book

Index 5

(အပိုင်း ၅)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸🌸

မှောင်ရီစပျိုးအချိန်မို့ ရွာရှိ နေအိမ်ကိုယ်စီတွင် မီးတိုင် (သို့) မီးအိမ်လေးများ ထွန်းထားကြသည်။....

“ရှောင်လုရေ....မြေးမလေး ....ဘယ်တွေသွားနေသလဲ ကွယ်..
ရှောင်လု...အဘွားခေါ်နေတာ ကြားလား...”

အဘွားကျန့် တစ်ယောက် ရွာရှိ လမ်းကြိုလမ်းကြားတစ်လျှောက် တုန်ရီအက်ကွဲစွာ ရှောင်လု နာမည်လေးအား အော်ခေါ်ခါ ရှာနေ၏။
ထိုသို့ အော်ခေါ်နေသော အဘွားကျန့်အား သွားလာလှုပ်ရှားနေသည့် ရွာသူ/ရွာသားများမှ ထူးဆန်းသလို မျက်နှာထားဖြင့် ကွက်ကြည့် ကွက်ကြည့် လုပ်နေကြပြီး၊
တချို့မှာလည်း မသိသလို ရှောင်ဖယ်သွားကြသည်။...
တချို့ကတော့ ဘာသံလဲဟု စပ်စုသည့် ပုံနှယ် ပြတင်းပေါက်လေး လှပ်ခါ ခေါင်းလေးပြူကြည့်ကြသည်။...
သို့သော် တစ်ယောက်သောသူ ဖိန့်ဝမ်မှာတော့ အဘွားကျန့်၏ သူ့မြေးမလေးအား အော်ခေါ်ခါ လိုက်ရှာနေသံကြောင့်...
ကျေနပ်စွာ ပြုံးလိုက်ပြီး...
ရှာမနေနဲ့ အဘွားကြီး ဒီတစ်သက် ရှင့် ရဲ့ ချစ်လှစွာသော မြေးမလေးကို ပြန်တွေ့မှာ မဟုတ်ဘူး
သူကအခုဆို သေသွားပြီ...
အဟွန်း...ဒီအဖြစ်ကို အဘွားကြီးသာသိရင် ...သွေးပျက်လို့ ရူးသွားမလား မသိပါဘူး ...ဟား ...ဟား..

ကနုတ်ပန်းသဏ္ဌာန် ရှိသည့် လက်ကိုင်မှန်ထဲမှ မိမိပုံရိပ်အား ပြန်ကြည့်ရင်း အတွေးထဲမှ စကားသံကြောင့်
သူမ အပြင်မှာပါ ...
အသံထွက်အောင်ရယ် လိုက်မိသည်။...

“ဖိန့်ဝမ်...သမီးလေး ဘာတွေများ သဘောကျ နေပါလိမ့်ကွယ်..”

ကျောနောက်ဘက်မှ မိခင်၏ အသံကြောင့် သူမပြုံးနေတာကို ရပ်လိုက်ပြီး...
“ဪ ...မဟုတ်ပါဘူး မေမေရယ် ဒီမှာလေ ဒီဆံထိုးလေး အရှူရဲ့ဆိုင်မှာ အသစ်ရောက်လို့ လမ်းကြုံ သမီး ဝယ်လာခဲ့တာ ထိုးပန်ကြည့်တော့ သမီးနဲ့အတော်လိုက်လို့ ပြုံးနေမိတာပါ မေမေရဲ့....ဟုတ်တယ်မလား သမီးနဲ့လိုက်တယ်မလား ဟင် မေမေ...
ကြည့်ပါဦး...”
ပြောပြောဆိုဆိုဖြင့် ထိုင်နေရာမှ ထလိုက်ခါ မိခင်အနားသို့ လျှောက်သွားလိုက်ပြီး မေးလိုက်သည်။...
မိခင်ဖြစ်သူမှာလည်း သမီးဖြစ်သူ ဖိန့်ဝမ် ထိုးပန်ထားသည့် ဆံထိုးလေးအား ကြည့်လိုက်တော့ သူမနဲ့လည်း တကယ်လှသည်မို့
“အင်း ...ဟုတ်တာပေါ့ ကွယ် မေမေ့ သမီးလေးနဲ့ သိပ်ကို လိုက်တယ်...”

“ဟီး...”
ဖိန့်ဝမ်..မိခင်ဖြစ်သူအား ကျေနပ်စွာဖက်တွယ်လိုက်ပြီး ...
“မေမေ သမီးနဲ့ လက်ဆက်ထားတဲ့ သူကြီးသားချန်းက နေ့လယ်က ဘာလာပြောသွား တာလဲဟင်...”

ထိုအမေးကြောင့် ဖိန့်ဝမ်၏ မိခင်မှာ ကွက်ကနဲမျက်နှာ ပျက်သွားပြီး...
သမီးဖြစ်သူ ဖက်တွယ်ထားသည့် လက်ကလေးအား ဖိဆုတ်လိုက်ခါ...
ခဏအကြာမှ...
“သူ...သူက သမီးနဲ့လက်ဆက်မှာကို လက်မခံနိုင်ကြောင်း မေမေတို့ကို တိုက်ရိုက် လာပြောခဲ့တာသမီး...”

မိခင်၏ပြောစကားကြောင့် သူမခေါင်းတစ်ပိုင်းကြီးခါ ...
နားရှိလို့သာ ကြားရသည် ..
တကယ်ကို မယုံကြည်နိုင်ပါ..
ဘာလို့လဲ ဘာဖြစ်နေလို့လဲ
ငါ့ကို သူလက်မခံချင် ရလောက်အောင် ငါက ဘာတွေများ ချို့ယွင်းနေလို့လဲ...
ငါက ရှောင်လုလောက် မလှလို့လား...
ငါ့မှာ သူလက်မခံနိုင်စရာ ဘာအကြောင်း အရာတွေများ ရှိနေလို့လဲ...ဟား

ကြားရသည့်စကားကြောင့် သူမ သွေးရူးသွေးတန်းဖြစ်ခါ...
မိခင်ဖြစ်သူ လက်အား ဆွဲကိုင်လိုက်ပြီး
“မေမေ ဘာလို့လဲ သူသမီးကို လက်မခံရတဲ့ အကြောင်းရင်းက ဘာလို့တဲ့လဲဟင်...”

သမီးဖြစ်သူ ဖိန့်ဝမ်၏ နဖူးပြင်ပေါ်ပြိုကျနေသည့် ဆံနွယ်ရှည်တို့အား ဘေးဘီသိူ့ ဖယ်သပ်ပေးခါ...
စိတ်မကောင်းစွာ ပြုံးလိုက်ရင်း...
“သူက သူမချစ် မနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ လက်ထက်ဖို့ ဆိုတာ မဖြစ်နိုင်လို့ပါတဲ့...အဲ့အတွက်လည်း သမီးနဲ့လက်ဆက်ပေးဖို့ ကမ်းလှမ်းလာခဲ့တဲ့ သူ့မိဘတွေအစား မေမေတို့ကို အနူးညွှန့်တောင်းပန်ပါတယ်တဲ့လေ...”

