွှေတွင်းပဲ”
ထိုမိန်းမကြီးစကားတွေမှာ ရှောင်လုအတွက် ကျက်သီးထစရာကောင်းအောင် ကြောက်စရာကောင်းလှသည်။...
ထိုမိန်းမကြီးမှာ သစ်သီးပန်းကန်ထဲရှိ စပျစ်သီးခိုင်မှ စပျစ်သီးတစ်လုံးအား ခြွေယူခါ သူ၏ ပါးစပ်တွင် ကိုက်တေ့လိုက်သည်။...
ပြီးနောက် ရှောင်လုစီသို့ ထလာခါ အနီးတွင်ကပ်ထိုင်လိုက်ပြီး..
သူမ၏ လက်တို့က ရှောင်လု၏ လည်ဂုတ်အစပ်အား ကိုင်လိုက်တာကြောင့်...
ရှောင်လု မျက်လုံးလေး ဝိုင်းခါ သူမအား ထိန့်လန့်စွာကြည့်နေသည်။...
ဖြတ်ကနဲဆိုသလို ထိုမိန်းမကြီးက ရှောင်လု နှုတ်ခမ်းအား စုပ်နမ်းလိုက်ပြီး ပါးစပ်အတွင်းသို့ စပျစ်သီးအား ခွံ့ထည့်ပေးလိုက်သည်။..
ထိုအဖြစ်ကြောင့် ရှောင်လု အတင်းရုန်းကန်လိုက်ပြီး ...
ပါးစပ်ထဲမှ အသီးအား ထွေးထုတ် ပစ်လိုက်ခါ
“အဟွတ်...အဟက်..ထွီ..
ရှင်...ရှင်ဒါဘာလုပ်တာလဲ..အဟွတ်..အဟွတ်”
ထိုမိန်းမကြီး ဇွတ်နမ်းတာကို ခံရခြင်းကြောင့် ရှောင်လု သူမနှုတ်ခမ်းအား အင်္ကျီစတို့ဖြင့် ဖိသုတ်ပစ်လိုက်သည်။..
ရှောင်လု၏ နီမြန်းနေသည့် မျက်နှာနှင့် သူမ၏ လုပ်ရပ်အား အလိုမကျသလို ရွံ့ရှာနေသည့် အဖြစ်အား...
ထိုမိန်းမကြီးက သဘောကျစွာ ကြည့်ရင်း...
“ဗြိ...”
ဝတ်ထားသည့် ရှောင်လုအင်္ကျီအား ဆွဲဖြဲခါ ကြမ်းပြင်တွင် တွန်းလှဲပစ်လိုက်တာကြောင့်...
“အ...ဟင်..ရှင်.ရှင်ကြီး ကျွန်မကို ဒါဘာလုပ်တာလဲ...”
မေးခွန်းထုတ်နေသည့် ရှောင်လုအပေါ်မှ စီးမိုးခါ သူမ၏ လည်ပင်းနှင့်ရင်ဘက်တို့အား ထိုမိန်းမကြီးမှ ဖိကပ် လိုက်နမ်းနေသဖြင့် အတင်းငိုယိုရုန်းကန် တွန်းထုတ်နေသူက ရှောင်လုပင်..
ထိုစဉ်....
“ဗြုန်း.. “
“သခင်မကြီး...ဟို တောင်းပန်ပါတယ်”