book

Index 28

(အပိုင်း ၂၈)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸

Author ✍️ ကြွယ်

“အဲ့ဒါပဲ မျိုးရိုးဂုဏ် မြင့်မမြင့်တော့ မသိရပေမယ့် ကချေသည်တွေရဲ့ ဇာတိအတိုင်း ဟိုလူနဲ့ ရော ဒီလူနဲ့ ရှုပ်နဲ့ အတော်ခြေရာများတဲ့ မိန်းမတွေလေ အခု သူလဲအတူတူပဲ သိက္ခာရှိ မိဖုရားတစ်ပါးအဖြစ် ကျင့်ဝတ်နဲ့ အညီဘယ်လိုနေထိုင်ရမလဲ ဆိုတာကို သူ့မှာ လေ့လာပြင်ဆင်ထားမှုမရှိဘူး ယောကျာ်းက မင်းကြီးဖြစ်နေရင် ဘယ်လိုနေနေ ရတယ်ဆိုတဲ့ အချိုးနဲ့ နေတယ် ဟွန်း..စိတ်ပျက်ဖို့ သိပ်ကောင်းလွန်းတယ်…”

လှည့်ထွက်သွားတဲ့ ခြေလှမ်းတိုင်းမှာ စိတ်ပျက်မှုတွေ ခြေရာလို ထင်ကျန်နေခဲ့လျှင်….

မိဖုရားကြီး လွှတ်ချခဲ့တဲ့ ရွှေရောင်ကြုတ်ဘူးလေးကို ထူးဆန်းစွာ ကောက်ယူလိုက်ပြီး အပေါ် /အောက် ဝေ့ကြည့်လိုက်သည် ။ သိချင်စိတ်တို့ ပြင်းပြလွန်းနေတဲ့ ရုန်ဟွာ ထိုဘူးလေးကို လှပ်ကြည့်လိုက်တော့ အညိုရောင် ဆေးမှုန့်ပုလင်းလေးကို မြင်ရသည်။

“ဟင့် ဘာလဲ တန်ဖိုးကြီးတဲ့ ရတနာပစ္စည်းများလားလို့ ဘာမှ မဟုတ်တဲ့ ဒီဆေးပုလင်းကိုများ ကိုယ်တိုင် ကိုယ်ကျ သွားပေးရတယ်လို့ ဟွန်း…”

အဝေးသို့ လွန့်ပစ်ဖို့ ရွယ်လိုက်ပြီးခါမှ အတွေးထဲ နက်နက်နဲနဲ ဝင်လာသည့် ကိစ္စရပ်ကြောင့် ဆေးပုလင်းကို မလွန့်ပစ်ပဲ နောက်တစ်ခေါက် သေချာစွာ ထက်ကြည့်မိသည်…။
“ဒါကဘာလဲ ဘာဆေးမလို့လဲ ဒီဆေးပုလင်း သူ့ကိုပေးရအောင် သူကဘာဖြစ်နေလို့လဲ ဟား…ဘာလဲ ငါမသိသေးတဲ့ အကြောင်း ကိစ္စ တစ်ခုခုများ ရှိနေတာလား ဟွန့်..ရှိနေမှာ သေချာတယ် “

အဝေးသို့မျှော်ကြည့်လိုက်ရင်း နှုတ်ခမ်းကို တွန့်လို့မဲ့ပြုံးလိုက်ကာ လက်ထဲရှိ ဆေးပုလင်းကို ကျစ်နေအောင် စုပ်ကိုင်ထားလိုက်သည်…။

“ဟွန့် ငါမသိတဲ့ ကိစ္စဆိုတာ မရှိစေရဘူး အေး အဲ့ ငါမသိသေးတဲ့ အကြောင်းရာကို ငါမရရအောင် ကို သိအောင်လုပ်ပြမယ်…”