ဘာတဲ့ မချစ်မနှစ်သက်တဲ့ မိန်းကလေးကို လက်မထက်နိုင်ဘူး ဟုတ်လား...
ရှင်က မချစ်ပေမယ့် ကျွန်မချစ်တယ်လေ ကျွန်မက ရှင့်ကို မြင်မြင်ချင်းကို ချစ်ခဲ့ရတာ ...
ဟား..ဘာလဲ ရှင့်ရင်ထဲမှာ နေရာယူထားသူက သက်သက်ရှိနေတာလား...
သူဘယ်သူလဲ ...ဘယ်ကလဲ
ဒါမှမဟုတ် ရှင့်ရင်ထဲမှာ နေရာယူထားတဲ့သူက ရှောင်လုများလား ...
ကျွန်မတို့ အကတိုက်ချိန်တိုင်း ရှင်က
ရောက်ရောက်လာပြီး ရှောင်လုကို ခံစားချက်ပါတဲ့ ရီဝေဝေမျက်လုံးတွေနဲ့ စိုက်စိုက်ကြည့်နေခဲ့တာပဲ...
ဟုတ်တယ် သေချာပေါက် ရှောင်လုပဲ..

တွေးရင်း သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဖိဆုတ်ခါ အံကြိတ်လိုက်ရင်း...
“အားးးးးး....မဟုတ်ဘူး မဟုတ်ဘူး...
သူ့ရင်ထဲမှာ ရှောင်လု မရှိရဘူး
ရှောင်လု မရှိရဘူး ...ငါ ရှောင်လုကို မုန်းတယ် ...အရမ်း မုန်းတယ်...အားးး”

🗯ခွမ်းး...ခလွမ်း...ခွမ်း...”

“သမီး..သမီးလေး ဘယ်လို ဖြစ်တာလဲ စိတ်ထိန်းပါ သမီးလေးရယ် ဒီလိုတွေ မလုပ်ရဘူးလေ ..သမီး ..သမီးလေး..
မလုပ်ပါနဲ့ ..ရပ်လိုက်ပါ..”
အသံမြုပ်ဝင်အောင် အော်လိုက်ရင်း စားပွဲခုံပေါ်ရှိ ပစ္စည်းများအားလုံးကို တခွမ်းခွမ်း ပစ်ပေါက်ခါ ဖိန့်ဝမ် ခွဲနေတာကြောင့်
မိခင်ဖြစ်သူမှာ ဖိန့်ဝမ်အား ကြည့်ခါ မျက်လုံးပြူးသွားပြီး ...
ဇွတ်တားနေရသည်။...

သောင်းကျန်းနေသည့် သူမအား မိခင်ဖြစ်သူမှ ဇွတ်တားနေတာကြောင့်
ပစ်ပေါက် နေသည်များကို ရပ်လိုက်ပြီး အံကို စေ့စေ့ကြိတ်ခါ...
ရှောင်လု ...နင်က သေသွားတာတောင် ငါ့အတွက် ကောင်းကျိူးမပေးဘူး နင်က ငါ့အတွက်လုံးဝကို ကျက်သရေမရှိဘူး ငါနင့်ကို အရမ်းမုန်းတယ် သိလား
ဒေါသ မီးတို့နှင့်အတူ...
မကျအောင် တင်းခံထားသည့် မျက်ရည်ကြည်တို့မှာ တစ်ပေါက်ပေါက် စီးကျလာခဲ့သည်။...

သို့သော် ရှောင်လုအား မသတ်ပဲ ရောင်းစားထားခဲ့သည်ကိုတော့ ဖိန့်ဝမ်ခိုင်းစေသည့် လူသုံးယောက်မှ အပ မည်သူမှမသိချေ။...
🌸🌸🌸🌸🌸

ရွာတစ်ခုလုံး နှံ့မတတ် အဘွားကျန့် လျှောက်ပက် အော်ခေါ်ရှာနေပေမယ့် ရှောင်လု၏ အရိပ်ယောင်ကိုပင် မတွေ့။...

အသက်ရွယ်ရလာပြီမို့ လမ်းလျှောက်တာကြာတော့ မောဟိုက်လို့ပင်လာသည်။...

လက်နှစ်ဖက်အား ဒူးလေးပေါ်ထောက်ခါ ကုန်းလိုက်ရင်း..
ဟောဟဲလိုက်နေသည့် အဘွားကျန့်အား ဖူးခိုက်နှင့် ဒေါ်လေးခမ် မြင်တော့ ပြေးလာခါ...
“အဘွားကျန့်...ရှောင်လုကို မတွေ့ဘူးလားဟင်...”

မျက်ဝန်းတို့မှ မျက်ရည်ကြည်တွေ တွဲခိုနေပြီး...ဟောဟဲလိုက်နေရာမှ မော့ကြည့်ခါ ခေါင်းခါရန်းလိုက်ပြီး...
“မတွေ့ဘူး ရှောင်လုလေးကို မတွေ့ဘူး... မင်းတို့ရော တွေ့ကြလားဟင်..”

ဒေါ်လေးခမ်နှင့် ဖူးခိုက်တို့မှာလည်း စိတ်မကောင်းစွာ ခေါင်းခါရန်းလိုက်ပြီး...
“ဟင့်အင်း...မတွေ့ဘူးအဘွား...”

ထိုစကားကြောင့် အဘွားကျန့်မှ အားမရှိသလို နုန်းချိပျော့ခွေခါ မြေပြင်ပေါ်သို့ လှဲကျသွားတာကြောင့်
“အဘွား ...အဘွား သတိထားပါဦး.”

“အဘွား..”

ဖူးခိုက်နှင့်ဒေါ်လေးခမ်တို့မှာ လှဲကျသွားသည့် အဘွားကျန့်အား လှမ်းထိန်းလိုက်ကြသည်။...
မြေပြင်ပေါ် လှဲကျနေသည့် အဘွားကျန့်မှာ ရှောင်လုပျောက်နေသည့် ကိစ္စနှင့်ပက်သက်၍ မခံစားနိုင်သည့် အဆုံး အသံထွက်အောင် ငိုချလိုက်တော့သည်။...

“ဟီး..ဟီး..ဟီး မြေးမလေး ဘယ်တွေ များ သွားနေတာလဲကွယ်...
ဒီမှာ အဘွားစိတ်ပူလွန်းလို့ ရင်တွေပူလှပြီကွဲ့...ရှောင်လုရေ..မြေးလေး..ဘယ်သူတွေများ ခေါ်သွားကြတာလဲ...ဘယ်တွေရောက်လို့ ဘာတွေများ ဖြစ်နေပါလိမ့်ကွယ်...
အဘွား မြေးကို စိတ်ပူလွန်းလို့ ရင်တွေပူလှပြီကွဲ့...ဟီး ဟီး..
ဘယ်သူတွေကများ မြေးလေးကို အန္တရာယ်ပေးဖို့ ခေါ်သွားကြတာလဲကွယ်....
ဒီမှာအဘွားရဲ့ ခုန်နေတဲ့ နှလုံးအစုံပြုတ်ထွက်မတတ်ကို နာကြင်ပြီး မြေးလေးအတွက် စိတ်တွေပူလှပြီကွယ်..
အီးဟီး..ဟီး..မိုးနတ်မင်းကြီး ကျေးဇူးပြုပြီး ကျွန်မမြေးမလေးကို ကူညီရှာပေးတော်မူပါ ...”

မြေပြင်ပေါ်တွင် လှဲကျခါ ငိုယိုနေသည့် အဘွားကျန့်ကဲ့သို့ပင်...
ဒေါ်လေးခမ်နှင့်ဖူးခိုက်တို့မှာလည်း မျက်ရည်များ စီးကျခါ စိတ်မကောင်းဖြစ်နေရသည်။...

ရှောင်လုပျောက်နေသည့် ကိစ္စအား သူကြီးမင်းအား သွားပြောခါ အကူညီတောင်းလိုက်ပြီး အကုန်ဝိုင်းကူ ရှာပေးပေမယ့် မတွေ့သောကြောင့် ...
ဖူးခိုက်နှင့်ဒေါ်လေးခမ်တို့မှာ လက်လျော့၍ အဘွားကျန့်အား အိမ်ပြန်ရန် လာခေါ်ခြင်းပင်....

သို့သော် ဖူးခိုက်မှာ မနက်မိုးလင်းလျှင် တောထဲ၌ ရှောင်လုအား သွားရှာရန် စဉ်းစားထားလေသည်။....

🌸🌸🌸🌸🌸

“ဂျလောက်...ကျွီ...”

သစ်သားတံခါးမကြီးအား ဆွဲဖွင့်လိုက်သည်ကြောင့် မှောင်မဲနေသည့် အခန်းကြီးမှာ အပြင်ဘက်ရှိ အလင်းတို့ကြောင့် ထင်းလင်းသွားပြီး...
အမှောင်ထဲတွင် နေသားကျနေသည့် မိန်းမပျိုလေးများမှာ ...
အလင်းရောင်ကြောင့် မျက်လုံးများ ကြိမ်းစပ်သွားကြသည်။ ..
တစ်ယောက်ကို တစ်ယောက် ပူးကပ်ခါ
ကြောက်ရွံ့နေကြပြီး။...
ဖွင့်လာသည့်တံခါးဝမှ ဖြူဖွတ်ဖွတ် တုတ်တုတ်တိုတို ခန္ဓာကိုယ်ရှိခါ
နှုတ်ခမ်းထိပ်ထောင့်တွင်လဲ မှဲ့အထင်းသားနှင့် မိန်းမကြီးတစ်ဦး။... ယက်တောင်အား ကိုင်ခါ...ဝင်ချလာပြီး...သူ၏အနောက်တွင် ထွားထွားကျိုင်းကျိုင်းယောကျာ်းကြီး ၃ဦးတို့လည်း ပါဝင်လေသည်။..

ထိုမိန်းမကြီးမှာ အခန်းတွင်းရှိ မိန်းမပျိူလေးများ၏ မေးစေ့အား ယက်တောင်ဖင်ရိုးဖြင့် ထောက်ခါ မော့မော့ကြည့်စေပြီး လိုက်အကဲခက်လိုက်သည်။..
ပြီးနောက် ထွားထွားကျိုင်းကျိုင်း ယောကျာ်းကြီး ၃ဦးဘက်သို့ လှည့်ခါ
“ဒီနေ့အတွက် ပွဲထုတ်ဖို့ ငါ ဒီအထဲက အလှဆုံး ၁၀ယောက်ကိုရွေးမယ်...
ငါရွေးပြီးတာနဲ့ အဲ့၁၀ယောက်ကို နင်တို့ အပျိုထိန်းခေါင်းဆောင် ယန်ဟွာ စီခေါ်သွားလိုက်ကြ...
ကြားလား...”

“ဟုတ်ကဲ့ပါ ကျွေ့သခင်မကြီး “

ထိုသခင်မကြီးဆိုသူမှာ ရှောင်လုတို့ မိန်းမပျိုလေးများ ဘက်သို့ ပြန်လှည့်လာခါ သဘောကျစွာ ပြုံးလိုက်ပြီး...
ပိတ်ထားသည့် ယက်တောင် ဖင်ရိုးအား တစ်ထောက်ထောက် ရိုက်ခါ..
“မင်း....နောက်ပြီးမင်း...နောက်မင်း​ရော..”

၁၀ယောက်ပြည့် အောင် ရွေးချယ်နေသည့် မိန်းမကြီးအား တစ်စက်ကလေးမှ ရှောင်လုမကြည့်ပဲ အောက်သို့ ဇွတ်ငုံ့ထားသည်။...
တစ်ယောက်ပြီး တစ်ယောက်ရွေးခြယ်နေပြီး ထိုမိန်းမကြီးရွေးချယ်လိုက်သည့် မိန်းမပျိုလေးများအား
ယောကျာ်းကြီး တစ်ဦးမှ ဇွတ်ဆွဲထူခါ အစဉ်လိုက် အနေထားဖြင့် ၁၀ယောက် ပြည့်မပြည့် ရေတွက်ပေးနေသည်။..

“ခေါ့ဖန်း ... ၁၀ယောက်ပြည့်ပြီလား..”

“၁ယောက်လိုပါသေးတယ် ကျွေ့သခင်မကြီး...”

၁ယောက်လိုသေးသည် ဟူသောစကားကြောင့် ထိုမိန်းမကြီးမှာ ပေပေစုတ်စုတ်ထိုင်နေကြသည့် မိန်းမပျိုများအရှေ့သို့ ယက်တောင်လေး တစ်ထောက်ထောက်ဖြင့် ခေါက်တုံ့ ခေါက်ပြန် ၃ခါလောက်လျှောက်လိုက်ခါ...

“မင်း...”

ထိုအသံကြောင့် မိန်းမပျိုလေးများမှာ ရင်ထိန့်စွာမော့ကြည့် လိုက်ကြပြီး...
ကံဆိုးစွာဖြင့် ထို “မင်း..”ဆိုသည့် အရွေးချယ်ခံလိုက်ရသည့် မိန်းကလေးမှာ အောက်သို့ ဇွတ်ငုံ့နေသည့် ရှောင်လုပင်...

ဇွတ်ငုံ့ထိုင်နေသည့် ရှောင်လုအား သန်မာသည့် လက်ကြမ်းကြီးက ထရန်ဆွဲထူလိုက်တာကြောင့် သူမမျက်နှာလေး အပေါ်သို့ မော့ကြည့်လာသည်။..

မော့ကြည့်လာသည့် ရှောင်လုမျက်နှာလေးအား ထိုမိန်းမကြီးမှာ မှိုရသည့် မျက်နှာထားဖြင့် ပြုံးလိုက်ခါ..
“ဝါး ..ဒီကောင်မလေးကို လာရောင်းတုန်းက အကလည်းတော်တယ်လို့ ပြောသွားသေးတယ်နော်...
အဟွန်း...သူက ကချေသည်ထဲလည်း ထည့်လို့ရသလို ၊ကြာမယ်(အပျော်မယား)အဖြစ်လည်း သုံးလို့ရတာပဲ ရုပ်လေးက နတ်မိမယ်လေးအလား အတော်လှတာပဲ...
အဟင်း..မင်းက ဒို့အတွက် ရွှေပဲ...
ကြေးကြီးတဲ့ တကဲ့အဖိုးတန်လေးပဲ...
အကောင်ကြီးကြီးတွေမှ ပေးစားရမယ် ..အဟင်း ဟင်း...”



ထိုမိန်းမကြီး စကားမှာ ရှောင်လုအတွက် သွေးပျက်ခြောက်ခြားစရာပင်...
ချက်ချင်း သူတို့လက်ထဲက ရုန်းထွက် ပြီး ထွက်ပြေးချင်ပေမယ့်...
မနေ့က အမကြီးပြောသည့် စကားအား နားထဲတွင် ပဲ့တင်ထပ်အောင်..
ပြန်ကြားယောင်မိသည်။...
“ဒီကနေ...ဒီကနေ..နေ..
မင်းထွက်ပြေးဖို့ ..ဖို့...လုပ်ရင်..ရင်...
အဆုံး..အဆုံးသက်က..က..
သေခြင်း..သေခြင်း..တရားပဲ..ပဲ “

သူမ၏ မိခင်ပမာ ချစ်ရသည့် အဘွားမျက်နှာလေးအား တစ်ခါလောက်ဖြစ်ဖြစ် ကြည့်ရဖို့ သူမ အသက်ရှင်ချင်သေးသည်။..
ထို့ကြောင့် ကလန်ကဆန်ဘာမှ မလုပ်ပဲ ရင်နာနာဖြင့် သူတို့ ခေါ်ဆောင်ရာသို့ လိုက်သွားခဲ့ရသည်။.
ပါးပြင်လေးတွင် မျက်ရည်ကြည် စီးကြောင်းများဖြင့် ....
သူမ အဖြစ်ကို တွေးကြည့်ရင်း အတော်ကို ရင်နာကြေကွဲမိသည်။...

🌸🌸🌸🌸🌸
[ကျွေ့ဟွာ ဆောင်ကြာမြိုင်]

ဤဆောင်ကြာမြိုင်သည် ပထမတန်းစား/အလယ် အလတ်တန်းစား/အညံ့ စားဆိုပြီး...
အပိုင်း သုံးပိုင်း ခွဲခြားထားပေသည်။...
ထိုသို့ ခွဲခြားထားပါ သော်လည်း မုန်း ဘုရင်မှာ သူနှစ်သက်ရာ အခန်းကျယ် ပုံစံကိုသာ ဝင်ရှာဖွေတတ်သည်။...
ထို့အပြင်အကမယ် ရွေးခြယ်လျှင် ဆောင်ကြာမြိုင်၏ အပျိုထိန်းယန်ဟွာနဲ့သာ တိုက်ရိုက် ဆက်သွယ်သည်။...
ထို့ကြောင့် အခန်းတိုင်းလိုလို ဝင်ထွက်ပြီး...ယန်ဟွာအား လိုက်ရှာဖွေတတ်သည်။...
ယန်ဟွာမှာ လူတန်းစားမရွေး စျေးမြင့်ပေးလျှင် ...
ပေးသလို လိုက်တတ်သောကြောင့်...
နယ်ပယ်အပိုင်းစုံကို ရောက်ရှိတတ်သည်။...
မုန်းဘုရင် ဤဆောင်ကြာမြိုင်သို့ ရောက်တာ ဒါနှင့်ဆို ၄ကြိမ်မြောက်ပင်...
အဘယ့်ကြောင့်ဆိုသော် ၎င်းဆောင်ကြာမြိုင်ရှိ အချေသည်တို့၏ ကကွက်အလှတို့ကို သဘောကျ၍ပင်...
သည်တစ်ခေါက်...
ဆောင်ကြာမြိုင်သို့ မုန်းဘုရင် ရောက်လာတော့ ...
မည့်သည့် မိန်းမပျိုမှ သူ့အနားသို့ လာရောက် ပွတ်သီး ပွတ်သက် မလုပ်တာကြောင့်..
အတော်ပင် စိတ်ချမ်းသာမိသည်။..
ဤသည်မှာ ..သူဟိုတစ်ခါ ပွဲကြမ်းလိုက်သည့် ကိစ္စကြောင့် ပင်ထင်သည်။..
ဒါလည်းကောင်းပါသည်လေ..
ရှုပ်ရှုပ်ယှက်ယှက်တွေကို အာရုံအနောက်ခံပြီး နှင်စရာမလိုတော့ဘူးပေါ့...
ခန့်ညားစွာ ဆောင်ကြိုင်မြိုင်အတွင်း သို့ ဝင်လာသည့် မုန်းဘုရင်အား...

မိန်းမပျိုများက ကိုယ်ထိလက်ရောက် လာရောက် မကပ်တွယ်ကြပေမယ့်..
အကြည့်တို့ဖြင့်သာ တစ်ဖက်ဖက် လာရောက် ကပ်တွယ် မြူစွယ်နေကြလေသည်။...

ထိုအကြည့်တို့အား မုန်းဘုရင် ဂရုမစိုက်ပဲ ချက်ချင်း စက္ကူထူ ဆွဲတံခါးလေးအား ဖွင့်ခါ အခန်းကျယ်ထဲ သို့ ဝင်သွားလိုက်တော့သည်။...

ထိုအခန်းကျယ်ထဲတွင် ထုံးစံအတိုင်း သေရည်သောက်ခါ မူးရူးနေကြပြီး ယုတ်စွအဆုံးပြောရလျှင် တချို့မှာ လူမြင်ကွင်းတောင် မချန် ကာမဆက်ယှက်နေကြသည်။...(sry🙏🏻)
ဤအခန်းအား မုန်းဘုရင်မသတီ သလိုကြည့်၍ ပြန်ထွက်ခဲ့လိုက်စဉ်...

အပေါ်အင်္ကျီဗလာကျင်းဖြင့် လူကြီးမှာ ဖြူနုနေသည့် မိန်းကလေးအား အခန်းပြင်သို့ ဒရွတ်တိုက် ဆွဲထုတ်ခါ
ကြမ်းပြင်တွင် ပစ်လှဲချလိုက်ပြီး...

“ဟာ...ဒီကောင်မ ..အတော်အလိုက်ကန်းဆိုး မသိတဲ့ ကောင်မပါ့လား...
ငါကနင့်ကို တန်ရာတန်ကျေး ပေးပြီး တစ်ည ခေါ်ငှါးတာကို နင်ကများ”

“ဖြောင်း...”

ထိုလူကြီးမှာ အပေါ်စီးမှ နေရာယူခါ အဝေးမှ ကြည့်လျှင်တောင် ဖြူဝင်းနေသည့် မိန်းကလေး၏ ပါးပြင်အား ပိတ်ရိုက်ခါ ...ဆဲဆိုနေလေသည်။...
ကြမ်းပြင်တွင် လှဲကျနေသည့် မိန်းကလေးမှာ ထိုလူကြီး အတင်းဆွဲချွတ်ထားလို့ လျောကျနေသည့် အင်္ကျီလေးအား ပြန်ပြန်ပင့်တင်သိမ်းခါ အသံပင်မထွက် နိုင်အောင် တစ်သိမ့်သိမ့်ငိုယို နေလေသည်။...
ထိုမြင်ကွင်းအား ဆောင်ကြာမြိုင်သို့ လာရောက် အပန်းဖြေနေသူများမှ ဝိုင်း၍ကြည့်နေကြသည်။
ထိုထဲတွင် မုန်းဘုရင်လဲ အပါအဝင်ဖြစ်သည်။..

“စောက်ကောင်မ...အချိုးမပြေတဲ့ အပြင် ငါ့နားရွက်ကိုပါ ကိုက်သေးတယ် ဟုတ်လား ...”
နားရွက်ရှိ သွေးစတို့အား ထိတို့ရင်း..
ပြောလိုက် ခြင်းပင်...
“ဟာကွာ..ကဲဟာ”
ထက်ရိုက်ရန် ရွယ်လိုက်သည့် လက်အား အပျိုတော်ထိန်း ယန်ဟွာမှ ဆွဲဖမ်းလိုက်ပြီး အေးစက်စက်ပြုံးလိုက်ခါ...
“လူကြီးမင်း စိတ်လျော့ပါ သူနဲ့ အဆင်မပြေရင် ကျွန်မတို့ဘက်က နောက်တစ်ယောက် အစားထိုးပေးပါ့မယ်...ဒီလိုတော့ ကိုယ်ထိလက်ရောက် မလုပ်ပါနဲ့...သူမက ဒီကိုရောက်တာ ရက်ပိုင်းတောင် မရှိသေးတဲ့ အသစ်စက်စက် လူသစ်ပါ ..
ဒါမျိုးတွေကိုလည်း တစ်ခါမှ အတွေ့ကြုံမရှိခဲ့ဖူး ထင်ပါတယ်..ဒါကြောင့် သူ့အတွက်ခက်ခဲနေဦးမှာမို့ သည်းခံနားလည် ပေးပါ လူကြီးမင်း အပေါ်လုပ်ခဲ့တဲ့ သူ့ရဲ့ အပြုအမူအတွက်လည်း ကျွန်မကပဲ အနူးညွှန့်တောင်းပန်ပါရစေ..”

ထိုလူကြီးမှာ ယန်ဟွာအား မျက်မှောင်ကျုံ့ခါ စူးရဲခက်ထန်စွာ ကြည့်လိုက်ပြီး...
“ကောင်းပြီလေ ဒါဆိုလဲ ငါ့ကို လူလဲပေးလိုက်...နောက်ပြီး ..ဒီလို ရိုင်းစိုင်းပြီး စိမ်းသက်တဲ့ဟာတွေကို စျေးကြီးတင်ပြီးချပြမထားနဲ့...
သိမ်မွှေ့ပြီး ယှဉ်ပါးအောင် လေ့ကျင့်ပေးထားပြီးမှ
ခေါ်ထည့်ထား ...ကြားလား ...
စိတ် အပန်းဖြေဖို့လာတာ ဒီလိုဟာမျိုးကြောင့် ငါအာရုံနောက်တယ်။..”

ယန်ဟွာ ခေါင်းငြိမ့်ပြလိုက်ခါ
“တောင်းပန်ပါတယ် လူကြီးမင်း နောက်မဖြစ်စေရပါဘူး..”
ဆောင်ကြာမြိုင်၏ အပျိုထိန်းခေါင်းဆောင် ယန်ဟွာ၏ ကောင်းမှုကြောင့် ဖြူနုနု မိန်းကလေးမှာ ဆက်အရိုက်မခံရတော့ပဲ ကံကောင်းသွားခဲ့သည်။..
ကြမ်းပြင်တွင်လှဲကျနေသည့် ဖြူနုနု ကောင်မလေးအား ယန်ဟွာ အမြန်ကောက်ထူပေးလိုက်ပြီး..
ထိုကောင်မလေးမှာ ရှောင်လုသာဖြစ်လေသည်။...

ပုခုံးတွင်လျော့ကျနေသည့် အင်္ကျီစလေးအား ပြန်ပြန်ဆွဲတင်နေပေမယ့် ဆောင်ကြာမြိုင်အမျိူး သမီးတိုင်းလိုလို ရင်ဘက်ဟိုက် အင်္ကျီအား တမင်ဝတ်ဆင်ကြရသည်မို့ သူမမည်သို့ပင် ဆွဲပင့်တင်နေခါမူ ..
လုံခြုံလာမည်မဟုတ်ပါ။..
ထိုသို့ ပေါ်နေသည့် ပုခုံးသား ဖြူဖြူဝင်းတို့အား တချို့ ယောကျာ်းသားများက အရသာခံကြည့်ခါ သွားရည်ယိုနေသည်။...

မလုံခြုံပဲပေါ်နေသည့် ခံစားချက်ကြောင့် ရှက်လွန်းတာမို့ ဇွတ်ခေါင်းလေး ငုံ့ထားသည့် ရှောင်လုအား..
အနားနားကပ်ခါ..
“နင်ဒီည ဖောက်သည် တစ်ယောက် အမြန်မရှာနိုင်ရင် ကျွေ့သခင်မရဲ့ ကြာပွတ်နဲ့ အပစ်ပေးခံရမယ် မှတ်ပါ..”

“ရှင်.!..”

ယန်ဟွာ စကားကြောင့် ရှောင်လု မျက်လုံးလေးများ ပြူးကျယ်ဝိုင်းစက်သွားခါ..
“အမတော်ရယ် ဘယ်လို ဖြစ်နိုင်မှာလဲ ရှောင်လု ဒါမျိုးတွေ မလုပ်ချင်ဘူး တစ်ခါမှလဲ မလုပ်ဖူးဘူး မလုပ်ပါရစေနဲ့နော်..အမတော်..”

ရှောင်လုစကားကြောင့် ယန်ဟွာ အံကြိတ်သံဖြင့်..
“တိတ်စမ်း...ဘာမှ အတွန့်မတတ်နဲ့ ဒီညအတွက် ဖောက်သည် ရအောင်သာရှာ မဟုတ်ရင် နင် အပြစ်ပေးခံရမယ်..ကြားလား..”

ထိုစဉ် သူမတို့ နှစ်ဦးအနားသို့ မုန်းဘုရင် တစ်ရွေ့ရွေ့လျှောက်လာခါ...
“ဒီမှာ ငါ့အတွက် ဒီည အခန်းအကျယ် လွတ်တစ်ခန်း စီစဉ်ပေးပါ။
အကောင်းစား ယမကာ၊ အတော်ဆုံး ကချေသည် တစ်ယောက် ငါ့စီကို လွှတ်ပေးပါ။တစ်ယောက်ပဲလွှတ်နော် ယမကာအတူသောက်ဖို့ဆိုပြီး နောက်ထက်အပိုတွေ ပါမလာစေနဲ့...”

ယန်ဟွာ မုန်းဘုရင်စကားကြောင့် ပြုံးလိုက်ခါ..
“အဟင်း...စိတ်ချပါ လူကြီးမင်း ...ငွေရှင်းဖို့ လိုက်ခဲ့ပေးပါ...”

မျက်နှာဖုံးအနက်ရောင်နှင့် ဒီလူအား ရှောင်လုကောင်းကောင်းသိသည်။..
သူမလား သူမဒုက္ခရောက်တုန်းက တစ်ခါ ကူညီခဲ့ဖူးတာ..
နာမည်တောင် မမေးလိုက်ရဘူးလေ..
မြန်ချက် ပျောက်သွားတာများ...
အခု အခုသူမ ဒုက္ခရောက်နေပြန်ပြီး သူထက်လို့ ကူညီဖို့ သူမမျှော်လင့်မိသည်။...
ထို့ကြောင့် ငွေရှင်းရန် သွားဖို့ ပြင်နေသည့် မုန်းဘုရင်၏ အင်္ကျီစလေးအား လှမ်းဆွဲခါ...
“ဟို...လူ ..လူကြီးမင်းက ကချေသည်ကောင်းကောင်းတစ်ယောက် ဖျော်ဖြေပေးဖို့ လိုနေရင်...ကျွန်မကို ခေါ်ပါ ကျွန်မ ကောင်းကောင်းကပြ ဖျော်ဖြေတတ်ပါတယ်။..”

အင်္ကျီစအား ဆွဲခါ ပြောလာသည့် သူမကြောင့် မုန်းဘုရင်မျက်မှောင်ကျုံ့လိုက်ခါ..
“မင်းက တော်တဲ့ ကချေသည်ဟုတ်လို့လား အပျော်မယား မဟုတ်ဘူးလား..”

မုန်းဘုရင်၏ စကားကြောင့် သူမ အတော်ရှက်သွားမိပြီး ဆွဲထားသည့် အင်္ကျီစအား ပြန်လွှတ်လိုက်ပြီး...
ဘာမှ မပြောပဲ နှုတ်စေ့နေလိုက်သည်။...

သို့သော် ယန်ဟွာမှ ရှောင်လုမျက်နှာလေးအား အကဲခက်ကြည့်လိုက်ပြီး...
“လူကြီးမင်း သူမက လူကြီးမင်းထင်သလို အပျော်မယ်လဲ ဟုတ်ပါတယ် ဒါပေမယ့် အတွေးမမှားနဲ့နော် လာရောင်းစားတဲ့သူတွေက သူမကို အကပညာမှာ အရမ်းတော်တယ် လို့ ချီးကျူးသွားခဲ့တယ် သူတို့ပြောသွားတာ ဟုတ်မဟုတ်သိချင်ရင် အစမ်းအနေနဲ့ ဒီတစ်ညလောက် ခေါ်ကြည့်ပါ့လား..”

ခေါ်ကြည့်ရန် မြောက်ပေးလိုက်သည့် ယန်ဟွာစကားကြောင့် မုန်းဘုရင်မှာ စိတ်နည်းနည်းယိုင်သွားပြီး...
စိတ်ထဲတွေးမိသည်က အရောင်းစားခံရသည်ဆိုပဲ ဒါဆို ဒီဆောင်ကြာမြိုင်မှာ အလိုမတူ မတရားသဖြင့် အရောင်းစားခံရတဲ့ အမျိုးသမီးတွေ အတော်ပေါပုံရတယ်။..
နောက်ပြီး ဒီမိန်းကလေးကိုလည်း ငါ့စိတ်ထဲ တွေ့ဖူးသလိုပဲ...
တစ်ခါတွေ့ဆုံဖူးပေမယ့် မုန်းဘုရင် သူမအား မမှတ်မိချေ။..

“လူကြီးမင်း ဘယ်လိုလဲ..”

ရှောင်လု၏ မျက်နှာအား မုန်းဘုရင် အသေချာ တစ်ချက်စိုက်ကြည့်လိုက်ပြီး..
အတော်တော့ လှတဲ့မိန်းကလေးပဲ ...
ရုပ်ရည်ကတော့ အပြစ်ပြောစရာမရှိဘူး...
အကစွမ်းရည်က ငါလိုချင်တဲ့ အမှတ်ကို ရောက်ပါ့မလား....
ထားပါလေ ခေါ်ကြည့်မယ်...
“ကောင်းပြီ ငါသူ့ကို ဒီညခေါ်မယ်..”

မုန်းဘုရင်စီမှ ခေါ်မည်ဆိုသည့် စကားကြောင့် သူမ အားကိုးရသလို ကြည်နူးမိ၏။
သူမ ဤနေရာမှလွတ်မြောက်ဖို့ သူ့စီက အကူအညီ သေချာပေါက်ယူရမည်။...

🌸🌸🌸🌸🌸

ရှည်လျား ကျယ်ဝန်းသည့် အခန်းကျယ်ကြီးထဲသို့ ...
ဤတစ်ခါ အထူးအဆန်း...
အိပ်ယာသဖွယ် ခင်းကျင်းပေးထားပြီးစားပွဲဝိုင်းမှာလည်း ခါတိုင်းထက် အနည်းငယ် ကြီးလှပေသည်။..

ဘယ်လိုပဲ ဖြစ်ဖြစ် မုန်းဘုရင်ကတော့ ထိုနေရာတွင် ဝင်ထိုင်လိုက်ပြီး...
သူ့အတွက် အရေးကြီးဆုံးက ယမကာသောက်ရင်း အကကြည့်ခါ အပန်းဖြေဖို့သာ...

ခဏအကြာတွင် ယမကာနှင့် စားပွဲသောက်ပွဲ အစုံအလင်လာ ချ ခါ...
ဗြက်စောင်း တီးမည့် မိန်းမပျိုနှင့်အတူ ပန်းဆီရောင် ပါးလွှလွှ ဇာခြုံအင်္ကျီအား ဝတ်ဆင်ထားသည့် ရှောင်လုပါ အဝတ်စားလဲပြီး ဝင်လာခဲ့သည်။...
နဂို သဘာဝအလှပေါ် အလှဆင့်ခါ ဆောင်ကြာမြိုင်မှ ပြင်ဆင်ပေးထားခြင်းကြောင့် ပိုပိုလို့လှပလေသည်။...

ဤအခန်းကျယ်ကြီးထဲတွင် သူတို့ ၃ယောက်သာ ရှိနေလေပြီး...
ဗြက်စောင်း၏ တေးသွားနှင့် အညီ ရှောင်လုမှာ စတင်၍ကပြ ဖျော်ဖြေလေသည်။...
သွယ်လျလျလက်တို့က အချိူးဆစ်ညီအောင် ကနေပြီး ခြေဖမိုးလေးကော့ပြန်ခါ ကိုယ်နေဟန်ထား ညိမ်းနွှဲ့နေပြီး...
ဝတ်ဆင်ထားသည့် ဝတ်စုံမှ ပုဝါစတို့ က တစ်လွှင့်လွှင့်ဖြင့်...
ဖဲကြိုးပန်းရောင်လေး လေဟာနယ်ထဲ လွှင့်သည့်နယ် သူမကကွက်တို့က ပေါ့ပါးခါ လှပလှသည်။...
သူမ၏ ကကွက်တို့မှာလဲ မုန်းဘုရင် ခါတိုင်းသူမြင်နေကြ အကတို့နှင့်မတူ ထူးခြားခါ ကြည့်လို အလွန်ကောင်းသည်။..
ထို့ကြောင့် သူ့အား ပို၍ပြုံးမိစေသည်။...’
အကတို့မှာ သူ့စိတ်ကိုအကြိုက်တွေ့စေပြီး နှစ်သက်စေသလို ...
ယခုအခါတော့ လူလေးကလဲ အင်မတန်အင်မတန် လှတာကြောင့် ...
သူမအပေါ် မုန်းဘုရင် စိတ်ယိုင်လာမိသည်။...
ပုဝါစလေး တစ်လွှင့်လွှင့်ဖြင့် ကနေသည့် သူမမှာ ဗြက်စောင်းသံ ရပ်သွားသည်နှင့် ကနေသည့် ကကွက်အား လှပစွာ သိမ်းလိုက်သည်။...
မုန်းဘုရင် ဤသည်အား သဘောကျစွာ လက်ခုပ်တီးလိုက်ရင်း...
“ဖြောင်း...ဖြောင်း..ဖြောင်း...တော်တယ်...မင်းအရမ်းတော်တယ်..ဟား..ဟား..”

ဗြက်စောင်းသံဇဉ်တီးခပ်သူအား ယန်ဟွာမှ သီချင်းတစ်ပုဒ်စာ ပြီးလျှင် အပြင်သို့ ထွက်ခဲ့ရန် မှာလိုက်ခြင်းကြောင့် ထခါ ထွက်သွားတော့သည်။...
ထို့ကြောင့် ရှောင်လုမှာလည်း သူမအား အထင်သေးသလို ကြည့်ပြီး ပြောခဲ့သည့် မုန်းဘုရင်အား အကူညီတောင်းရန် မဝံ့ရဲတာကြောင့် ထွက်သွားရန် ပြင်လိုက်သည်။..

ထွက်သွားရန် ပြင်နေသည့် သူမအား မုန်းဘုရင် လက်ကာခါ တားလိုက်ပြီး
“ဟေး..ဟေး...မင်းနေဦး ဒါဘယ်လဲ လာဒီနားကို ငါနဲ့ခဏလောက် ယမကာလေး အတူသောက်ပေး..”

မုန်းဘုရင်သူ့နံဘေးတွင် လာထိုင်ရန် မှို့အိပ်ယာ သားအား ပုတ်ပြခါ ခေါ်လိုက်ခြင်းကြောင့်...
“ဟို...လူကြီးမင်း...ကျွန်မ ကျွန်မ မသောက်တတ်ဘူးရှင့်...”

သူမစကားကြောင့် မုန်းဘုရင်၏ လေးကိုင်းသဏ္ဌာန်နှုတ်ခမ်းမှာ ကွေးခါ ပြုံးသွားပြီး...
“ရတယ် မင်း မသောက်တတ်လဲ ငါ့ကို ယမကာ လာ ငှဲ့ပေးလဲ့ လာ..”


လက်လှပ်ခေါ်ခါ နံ့ဘေးတွင် ထိုင်ဖို့ ဟန်ပြနေသည့် မုန်းဘုရင် အနားအား သူမ မရဲတရဲဖြင့် လျှောက်သွားခါ နံဘေးတွင် ဝင်ထိုင်လိုက်သည်။...


သူမရှေ့သို့ ကြွေခွက်အဖြူလေးတိုးပေးလာခါ...
ငှဲ့ပေးဆိုသည့် ပုံစံဖြင့် မုန်းဘုရင်မှခေါင်းလေး စောင်းပြသည်။...
ထို့ကြောင့် ရှောင်လုမှာ တုန်တုန်ရီရီဖြင့် ယမကာ ထည့်ထားသည့် ခရားအိုးအား ကိုင်ခါ ငှဲ့ပေးလိုက်၏။....
အငှဲ့မတော်တော့ ယမကာများ ကြွေခွက်အသေးလေးထဲမှ လျှံကျခါ မုန်းဘုရင်၏ အကောင်းစား ပိုးဖဲဝတ်ရုံပေါ်တွင် မှောက်စိုကုန်သည်။...

ထိုအဖြစ်ကြောင့် သူမအား ဒေါသဖြစ်ခါ ရိုက်နှပ်မည် စိုးလန့်၍ စိုရွှဲကုန်သည့် မုန်းဘုရင်ပေါင်ပေါ် ရှိ ယမကာရည်တို့အား သုတ်စရာထွေထူး ယူမနေပဲ သူမ၏ အင်္ကျီလက်လေးဖြင့် ဖိသုတ်ပေးနေမိသည်။...

မှောက်ကျသွားသည့် ပေါင်ပေါ်က အရာတို့အား သုတ်ပေးနေသည့် သူမ မျက်နှာလေးမှာ တဖြေးဖြေး မုန်းဘုရင်နှင့် နီးကပ်လာသလို...
ဖိသုတ်ပေးနေသည့် သူမကြောင့် မုန်းဘုရင်မှာ စိတ်များ ခိုးလို့ခုလုဖြစ်ခါ ထကြွလာသည်။...
တလှုပ်လှုပ်ဖြင့် သုတ်ပေးနေသည့် သူမစီမှ သင်းပျံ့သည့် မွှေးရနံ့တချို့ ရရှိနေပြီး...
သူမ၏ ပီတုန်းရောင် ဆံနွယ်ရှည်တို့က တစ်ချက်တစ်ချက် သူ၏ နှာဖျားထိပ်အား လာလာရိုက်သည်။...
သူမ၏ ဆံနွယ်ရှည်တို့စီမှ သင်းပျံ့သည့်မွှေးရနံ့အား ထက်၍ ရလိုက်ခြင်းကြောင့် မုန်းဘုရင်မှာ သူမအပေါ် စိတ်မထိန်းနိုင် ဖြစ်လာသည်။..
ထို့ကြောင့် သူစိတ်ရိုင်း တို့ မဝင်ခင်သူမလေးအား...
“မင်း...မသုတ်ပေးနဲ့တော့ တော်တော့...”

ထိုစကားကြောင့် ရှောင်လုမှာ သူမအား မုန်းဘုရင် စိတ်တိုသွားသည် အထင်နှင့်..
“ဘာလို့လဲ လူကြီးမင်း ကျွန်မရဲ့ မဆင်မခြင် လုပ်ရပ်ကြောင့် လူကြီးမင်းအပေါ် ဒီလို မှောက်ကျသွားရတာပါ ကျွန်မတောင်းပန်ပါတယ် လူကြီးမင်း ကျွန်မ ပြန်သုတ်ပေးပါရစေနော်..”

မရပ်ပဲ ဆက်သုတ်ပေးနေသည့် သူမအား မျက်လုံးမှိတ်ခါ သက်ပြင်းရှည်ကြီး ချလိုက်ရင်း..
“ဟူး...ငါမင်းကို ပြောနေတယ် မသုတ်ပေးနဲ့ တော်တော့လို့..”

“လူကြီးမင်း ကျွန်မ တောင်းပန်ပါတယ် ကျွန်မရဲ့...
ဟင်...အမေ့.!..”

ပြောစကားအား နားမထောင်ပဲ ဇွတ် သုတ်ပေးနေသည့် သူမအား မုန်းဘုရင် ခါးမှ ဆွဲဖက်ခါ ခင်းထားသည့် အိပ်ယာပေါ်သို့ တွန်းလှဲ ချလိုက်တာမို့
သူမအတော်ပင် လန့်ဖြန့်သွား သည်။

နှစ်ဦးသား ထပ်လျက်ရှိနေပြီး...
သူတို့နှစ်ဦးကြားတွင် မျက်နှာဖုံးလေးသာ ကြားခံနယ်အဖြစ်ရှိလေသည်။...

မုန်းဘုရင်နှင့် သူမ၏မျက်နှာမှာ နီးနီးကပ်ကပ်ရှိနေပြီး...
တစ်ယောက်နှင့် တစ်ယောက် အလွန်နီးကပ်နေမှုကြောင့် နှစ်ဦးသား ရင်ထဲတွင် နှလုံးခုန်သံတို့ ပြေးလွှားခုန်ပေါက်နေကြသည်။..

ပက်လက်အနေထား ရှိနေတဲ့ ရှောင်လုက မျက်နှာဖုံးကြားမှ သူမကိုစိုက်ကြည့် နေတဲ့ မုန်းဘုရင်ရဲ့မျက်ဝန်း ညိုတွေကို မှင်သက်သွားပြီး
စိုက်ကြည့်နေရင်းမှ သူမရဲ့လက်တစ်ဖက်က မုန်းဘုရင်တပ်ထားတဲ့ မျက်နှာဖုံးကို ချွတ်​ဖို့ ရွယ်လိုက်သည်။...

မျက်နှာဖုံးကို ချွတ်ဖို့ ရွယ်နေတဲ့ သူမလက်တွေကို သူမငြင်းဆန်ပဲ...
လှပတဲ့ သူမမျက်နှာလေးကိုသာ ငေးစိုက်ကြည့်နေ၏။....
တပ်ထားတဲ့ မျက်နှာဖုံးကို ဆွဲခွါချလိုက်တော့....

ဖြူးကနဲဆိုသလို လေပြေတစ်ချက် တိုးဝေ့သွားသည့်နှယ်..
လွှင့်ကနဲဖြစ် သွားရပြီး..
မျက်နှာဖုံးကွာကျ သွားသည်နှင့်မုန်းဘုရင်က သူထိုးထားတဲ့ ကျောက်စိမ်းဆံထိုးကိုပါ ဆွဲဖြုတ်ချလိုက်တော့...
ဆံနွယ်ရှည်တို့က ဖျောကနဲ ရှောင်လုမျက်နှာလေးဘေးသို့ ပြိုကျလာသည်။...
မျက်နှာဖုံး ကျွတ်သွားတဲ့ မုန်းဘုရင်ရဲ့ ရုပ်အဆင်းကြောင့် သူမအတော်ပင် အံ့ဩမှင်သက်သွားသည်။
ဟင်..ဒါ ဒါက သာမန်လူ တစ်ယောက်ရဲ့ ရုပ်အဆင်းတဲ့လား...
မဖြစ်နိုင် လိုက်တာ..
ယောကျာ်းသားဖြစ်ပြီး ဒီလိုအဆင်းပြည့်စုံခါ ချောမော ခန့်ညားတာ ငါ့တစ်သက်မှာ ဒီတစ်ခါသာ မြင်ဖူးတော့တယ်...

အတော်ပင် ချောမောပြေပြစ်လွန်းသည့် မျက်နှာပိုင်ရှင်ပင် ...
ဇင်ယော်တောင် မျက်ခုံးမွှေးညိုပြေပြေလေးတွေနဲ့ စူးရှပြီး ဆွဲဆောင်မှု ရှိသည့် မျက်ဝန်းညိုတွေက မြင်ရသူအဖို့ ရင်ဖိုစရာပင်...
ထို့အပြင် ဖြောင်းဆင်းနေသည့် နှာတံချွန်ချွန်လေးနဲ့ လေးကိုင်းသဏ္ဌာန် နှုတ်ခမ်းကွေးလေးက သူမ၏ ဘယ်ဘက်ရင်အုံကို ပိုပိုပြီး လှုပ်ခုန်လာစေသည်။..
မြည်နေသည့် နှလုံးခုန်သံအား မုန်းဘုရင် အတိုင်းသား ကြားသွားမည်တောင် သူမ စိုးရိမ်မိသည်။...

နီးကပ်နေတဲ့ သူမမျက်နှာလေးကို မုန်းဘုရင် နေရာအနှံ့ လိုက်ကြည့် ရင်း...
ဖြူဝင်းနေသည့် အသားရည် အပေါ် ထင်းနေသည့် မျက်ခုံးမွှေး ပြေပြေလေးတွေ ရှိနေပြီး ကော့ညွှန့်တဲ့ မျက်တောင်ရှည်တွေ ကိုလည်း သူမပိုင်ဆိုင်ထားသည်။...
သွားလေးနဲ့ ဖိကိုက်ချင်စရာ ကောင်းလောက်အောင် အူယားစရာကောင်း သည့် နှာခေါင်းလုံးလုံးလေး နဲ့ ဖူးကြွ လုံးထွေးနေသည့် စတော်ဘယ်ရီရောင် နှုတ်ခမ်းသားလေးတွေက ...
မြင်ရသူ ပုရိသတို့အပေါင်းအား စိတ်မထိန်း နိုင်စရာပင်....

အနီးကပ်ကြည့်လေ ပိုလှခါ ပိုရင်ခုန်ဖို့ ကောင်းသည်မို့...
မျက်ဝန်းတို့အား စိုက်ကြည့်နေရင်းမှ မုန်းဘုရင်တစ်ယောက် အရိုင်းစိတ်တို့ မထိန်းထားနိုင်တော့ပေ...
ထို့ကြောင့် ခပ်ဟဟဖြစ်နေတဲ့ ..
သူမနှုတ်ခမ်းဖူးဖူးလေးကို တေ့လို့ ဖိစုပ်နမ်းပစ်လိုက်သည်။...
ဟား...မင်းနှုတ်ခမ်းလေးက နူးညံ့ပြီး ချိုမြိန်တယ်...
ငါ့အတွက် စွဲမက်စရာကောင်းတယ်...

အနမ်းရိုင်းတွေ တလက်ဆက် ခြွေနေတဲ့သူ့ကြောင့် သူမကိုယ်လေး လူးလွန့် တွန့်ခါသွားပြီး..
လွတ်နေသည့် လက်တစ်စုံက ငြင်းဆန်ခါ တွန်းထုတ်နေသည်။...
တွန်းထုတ်နေသည့် သူမ၏ လက်နှစ်ဖက်အား အပေါ်သို့ မြောက်ခါ သူ ဆွဲဖိချုပ်လိုက်ပြီး...
ဝတ်ဆင်ထားသည့် သူ၏ဝတ်စုံအား တစ်လွှာချင်း ချွတ်ချလိုက်သည်။...
ယောကျာ်းပီသလွန်းသည့် ခန္ဓာကိုယ်နှင့် ဖုထစ်ဖောင်းကြွနေသည့် ကြွက်သားအစုံတို့ အထင်းသား ပေါ်လာခါ ခန္ဓာကိုယ်အပေါ်ပိုင်းက အဝတ်ဗလာကျင်း ဖြစ်သွားသည်။..

သူခဏလွှတ်ပေးလို့ မို့မောက်တဲ့ ရင်ဘက်အစုံမှာ နိမ့်ချီ မြင့်ချီဖြင့် ပင့်သက်ရှိုက်မောဟိုက်နေတဲ့ သူမကို ထက်လို့အနမ်းရိုင်းတို့ဖြင့် ပြုစားလိုက် ပြန်သည်။...
စိတ်မရှည်သည့် အဆုံး သူမရဲ့ပုခုံးသားများ ပေါ်အောင် အင်္ကျီအား ဆွဲဖြဲချလိုက်ခါ မထူမပါး နှုတ်သားတို့က ဖြူဝင်းမွှတ်နေတဲ့ သူမရဲ့ ပုခုံးသားတို့အား ဆွဲခါ ဆွဲခါ နမ်းရှိုက်ပစ်လိုက်သည်။

ထို့နောက် မထူမပါးနှုတ်ခမ်းများက ရှင်းသန့်ဖြောင့်ဖြူးတဲ့ သူမလည်တိုင်​လေးစီသို့ တရွေ့ရွေ့ တတ်လာရင်း...
“အဟွန်း...မွှေးလိုက်တဲ့ ကိုယ်သင်းရနံ့လေး...”

အနမ်းခြွေနေရင်းမှ တစောင်းဖြစ်နေသည့် သူမကိုယ်လေးအား တည့်မက်အောင် မရွေ့ခါ...
ရှုပ်ထွေးနေသည့် အဝတ်စများ ကြားမြုတ်နေတဲ့ သူမပေါင်တံသွယ်လေးအား သူရှာဖွေခါ ပွတ်သပ်ဖိစမ်း လိုက်တော့...
ရှိန်းကနဲဆိုသလို အမည်မသိ ရမ္မက်လှိုင်းတစ်ခု သူ့စီသို့ ထပ်တိုးရောက်ရှိလာသည်။...

ယခုလို အထိအတွေ့အား မုန်းဘုရင် မည်သည့်မိန်းကလေးနဲ့မှ အတွေ့ကြုံမရှိပေ...
ဒါပထမဆုံးပင်...
ထိုပထမအကြိမ် ရင်ခုန်လှုပ်ရှားသည့် သူ၏စိတ်ဆန္ဒတို့ကပဲ ယခုလို သင်ပေးနေခြင်းလား မသိ တော့ပါ...

တလှုပ်လှုပ်ဖြင့် အနမ်းခြွေနေတဲ့ သူ့ရဲ့မထူးမပါးနှုတ်ခမ်းသားတွေက တဖြေးဖြေး လည်တိုင်အောက်ကိုရောက်လာပြီး သူမ ညှပ်ရိုးနုလေးကို သွားနဲ့ ဖိကိုက်လိုက်တော့...
သူမစီက ညည်းသံ သဲ့သဲ့လေး ထွက်ပေါ်လာသည်။...
သူသဘောကျ စွာပြုံးလိုက်ရင်း ...
မို့မောက်တဲ့ ရင်ဘက်ကလေးမှာ နိမ့်လိုက် မြင့်လိုက်ဖြင့် အသက်ရှူနှုန်းတွေ မြန်ဆန်နေတဲ့ သူမကို
ရင်ခုန်မှုခရီး နယ်ကျွန်မိတော့သည်။...
ရွှေဝါရောင် အလင်းရှိသည့် အခန်းကျယ်လေးမှာ တိတ်ဆိတ်ခြင်း
အလျင်းမရှိ...
တိုးတစ်ချက် ကျယ်တစ်ချက် ညည်းသံ သဲ့သဲ့တို့နှင့် အတူ....
ထိုညက လွန်စွာလှပသည့် ပန်းရိုင်း တစ်ပွင့်အား မုန်းဘုရင် ခူးစွတ်ချွေချလိုက်မိသည်။...

🌸🌸🌸🌸(အပိုင်း ၆) ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်
ရေးတာ ရိုင်းသွားရင် sry ပါ...😞





rate now: