ကချေသည်
မှောင်ရီပျိုးစ အချိန်ရောက်လာတာကြောင့် ...
အမှောင်ယံတွေသိပ်ပြီး မကြီးစိုးခင် တရုတ်ဖယောင်းတိုင် ပုတုတ်တုတ်လေးအား ကုတင်နံဘေးတွင် ရှောင်လု ထွန်းလိုက်ပြီး...
အနာရှိန်ဖြင့် အိပ်ပျော်နေသည့် ဒဏ်ရာနှင့်လူ၏ ဘေးတွင် သူမ ဝင်ထိုင်လိုက်သည်။...
ပြီးနောက် အဆင်သင့်ခပ်ထားသည့် ဘူးသီးခြောက်ခွက်လေး ထဲရှိရေနွေးနွေးထဲသို့ ပိတ်ဖြူစကို လေးဘက်လေးလံ ခေါက်ခါ စိမ်လိုက်သည်။..
ခဏအကြာ ပြန်ဆည်ခါ ရေဆင်အောင် ဖန့်ဖန့်လေးညစ်၍ ဒဏ်ရာရထားသည့် လူ၏ နဖူးပေါ်သို့ တင်ပေးလိုက်သည်။....
ဖယောင်းတိုင် မီးမှိန်မှိန်အောက်ရှိ ထိုဒဏ်ရာနှင့်လူ၏ မျက်နှာအား သူမစိုက်ကြည့်မိလိုက်ပြီး...
အတော်ခန့်ညားတဲ့ လူပဲ....
သူက သာမန်လူတစ်ယောက်တော့ လုံးဝမဖြစ်နိုင်ဘူး....
သူဝတ်ထားတဲ့ အဝတ်စားတွေကလည်း အကောင်းစား ပိုးဖဲသားတွေ....
သူနဲ့အတူ တွေ့တဲ့ ရွှေရောင်ခြယ်ဖျင်အိတ်သေးလေး ထဲမှာလဲ ရွှေတုံးတွေနဲ့ ယွမ်တွေ အများကြီးတွေ့တယ်...
ငါထင်တာ မမှားရင်သူက သေချာပေါက် စံအိမ်တော် တစ်ခုရဲ့ သခင်လေးပဲ ဖြစ်ရမယ်။
နောက်ပြီး သူဒီလို ဒဏ်ရာတွေရလာတာကလဲ လုပ်ကြံခံရတာပဲ ဖြစ်မယ်...
“အို‼️ ...အဘွားကြီး ဖယ်စမ်းပါ ရှေ့ကနေ...”
ဟင်!...ဒါအကြွေးလာတောင်းတဲ့ အဒေါ်အွမ် အသံပဲ...
ညနေမှောင်ရီပျိုးလို့ မိုးတောင်ချုပ်နေပြီကို အခုချိန်ကျမှ ဘာလာလုပ်တာပါလိမ့်....
စိတ်ထဲမှရေရွတ်ရင်း ...
အိမ်ရှေ့မှ အဘွားဖြစ်သူ၏ အသံကြောင့် ထိုင်နေရာမှ ထခါ သူမ အပြေးလေး ထွက်လာခဲ့သည်။...
“အွမ်.‼️..အွမ်...‼️တကယ် တောင်းပန်ပါတယ်...ဒီနေ့အတွက် တကယ်ပေးစရာ မရှိလို့ပါ အဘွားကျန့်ပြောတာ ယုံပါ...အွမ်ရယ်”
အဘွားကျန့်မှာ မြေကြီးပေါ်တွင် ပဆစ်တုတ် ဒူးထောက်ထိုင်ခါ အကြွေးရှင် ဒေါ်အွမ်နှင့် မနက်ကသူမတွေခဲ့သည့် လူမိုက်နှစ်ကောင်အား လက်အုပ်ချီတောင်းပန် နေလေသည်။...
ထိုမြင်ကွင်းအား သူမမြင်တော့ ရင်ထဲ အတော်စိတ်မကောင်း ဖြစ်သွားရပြီး...
“အဘွား...အဘွား ဒါဘာလုပ်တာလဲ ထပါ”
ဒူးထောက်ထိုင်ခါ တောင်းပန်နေသော အဘွားဖြစ်သူစီသို့ ရှောင်လု အပြေးလေးသွားခါ ဆွဲထူလိုက်သည်။...
“ရှောက်လု မြေးမလေး...အွမ်က အဘွားတို့ကို ဒီနေ့အပြီး အကြွေးကို ကျေအောင် စပ်ရမယ်တဲ့ မစပ်နိုင်ရင် အဘွားတို့ ဒီအိမ်လေးကို သိမ်းမယ်တဲ့ ဟီး...ဟီး..လုပ်ပါပြီး မြေးရယ် ဒီအိမ်လေး သိမ်းလိုက်ရင် အဘွားတို့ ဘယ်မှာ သွားနေရမှာလဲကွဲ့ အီး.. ဟီး..”
ကြားရသော စကားကြောင့် သူမ ခေါင်းတစ်ခုလုံး ကြင်တတ်သွားရပြီး...
“ဘယ်..ဘယ်လို အဘွား အခုချက်ချင်းကြီးလား...ဒါဘယ်လို ဖြစ်နိုင်မှာလဲ အဘွားရဲ့..”
ရှောင်လုပြောစကားကြောင့် ဒေါ်အွမ်တစ်ယောက် ညစ်ကျယ်ကျယ် ပြုံးလိုက်ခါ...
“အဟွန်း...မဖြစ်နိုင်ဘူးလား
မဖြစ်နိုင်ဘူး ဆိုရင် အခုချက်ချင်းပဲ ဒီအိမ်က ထွက်ပေးဖို့ အထုတ်ပြင်လိုက်တော့လေ...”
ထိုစကားကြောင့် ရှောင်လုချက်ချင်းပဲ အဘွားရှေ့မှ ကာရပ်လိုက်ခါ ...
“အဒေါ်အွမ်..ဒါကဘယ်လို ဖြစ်နိုင်မှာလဲ ၆လစာချေးငွေကို ရှောင်လုတို့က ဘယ်လိုလုပ် ဒီတစ်ခဏအတွင်းမှာ ရှာပေးနိုင်မှာလဲ အဒေါ်အွမ်ရယ် နည်းနည်းပါးပါးလေး သက်ညှာပေးပါဦး..”
ဒေါ်အွမ် ခနဲ့သလို ရွဲ့သလိုအပြုံးဖြင့် ...
“အဟက်..ဘာ...ဘာရယ် သက်ညှာပေးပါဦး ဟုတ်လား အဟား ဟား ဟား ငါသက်ညှာပေးခဲ့လို့ပဲ ညီးတို့ မြေးဘွားနှစ်ယောက်က အခုလို အကြွေးမပေးပဲ ၆လလုံးလုံး ဟိုလိုလုပ် သည်လိုလုပ်နဲ့ တစ်ပြားမှ မရပဲ အချိန်တွေ ကုန်ခဲ့ရတာလေ..
အဟင်း...ညီးမှာ ပေးစရာ ပိုက်ဆံရှိပါတယ်အေ..
မနက်က ငါ့ကို အကွေ့နဲ့ဝူဖန့်က ညီးစျေးထဲမှာ ဆေးမြစ်ရောင်းပြီး ပိုက်ဆံတွေရနေတယ်လို့ ပြောလာတယ်...
သူတို့က ငါ့အစား ညီးစီက အကြွေးတောင်းတာကို ...
ဘယ်က အကောင်မှန်းမသိတဲ့ ကယ်တင်ရှင်ရောက်လာပြီး ငါ့လူတွေကို ထိုးကြိတ်သွားသေးတယ်လေ...
အဲ့ဒါ ညီးကြောင့်မလား ပေးစရာရှိတဲ့ အကြွေးကျမပေးပဲ ..
တစ်နေ့တစ်နေ့ ညီးတို့မြေးဘွား စားဖို့အတွက်ပဲ လုပ်နေကြတာလေ...”
ဒေါ်အွမ်စကားကြောင့် ရှောင်လု ဇွတ်ခေါင်းခါရန်း လိုက်ပြီး..
“အဲ့ ဆေးမြစ်ရောင်းလို့ ရတဲ့ပိုက်ဆံဆိုတာလည်း နည်းနည်းလေးပါ အဒေါ်အွမ်ရယ် အိမ်အတွက် လိုအပ်တာလေးတွေ ဝယ်တာနဲ့တင် ကုန်သွားပါပြီ”
ဒေါ်အွမ်တစ်ယောက် သူမအား ခက်ထန်ဆူးရဲသော အကြည့်တို့ဖြင့် ပေါက်ထွက်မတတ်ကြည့်ခါ...
“💢ဘာ.ကုန်သွားပြီ ဟုတ်လား ဟွန်း ကုန်တာတွေ မကုန်တာတွေ ငါမလိုချင်ဘူး ညီးတို့ မြေးဘွားနှစ်ယောက် အခုချက်ချင်းပဲ ငါ့ရဲ့အကြွေးကို ကျေအောင် ပြန်စပ် မစပ်နိုင်ရင် အခုချက်ချင်း ဒီအိမ်ကထွက်ကြ ..”
ထိုစကားကြားတော့ ချက်ချင်းပဲ ရှောင်လု ဒူးလေးထောက်ခါ ...ဒေါ်အွမ်လက်အား ကိုင်လိုက်ပြီး တောင်းပန်ရတော့သည်။...
ချက်ချင်း အကြွေးကျေအောင် မစပ်နိုင်သည့် အဆုံး သူမအတွက် နည်းက ဒီတစ်နည်းသာ ရှိတော့သည်။...
“အဒေါ်အွမ် အဲ့လိုတော့ မလုပ်ပါနဲ့ ရှောင်လု တောင်းပန်ပါတယ် ရှောင်လုတို့ကို အချိန်လေး နည်းနည်းလောက် ထပ်ပေးပါ ဒီတစ်ခါ အကြွေးကို သေချာပေါက် ကြေအောင်စပ်ပါ့မယ် ရှောင်လု ကတိပေးပါတယ်။
ကန်တော့ပြီး တောင်းပန်ဆိုလည်း ရှောင်လု တောင်းပန်ပါ့မယ် ... အိမ်ကိုတော့ မသိမ်းပါနဲ့ နော် ရှောင်လုတို့မှာ သွားစရာ နေရာမရှိလို့ပါ...တောင်းပန်ပါတယ် အဒေါ်အွမ်ရယ် တစ်ခါလောက်ပဲ ဒီတစ်ခါလောက်ပဲ...”
“အို...လွှတ်စမ်း ညစ်ပက်တဲ့ လက်တွေနဲ့ ငါ့အသားကို လာမထိနဲ့ လွှတ် ..လွှတ်စမ်း..”
ဒေါ်အွမ်တစ်ယောက် လက်ကိုဇွတ်ဖြုတ် ခါချနေပေမယ့် ရှောင်လုကတော့ မလွှတ်ပဲ အတင်းဇွတ်ဆွဲ တောင်းပန်နေလေသည်။..
ထို့ကြောင့် လက်ကိုမလွှတ်ပဲ ဇွတ်တင်း ဆွဲကိုင်ထားသည့် သူမ၏ ပါးပြင်အား..ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။..
“🗯ဖြောင်း..”
ဆက်ကနဲ ခေါင်းလေးဘေးသို့ လှည်ထွက်ခါ ဆံနွယ်ရှည်လေးများပင် ဝဲပြန်သွားပြီး သူမခဏငြိမ်ကျသွားသည်။..
“ဟွန်း...မှတ်ပြီလား ညစ်ပက်တဲ့ လက်နဲ့ ငါ့အသားကို လာကိုင်ချင်ဦး ဟင့်”
ကိုင်ထားသည့် ရှောင်လုလက်အား ခါချခါ ...ဒေါ်အွမ်တစ်ယောက် မသတီသလို မျက်နှာထားဖြင့် လက်အား အင်္ကျီ အနားစဖြင့် ပွတ်သုတ်လိုက်သည်။..’
ရှောင်လုပါးအရိုက် ခံလိုက်ရတာကြောင့် အဘွားကျန့်ရင်ထဲ ဆစ်ကနဲ နာကြင်သွားပြီး...
တစ်သက်လုံး ရှောင်လုကို သူမ စောင့်ရှောက်လာခဲ့တာ တစ်ခါမှ လက်ဖျားနဲ့တောင် ထိရိုက်စရာ မလိုအောင် လိမ္မာခဲ့တဲ့ ကလေး...
အခုတော့ တခြားသူစိမ်းယောက်က ပြင်းပြင်းထန်ထန် ရှောင်လု ပါးလေးအား ရိုက်ချလိုက်ပြီ။
ဆွေ့ကနဲ ဒေါသတို့ ထောင်းကနဲထခါ..
“အွမ်...ဟင်❗️...နင်..နင် ငါမြေးကို ရိုက်တယ်...
တစ်သက်လုံး ငါလက်ဖျားနဲ့တောင် မထိမတို့နဲ့ မရိုက်ရပ်ခဲ့ရတဲ့ ငါ့မြေးအလိမ္မာလေးကို နင်ကများ ရိုက်တယ်...”
ချက်ချင်းဆိုသလို ဆေးရွက်များ အခြောက်ခံထားသည့် ဇကောဗန်းအား အဘွားကျန့် ယူခါ ဒေါ်အွမ်အား တဗြန်းဗြန်းရိုက်ခါ ကောက်ပေါက် ပစ်လိုက်သည်။..
“ဖြန်း...ဗြန်း ဗြန်း”
“အ..အ..ဟင်..! ဒီအဘွားကြီးကတော့ သေချင်နေပြီနဲ့တူတယ်...အကွေ့ /ဝူဖန့် သူတို့အိမ်မှာ ရှိသမျှ အိုးတွေခွက်တွေ တစ်ခုမကျန် အကုန်ရိုက်ခွဲပစ်စမ်း နောက်ပြီး မနက်က နင်တို့ခံခဲ့ရတာအတွက် ဒီကလေးမကို မကျေနပ်ဖူးဆို...
အေး..အခု နင်တို့ ကျေနပ်တဲ့ အထိ ဒီအဘွားကြီးရဲ့ မြေးမကို ရိုက်လို့ရတယ်...ဖြစ်လာသမျှ ပြဿနာ ငါအကုန်ရှင်းမယ်...လုပ်ကြစမ်း”
ထိုစကားအား ကြားလိုက်ရတော့ ရှောင်လုကော..အဘွားကျန့်ပါ စိုးထိန့်သွားရပြီး တစ်ယောက်ကို တစ်ယောက် ဖက်တွယ်ထားရင်း .. မျက်ရည်ကြည်များ ဝဲတတ်လာလေသည်။...
ဒေါ်အွမ်ဆိုသူမှာတော့ သူမတို့မြေးဘွားနှစ်ယောက်အား ညစ်ကျယ်ကျယ် ရယ်ပြခါ ...
မီးတိုင်ငယ် ထွန်းထားသည့် ကွက်ပစ်တွင် သွားထိုင်နေလိုက်သည်။...
အကွေ့နှင့်ဝူဖန့် လူမိုက်နှစ်ယောက်မှာ ဒေါ်အွမ်စကားအတိုင်း အိုးခွက်များ တစ်ခွမ်းခွမ်း ရိုက်ခွဲခါ အကုန်မွှေနောက် သွန်မှောက်နေကြသည်။...
ရိုက်ခွဲနေသည့် အိုးခြမ်းပဲ့စများက ရှောင်လုတို့ မြေးဘွားနှစ်ယောက်အား တစ်ဖက်ဖက် လာဆင်တာကြောင့် တစ်ယောက်ကို တစ်ယောက် ဖက်တွယ် ကာကွယ်ထားရင်း...
“အ..မလုပ်ကြပါနဲ့ ကျေးဇူးပြုပြီး ရပ်ကြပါတော့ ...ကျွန်မတို့မှာ ဒီဟာလေးတွေနဲ့ အမှီပြုစားသောက်နေရတာပါ အဟင့်...ဟင့် တော်ကြပါတော့...”
ကွက်ပစ်တွင်ထိုင်နေသည့် ဒေါ်အွမ်မှ မျက်စလှမ်းပစ်ခါ ...
“တစ်ခုမှ ကုန်းကောက်စရာ မရှိအောင် ခွဲပစ် မရပ်ကြနဲ့ “
“အီး..ဟီး...ဟီး..ဟီး အဒေါ်အွမ် ရှောင်လု တကယ်တောင်းပန်ပါတယ် မလုပ်ပါနဲ့ ရပ်ပေးပါ..”
ရှောင်လု ငိုယိုပြီး ပြောနေပေမယ့် ဘာမှ အရာမထင်ပေ။.
အိမ်ရှေ့ရှိ ရှိရှိသမျှ အိုးခွက်ပန်းကန် သိုလှောင်ထားတဲ့ အရာတွေပါမကျန် အကုန် သွန်မှောက်ခွဲပစ်ပြီး ဖြစ်သည်။..
ထိုလုပ်ရပ်တို့က အင်မတန်လူမဆန်စွာ ယုတ်မာလှသည်။...
ခွဲစရာသွန်မှောက်စရာများ မရှိတော့၍ အကွေ့နှင့် ဝူဖန့်တို့မှာ မနက်ကကိစ္စအတွက် ရှောင်လုအား ပညာပြရန် ...
တစ်ယောက်ကို တစ်ယောက် မျက်ဆပစ်ခါ အချက်ပြလိုက်သည်။...
ဝူဖန့်ဆိုသူမှာ အဘွားကျန့်အား ဖက်ထားခါ ငိုယိုနေသည့် ရှောင်လုအား ဆွဲခွါခါ မြေကြီးပေါ်တွင် တွန်းလှဲ ပစ်ထုတ် ပစ်လိုက်သည်။....
“အ..အဟွတ် ဟွတ်...”
တွန်းလိုက်တဲ့ အရှိန်မှာ ပြင်းတာကြောင့် ရှောင်လုတစ်ယောက် အသားများပွန်းခါ မြေဖုန်မှုန့်များ ထတာကြောင့် လက်ကလေးဖြင့် ဖုန်ငွေ့များ သပ်ခါ ချောင်းဆိုးလိုက်ရသည်။...
မြေးမလေးအား ကိုယ်ထိလက်ရောက် နိပ်စက်ရန် ပြင်နေတာကြောင့် အဘွားဖြစ်သူမှာ...
“မလုပ်နဲ့ ငါ့မြေးကို ထိခိုက်အောင် မလုပ်ပါနဲ့ မလုပ်ကြပါနဲ့ ဟီး..ဟီး..ငါရှိခိုးပြီးတောင်းပန်ပါတယ် ...မရက်စက်ကြပါနဲ့ ငါ့မြေးမလေးကို”
မြေးမဖြစ်သူစီသို့ ပြေးသွားရန်ပြင်လိုက်သည့် အဘွားကျန့်အား အကွေ့မှ ဖမ်းဆွဲထားတာကြောင့်...
အဘွားကျန့်မှာ လှဲကျနေသည့် ရှောင်လုအနားသို့ မသွားနိုင်ဖြစ်နေသည်။...
ထိုသို့ တငိုငို တရီရီ ဖြစ်နေသော မြင်ကွင်းအား ဒေါ်အွမ်တစ်ယောက် ဘာမှ မဖြစ်သလို မြိန်ရည် ရှက်ရည် ထိုင်ကြည့်နေပြီး...
ပြုံးရယ်နေသည်။...
ပုံကနဲလှဲကျနေသည့် ရှောင်လုအား ဝူဖန့်မှ လက်ကြမ်းကြီးဖြင့် ပါးကို ဘယ်ပြန် ညာပြန် ၃ချက်ဆင့်၍ ရိုက်ပစ် လိုက်သည်။...
ယောကျာ်းအားမို့ ရှောင်လု၏ပါးတွင် လက်ဝါးရာများထင်းခါ နှုတ်ခမ်းထောင့်တွင်လည်း သွေးများ စို့တတ်လာသည်။...
နာကြင်လွန်း၍ ရှောင်လုမှာ အသံပင်မထွက်နိုင်ချေ။
ထိုလုပ်ရပ်ကြောင့် အဘွားကျန့်မှာ မြေးဖြစ်သူ ရှောင်လုအား သနားခါငိုယိုနေပြီး...ဖမ်းဆွဲထားသော အကွေ့လက်မှ လွတ်အောင်ရုန်းနေ လေသည်။...
ပစ်ရိုက်လိုက်သည့် အရှိန်ကြောင့် မြေကြီးပေါ်တွင် ရှောင်လုတစ်ယောက် ခွေခေါက်လှဲကျခါ ...
သူမ၏ ဝင်လေထွက်လေတို့ပင် ပုံမှန်မဟုတ်တော့အောင် ကြောက်ရွံ့တုန်လှုပ်နေမိသည်။...
ရင်ဘက်လေးမှာ နိမ့်လိုက်မြင့်လိုက်ဖြင့် မြေသားနဲ့ ထိကပ်နေပြီး...
သူမတစ်ကိုယ်လုံးမှာ အားမရှိသလိုပင် နုန်းချိလာသည်။...
လှဲကျနေသည့် သူမ ဝမ်းဗိုက်အား ဝူဖန့် ပိတ်ပိတ်ကန် လိုက်တာကြောင့် ...
“အ...အားး...အဟွတ် ဟွတ်..အ..အဘွား..ကယ်ပါဦးရှောင်လုကို အားး နာတယ် ..နာတယ် အား...”
ဝမ်းဗိုက်လေးမှာ အတော်ပင် အောင့်မြတ်နာကြင်နေတာကြောင့် ရှောင်လုမှာ မြေပြင်တွင် လူးလိမ့်ခါ အဘွားဖြစ်သူအား အော်ခေါ်ခါ အကူညီတောင်း နေလေသည်။....
ထိုသို့ နာကြင်စွာလူးလိမ့်အော် နေသည့် သူမအား နောက်ထက် ထက်ကန်ရန် ဝူဖန့် ရွယ်လိုက်သည်။...
“ရပ်လိုက်...အ..ကျွတ်..ခင်ဗျတို့ ဒါဘာလုပ်တာလဲ မိန်းကလေးတစ်ယောက်ကို ...”
ထော့နင်းထော့နင်းဖြင့် ဒဏ်ရာအား ဖိခါ အပေါ်ရုံအင်္ကျီဖြူ ပါးဖြင့် ထွက်လာသော ဟွာထန်တိုင်းပြည်၏ အိမ်ရှေ့စံမင်းသား အိုက်ချန်ပင်...
လှမ်းတားလိုက်သော လူအား ဒေါ်အွမ်ထိုင်နေရာမှ လှမ်းအကဲခက်ကြည့်တော့ ...
လူရည်သန့်သန့် အသက်၂၀ကျော်ဝန်းကျင် ခပ်ချောချော လူတစ်ယောက်ပင်
ရှောင်လုတို့ အိမ်ထဲမှ ထွက်လာသည့် မင်းသားအိုက်ချန်အား မြင်တော့ ဒေါ်အွမ်တစ်ယောက် အကွေ့နှင့် ဝူဖန့်အား လက်ကာပြခါ...
“ခဏရပ်လိုက်ကြ အကွေ့နဲ့ဝူဖန့် ဒီလူက သူတို့နဲ့ ဘယ်လိုပက်သက်လဲ ငါသိချင်လို့..”
ကွက်ပစ်ပေါ်ထိုင်နေရာမှ ထခါ မင်းသားအိုက်ချန် ရှိရာသို့ ဒေါ်အွမ် ဦးတည်လျှောက်လာခဲ့သည်။...
ယိုင်နဲ့နဲ့ရပ်နေသော မင်းသားအိုက်ချန် အနားသို့ ကပ်လိုက်ခါ..
“မင်းကဘယ်သူလဲ ...ငါအရင်က မင်းကို ဒီမှာ မမြင်ဖူးပါဘူး ...သူတို့နဲ့ ကော ဘယ်လို ပက်သက်လဲ”
အနားသို့ နီးကပ်လွန်းနေသည့် ဒေါ်အွမ်ကြောင့် မင်းသားအိုက်ချန် အနောက်သို့ ခြေတစ်လှန်းဆုတ်ခါ...
“ကျွန်တော်က ခရီးသွားတစ်ယောက်ပါ တောထဲမှာ တောကောင်လိုက်လာလို့ ပြေးရင်း ဒဏ်ရာရနေလို့ သူတို့က ကျွန်တော်ကို ကယ်ပြီး ဆေးကုပေးထားတာ ...
သူတို့က ကျွန်တော် ကျေးဇူးရှင်မို့ အခုလုပ်နေတဲ့ လုပ်ရပ်ကို ချက်ချင်းရပ်ပေးပါ...”
မင်းသားအိုက်ချန်၏ စကားကြောင့် ဒေါ်အွမ်မှာ ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး...’
“အဟား..ဟား ဟား..ရပ်ရမယ် ဟုတ်လား...ရပ်လိုက်လို့ မရဘူး တကယ်လို့ ရပ်စေချင်ရင် မင်းကျေးဇူးရှင်တွေရဲ့ အကြွေးကို စပ်ပေးလိုက်လေ ဒါဆိုအခုလုပ်နေတဲ့ အရာတွေ ချက်ချင်းရပ်သွားလိမ့်မယ်...”
“အကြွေး...”
“အွန်း...အကြွေး..”
တစ်ခဏမျှ မင်းသားအိုက်ချန်တွေဝေ သွားပြီးခါမှ...
“ဘယ်လောက်လဲ...အကြွေးက”
ဒေါ်အွမ် ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး...
“အဟွန်း...ယွမ်၁၀၀...”
မင်းသားအိုက်ချန် နှုတ်ခမ်းမဲ့ခါ ပြုံးလိုက်ပြီး ...
“ကောင်းပြီး ခဏစောင့်..”
ထိုသို့ပြောခါ ရှောင်လုတို့ အိမ်ထဲသို့ ပြန်ဝင်သွားလိုက်သည်။....
ခဏကြာတော့ ပြန်ထွက်လာပြီး...
“ရော့...ခင်ဗျတို့ရဲ့ အကြွေးက ဒီရွှေတုံးသုံးတုံးရဲ့ တန်ကြေး တစ်ဝှက်တောင် မမှီဘူးနော် ...ဒါပေမယ့် ကျုပ်အကုန်ပေးလိုက်မယ် ခင်ဗျတို့ သူတို့ကို ဘယ်တော့မှ ထက်လာမနှောင့်ယှက်နဲ့တော့”
လှေပုံသဏ္ဌာန် ရွှေတုံးသုံးတုံးအား ကမ်းပေးလာသည့် မင်းသားအိုက်ချန်ကြောင့်...
ဒေါ်အွမ်တစ်ယောက် ပါးစပ်အဟောင်း သားဖြင့် ပိတ်မရအောင် အံ့ဩသွားခါ ...
“မင်း မင်း ဒါတကယ်ပဲ ငါ့ကိုပေးတာလား..”
နှုတ်ခမ်းလေးကွေးယုံမျှ မင်းသားအိုက်ချန် ပြုံးလိုက်ခါ
“အဟင်း...သေချာတာပေါ့ ခင်ဗျတို့သာ ဒါကိုယူပြီး ဒီကို ထက်လာမနှောင့် ယှက်နဲ့...”
ရွှေမြင်တော့ ချက်ချင်းဆိုသလို ဒေါ်အွမ်မျက်နှာ ချိုသွားပြီး..
“အဟင်း...မင်းက ဒီလောက်တောင် ပေးနိုင်တယ်ဆိုတော့ အတော်ချမ်းသာတဲ့ ခရီးသွားပဲ”
ဒေါ်အွမ်ရွှေတုန်းကို လက်ခံရယူခါ အကွေ့နှင့်ဝူဖန့်တို့ဘက်သို့ လက်ကာပြခါ ...
“အကွေ့/ဝူဖန့် ငါတို့ပြန်ကြမယ် နောက်နေ့ကစလို့ ငါတို့ သူတို့မြေးဘွားနှစ်ယောက်နဲ့ ပက်သက်စရာ ဘာအကြောင်းမှ မရှိတော့ဘူး သွားစို့”
ဒေါ်အွမ်စီမှ အမိန့်ရသည်နှင့် အကွေ့မှာ အဘွားကျန့်အား ဖမ်းဆွဲထားသည်ကို လွှတ်ပေးလိုက်သည်။..
အဘွားကျန့်မှာ လွတ်ပေးပေးချင်း ရှောင်လုအနားသို့ ပြေးသွားလိုက်ခါ..
“ရှောင်လု ရှောင်လု မြေးလေး သက်သာရဲ့လားကွယ် ဟီး...ဟီး ငါ့မြေးမလေးကို နိပ်စက်ရပ်ကြတယ် အတော်ယုတ်မာ ရက်စက်တဲ့သူတွေပဲ”
မြေပြင်တွင် ခွေခေါက်လှဲကျနေသည့် ရှောင်လု ကိုယ်လေးအား အဘွားကျန့်ပွေ့ယူခါ ငိုယိုနေသည်။...
ထိုမြင်ကွင်းအား မြင်ရတော့ မင်းသားအိုက်ချန်မှာ အတော်ပင် စိတ်မကောင်း ဖြစ်သွားရသည်။...
ထို့အပြင် ညမှောင်ရီပျိုးနေချိန်တောင် အကြွေးလာတောင်းတဲ့ မိန်းမကြီးနှင့် ...ဗလတောင့်တောင့်ဖြင့် ယောကျာ်းကြီးတွေတန်မဲ့ ဖြူဖြူနုနုမိန်းမသားအား ကိုယ်ထိလက်ရောက် ရိုက်နက်အနိုင်ကျင့်နေမှုကြောင့် စိတ်ထဲတော့ အဘွားကျန့်တို့အစား အတော်ခံပြင်းမိသည်။...
အကယ်၍ သူသာ ဒဏ်ရာမရှိသည့် လူကောင်းပကတိသာဆို ယောကျာ်းချင်း လက်ရုံးချင်းယှဉ်ခါ ဆုံးမပစ်လိုက်ချင်သည်။...
🌱🌱🌱🌱🌱
[ကျွေ့ဟွာ ဆောင်ကြာမြိုင်]
ထိုဆောင်ကြာမြိုင်သည် ဟွာထန်တိုင်းပြည်၏ မူဖန်းကျေးရွာတွင် တည်ရှိလေသည်။..
ဤနယ်မြေသည်ကား မုန်းဘုရင်၏ ပိုင်နက်နယ်မြေ မဟုတ်ချေ...။
ယခုဆောင်ကြာမြိုင်တွင် ကြေးစားကချေသည်များနှင့် ခေါင်းပုံဖြတ် အမြတ်ကြီးစားခါ လာရောင်းစားခံရသည့် မိန်းမပျိုများစွာလည်း ရှိနေသည်။...
အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းဖြင့် ခန့်ညားစွာ ဆောင်ကြာမြိုင် အတွင်းသို့ ဝင်လာသည့် မျက်နှာဖုံးစွပ်နှင့် မုန်းဘုရင်အား....
အမျိုးသမီးပေါင်းများစွာက ကြာပေးခါ လှည့်ကြည့်ကြပြီး...
တခစ်ခစ် ရယ်မော ကြသည်။...
တချို့ကလည်း မြူစွယ်သည့် အကြည့်တို့ဖြင့် ပြီတီတီကြည့်ခါ...
လာရောကြသည်။...
“ဟွန်...လူကြီးမင်း ဒီကိုတစ်ယောက်ထဲ လာလည်တာလား ...
ရှူဖန်နဲ့အတူ ယမကာ ချိုချိုလေးသောက်ပြီး ပျော်ကြမလားဟင်...”
ဆေးဆိုးပန်းရိုက် မျက်နှာများနဲ့ တရုတ်ရိုးရာ ဝတ်စုံအား လည်ဟိုက်ခွဲခါ ဝတ်ဆင်ထားပြီး...
ပေါင်တံနားရှိ အစတို့ကိုလည်း ပေါင်လည်လောက် ပေါ်အောင် ခွဲထားပြန်သည်။...
ခပ်တည်တည်အနေထား ရှိနေသည့် မုန်းဘုရင်အား မိန်းမပျို၃ဦးမှ ဟိုပွတ် သည်ပွတ်ဖြင့် သူမတို့အား အခကြေးပေးငှါးရန် လာရောက် မြူစွယ်နေကြပြီး....
“လူကြီးမင်း...ဒီကိုလာတာ မျက်နှာဖုံးတပ်စရာ မလိုပါဘူး ...အဟွန့်...ဖုကျီ ကူချွတ်ပေးမယ်နော်...”
ပြောပြောဆိုဆိုဖြင့် မျက်နှာဖုံးအား လာချွတ်နေသည့် ဖုကျီဆိုသူ မိန်းမပျို၏ လက်အား တင်းကြပ်စွာ ဆွဲဖမ်းလိုက်ပြီး အနောက်သို့ လက်ကို လိမ်လိုက်တာကြောင့်...
သူမကျောလေး ကော့တတ်သွားပြီး...
လက်မှာလည်း အတော်နာခါ အောင့်မြတ်သွားသည်။...
“အ..အား.. လူ ..လူကြီးမင်း နာတယ် လွှတ် လွှတ်ပါ လက်ကို ဖုကျီနာလှပြီ...”