ထိုစကားလုံးတိုင်းက သူမအတွေးထဲ တွင်သာ ပြောဆိုနေခြင်းဖြစ်ကာ လက်တွေ့မှာတော့ နှုတ်ခမ်းတွေ ပေါက်ထွက်မတတ် ဖိကိုက်ထားခြင်းသာ…

~~~~~~~~~~~

ငိုထားလွန်းလို့ ဒေါ်ယန်ရှီမျက်နှာတွေက နီရဲမို့နေပြီး ယခုချိန်ထိပင် အငိုမတိတ်သေးပေ။
မြို့စားမင်းဝမ်ကတော့ မိဘနှစ်ပါးအား ဒေါ်ယမ်ရှီပြောပြလိုက်သည့် စကားအထောက်အထားကြောင့် မကျေနိုင်မခဲနိုင်တွေ ဖြစ်နေရသည်။

သို့သော် သူမကို သူချစ်သည် ။
သူမသူ့ကို ဘယ်လိုတွေပဲ ပြစ်ပြစ်ခါခါ ဆက်ဆံနေပါစေ ၊ အပြစ်တင် နေပါစေ ၊ သူစိတ်မနာသလို ဒေါသမဖြစ်ပေ..။

သူဒေါသဖြစ်မိသည်က ကလေးမွေးဖွားပေးခဲ့သည့် လက်သည်(…)ကိုပင်။
ဒီလောက်အထိ နှစ် ဆယ်ချီ လျှို့ဝှက်လာခဲ့ပြီးမှ သူ့ရဲ့ ငွေအရမ်းလိုအပ်နေမှုတစ်ခုအတွက်နဲ့ ကျုပ်ရဲ့ လျှို့ဝှက်ထားတဲ့ ကိစ္စကြီးကို မချွင်းမချန်ပြော ပြလိုက်သည်တဲ့လေ…

တော်သေးတာပေါ့ ၊ ကလေးကို ပြန်ရှာမရတော့အောင် ကျုပ်တောထဲ ပစ်ခဲ့ပေမယ့် ကလေးရဲ့ ကံကောင်းမှုကြောင့်လား မသိ….
ကောက်ယူ မွေးစားခဲ့တဲ့သူရှိနေလို့
ကျုပ်လွန်ခဲ့တဲ့ လပိုင်းကမှ သဲလွန်စဖျောက်တဲ့ အနေနဲ့ အဲ့မွေးစားခဲ့တဲ့ အဘွားအိုကို သက်ခဲ့ပြီးပြီ။…

သို့သော် မွေးစားထားခဲ့တဲ့ ကလေးကိုတော့ သူမတွေ့ခဲ့ရချေ ။…
အဘွားအို မွေးစားထားခဲ့တဲ့ ကလေး အပြင်သွားလို့လား ဆိုပြီး ပြန်လာနိုးနဲ့ စောင့်ရသည်မှာ ၂ရက်သာ ကုန်သွားခဲ့သည် ။ ထိုကလေးရဲ့ အရိပ်အယောင်ကိုပင် သူမတွေ့ခဲ့ရချေ ၊ ထို့ကြောင့် ဆက်စောင့်မနေတော့ပဲ မြို့ထဲကိုသာ ပြန်လာခဲ့သည်။

ကိစ္စအားလုံး ခေါင်းအေးအေး ဖြစ်နေပြီဆိုတဲ့ အချိန်မှ လက်သည်(…)၏ အတို့အထောင် လျှို့ဝှက် ပေါက်ကြားစကားကြောင့် ယန်ရှီ သူမက ကျုပ်ကို အတော်ကို မုန်းတီးနေပြီ….သူမ ကလေးကို နှစ် ဆယ်ချီ သူနဲ့ ဝေးကွာအောင်လုပ် စွန့်ပစ်ခဲ့တဲ့ ကျုပ်ကို သူမ အတော်ကို ရွံ့ရှာမုန်းတီးနေတယ်….သူမကျုပ်ကို မုန်းသလိုပဲ ကျုပ်ကလဲ ကျုပ်အသွေးအသား မဟုတ်တဲ့ ထိုကလေးကို အတော် ရွံ့ရှာမုန်းတီးတယ် … သူမကို ကျုပ်က သေလောက်အောင် ချစ်နှစ်သက်ပေမယ့် အဲ့ကလေးကိုတော့ ကျုပ် သတ်ပစ်ချင်လောက်အောင် မုန်းတီးတယ် ဒါကြောင့် တောထဲမှာ ကျားစာဖြစ်အောင် ကျုပ် တမင် စွန့်ပစ်ခဲ့တာ…ကျုပ်စွန့်ပစ်ခဲ့တဲ့ သူမသိပ်ချစ်လှတဲ့ အဲ့ကလေးက ကျုပ်နဲ့သူမ လက်မထက်ခင်မှာ စစ်သူကြီးဝန်မင်နဲ့ သူမတို့ ချစ်ကြိုက်ပြီး ရခဲ့တဲ့ ကလေး…
ဒါကြောင့် ကျုပ်မကြည်ဖြူဘူး
မုန်းတီးတယ် ..ဘုရင့်ရဲ့ များစွာ အလေးပေးခြင်းကို ခံရပြီး ပျိုတိုင်းကြိုက်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ဝန်မင်စစ်သူကြီးကိုလဲ ကျုပ် မနာလိုဘူး ၊ ဒါကြောင့် သိပ်ချစ်ရတဲ့ သူမကို ပိုင်ဆိုင်ရဖို့ ကျုပ် အားလုံးကိုယုတ်မာခဲ့ရတယ် ၊ အဟွန်း…ဒါတွေကိုပါ သူမ သိသွားခဲ့ရင် ကျုပ်ကို အသေသတ်ပစ်ချင်တဲ့ အထိကို ရွံ့ရှာမုန်းတီးသွားမှာ အသေအချာပဲ…
ဟားး…ဒါပေမယ့် ကျုပ် ဂရုမစိုက်ဘူး သူမကို ကျုပ် ပိုင်ဆိုင်လာခဲ့တာ နှစ်၂၀နီးပါး ရှိနေပြီပဲ….

~~~~~~~~~~~~~~~

အန်ဖောင်တို့ လူအုပ်ကြီးမှာ တစ်ဖြေးဖြေးဖြင့် ဟွမ်ကုံရွာထဲသို့ ဝင်လာပြီဖြစ်သည်
သူတို့ လူအုပ်ကြီးမှာ ထိုရွာကိုဖြတ်၍ နန်းတော်တည်ရှိရာ မြို့သို့ ဦးတည်နေခြင်းဖြစ်သည်
သို့သော် လေးပင် တွဲခိုနေတဲ့ ခြေလှမ်းတွေနဲ့ အသက်မပါစွာ လျှောက်လှမ်းနေသည့် ခေါင်းဆောင်ဖြစ်သူ အကိုကြီးကြောင့် အားလုံးမှာလဲ ဘာပြောရမှန်းတောင် မသိ အခက်တွေ့လို့ တိတ်ဆိတ်နေကြသည် ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပါးစပ်မဟရဲ ဖြစ်နေကြပြီး ထိုထဲကမှ (…)က အရဲစွန့်ကာ အကိုကြီး အနားသို့ သွားလိုက်သည် ။

“အကိုကြီး ဒီအဖြစ်ကြောင့် ကျွန်တော်တို့လဲ စိတ်မကောင်းပါဘူး
အကိုကြီး ဘယ်လောက်အထိ နာကြင်ခံစားနေရမလဲ ဆိုတာလဲ ကျွန်တော်တို့ အားလုံးသိကြပါတယ်
ဒါပေမယ့် အကိုကြီးရာ ကျွန်တော်တို့ကို သခင်မကြီး ခိုင်းထားတဲ့ အလုပ်က ရှိနေသေးတယ် လေ ဒါကြောင့် အကိုကြီး ဒီလို စိတ်ဓာတ်ကျ ထိခိုက်မနေပဲ အလုပ်ပေါ်ကို စိတ်ပြန်ရောက်စေချင်တယ် …”

ထိုစကားကြောင့် ခေါင်းငိုက်စိုက်ကျနေရာမှ မော့ကြည့်လာတဲ့ အန်ဖောင် မျက်လုံးတွေက မကျေဒေါသဖြစ်ခြင်း များစွာဖြင့်ပါ
(…)ကို စိုက်ကြည့်နေစဉ်မှာပင် မထင်မှတ်ပဲ တွေ့လိုက်ရသည်က တစ်လွှင့်လွှင့်ဖြင့် မြင်းကို ဒုန်းဆိုင်းစီးနင်းလာနေသူ အနက်ရောင်ဝတ်ရုံနှင့်လူကိုပင်
အကြည့်တို့က ထို အနက်ရောင်ဝတ်ရုံ နှင့်လူစီကိုရောက်သွားပြီး အနီးမှ ဖြတ်သွားတော့ ရှင်းလင်းစွာ မြင်လိုက်ရသည်က အနက်ရောင်
မျက်နှာဖုံးပင်

ထောင်းကနဲဆိုသလို ငြိုးတေးမုန်းတီးသည့်စိတ်နှင့် လက်စားချေရန် အသင့်စောင့်ဆိုင်းနေသည့် စိတ်တို့မှာ အုံကြွလို့လာသည် ။ ချက်ခြင်းဆိုသလို သူ၏ လူအုပ်ကြီးဘက်သို့ လှည့်ကာ ဩရှသော အသံဖြင့် အမိန့်ပေးလိုက်သည် ။

“ဟေ့ကောင်တွေ ခုဏက ဝတ်ရုံအနက်နဲ့ လူက သခင်မကြီး ဖမ်းခိုင်းလိုက်တဲ့ မျက်နှာဖုံးအနက်နဲ့ကောင်ပဲ အခုချက်ချင်း သူ့အနောက်ကို အမှီလိုက်ကြစမ်းးးး….”

ဟွန့် တွေ့တော့လဲ အချိန်ကိုက်ကို လာတွေ့တာပါ့လား
မင်းသေဖို့သာ ပြင်ထား ခွေးမသား

အန်ဖောင်တို့ လူအုပ်ကြီးမှာ ချက်ချင်းဆိုသလို အနက်ရောင်ဝတ်ရုံနှင့် လူအနောက်သို့ မြင်းကိုယ်စီဖြင့် ဒုန်းဆိုင်းလိုက်တော့သည်

“ဟည်းး🐎🐎🐎🐎💨

ကိုယ့်ဇောနှင့်ကိုယ် / ကိုယ့်အရှိန်နှင့်ကိုယ် ဆိုတော့ အနောက်က လူအုပ်ကြီး လိုက်ပါလာခြင်းကို မုန်းဘုရင်သတိမပြုမိခဲ့ချေ….။
တစ်ဖြေးဖြေး ခရီးတွင်ကာ ဟွမ်ကုံရွာနှင့် အနည်းငယ်ဝေးသွားချိန်မှ အရှိန်လျော့လိုက်တော့ ချက်ချင်းဆိုသလို နောက်ကျောဘက်မှ မြင်းအုပ်သံနှင့် လူအများ၏ ဆူဆူညံညံအသံကို သတိထားမိလိုက်သည်။….
အနောက်သို့ လှည့်ကြည့်လိုက်ရာ မနည်းနောသည့် လူအုပ်ကြီးဖြစ်နေခြင်းကြောင့် အနည်းငယ်တော့ မျက်ခုံးပင့်လို့ ကြောင်အသွားပေမယ့်
စိတ်ထဲတွင် သူ့အနောက်သို့ လိုက်လာသည့် လူအုပ်ကြီးမဟုတ်ဟု တွေးကာ အေးဆေးအနေထားဖြင့် လမ်းဖယ်ပေးရန် ပြင်လိုက်သည်…။
ဘေးသို့ ရှောင်ကပ်ပေးလိုက်စဉ်မှာပင် ထိုလူအုပ်ကြီးက မြင်းအရှိန်လျော့ကျ သွားကြပြီး ကျောဘက်ရှိ ဓားအိမ်ထဲမှ ဓားကိုယ်စီထုတ်လိုက်ကြသည်။
“ “ရွှင်…🗡🗡” “

ထိုအခြေအနေကြောင့် မုန်းဘုရင်မှာ စိတ်ထဲ အနည်းငယ်မျှ တုန်လှုပ်သွားပြီး “ဘာလဲ သူတို့တွေက ငါ့အနောက်ကို တမင် လိုက်လာကြတဲ့ လူတွေလား ငါနဲ့ ဘာရန်ငြိုးရန်စများ ရှိနေလို့လဲ…”

စိတ်ထဲမှ တွေးလိုက်ရင်း အရံသင့်အနေဖြင့် ကျောဘက်တွင် လွယ်ထားသည့် ဓားအိမ်မှ ငွေရောင် ပြောင်လက်နေသော ဓားကို ထုတ်ပစ်လိုက်သည်။..
“ရွှင်🗡..”

မျက်မှောင်ကျုံ့လို့ အားလုံးသော လူတွေကို စူးစိုက်ကြည့်နေရင်းမှ ထိုလူတွေက မြင်းကိုယ်စီဖြင့် ပက်ပက်လည် သူ့ကို ဝိုင်းရံလိုက်ကြသည်

“ဟည်းးး🐴..”

လူအုပ်ကြီးက ဓားကိုယ်စီဖြင့် သူ့အား ဝိုင်းရံချိန်ရွယ် ထားကြပြီး ထိုလူအုပ်ကြီး၏ နောက်ကွယ်မှ တဖြေးဖြေးထွက်လာသည့်လူက လူထွားအန်ဖောင်ပင် ၊ ဒီလူတွေဟာ ဘယ်သူဘယ်ဝါမှန်း သူမသိပေမယ့် သူ့စီမှ တစ်စုံတစ်ခုကို လိုချင်နေလို့ သဲသဲမဲမဲ လိုက်လာကြသည့် ပုံထောက်မှန်း စိတ်ထဲရိပ်မိနေသည်

“ဟား..ဟား..ဟားး ဘယ်လိုလဲ မိတ်ဆွေကြီး ငါတို့ကို မှတ်မိပါရဲ့လား…”

ရယ်မောကာ ပြောလာသည့် အန်ဖောင်ကြောင့် မုန်းဘုရင် စူးစိုက်ကြည့်ကာ မျက်ခုံးနှစ်ဖက် ထိစပ်မိသည် အထိ ကျုံ့မိသည်
တကယ် သူမသိဘူး / ထိုသူတွေက ဘယ်သူဘယ်ဝါ လဲဆိုတာ
“အဟင်း…အားနားမိတယ်
ခင်ဗျားတို့က ဘယ်သူတွေလဲဆိုတာ ကျုပ်တကယ်မသိဘူး
ခင်ဗျတို့ ကျုပ်စီက ဘာလိုချင်လို့ ဒီလို လိုက်လာကြတာလဲ “

“ဟား…တောက်💢 … ဒါအရူးကွက်တွေပဲ ငါတို့ ဘယ်သူတွေလဲ ဆိုတာ မင်းကောင်းကောင်းကြီး သိပါတယ် ငနဲရာ…ဘာတွေ လိမ်ဉာဏ်ဆင်ချင်နေသေးတာလဲ ဘာလဲ ငနဲက အခုမှ သေမှာ ကြောက်နေတာလား…ဟားးဟားဟား”

“ဟားး…ခင်ဗျား စကားတွေက သိပ်အကြောတင်းလှချည်လား ကျုပ်က မသိလို့ မသိဘူးပြောနေတာကို အရူးကွက်တွေ သုံး သေရမှာ ကြောက်နေတယ် ထင်သွားတာလား…ဟားးဟားးဟားး..အဲ့လိုလုံးဝမဖြစ်ဘူး နော် ကျုပ်ခန္ဓာကိုယ်မှာ ကြောက်သွေး တစ်စက်တောင် အစီးဆင်းမခံဘူး…ကြောက်နေရင် ကိုယ့်လည်ကိုယ် လှီးပြီးသက်သေပစ်လိုက်မယ် ကျုပ်ကလုံးဝ မကြောက်တတ်ဘူး..”

“ဟား..လေမကြီးနဲ့ ငနဲ ငါတို့ကို မင်းကောင်းကောင်းကြီးသိပါတယ် တကယ်လို့ ငါတို့ကို မသိတော့ရင်တောင် ငါတို့သခင်မကြီးစီက မင်းဇွတ်ခိုးယူသွားတဲ့ ကချေသည်ရှောင်လုကိုတော့ သိမှာပါနော် ပြောစမ်း သူ အခုဘယ်မှာလဲ မင်း သူ့ကို ဘယ်မှာ ထားခဲ့တာလဲ…”

“အာ…အဟွန်းဟားဟားဟားး..သိပြီ
အခုမှပဲ ရှင်းလင်းစွာ သိပြီ
သူမကိုလား သူမကို ကျုပ်လုံခြုံတဲ့ နေရာတစ်ခုမှ ထားခဲ့ပြီးပြီ..
ခင်ဗျားတို့ သူ့ကို ရှာနိုင်ဖို့ဆိုတာ မလွယ်ကူဘူး ကျုပ်သေသွားရင်တောင်မှပေါ့…”

“တောက်💢…အတော် လေကြီးလွန်းတဲ့ကောင် ..”
💢ဟေ့ကောင်တွေ မင်းတို့ ဘာလုပ်နေကြတာလဲ ဒီလေကြီးနေတဲ့ကောင်ကို ဖမ်းပြီး အရေခွံစုတ်ပစ်ကြလေ..”

“ “ “ဟုတ်ကဲ့ပါ အကိုကြီး “ “ “

“ရားးး…”

“ရွှင်..ချွင်..ချွင်⚔️⚔️⚔️

မနည်းလွန်းသည့် လူအုပ်ကြီး၏ ဓားချက်များအား မထိမိစေရန် သတိပြုရှောင်ရှားနေရသည် ။
တစ်ယောက်နှင့် လူအများ အင်အားမမျှတဟု အခြားလူတွေ ထင်မြင်ကောင်း ထင်မြင်နိုင်ပေမယ့်…
မုန်းဘုရင်လို လူမျိုးအတွက်ကတော့ အဲ့လို ထင်မြင်ခြင်းက လုံးဝကို မှားယွင်းသည်။…
အတန်ကြာ ခုခံကာကွယ်ပြီးသည်နှင့် တောင့်တင်းသန်မာတဲ့ လူတွေရဲ့ လည်ကို တရွှက်ရွှက်ဖြင့် အချိန်ခဏလေးအတွင်းမှာ လှီးဖြတ်လိုက်ရာ မနည်းနောလှသည့် လူအုပ်ကြီးမှာ ချက်ချင်းဆိုသလို မြေပြင်ပေါ် ပြိုလှဲကျ သွားကြပြီး မသေမရှင်ဖြင့် အသက်ငင်နေကြရသည်။…

အနက်ရောင် အင်္ကျီမှာ သွေးအနည်းငယ် စွန်းထင်းသွားပြီး နှုတ်ခမ်းထောင့်တွင် လာစွန်းထင်းသည့် သွေးစကို လျှာဖြင့် သပ်သိမ်းလိုက်ပြီး ကျန်ရှိနေသည့် အန်ဖောင် ၊(…)၊(….)အား နှုတ်ခမ်းတွန့်လို့ ပြုံးပြလိုက်သည်။…
(…)နှင့် (….)မှာ ထိုမုန်းဘုရင်၏ အမူအရာကြောင့် မျက်လုံးများကျယ်သွားပြီး တုန်လှုပ်သွားသည်။

“ဟေ့ကောင်နှစ်ကောင် မင်းတို့ ဘာလုပ်နေတာလဲ အဲ့ကောင်ကို အခုချက်ချင်းသွားတိုက် ခိုက်ကြလေ…”

ခေါင်းဆောင်အကိုကြီး၏ အမိန့်ပေးမှုကြောင့် သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်လို့ အားပေးလိုက်ကြသည် ။

“ရားးး…..”

အသံကုန်ဟစ်လို့ ဓားရွယ်ကာ မုန်းဘုရင်စီသို့ ပြေးလွှားဝင်သွားကြတော့သည်….။
(…) နှင့် (….)တို့မှာ အခြားသူတွေထက် လက်ရုံးရည်ကောင်းတာကြောင့် လွယ်လွယ်နှင့်တော့ မုန်းဘုရင်ထံမှာ မညံ့ပေ။
အချိန်အနည်းငယ် ကြာသည်အထိ နှစ်ယောက် /တစ်ယောက် တိုက်ခိုက်လာရာ ခရီးအတွက် ကြံ့ကြာနေသည်ကို တွေး၍ မုန်းဘုရင်စိတ်ထဲ ဒေါသဖြစ်လာသည်….
အစပိုင်းက အေးဆေးဆိုပေမယ့် တစ်ဖြေးဖြေးအချိန် ကြံ့ကြာလာတာနဲ့ အမျှ ပုန်းအောင်းနေသည့် ဒေါသတို့က ပေါ်ထွက်လာသည်။…

“ချွင်…⚔️
“ဗြီ…..”

ခရီးကြံ့ကြာမှုအတွက် အတွေးလွန်လိုက်ရာ လက်မောင်းအား ဓားထိသွားခဲ့သည်။
တိုက်ခိုက်နေသည့် နှစ်ယောက်မှာ မုန်းဘုရင်အား ဓားထိအောင် တိုက်ခိုက်နိုင်၍ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်…။
အန်ဖောင်မှာ ထိုအဖြစ်ကြောင့် စိတ်ကျေနပ် ညစ်ကျယ်စွာ ပြုံးလိုက်သည်။
ထိသွားသည့် ဓားဒဏ်ရာကြောင့် ဒေါသမုန်းတိုင်းတို့က ပိုမိုထကြွ ပြင်းထန်သွားသည်….။
သို့ပေမယ့် သူ့ရဲ့ အပြင်ပိုင်း အသွင်သဏ္ဌာန်ကတော့ ဘာမှမဖြစ်သလို နယ် အေးစက်စွာ ပြုံးလိုက်သည်..။
လက်မောင်းတွင် ဓားဒဏ်ရာကြောင့် ထွက်နေသည့် သွေးစအား လက်ခလည်ဖြင့် အနည်းငယ် တို့ယူကာ လျှာဖြင့် လျက်လိုက်သည်…။
“အဟွန်း…ခါးသွားပြီ…
ချိုတယ်လို့ ထင်ထားတဲ့ ကျုပ်သွေးတွေက အခုမှ ဘာလို့ အရသာပြောင်းသွားလဲ မသိဘူးနော် …
ခင်ဗျားတို့ စမ်းသောက်ကြည့်မလား ကျုပ်ရဲ့သွေးကို ..ဟမ်…”

ထိုအမေးကြောင့် တိုက်ခိုက်လိုက်သည့် နှစ်ယောက်မှာ ကြောင်အစွာ မျက်နှာ ပျက်သွားကြသည်…
ဒေါသထွက်ဟန် မရှိ အေးတိအေးစက်ဖြင့် ပြုံးနေခြင်းကြောင့် ပို၍ ထိန့်လန့်အံ့ဩသည်
အန်ဖောင်ကတော့ မုန်းဘုရင်ကို လူညံ့တစ်ယောက်ထက် မပိုသော အကြည့်ဖြင့်သာ အေးဆေးစွာကြည့်နေသည်…။
မုန်းဘုရင်က အေးစက်စွာ ပြုံးနေရင်း မြေပြင်ပေါ်တွင် ဓားထိပ်ပိုင်း ချကာ တရွတ်တိုက် ဆွဲလျှောက်နေသည်
ဦးတည်ချက်က (…) နှင့် (….)ရှိရာသို့…
တဖြေးဖြေး ခြေလှမ်းတို့က လျင်မြန်လာပြီး မြေပြင်တွင် ဓားပွတ်တိုက်မှုကလည်း မီးဖွားများပွင့်လာသည်…
နှစ်ဦးသား ထိန့်လန့်သွားကြပြီး ခုတ်ချလာသည့် မုန်းဘုရင်ရဲ့ ဓားချက်အား ဓားချင်းယှက်လို့ ကာလိုက်ကြသည်။

“ချွင်…..⚔️⚔️⚔️

မုန်းဘုရင်၏ တိုက်ခိုက်မှုအားက ပြင်းထန်၍ နှစ်ယောက်စလုံး ခြေဒရွတ်တိုက်ဖြင့် အနောက်သို့ ဆုတ်သွားကြသည်။….

ဂျစ်……..”

ပွတ်တိုက်မှုအားကြောင့် နှစ်ဦးသား ခြေထိပ်များပင် ပူရှလာကာ ကာထားသည့် ဓားအား လွှတ်ချလိုက်ရာ…

“ရွှတ်….ရွှတ်…”

“အွတ်….”

လျှပ်စီးလို မြန်ဆန်လှတဲ့ မုန်းဘုရင်ရဲ့ ဓားချက်က သူတို့နှစ်ဦး၏ လည်ပင်းတွင် နစ်ဝင် ပျက်တောက်သွားသည်..။

ဓားပျက်ရာနှင့်အတူ လည်ပင်းမှ သွေးများစီးကျလာကာ မျက်လုံးဖွင့်လျက်သာ မြေပြင်ပေါ်သို့ လှဲပြိုကျသွားတော့သည်…။
သွေးစွန်းနေသည့် ဓားဖျားလေးအား လက်ဖြင့် ဖိကိုင်ကာ အန်ဖောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။…
“ဟိုး..ကြည့်ပါဦး ခင်ဗျားအရမ်း အားကိုးရတဲ့ ခင်ဗျားတပည့်တွေရဲ့ လည်ပင်းက သွေးတွေ ကျုပ်ဓားမှာ စွန်းထင်းကုန်ပြီး အဟွန်း…ဘယ်လိုလုပ်မလဲ…”

သွေးစတွေပေနေသည့် လက်ဖျားလေးအား ထောင်ပြကာ အေးစက်စွာပြုံးရင်း ထိုသွေးစတွေကို လျှာဖျားဖြင့် တို့လိုက်သည်….

“အွန်း…ကောင်းလိုက်တာ…ဘာလို့လဲ မသိဘူး ကျုပ်က လူတွေရဲ့ သွေးအရသာကို အတော်နှစ်သက်တယ်…
အခုခင်ဗျား ကြည့်လိုက်ဦး မနည်းလှတဲ့ ခင်ဗျားလူတွေရဲ့ သွေးကို ကျုပ်ဓားက သောက်ပြီးပြီ မသောက်ရသေးတာဆိုလို့ လူထွားကြီး ခင်ဗျားသွေးပဲရှိတော့တယ်…အဟား…ဘယ်လိုလဲ…ကျုပ်နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ပဲလား….”

🌸🌸🌸🌸 အပိုင်း ၂၉ >>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)


rate now: